Showing posts with label ကြေငြာချက်များ. Show all posts
Showing posts with label ကြေငြာချက်များ. Show all posts

Tuesday, July 14, 2009



ရင်ထဲမှာ ပြောချင်နေတဲ့ စကားတွေကတော့ အများကြီးပါ။ တကယ့်ကိုမှ အများကြီး။ နုတ်ဆက်မယ့် ပို့စ်လေးအတွက် ၂ ပတ်တိတိ အချိန်ယူပြီး စဉ်းစားရေးထားပေမယ့် တကယ်တမ်း မတင်ဖြစ်ခဲ့ဘူး။ လေးစားရပါသော ဘလော့ဂ်လောကကြီးက အစ်ကိုတွေ ၊ အစ်မတွေ ၊ သူငယ်ချင်းတွေ ၊ ညီတွေ ၊ ညီမတွေ အားလုံးကို နုတ်ဆက်ပါတယ်။ အားလုံးလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်နေ့တော့ အမိမြန်မာနိင်ငံတော်ကြီးမှာ ကျွန်တော်တို့ အားလုံး ချစ်ချစ်ခင်ခင်နဲ့ ပြန်လည် ဆုံတွေ့နိင်ကြပါစေလို့လည်း ထပ်မံဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

“ ကျန်းမာချမ်းသာကြပါစေ ”

“ အလုပ်အကိုင်များလည်း အဆင်ပြေကြပါစေ ”

“ အချင်းချင်း မေတ္တာထားနိင်ကြပါစေ ”

“ စိတ်ကူးနဲ့လက်တွေ့ တထပ်တည်း ကျရောက်ကျပါစေ ”

ဆိုးသွမ်း


Tuesday, April 7, 2009

ကိုယ်က ဆရာဝန်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဖတ်စေချင်လို့ပါ။


လူငယ် ၊ လူလတ်ပိုင်းမှာ ကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုနေပါက ၊ လူကြီးဘ၀တွင် ကင်ဆာရောဂါဖြင့် သေဆုံးနိင်သော အခွင့်အလန်းမှာ ပိုများပါတယ်တဲ့။

( ၁၁ ) ပေါင်ပိုလာလျှင်

အနောက်ပိုင်း အင်္ဂလန်ရှိ ( University Of Bristol ) မှ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်က ကိုယ်အလေးချိန် ရှိသင့်သည်ထက် ၁၁ ပေါင် ပိုလာပါက ကင်ဆာနှင့် သေဆုံးနိင်သော အခွင့်အလန်း စတင်ဖြစ်ပေါ်နိင်သည်ဟု ပြောပါတယ်။ ၄င်းတို့၏ တွေ့ရှိမှုများသည် လူလတ်ပိုင်းတွင် ရောက်ရှိနေကြသူများ၏ ကိုယ်အလေးညွှန်းကိန်း BMI ( Body Mass Index ) နှင့် ၄င်းတို့ လူကြီးဖြစ်လာသည့်အခါ သေဆုံးရနှုန်းနှင့် ဆက်သွယ်မှု တိုက်ရိုက် အချိုးကျ ရှိနေကြောင်း ဖော်ပြထားပါတယ်။

BMI

၎င်းကိုတွက်ချက်ရာ၌ ကီလိုဂရမ်အားဖြင့် ဖော်ပြသော ကိုယ်အလေးချိန်ကို ၊ မီတာဖြင့်ဖော်ပြထားသော အရပ်အမောင်း ပမာဏ၏ နှစ်ထပ်ကိန်းဖြင့် စားရပါမည်။

BMI Categories:

  • Underweight = <18.5
  • Normal weight = 18.5-24.9
  • Overweight = 25-29.9
  • Obesity = BMI of 30 or greater
လို့ သက်မှတ်နိင်ပါတယ်။

