Sunday, January 25, 2009

ဘ၀မှာ အလွန်ဆုံး နေရရင် အသက်က အခုနောက်ပိုင်းဆို ၁၀၀ ကျော်။ ရှားတောင့် ရှားခဲပါပဲ။ သေခြင်းတရားကတော့ ငယ်တာတွေ ရွယ်တာတွေ ၊ ကြီးတာတွေ တွေမသိဘူး။ တရားတော်တွေထဲကလို ရှေးဘ၀က ကုသိုလ်ရှိသလောက် အသက်ရှင် နေရမှာပေါ့။

မွေးခါစ ကလေးကနေ အသက်ရာကျော် လူကြီးတွေ အထိ ဘယ်သူကိုမှ မျက်နှာမလိုက်တက်တဲ့ သေခြင်းတရားရဲ့ လက်ထဲမှာ ကျွန်တော်တို့ တော်တော် များများ ကိုယ့်အလှည့်ကို ဘယ်တော့မှ မတွေးမိကြဘူး။ တကယ်ဆို သူများသေရင်သာ ငိုလိုက်ကြ ၊ ၀မ်းနည်းလိုက်ကြနဲ့။ သူပြီးရင် ငါ့အလှည့်ဆိုတာ မေ့ထားတက်ကြတာပါလား။ ငယ်ငယ်လေးကတည်းက ကြားဖူးနေကြ စကားတခွန်း။

“ မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက်တဲ့ ”

ငယ်တုန်းက ဘာမှန်းမသိဘူး။ ကုသိုလ်ရတယ်တဲ့။ ကလေးပီပီ တွေးလိုက်တယ်။ ဘုန်းကြီးကျောင်း ၁၀ ခေါက်နဲ့ အသုဘ တစ်ခေါက်ဟာ အချိုးညီနေတာပါလား။ ဟုတ်ပြီ လာထား။ အချိုးချမယ်။ စိုင်းစိုင်းလို ၂း ၁ တော့ မဟုတ်ပါဘူး။

မသာ ( ၁း ၁၀ ) ကျောင်း

ဆိုပြီး ပို့လိုက်တဲ့ အသုဘ။ ဘုရားစူးပါရဲ့။ လိမ်မပြောဝံပါဘူး။ မှန်တာပြောရင် သိန်း ( ၁၀၀၀ ) ထီကြီး ပေါက်ပါစေ ။ ရပ်ကွက်ထဲက ကိုယ့် အိမ်ကို ဖိတ်စာလာပို့တဲ့ ဘယ်သူမဆို ၊ ဘယ်မိသားစု မဆို လိုက်ပို့လိုက်တဲ့ အသုဘဆိုတာ ။ တော်တော့ကို များပါတယ်။ အရင်တုန်းကတော့ ကြံတောင်္သချိုင်းပေါ့။ အခုတော့ ထိန်ပင်။ ရေအလကား သောက်ရတယ်။ ကားအလကား စီးရတယ်။ ဟိုရောက်ရင် လူသေပြင်ထားတဲ့ အလောင်းနားထိ သွားကြည့်တယ်။ ပုံစံအမျိုးမျိုးနဲ့ ပြင်ထားလိုက်ကြတာ။ ငိုတဲ့သူတွေကလည်း ငို။ အထူးသဖြင့် င်္သဂြိုလ်ခါနီး ရေအိုးတွေ ခွဲတဲ့ အချိန်ကျရင် ရှိသမျှ အားနဲ့ အော်ငိုတော့တာပါပဲ။ ကျွန်တော်ကလည်း စပ်စုတက်တယ်။ မီးရှို့တဲ့ အခန်းဝထိကို ကလေးပီပီ လိုက်ကြည့်လေ့ရှိတယ်။ ရဲရဲတောက်နေတဲ့ စက်ထဲကို အခေါင်းကြီး ထိုးသွင်းပြီး ၊ ဂျိန်း ဆိုပိတ်လိုက်ပါတော့တယ်။ သွားပြီ။ ပြန်သွားကြပြီ။ အဲဒီက အလုပ်သမားတွေကတော့ ရိုးနေပါပြီ။ ဒီမြင်ကွင်းတွေ မြင်ရကြားရ နေတော့။ ဒါပေမယ့် တစ်နေ့ သူတို့လည်း ဒီစက်ထဲ ရောက်မယ်ဆိုတာ တွေးရော တွေးကြည့်မိကြလား ဆိုတာ မေးကြည့်ချင်မိပါတယ်။

