5 years ago
Saturday, January 24, 2009
၆၆ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ “ Slumdog Millionaire ” က ဆုအများဆုံး အဖြစ်.....
- အကောင်းဆုံးရုပ်ရှင်ကား ( Drama )
- အကောင်းဆုံး ဒါရိုက်တာဆု
- အကောင်းဆုံး ဇာတ်ညွှန်းဆု
- အကောင်းဆုံး မူရင်းတေးသွားဆု
တွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ ဒါရိုက်တာဟာ US$42.7 million တောင် ရယူသွားနိင်ခဲ့တယ်။ ဘာကြောင့်လဲ ၊ ဒီလောက်တောင် ဟုတ်ပါ့မလားဆိုတာ ကျွန်တော် ဇာတ်လမ်းလေးပြောပြပ့ါမယ်။

ဒီဇာတ်ကားဟာ တကယ်တော့ Jamal Malik လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် အိန္ဒိယလူငယ်ကောင်လေး တစ်ယောက်ရဲ့ ဘ၀ကို ရိုက်ကူးထားတာပါ။ ဒီလူငယ်လေးဟာ မြန်မာလို ပြောရရင် ရုပ်သံအစီအစဉ်တခုရဲ့ မေးကြည့်ဖြေကြည့် "Who Wants To Be A Millionaire?" ပဟေဋ္ဋိ ကဏ္ဍတခုမှ ၀င်လျှောက် ယှဉ်ပြိုင်ရင်း အဖြေအားလုံး မှန်နေခဲ့တာကြောင့် အိန္ဒိယ ရူပီး ၁၀ သန်းတောင် ရနေခဲ့ပါပြီ။ သူဟာ နောက်ဆုံး မေးခွန်းကို ဖြေနိင်ရင် ရူပီး သန်း ၂၀ ရရှိမှာ ဖြစ်ပါတယ်။
သို့သော်လည်း ထိုဖြေမည့်နေ မတိုင်ခင် ထိုကဏ္ဍာကို စီစဉ်ကျင်းပသူက ဂျာမယ်ဟာ အဖြေတွေကို သိလွန်းနေတာကြောင့် သံသယဖြစ်ပြီး ရဲအရာရှိနှင့် တိုင်ပင်ကာ ဖြေမည့်နေ့မတိုင်မှီထိ ဖမ်းဆီး စစ်ဆေးစေခဲ့ပါတယ်။ ထိုစစ်ဆေးမှုကြောင့် သနားစရာ ကောင်းလှတဲ့ သူ့ဘ၀ဟာ ပေါ်လွင်လာခဲ့ရတော့တာပါပဲ။
ငယ်စဉ်က ဘာသာရေးအဓိကရုဏ်းကြောင့် မိဘမဲ့ ဖြစ်ခဲ့ရတဲ့ သူတို့ ညီအစ်ကိုဟာ မြို့ပြင် အမှိုက်ပုံတွေမှာ အမှိုက်ကောက်၍ ဘ၀ကို ရုန်းကန်ခဲ့ပါတယ်။ ထိုအခါ မိဘမဲ့ကလေးငယ်တွေကို စုပြီး တောင်းစားတက်တဲ့ ဂိုဏ်းတခုမှ ဂျမယ်တို့ ညီအစ်ကိုကို ယူဆောင်သွားပြီး တောင်းရမ်း စားသောက်ခိုင်းပါတော့တယ်။ တစ်နေ့တော့ ထိုဂိုဏ်းမှ ရာသက်ပန်တောင်းစားနိင်အောင် ကလေးတစ်ချို့ကို ကိုယ်လက်အင်္ဂါ ဖျက်ဆီးနေသည်ကို ကိုယ်တိုင် ကြုံခဲ့ရာမှ ထွက်ပြေးရင်း ရထားပေါ် ရောက်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ညီအစ်ကိုဟာ ရထားပေါ်မှာ ထမင်းတလုပ်အတွက် တိုလီမိုလီလေးတွေ လိုက်လံရောင်းချ စားသောက်ရင်း လစ်ရင် လစ်သလို ပစ္စည်းခိုးတက်တဲ့ အကျင့်ကို ရရှိရာကနေ နောက်အခါ အစ်ကိုက ရာဇ၀င် လူဆိုးတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။
သူတို့ဟာ ရထားပေါ်မှာ မုန့်ခိုးစားရာကနေ တွန်းချခံရမှုကြောင့် ပြုတ်ကျရင်း အိန္ဒိယနိင်ငံရဲ့ တပ်(ခ်ျ)မဟာ ဂူဗိမာန်ကို မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့တယ်။ အစ်ကိုဖြစ်သူက တိုးဂိုက်သဖွယ် ခရီးသွား ဧည့်သည်တွေကို လိမ်ပြော ၊ ညီဖြစ်သူက ထိုနေရာက ခရီးသွားဧည့်သည်တွေရဲ့ ဖိနပ်တွေ ခိုးပြီး ဈေးထဲမှာ ပြန်ရောင်းချင်း ၊ ပြန်သွင်းချင်းဖြင့် ဘ၀ကို ခရီးဆက်ခဲ့ကြပါတယ်။
ဒီဇာတ်လမ်းမှာ ဒါရိုက်တာဟာ အိန္ဒိယ လူနေမှု အဆင့်အတန်းကို မီးမှောင်းထိုး ဖော်ပြရိုက်ကူးထားနိင်ခဲ့ပါတယ်။ ကလေး သရုပ်ဆောင် ၃ ယောက်ကလည်း အံသြဖွယ်ဖြစ်အောင် သရုပ်ဆောင် ပီပြင်လွန်းခဲ့ပါတယ်။ ဇာတ်လမ်းကို ဖော်ပြသည့် နေရာမှ သာမန်ဖော်ပြနေကြ ပုံစံအတိုင်း မဖော်ပြဘဲ ပဟေဋ္ဋိမေးခွန်းအား ဖြေနေစဉ် ဘ၀ကို နောက်ကြောင်းပြန်ခြင်း ၊ ရဲအရာရှိမှ စစ်ဆေးမေးမြန်း ခြင်းတို့အား တပြိုက်နက်တည်း ပြသရင်း ကြည့်ရှုသူကို ခေါ်ဆောင်လာခဲ့တာကြောင့် စိတ်ဝင်စားမှု ပိုကောင်းစေခဲ့ပါတယ်။
နောက်ဆုံးမှာ Jamal တစ်ယောက် မီလီယန်နာ ဖြစ်ဖို့ အခက်ဆုံး မေးခွန်းအား ဖြေဆိုနိင်ပါ့မလား ၊ သူနှင့် ငယ်စဉ်ကပင် ခွဲခွာခဲ့ရတဲ့ Latika နှင့် ပြန်လည် ပေါင်းစည်းနိင်ပါ့မလားဆိုတာ ပဟေဋ္ဋိလုပ်ရင်း ဇာတ်လမ်းကောင်း တစ်ခုအကြောင်း ညွှန်းလိုက်ပါတယ်။