ကဲ....ကိုယ်တိုင် စမ်းသပ်ချင်းသူများတွက် အောက်ပါ ၀က်ဘ်ဆိုဒ်လေးမှာ သွားပြီး ကိုယ့်အရပ်နဲ့ လက်ရှိ ဖြစ်နေတဲ့ ကိုယ်အလေးချိန်ကို ထည့်ပြီး နှိပ်ကြည့်၇င် ဘယ်လောက်ရှိတယ်ဆိုတာ တွေ့ရမှာပါ။

Sunday, January 4, 2009

လွတ်လပ်ရေး ရခဲ့တာ ၆၁ နှစ်ကြာခဲ့ပေမယ့် လွတ်လပ်ရေးကို ယူပေးခဲ့သူ ဗိုလ်ချုပ်သေသွားတာကတော့ မနေ့တနေ့ ကလိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စစ်သားဆိုပေမယ့် အဲဒီအချိန် အဲဒီခေတ်တုန်းက ဗိုလ်ချုပ်လို စွန့်စားရဲပ့ါမလား ၊ အနစ်နာ ခံနိင်ပ့ါမလားဆိုတာကို တွေးမိတိုင်း သူ့ကို လေးစားအားကျမိပါသည်။

တကယ်တော့ ကျွန်တော်တို့ လွတ်လပ်သင့်ခဲ့တာ အချိန်တွေများစွာ ကြာမြင့်ခဲ့ပါပြီ။ ထူးတော့ ထူးစမ်းသား ။ နှစ် ၁၀၀ တိုင်တိုင် ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်တွေကို မမုန်းဘဲ ၊ ကျွန်တော်တို့တွေ အင်္ဂလိပ်ပရီးမီးယားလိဂ်ကို အားပေးနေလိုက်ကြတာ။ ဟားဟ။ ကျွန်တော့်သူငယ်ချင်း ဗီယက်နမ်ကျောင်းသားတွေကို မေးကြည့်တော့ သူတို့ကလည်း အမေရိကန်နဲ့ တရုတ်ကို အမုန်းဆုံးပဲတဲ့။ အမေရိကန်ကတော့ ပါလေရာ ပဲခူးဆားလို ထားလိုက်ပါတော့။ တရုတ်က သူတို့ကို ကျွန်ပြုသွားတာ အခုထိ အသည်းနာနေတုန်းပဲဆိုပဲ။ ကျွန်တော်တို့ မြန်မာတွေကပဲ မေတ္တာတရားတွေ ပြည့်ဝနေလို့ပဲ ဖြစ်ရမယ်။

ဟိုးအရင် ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ဆို ဥသြတွေ ဆွဲတယ်။ လမ်းတိုင်းမှာ ၊ ရပ်ကွက်တိုင်းမှာ ၊ မြို့နယ်တိုင်းမှာ ၊ ပြည်နယ်တိုင်းမှာ ကစားနည်းပေါင်းစုံနဲ့။ ပြိုင်ပွဲတွေကျင်းပ ၊ ဆုတွေပေးကြနဲ့။ ပျော်ဖို့ကောင်းလိုက်တာ။ လူသားတိုင်းရဲ့ မျက်နှာတိုင်းမှာ အပြုံးပန်းတွေ ကိုယ်စီနဲ့။ ပိုက်ဆံအကုန်ခံပြီး ပျော်ရွှင်မှုကို ၀ယ်ယူနေလိုက်ကြတာ။

ကျွန်တော် ဆိုးသွမ်းတို့ဆို .......

