Thursday, January 15, 2009

မိတ်ကပ်လူ......



နဂိုမလှပါဘူး
မိတ်ကပ်ကောင်းလို့ပါ

မနက်လင်းကတည်းက
မှန်ရှေ့မှာ
မိတ်ကပ်လိမ်းရင်း.....ကြီးပြင်းခဲ့သူ

ကျောင်းနေစဉ်က...စ
အလုပ်ခွင်ဝင်တဲ့...အလယ်
ပင်စင်ယူသည်အထိ

သူက
မိတ်ကပ်....တဖွေးဖွေးနဲ့
ဘ၀ကို........ တွေးခေါ်ခဲ့တယ်
မိတ်ကပ်....တပြင်ပြင်နဲ့
ဘ၀ကို........ ရင်ဆိုင်ခဲ့တယ်

မိတ်ကပ်တွေ....ခွာကြည့်
ပကတိအတိုင်း မြင်ရတဲ့အခါ
မလှတာ....သေချာတယ်

ဒါပေမဲ့
သူက....တစ်သက်လုံး မိတ်ကပ်သုံးခဲ့တော့
ဟော.....သေတော့လည်း
မိတ်ကပ်တွေ မှုန်လို့

သူ့ကို လိုက်ပို့သူတွေ မျက်နှာမှာလည်း
မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ။

( မြ၀တီမဂ္ဂဇင်း )


7 comments:

Anonymous said...

ဘာမိတ်ကပ်လဲဗျ ဟန်ဆောင်မိတ်ကပ်လား Quality ကောင်းရင် အလကားတောင်းမလို့ :)

တောင်ပေါ်သား said...

ကဗျာလေးက လေးနက်တယ်ဗျာ အားကျတယ်

poemflower said...

မိတ်ကပ် ကို ကိုယ်စားလှယ်ထားပြီး ဟန်ဆောင်တတ်တဲ့ လူတွေရဲ့သဘောကို ဖော်ပြထားတဲ့ ကဗျာကောင်းလေးပါ.

မီးမီးငယ် said...

အဟဲ

ဒီကဗျာလေးက မီးမီးနဲ့ မဆိုင်သလိုဘဲ ဖတ်သွားပါတယ်။

ဘာလို့ လဲဆိုတော့ မီးမီးက လုံးဝမိတ်ကပ်မလူးပါ။
ပင်ကိုအလှလေးနဲ့ ပါ။
မယုံဘူးဟုတ်
လာကြည့်
အဟီး............
း)

လင်းဒီပ said...

ကောင်းတယ်လေ..ဘယ်သူရေးတာလဲပြောဦးလေ..

Apprenticeship said...

အားပါးပါး ကောင်းလိုက်တဲ့ကဗျာ။ မိတ်ကပ်နဲ့လူတွေကို မြင်ဖန်များလာတော့ မိတ်ကပ်နဲ့မှ လှတယ်ထင်နေတဲ့ လူအုပ်စုများလားပြီး အားလုံးမိတ်ကပ်တွေချည်း ဖြစ်သွားမှာတော့ စိုးရိမ်းမိတယ်။ Thanks for sharing.

mgngal said...

ဒီကဗျာတော့ ကြိုက်တယ်ဗျ။ အတွေးတွေ ပေးတယ် ။