စောနက ငိုနေတဲ့လူတွေကို သက်ဆိုင်ရာ မိသားစုတွေကို ပြန်ခေါ်သွားသလို ၊ လိုက်ပို့တဲ့ လူတွေကလည်း ကိုယ်စီးလာတဲ့ ကားပေါ် ကိုယ်ပြန်တက်လို့ ။ ရပ်ကွက်ထဲရောက်တော့ ကားပေါ်က ဆင်း ၊ ပေးလိုက်တဲ့ ယပ်တောင်လေးတွေ ယူ ၊ တက်နိင်သူတွေကတော့ တရားစာအုပ်တွေ ၊ ရေသန့်ဗူးတွေလည်း ကမ်းတာပေါ့။ နောက်နေ့ ၊ နောက်လ ၊ နောက်နှစ် နဲ့ မွေးတဲ့လူက မွေးသလို သေတဲ့လူကလည်း သေနေကြနဲ့။ တရားရမယ်ဆိုရင် ရထိုက်ပါတယ်။

ဒီလိုတွေ စဉ်းစားမိပေမယ့် ကမ္ဘာကြီးမှာလည်း သံယောဇဉ်က များသား။ ကိုယ့်မျက်နှာလေးကို လှဖို့အရေး ၊ အ၀တ်အစားကောင်းကောင်း ၀တ်နိင်ဖို့ ၊ မိသားစုအတွက်နဲ့ သေရင် ကိုယ့်နောက်ပါတော့မယ့် အတိုင်း လုပ်နေကြတယ်။ ဟဟ...ဆိုးသွမ်း။ တယ်လည်း တရားရနေပါလား။ လာမပြောနဲ့ စကားပုံကြားဖူးတယ် မဟုတ်လား။ “ ဋ္ဋင်းတ လောက်တော့ ငှက်တိုင်းလှတယ်တဲ့ ” ။ ဟုတ်ပါတယ်။

အရွယ်ရောက်ပြီး အတွေးအခေါ် ရှိသူတိုင်း ဒါကို စဉ်းစားတက်ပြီးသားပါ။ ငါလည်း တစ်နေ့ကျ သေမှာပဲဆိုတာ။ ၃ စက္ကန့်တောင် မကြာဘူး။ အကြောင်းအရာ တမျိုးမျိုးကြောင့် ထိုအတွေးက ပျောက်သွားပြန်ပြီ။ အထူးသဖြင့် သမီးရည်းစား ကိစ္စတွေများ မပေါ်လာလိုက်နဲ့။ တရားရော ဘာရော ၊ ဘာမှ နားမလည်တော့ဘူး။ ကျွန်တော်လည်း ပါချင်ပါမှာပေါ့။ သူငယ်ချင်းတွေတော့ ရှိတယ်။ “ သူတို့ ကောင်မလေး အွန်လိုင်း မလာရင်တော့ ၊ နာလိုက်တဲ့ တရားတော် ၊ အပြင်မှာ တကယ်ဟောရတဲ့ ဘုန်းကြီးဆို အသံတောင် ထွက်မှာ မဟုတ်တာ သေချာတယ်။ အဲ ကောင်မလေး လာရင်တော့ တရားလည်း မသိဘူး ၊ ဘုရားလည်း မသိဘူး။ အနိစ္စလည်း မရှိဘူး။ မြန်မာအင်တာနက်က ကောင်းတာကြောင့် သူ့ကောင်မလေး အွန်လိုင်းရှိနေဖို့ပဲ လိုတယ်။

တော်တော် ဒုက္ခပေးတဲ့ သံယောဇဉ်တွေပါပဲ။ ခေတ်ကြီးက တိုးတက်လာတာနဲ့ အမျှ စွဲလန်းစရာတွေက ပိုများလာတယ်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများ ရှိလို့ကတော့ “ တစ်ကိုယ်လုံး စိန်စီပစ်လိုက်မယ် ဆိုပဲ ” တရားခွေတွေများ ၀ယ်လှူမလား ၊ မရှိဆင်းရဲသားတွေများ ပေးကမ်းမလား ထားပါတော့ သူက စိန်ကြော်ငြာတာပဲ။ စီနိင်လောက်တဲ့ ပိုက်ဆံ ရှိလည်း စီမယ့်ပုံ မပေါ်ပါဘူး။