  1. ရပ်ကွက်ကို ပတ်ပြေးပွဲ
  2. ဘောလုံးပြိုင်ပွဲ
  3. အာလူးကောက်
  4. အုန်းသီးလု
  5. ခေါင်းအုံးရိုက်
  6. မုန့်ကိုက်
  7. လက်ကိုနောက်ပစ် ၊ အရှေ့က ရေတွေအပြည့်ထည့်ပြီး ပင်ပေါင်သီးတွေ ထည့်ကာ မွှေထားတဲ့ ဇလုံထဲက ပင်ပေါင်သီးတွေကို ပါးစပ်နဲ့ လိုက်ဖမ်းရတဲ့ ပြိုင်ပွဲ
  8. တစ်ယောက်က ကုန်းပိုးပြီး ပါးစပ်က ရေငုံ ၊ အပေါ်က တစ်ယောက်က မျက်နှာကို အ၀တ်စည်းပြီး အဝေးမှာ ထောင်ထားတဲ့ ရုပ်ပုံက မျက်နှာမှာ နတ်ခမ်းမွေးကိုဆွဲတဲ့ ပြိုင်ပွဲ
  9. မျက်နှာအ၀တ်စည်းပြီး လူကို ၁၀ ပတ်လောက်လှည့်ကာ သံပုန်းရိုက်တဲ့ ပြိုင်ပွဲ
  10. ချောတိုင်တက်ပြိုင်ပွဲ

အဲဒီလို အစရှိတဲ့ ကစားနည်းတွေနဲ့ ဆော့ကစားနေခဲ့တာ။ အခုအရွယ်ထိ ကစားချင်တုန်း။ ဒီနေ့ခေတ်မှတော့ ဒါတွေဟာ မရှိသလောက်ကို ရှားပါးသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းကို ဆင်ဆာနဲ့မလွတ်ကင်းတာကြောင့် ချန်ခဲ့ပါတော့မယ်။ :)

အာလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို လေးစားမိပါတယ်။ လွတ်လပ်ရေးဆိုတာကို ရဖို့ ကြိုးစားခဲ့သူတွေရော ၊ လွတ်လပ်ရေးဆိုတာကို ရအောင် ယူပေးခဲ့တဲ့ သူတွေရော ၊ လွတ်လပ်ရေးဆိုတာကို ထိန်းသိမ်းထားတဲ့ သူတွေရော ၊ အကုန်အကုန်လုံးကို ဒီနေရာကနေ အလေးပြုလိုက်ပါတယ်။

“ ကျွန်တော်တို့ မြန်မာနိင်ငံတော်ကြီး လွတ်လွတ်လပ်လပ်နဲ့ ထာဝရ အဓွန့်ရှည် တည်တံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် ”



Wednesday, December 31, 2008

.......HaPpY nЗW YeAR.......


Happy New Year ၊ Happy New Year နဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ နှစ်သစ်ကို နည်းအမျိုးမျိုးနဲ့ ကြိုဆိုနေလိုက်ကြတာ ပျော်စရာကြီး။

ကျွန်တော်ကတော့ အဆောင်မှာ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ FIFA2009 ဘောလုံးဂိမ်းဆော့ရင် ကောင်းမလား ၊ ဇာတ်ကားဟောင်းထဲက ဇာတ်လမ်းကောင်း ကားတွေ ရှာပြီးကြည့်ရင် ကောင်းမလား စဉ်းစားရင်း ဂျီတော့ခ်က သူငယ်ချင်းတွေ ၊ ဘလော့ဂ်က သူငယ်ချင်းတွေ အကုန်လုံးကိုတော့ လိုက်ပြီး နုတ်ဆက်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း နုတ်မဆက်နိင်လိုက်ရင် သူငယ်ချင်းမဟုတ်ဘူးလားလို့ အထင်မလွဲကြပါနဲ့။ အားလုံးဟာ ဘလော့ဂ်ဂါ မောင်နှမတွေ မဟုတ်လား။

ကျွန်တော့်ဆီမှာလည်း မွေးကတည်းက လူလောကစည်းစိမ်မခံစားရအောင် ဖြစ်လာတဲ့ ( အရက်သေစာ သောက်စားရင် ယားယံတက်တဲ့ ရောဂါ ) ရှိလေတော့ ဘယ်လိုမှကို ထိလို့မရဘူး။ ဆရာဝန် ကိုစိုးထက်ကလည်း ပြန်ခါနီးပြောသွားတယ် ( သေချင်ရင်တော့ သောက်တဲ့ ) ယဉ်ယဉ်လေး ဆုံးမသွားတာ ။ အော်..အခုတော့လည်း ချဲလ်ဆီးဖန်တူ အစ်ကိုကြီး ( နှစ်သစ်မှာ မိန်းမနဲ့ နှပ်နေလိုက်ပြီ ) ကောင်းပ့ါ ကောင်းပ့ါ။ ကျွန်တော်ကတော့ ဖော်မစုံ ဒီမောင်တစ်ယောက်တည်းပဲ ။

