Friday, January 2, 2009

4 Minutes ( Madonna & Justin )



နှစ်သစ်ကူးအချိန်ဆိုတော့ ကိုယ့်အဆောင်ကိုယ် မနေဘဲ သူငယ်ချင်းရှိတဲ့ ကျောင်းဆီချီတက်တော့မှာမို့ ဘလော့ဂ်နဲ့ ၃ ၊ ၄ ရက်လောက်တော့ အနည်းဆုံးဝေးနေဦးမယ် ထင်ပါတယ်။ ဒီတော့ အခုကတည်းက ကြိုပြီး တောင်းပန်ထားလိုက်တော့မယ်။ ဒါနဲ့ မသွားခင် ဘာများရေးမလဲ စိတ်ကူးမိတယ်။ စိတ်ညစ်သလိုလို ၊ စိတ်ပျော်သလိုလို ၊ ဟိုလိုလို ၊ ဒီလိုလို ဖြစ်နေတာကြောင့် ဘာမှ ရေးမယ်လို့ စိတ်မကူးတော့ဘဲ သီချင်းတစ်ပုဒ်ပဲ လက်ဆောင်ပေးတော့မယ်။ အစကတော့ ဒီသီချင်းက အမှုမဲ့ အမှတ်မဲ့ပါပဲ။ Tv က ခဏခဏ လာနေတော့ နားကလည်းညည်းလာပြီ။ သီချင်းနဲ့အညီ မြူးမြူးကြွကြွ ကတာလေးကို သဘောကျမိပြန်တော့ ပြန်ရှယ်လိုက်တော့မယ်။ Justin Timberlake လို ကတက်ချင်တယ်။ Madonna ကတော့ အခုထိ Sexy ဖြစ်တုန်း။ ဂျက်စတင်နဲ့ ဒီ Music Video ထဲမှာ အပြိုင်ကျဲထားလေရဲ့ ။ ကဲ ရှု့စားကြတာပေါ့။






Download By


Zshare



Ifile


VCD အဆင်မပြေလျှင် Mp3 နားထောင်ချင်သူများအတွက်

Ifile


3 comments:

Anonymous said...

ဒီသီချင်းကို Channel-V မှာလာတည်းက ခဏခဏနားထောင်ဖြစ်တယ် သီချင်းကတော်တော်မြူးတာပဲ တင်ပေးတာကျေးဇူးး

Anonymous said...

သီချင်းကောင်းလေးပါ မျှဝေပေးတာကျေးဇူးကိုဆိုးသွမ်း

Anonymous said...

lol,so nice