အခုခေတ်ဆို ပိုဆိုးလာတယ်။ စီးပွားရေး အဆင်မပြေတာနဲ့ လူတွေက ဘာမှ မကြည့်တော့ဘဲ လုပ်ချင်တာ လုပ်နေကြတယ်။ ဂျေမီ ဆိုသလို “ နောင်ဖြစ်မှ နောင်ရှင်း ” သူက ဘာဆိုလိုမှန်း မသိပါဘူး။ ကိုယ့်ဟာကိုယ် တွေးကြည့်တယ် “ နောင်...ဘ၀ရောက်မှ ရှင်းမယ် ”။ ဒါဆို လူတော်တော်များများက ကိုယ်ဘ၀အသက်ရှင်ဖို့ ၊ ပျော်ရွှင်ဖို့ အတွက် ဒီဘ၀မှာ လုပ်ချင်တာတွေ လုပ်နေကြတယ်။ နောင်ဘ၀ရှိရင်လည်း နောင်ဘ၀မှာ ရှင်းတာပေါ့။ နောင်ဘ၀ဆိုတာ တကယ်ရော ရှိရဲ့လား ၊ စာတွေ ပေတွေ ၊ ဘုရားအဟောတွေ ၊ တရားအဟောတွေထဲမှာတော့ သေရွာပြန်တွေ အကြောင်း ၊ ဘုံဗိမာန်တွေ အကြောင်းတော့ ဖတ်ဖူးတယ်။

တော်တော် ရှုပ်တဲ့ လောကီရေးရာပဲ။ ဘာလိုတွေမှန်း မသိဘူး။ တချို့လူတွေ သောင်းကျန်းနေကြတယ် နောင်တမလွန်ဆိုတာကို မယုံကြည်တဲ့ အတိုင်း ၊ တစ်ချို့သော လူနည်းစုတွေက အားထုတ်နေကြတယ် နိဗာန်ဆိုတာကို ရည်မှန်းထားတဲ့ အတိုင်း ။ များသော အားဖြင့်တော့ အားထုတ်နေကြတာတော့ လူအသက်ကြီး ပိုင်းတွေပဲ ရှိပါတယ်။ တကယ်တော့ လောကကြီးက လူတွေကို တရားမသိအောင် ဒုက္ခမျိုးစုံပေးပြီး အသက်ရှင် ခိုင်းထားတာပါ။ ကျောင်းသားလည်း ကျောင်းသားအလျောက် ၊ အလုပ်သမား ၊ သူဌေး ၊ အိမ်ထောင်သည် ၊ လူငယ် အစရှိသူတို့ဟာ သူတို့ရဲ့ ဒုက္ခတွေကို မရိုးအောင် တစ်နေ့ပြီး တစ်နေ့ဖြေရှင်းရင်း တရားဆိုတာကိုတောင် သတိမထားမိနိင်ကြတော့ဘူး။ ဘလော့ဂ်ဂါတွေလည်း ပါတယ်။ တစ်နေ့အတွက် တစ်နေ့ပို့စ်တင်နိင်ဖို့ အရေး ကြိုစားနေကြတယ်။ ဒါလည်း ဂူဂယ်ကပေးတဲ့ ဒုက္ခပဲ။ ဦးမျိုးကျော့ပြောသလို “ လူဖြစ်ရတဲ့ ဒုက္ခ ” သီချင်းလိုပေါ့။


အင်း...လောကကြီး ၊ လောကကြီး “ အသိခေါက်ခက် အ၀င်နက် ” နေလိုက်ကြတာ။ အံသြဖို့ကောင်းပါရဲ့။ သူများတွေ ပြောနေတာ ငါကရော ဘာလည်း ၊ ဘယ်သူလည်း ၊ ငါလည်း သေရင် ၄ ပေ ၆ ပေ တွင်းထဲပဲ ရောက်မှာပဲ ။ ရှိသမျှ ပစ္စည်း ၊ ချစ်သမျှ လူတွေကို ထားခဲ့ပြီးတော့ကို ရောက်မှာ...အော်....ဒါဆို ငါဟာလည်း

တုံ...တုံ.....တုံ....