နောက်ဆုံး ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ ထမင်းအိုးလေးတည် ၊ လက်ဖက်သုတ်လေး သုပ်ပြီး ထိုင်စားတော့မည်လို့ပဲ ဆုံးဖြက်လိုက်ပါတော့တယ်။ ထမင်းပူပူလေးနဲ့ လက်ဖက်သုတ်ကို တွဲစားရတာဟာ ကျွန်တော့် အကြိုက်ဆုံးအစားအစာဆိုတော့ နှစ်သစ်ကို အဲဒီဟာလေးစားရင်း ချမ်းအေးလှတဲ့ မော်စကို ဆောင်းညရဲ့ နှစ်သစ်ကို ရေနွေးကြမ်းလေးနဲ့ ကြိုဆိုလိုက်ပါတော့မည်။


“ နှစ်သစ်မှာ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ လူမှုရေး ၊ တွေ အားလုံး အစစအရာရာ အဆင်ပြေပြီး ၊ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း များနှင့် ပျော်ရွှင်စွာ ဆုံဆည်းနိင်ကြပြီး ကံကောင်းခြင်းတွေကို ဘလော့ဂ်ဂါတွေနှင့်အတူ ကျွန်တော်တို့ နိင်ငံအပေါ်လည်း
အတူကျရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည် ”



Welcome To - 2009




Sunday, October 19, 2008



အလာကောင်းပေမယ့်
အခါနှောင်းတဲ့ အထဲမှာ
မင်းအမေလည်း ပါတယ် သူငယ်ချင်း

ဘ၀ပြောင်းပေမယ့်
ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေ

မင်းထားခဲ့ ကမ္ဘာကြီး
မင်းမျက်ကွယ်ပြုခဲ့တဲ့ မြန်မာနိင်ငံကြီး
ကိုယ်တိုင်တည်ဆောက်ချင်တဲ့ မင်းစိတ်ကူးတွေ
နောင်ဘ၀ နောင်အခါ
ပြန်ရပါစေ

သူငယ်ချင်း........
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ




မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းလျှက် :(

နာမည် - ကျော်ထင်လင်း
အသက် - ၂၅ နှစ်
ရောဂါ - ဦးနှောက်တွင်အကြိတ်ပေါက်
၁၉.၁၀.၂၀၀၈ ခုနှစ်တွင် ဆုံးပါးသည်။



Tuesday, August 26, 2008

“ လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို
စောင့်ရှောက် သင့်တယ်ဆိုတာကိုလည်း သတိမရတော့ဘူး ၊ ဒီတော့ သူ့ရဲ့ မျိုးဆက်ဟာလဲ
ဘယ်စစ်နိင်တော့ မှာလဲ ၊ မျိုးဆက်ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့
တိမ်ကောပြီး ပျောက်သွားတတ်တယ် ”

ဘ၀အိမ်မက် ပန်းအိမ်မက်
( မစန္ဒာ )

Friday, August 8, 2008

ယောင်္ကျားတို့ တပ်အပ်တဲ့ အဋ္ဌရသ (၁၈) ရပ်ဆိုတာ ဘာလဲလို့ လူတိုင်းကို လိုက်မေး ကြည့်ရင် တော်တော်များများ မသိကြပါဘူး။ ကျွန်တော်လည်း မသိပါဘူး။ သာမန်အားဖြင့်တော့ ဂဏန်းသင်္ချာတွက်ချက်ခြင်း ၊ မြှားပစ်လေးပစ် အတက် တက်ကျွမ်းခြင်း ဒါတွေကို ဇာတ်တော်တွေထဲက စာဖတ်သူ ဖတ်ဖူးပါလိမ့်မယ်။ ဒီတော့ စာအုပ်ထဲမှာ ဖတ်ရှုရင်း တွေ့ခဲ့မိတာကြောင့် ဗဟုသုတ အလို့ငှာ ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။