Download Link
http://rapidshare.com/files/178568235/Slumdog.Millionaire.www.humourdl.com.part1.rar
http://rapidshare.com/files/178568264/Slumdog.Millionaire.www.humourdl.com.part2.rar
http://rapidshare.com/files/178568181/Slumdog.Millionaire.www.humourdl.com.part3.rar
http://rapidshare.com/files/178568218/Slumdog.Millionaire.www.humourdl.com.part4.rar
လင့်ခ်တွေက သူတို့ပြောလို့ ထည့်ပေးတာ :P ဇာတ်လမ်းကိုတော့ မပြောဘူး။ ကြည့်ရမယ့်လူ
အရှိန်ပျက်တယ်။ :D

Labels: ရုပ်ရှင်ကြော်ငြာ
Subscribe to:
Post Comments (Atom)
6 comments:
ဆုံးအောင်တော့ ပြောမပြဘူး
အေးလေ ပြောမှပြောတော့ လင့်တွေကော ဒါမှမဟုတ် ဇတ်လမ်း တစ်ခုလုံးပြောပြပေါ့ ခုတော့ ဆန့်ငင် ဆန့်ငင်နဲ့ ။
ရုပ်ရှင်လေး ဒေါင်းလုဒ် လုပ်ပြီး ကြည့်ဦးမယ်။
ဇာတ်လမ်းက စိတ်ဝင်စားစရာပဲ။ ရှာကြည့်ဦးမယ်။ Rapidshare ကတော့ ကျွန်တော့်အခုအိမ်က Star Hub ဖြစ်နေလို့ အဆင်မပြေဘူး။
သွားရှာကြည့်အုန်းမယ်။ ဒေါင်းရတာကြာလို့ ဆိုင်ကိုပဲ လစ်တော့မယ်။ အရင်တုန်းကဆို အသေသတ်မှကြိုက်တာ ။ အခုတော့ မသေမ၇ှင်လေးတွေ ပိုကြိုက်လာတယ်။ အသက်က စကားပြောတာထင်တယ်နော်
rapidshare links တွေအတွက် ကျေးဇူးပဲဗျို့ ..
Post a Comment