ဘာသံလည်းဟ...တတုံတုံနဲ့။

“ မောင်...ဘာလုပ်နေလဲ ”

ဟာ...ဟေး ပြန်လာပြီလား ။ စာရေးရင်း စောင့်နေတာ။ မောလာလား ..ရေသောက် ရေသောက်


သွားပြီ။ တလျှောက်လုံး စဉ်းစားရင်း အကျွတ်တရားတွေ ရနေတဲ့ စိတ်ကသူနဲ့တွေ့မှ အရည်ပျော်သွားပြီ။ လာထား “ နောင်ဖြစ်မှ နောင်ရှင်းမယ် ” ။ လောလောဆယ် မောမောပန်းပန်းနဲ့ ပြန်လာတဲ့ ချစ်သူမျက်နှာလေးကို ကြည့်ပြီး စကားပြောတော့မယ်။ စောနက တွေးထားတာတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ပြီ။ အော်...သံယောဇဉ်...သံယောဇဉ်။ ဒီလိုမျိုး ကြိုးတွေ ရှိနေသမျှ.......ဒီဘ၀တော့....။ ကဲ...ကျွန်တော် ပြောတယ်နော်။ ရုန်းထွက်ဖို့ ခက်ပါတယ်ဆိုတာ။



9 comments:

khin oo may said...

:D

လင်းဒီပ said...

မောင်ဆိုးသွမ်းရယ်...
ဦးပုည ကဗျာတစ်ပုဒ်ထဲကလို
တူတူပုန်းလိုက်ပါဦးလေ..
နိဗ္ဗာန်ကို မလိုက်ချင်သေးဘူး..
ချစ်သူမပါလို့ ဆိုပြီးတော့...:P

Unknown said...

“ မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက် ၊ မိန်းမရောက်လာအကုန်ပျောက် ”

အော် ဘ၀ ဘ၀ :P

ကိုရဲ said...

ဒီပို့စ်လေးကိုတော့ သဘောကျသည် ။ ကြိုက်သည် ။ အတွေးကောင်း၏ ။

Apprenticeship said...

အရာအားလုံးမှာ ချစ်ခြင်းက အမြတ်ဆုံးတဲ့။ ချစ်ချစ် brother in law ကြီး။ ကျွန်မတော့ နောင်ဘ၀ဆိုတာကို မယုံဘူး ဒါပေမယ့် ဒါပေမယ့် လူပီသစွာ အသက်ရှင်ချင်တယ်ကွာ။ ဘာမှ မမြင်နိုင်တဲ့ နိဗ္ဗာန်ဆိုတာကြီးထက် ထမင်း၀၀မစားရလို့ လိုက်အော်နေတဲ့ လူတွေနဲ့ ပညာမသင်ရပဲ အလုပ်ဝင်လုပ်နေရတဲ့ ကလေးတွေ... အစအစသော လူပီသစွာ အခွင့်အရေးမရနိုင်တဲ့ လူတွေအတွက် တစ်ခုခု လုပ်ခွင့် ရခဲ့မယ်ဆိုရင် သေပျော်ပါပီ။

Anonymous said...

ဟာ...ဟေး ပြန်လာပြီလား ။ စာရေးရင်း စောင့်နေတာ။ မောလာလား ..ရေသောက် ရေသောက်

နုတယ် ယုတယ် ကြွားတယ် ပလားတယ် ဟီးဟီးး
မစဉ်းစားချင်ဘူး ဒါကြောင့်ရေးခဲ့တာ

အနိစ္စ
ဒုက္ခ
အနတ္တ
မြဲချင်မြဲ မမြဲချင်နေ
မသေခင်တော့ ကဲချင်တာကဲမယ်

:P

မမသီရိ said...

စိတ်ကူးလေး ကကောင်းလှ ချည် လား..
ကွင်းကွင်း ကွက်ကွက် ပဲ ဟေ့

ရွှန်းမီ said...

အင်း . . . . .

mgngal said...

ဒီပို့ စ်လည်း ကြိုက်တယ် ။ ကောင်းတယ်ဗျာ အတွေးတွေ ။ :)