  1. အကြားအမြင် အတက် ( သုတိ )
  2. ဓမ္မသတ် အတက် ( သမ္မုတိ )
  3. အရေအတွက်နှင့် ဆိုင်သော ဂဏန်းအတက် ( သင်္ချာ )
  4. တံစဉ် စူးဆောက် စသော အတက် ( ယောဂါ )
  5. လူတို့အား ဆိုဆုံးမရာသော နီတိကျမ်းအတက် ( နီတိ )
  6. ယာယီ ယတြာစသော ဗျာကရိုဏ်းအတက် ( ၀ိသေသကာ )
  7. စောင်းငြင်းကဗျာ လင်္ကာအတက် ( ဂန္ဒဗ္ဗာ )
  8. လက်ဆစ်ချိုး၍ ရေတွက်သော အတက် ( ဂဏိကာ )
  9. ဒူးလေး လင်းလေး အတက် ( ဓနုဘေဒါ )
  10. စကားဟောင်း အတက် ( ပုရာဏာ )
  11. ဆေးအတက် ( တိကိစ္ဆာ )
  12. ရယ်ရွှင်မှု အတက် ( ဣတိဟဿ )
  13. ဗေဒင် အတက် ( ဇောတိ )
  14. လှည့်ပတ်တက်သော အတက် ( မာယာ )
  15. ဆန်းကျမ်း အတက် ( ဆန္ဒာတိ )
  16. သံတမန် အတက် ( ကေတု )
  17. မန္တန်အတက် ( မန္တာ )
  18. သဒ္ဒါအတက် ( သဒ္ဒါ )
တို့ပဲ ဖြစ်ပါသည်။

ပျော်ရွှင်သော သောကြာနေ့ ညနေခင်း ဖြစ်ကြပါစေ။


Wednesday, August 6, 2008

စမ်းကြည့်ရအောင်

သူငယ်ချင်း တစ်ယောက် ဂျီတော့်ခ်မှာ တင်ထားတဲ့ ပုံလေးကို ကြည့်ရင်း စိတ်ဝင်စားလို့ လင့်ခ်တောင်း ကြည့်မိပါတယ်။ အကောင့်ဖောက်ပြီးတော့ ဖော်ပြထားတဲ့ ပုံလေးတွေမှာ ကိုယ်ပုံလေးတွေ သူငယ်ချင်းပုံလေးတွေ လျှောက်ထည့်ကြည့်တော့ ဘာရယ်မဟုတ် စိတ်ချမ်းသာမှု အနည်းနှင့်အများတော့ ရကြသည်။ နောက်ခံ Frame လေးတွေကလည်း လှလှပပလေးတွေ ဆိုတော့ ချစ်သူ ရည်စားကို ပေးဖို့ကတော့ ကောင်လေးပဲ ဖြစ်ဖြစ် ၊ ကောင်မလေးတွေ အတွက်ပဲ ဖြစ်ဖြစ် အမှတ်တော့ ရနိင်မည်ထင်တာကြောင့် စေတနာ အကျိုးမျှော်၍ ပြန်လည် ဖောက်သည်ချမိလိုက်ပါသည်။





ဟောဒီလို နှစ်ယောက်တွဲ မျက်နှာလေးတွေနဲ့ ကြည်နူးလို့ရသလို


ဟောဒီလို နှင်းဆီပန်းလေးနေရာမှာ ကိုယ့်ချစ်သူပုံလေး ထည့်လိုက်ရင်ဖြင့်


စိတ်ဝင်စားလျှင်ဖြင့် ဒီဆိုက်လေးကို သွားလိုက်ပါ။ အဲဒီမှာ Account အရင် ဖောက်လိုက်ပြီး Browser မှာ ပလက်ဂင် လုပ်လိုက်တာနဲ့ စတင်အသုံးပြုလို့ရပါပြီ။ အဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ်။

