Thursday, January 8, 2009

:(((((((((((((((((((((((((((((((

ဘလော့ဂ်မရေးတာ ၃ ၊ ၄ ရက်လောက် ကြာတာနဲ့ ဘာရေးလို့ ရေးရမှန်း ၊ ဘာတွေးလို့ တွေးရမှန်း မသိတော့ဘူး။ ဆိုးသွမ်းဆိုပြီး ရေးနေတဲ့ ဘလော့ဂ်က ကိုယ်နဲ့ မဆိုင်တော့သလိုပဲ။ သူ့ဟာနဲ့ သူတော့ဟုတ်လို့။ သူငယ်ချင်း အဆောင်သွားတယ် ၊ စားတယ် ၊ လည်တယ် ၊ ရုပ်ရှင်ကြည့်တယ် ၊ ဂိမ်းကစားတယ် ၊ မုန့်တွေချက်စားတယ် ။ အဟားးးးးးးးး

တော်တော် အကျိုးရှိမယ့် အလုပ်တွေ လုပ်ပစ်လိုက်တာ။ ဒုတိယကမ္ဘာစစ်ပွဲဂိမ်းကို ၀င်တိုက်လိုက်တာ အိပ်ရာနိးလည်း တိုက် ၊ အိပ်၇ာက ပြန်ထတော့လည်း ပြန်တိုက်နဲ့။ ဂိမ်းတခုလုံး အောင်လုနီးနီးပါးပါး ဖြစ်ခဲ့ပေမယ့် လူလည်း ညမအိပ် ၊ နေ့မအိပ် ဆော့လိုက်တာ တော်တော်လေးကို ထိုင်ကျသွားတယ်။ ခေါင်းထဲမှာ ရီဝေရီဝေနဲ့ ၊ ဘာနဲ့မှ ဖြေလို့ မရဘူး။

ကျောင်းကလည်း ပြန်တက်ရတော့မယ် ။ Supervisor နဲ့ ပြန်တွေ့ရင်တော့ ကျောင်းပိတ်ရက်မှာ ဘာမှမလုပ်ဖြစ်လို့ လည်ပင်းကို အနင်းခံရဖို့ သေချာနေပြန်ပြီ။း( ။ ကိုယ်မရေးနိင်တော့ သူများဘလော့ဂ်တွေ လိုက်ကြည့်တော့လည်း ရေးတဲ့လူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက်ပြီး ဗဟုသုတ တွေဝေမျှနေကြသလို ၊ တချို့ကျတော့လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်စီးပွားရေး ဂယက် လာထိသလို ဘလော့ဂ်ကို မရေးနိင်ကြပြန်ဘူး။


သတင်းတွေ ဖတ်တယ် ၊ အတင်းတွေလည်း ဖတ်တယ် ၊ ကဗျာတွေလည်း ဖတ်တယ် ၊ စာတွေလည်း ဖတ်တယ် ၊ ဖတ်...ဖတ်.....ဖတ် ။ ဖတ်ပြီးရေးချင် စိတ်တွေလည်း မရှိတော့ဘူး။ ၀ူးးးးးးးးး......စိတ်တွေတော့ ညစ်နေတယ်ဗျာ။ ကိုယ်တိုင်လည်း ဘာကို ညစ်နေမှန်း မသိဘူး။ ဒါပေမယ့် စိတ်တော့ တကယ်ညစ်နေတယ်။ :)




7 comments:

Anonymous said...

ညစ်တာတွေအားလုံးပျောက်ပါစေ အကိုရေ..
ပျော်ရွှင်ပါစေဗျာ :)

မီးမီးငယ် said...

အဟေဟေ

အလုပ်ကြီးအကိုင်ကြီးတွေလုပ်နေတာဘဲ။စားတယ်၊ဂိမ်းတိုက်တယ်၊
သူငယ်ချင်းအဆောင်သွားတယ်၊မုန့် လုပ်စားတယ်၊အိပ်တယ်၊

တော်တော်ပင်ပန်းမယ်နော်အကို
း)

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေရှင်

Anonymous said...

အဲဒါမျိုးဖြစ်လာရင် ခြေပစ်လက်ပစ်အနားယူလိုက် ကိုဆိုးသွမ်း။
လူ၊ စိတ်သိပ်ပန်းရင် စိတ်တွေ မကြည်ဖြစ်နေတတ်တယ်ဗျ၊ ဘာစိတ်ညစ်စရာ အကြောင်းအရင်းမယ်မယ်ရရမရှိပဲနဲ့လေ ... အိုကေသွားလိမ့်မယ် ... စိတ်ချ ... :)

Anonymous said...

ညစ်တာတွေ လျှော်ဖို့ ဆပ်ပြာမှုန့်လာပို့တယ်ဗျို့း) အစ်ကိုကျနော်က အတင်းမရေးဘူးနော် ဂယ်ကြီးး

တောင်ပေါ်သား said...

အကိုရေ စိတ်မညစ်နဲ့ လာ ဘီယာသွားသောက်မယ် ဟဲဟဲ

Anonymous said...

ဆိုးသွမ်းရေ ...

စိတ်ညစ်ရင် လိပ်ဖြစ်တတ်တယ်တဲ့ ...ဟ ဟ...
တခါတလေ ဖြစ်တတ်တယ် ... အစ်မကကျတော့အလုပ်လုပ်ချင်စိတ်မရှိတာ .. ဟီး ...

Unknown said...

စိတ်လေးညစ်တာကို အဲ့သလို အော်ကြီးဟစ်ကျယ် ဖြစ်ရသလားဟဲ့
ပြောကိုပြောချင်ဘူး

မိနှင်းပွင့်