Monday, January 19, 2009


“ တစ်ချို့တွေ စုနေလိုက်ကြတာ ရာသက်ပန် နေကြရတော့မယ့် အတိုင်း ၊ တစ်ချို့တွေ
သုံးဖြုန်းနေလိုက်ကြတာ မနက်ဖြန်ပဲ သေကြရတော့မယ့် အတိုင်း ”

( အရစ္စတိုတယ်လ် - ဂရိတွေးခေါ်ရှင် )


“ ဥပဒေတွေကို ရေးဆွဲပြဌာန်းဖို့ လူတွေ ရာနဲ့ချီပြီး စဉ်းစားကြရတယ် ။ အဲ ဥပဒေတွေကို
ဘယ်လို ရှောင်ရမလဲဆိုတာတော့ လူတွေ သန်းနဲ့ချီပြီး စဉ်းစားနေကြတာကလား ”

( ပူတင် - ရုရှားဝန်ကြီးချုပ် )


“ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူဟာ ငွေအတွက်ဆိုရင်
ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နိင်တယ် ”

( ဘင်ဂျမင် ဖရန့်ကလင် )

“ ယောင်္ကျားတွေ သူမကို ဂရုစိုက်ကြောင်း ခဏခဏ ပြောတဲ့ အမျိုးသမီးဟာ
အဲဒီဂရုစိုက်မှုကို အများဆုံး လိုအပ်နေတဲ့သူ ”

( မဲလ်နီကော့ဗာ )

“ ဘာပဲဖြစ်ဖြစ် မိန်းမယူပါ။ မိန်းမကောင်းကို ရရင်ခြွင်းချက်ဖြစ်မယ်။ ဆိုးတဲ့ မိန်းမကိုရရင်
တွေးခေါ်ရှင် ဖြစ်မယ် ”

( ဆိုကရေးတီးစ် )


8 comments:

Anonymous said...

ဖတ်ရှု့မှတ်သားသွားတယ် ကဆိုးသွမ်း ကျေးဇူးပါ ။

မမသီရိ said...

ဟေ့.. ခုတစ်လော..အတွေး အခေါ် အဆို အမိန့် တွေချည်း..ပါ လား... တစ်ခုခု တော့..တစ်ခုခု ပဲ..ထင်ရဲ့...း)......

Anonymous said...

ဟာ အတွေးအခေါ်တွေက သိပ်လန်းနေပါလား ကိုဆိုးသွမ်း ... အကုန်ကြိုက်တယ်ဗျာ ... ဘယ်ဟာကို ပိုကြိုက်တယ်လို့ ပြောစရာမလိုအောင် ဖြစ်နေလို့ ... ။ ဘာပဲပြောပြော တွေးခေါ်ရှင်ဘ၀နဲ့ ချွင်းချက်ဆိုတာကို သိချင်သွားတယ် .... :D

ဒေါင်းမင်း said...

ကိုဆိုးသွမ်းအတွေးအခေါ်တွေဂွတ်တယ်
အိမ်မက်ရှင်ပြောသလို..ကျွန်တော်လဲသိချင်တယ်
တွေးခေါ်ရှင်ဘ၀နဲ့ ချွင်းချက်ဆိုတာကို သိချင်သွားတယ် ....အဲဒါလေးရှင်းပြပါလား...
တုံးတယ်ပဲပြောပေါတော့မသိလို့မေးတာနော်...
စောင့်ဖက်နေမယ်ပြန်ရှင်းပြနော်

လင်းဒီပ said...

အတွေးတွေတင်တိုင်း မှတ်မှတ်သွားတယ်..
ဒါနဲ့ ဆိုကရေးတီပြောတာ စမ်းသပ်ပြီးပြီလား..:P

ဆိုးသွမ်း said...

အဟီး...စမ်းတော့ မစမ်းရသေးဘူး။
စမ်းမလို့ ကြံတုန်း။

သူက မိန်းမဆိုးနဲ့ မိန်းမကောင်းပဲ ပြောသွားတယ်။ မဆိုးမကောင်း အလယ်အလတ်ဟာ ဘယ်လိုမျိုးဆိုတာ စမ်းသပ်လိုက်မယ်။ :P ပြီးတော့ ဆိုကရေးတီးစ် နောက်က မကောင်းမဆိုးကို ယူရင်တော့ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ စကားထပ်ဖြည့်ကြတာပေါ့။

poemflower said...

အတွေးအခေါ်တွေက လိုက်မမှီတော့ဘူးဗျာ ကိုဆိုးသွမ်းရေ.....

ngyeinthet said...

ဘာပဲဖြစ်ဖြစ် Blogger မမ၊ ညီမ၊ ဒေါ်ဒေါ် များ ဆိုးသွမ်း ကို ယူပါ။ လင်မှတ်မှတ်၊ သားမှတ်မှတ် ပေါင်းသင်းတဲသူဆိုရင်တော့ ထမင်းငတ်မယ့်ကောင်လေးတစ်ယောက်ကို စောင့်ရှောက်နိုင်တဲ့ မေတ္တာရှင်မလေးပေါ့၊ မုဆိုးတပိုင်းမိန်းမရိုင်းကြီးပဲ လုပ်ချင်တယ်ဆိုရင်လည်း...
ဆိုးသွမ်းလေ မိန်းမကျေးဇူး နဲ့ အနားပြာ ဖြစ်ရင်း
ထမင်းငတ်နိုင်မည် မဟုတ်တော့ပါ၍...