Saturday, August 2, 2008


ကိုဂျူလိုင်ပြောတဲ့ ဂျပန်ရိုးရာ ဗေဒင်လေးကို သွားကလိလိုက်တာ။ ကျွန်တော့်က မြေကြီးအဖွဲ့ ၀င်ပေါ့။ ဘာပြောထားလဲ ဆိုတော့....

  1. You are Orange Monkey type, who is very friendly.
  2. People find you easy to get on with.
  3. On the other hand, you are not good at starting a relationship, and do not have a way with words.
  4. You tend to keep a distance in personal relationships.
  5. Although you tend to be rather nervous, you can overcome that weakness with your sophisticated intelligence and sense of humor.
  6. You are not a difficult person, and will not stan against on opposed ideas.
  7. You have a good negotiation tactics by leaving room for the other side to compromise.
  8. However you can be obstinate in that you will not suck up, or bend your theory.
  9. Putting into action is most important to you.
  10. You may luck consideration, and because you believe that result will follow, you tend to plan things as you go.
  11. You are quick learner and a skilful person, so even if you face difficult situation, you can overcome that without much difficulty.
  12. You are very responsible person, and you tend to work for others even by neglecting yourself.
  13. This naturally attracts other people to you.
  14. You also tackle and challenge things with confidence.
  15. You have a good head for business, so you will be successful in anything you decide to do.

ပါတဲ့။ စိတ်ဝင်စားလျှင်ဖြင့် ဒီနေရာလေး ကိုသွားလိုက်ပါ။

Monday, July 7, 2008

Fantasy ပြန်လာပြီ

ကဲ.....မကြာမီ အချိန်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးက ဘောလုံးဝါသနာရှင်များ စိတ်ဝင်တစား ၊ စောင့်မျှော်ရင်း ရင်ခုန် ကြည့်ရှု့ ချင်နေကြတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီး လာတော့မှာ ဖြစ်သလို www.premierleague.com ကနေပြီးတော့ ပြုလုပ်ပေးနေကြဖြစ်တဲ့ ကိုယ့်ရဲ့ ဘောလုံးအသိအမြင် တွေကို ဆန်းစစ်ပေးဖို့ အတွက် အပျော်သဘော ပြုလုပ်ပေးထားတဲ့ www.fantasy.premierleague.com ကဏ္ဍဟာ ပြန်လည်အသက်ဝင်လို့လာပါပြီ။ ဒါကြောင့် အကယ်၍ ၀ါသနာပါတယ် ဆိုလျှင်တော့ အမြန်ဆုံးသာ အကောင့်ဖောက်စေချင်ပါတယ်။ အသေးစိတ် အချက်အလက်ကို ကျွန်တော်တင်ထားခဲ့တဲ့ ဒီမှာ မြန်မာလို ဖတ်ရှုနိင်ပါသည်။ ကျွန်တော်ကတော့ အလုပ်ကြီး အကိုင်ကြီး အပျော်ဆော့လိုက်ပါဦးမယ်။

ဒါကတော့ ကျွန်တော့်ဝယ်ထားတဲ့ အသင်းသားတွေ



အဆော့ကောင်းတာ ထိပ်ဆုံးတောင် ရောက်နေတယ်


ပထမဆုံး ယှဉ်ရမဲ့သူက The Devil ဆိုပဲ :)



မျှော်နေမယ်ဗျာ။ ကစားဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ထောင်ထားတဲ့ League လေးမှာ ၀င်ပါစေချင်ပါတယ်။ မေးလ်သာ ထားခဲ့။ ကျွန်တော် အင်ဗိုက်လိုက်ပါ့မယ်။

လေးစားခြင်းဖြင့်...