7 years ago
Showing posts with label သူမဖတ်ဖို့. Show all posts
Showing posts with label သူမဖတ်ဖို့. Show all posts
Wednesday, September 2, 2009
အနားနားမှာ ခပ်တိုးတိုး
ချစ်ရေးဆိုရမှာ....ရှက်လိုက်တာ
စကားတခွန်းအတွက်
အဆောင်အယောင်တွေမရှိ
ကတ္တရာလမ်းနဲ့ ပေသားကျနေတဲ့ ခြေထောက်တွေနဲ့
“ ကျွန်တော်ဟာ “......” ကို တသက်လုံး
စောင့်ရှောက်ချင်တဲ့ လူပါလို့ ” လည်းပြောလိုက်ရော
တဆက်ဆက် တုန်လာတဲ့ နှလုံးသား
ရင်ခုန်တာလား.....အားနာတာလား
ကြောက်ရွံတာ....သိမ်ငယ်တာလား ဆိုတာတောင်
ပြန်ဝေခွဲမရ
စီးထားတဲ့ ရာဘာသရေကြိုး ဖိနပ်လေးမှာ
ချစ်ခြင်းတွေ ကျဆုံးခဲ့ရ ၊ မျှော်လင့်ခြင်းတွေ ပျက်သုဉ်းခဲ့ရနဲ့
သြော်...ချစ်သူရယ်... နားလည်ပါ့မလား...
ဒီရင်မှာ ချစ်တတ်တဲ့ နှလုံးသားကလွဲ..
ဘာဆိုဘာမှ မရှိဘူး...
မင်းကိုချစ်တယ်လို့ပြောလိုက်တိုင်း...
ငါ့ဘဝကို ငါ အားနာလိုက်တာ..
ငါ့လက်က ကဗျာကလွဲ..
ဘာဓနဂုဏ်မှ မရှိဘဲ...
"......"ကို တသက်လုံး စောင့်ရှောက်ချင်ပါတယ်လို့
မဝံ့မရဲပေမဲ့...
ပြောပါရစေနော်..သက်ဆုံးထိ...။
Labels: သူမဖတ်ဖို့
Thursday, August 27, 2009
ဟန်နီ
မင်း မွေးနေ့မှာ ငါမရှိဘူး
ဟန်နီ
မင်း မွေးနေ့မှာ ငါဆုတောင်း မပေးနိင်ဘူး
ဟန်နီ
မင်း မွေးနေ့မှာ ငါ အဝေးရောက်နေတယ်
ခဏပေါ့...ဟန်နီ
ခဏလေး....ပေါ့
ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး
မြန်မာပြည်ကြီးကလည်း ကျဉ်းကျဉ်းလေး မဟုတ်လား
နောင်လာမဲ့ မွေးနေ့တွေမှာ
မင်း...အနား
ငါရှိအောင် ကြိုးစားပ့ါမယ်
မင်းအနား
ငါ ရောက်အောင် လှမ်းလာပါ့မယ်
အခုတော့......စိတ်မကောင်း
မဖြစ်ကြေးပေါ့နော်......
( Happy Birthday !!!!!! )
Labels: သူမဖတ်ဖို့
Tuesday, June 23, 2009
တွေ့...ဆုံ...ကြုံ...ကွဲ တဲ့
သံသရာထုံး နှလုံးမူရင်း
ပက်သက်ခဲ့သမျှ သံယောဇဉ်တွေကို
ရေစက်ချ အမျှဝေပြီး
သာဓုခေါ်ခိုင်းခဲ့တာလား....မသီတာ
ပျော်ရွှင်ခဲ့ကြတယ် ၊ ကြည်နူးခဲ့ကြတယ်
စိုးရိမ်ခဲ့ကြတယ် ၊ နှစ်သိမ့်ခဲ့ကြပါရက်နဲ့
နောက်ဆုံး ဒီအလှူမှာမှ
ကျွန်တော်က မျက်ရည်ကျပြီး
လှူခဲ့ရတယ်
အချိန်တန်ရင် လူဆိုတာ
ကိုယ့်ဘ၀ ကိုယ်လျှောက်လှမ်းရမယ်လို့
မသီတာ....မသင်ပေးခဲ့လည်း
ရေစက်ချပွဲ အပြီးမှာ
လျှောက်လှမ်းတက်ဖို့ ကြိုးစားနေခဲ့ပါပြီ
မသီတာ နားမှာ ကျွန်တော် ရှိမနေနိင်ဘူး
မသီတာ အလုပ်တွေကို ကျွန်တော် လမ်းပြမပေးနိင်ဘူး
မသီတာ...၀မ်းနည်းလို့ ငိုရင်တောင်
ပထမဆုံးသိခွင့်ရတဲ့ လူဟာ အရင်ကတည်းက
ကျွန်တော် မဟုတ်ပါဘူးလေ
မသီတာရေ...လူတွေကတော့
ကျွန်တော့်ကို ၀ိုင်းဟား နေကြမှာပေါ့
လူအလေး...ချာတိတ်လေး...ကလေးလေးပါတဲ့
ပြောကြပါစေလေ...
ပြောကြပါစေ....
ကျွန်တော်ကလည်း ဟုတ်နေခဲ့တာကိုး
ဘာပဲ ဖြစ်ဖြစ်...ရှိပါစေတော့
အတူတကွ တည်ထောင်ထားတဲ့
ချစ်ခြင်းတရားအတွက်
မသီတာ...ခွဲလို့ ယူချင်မှတော့
ကျွန်တော်ကရော..ဘာနဲ့များ တားမြစ်နိင်တော့မှာလဲ
အနမ်းတွေ ၊ အလွမ်းတွေ
စိတ်ကူးယဉ်မှုတွေ ၊ စိတ်ကူးရိုင်းခဲ့မှုတွေ
ငိုကြွေးမှုတွေ ၊ မြွတ်သိပ်မှုတွေ
အားလုံး တညီတညာတည်း စုပေါင်း
မသီတာ စိတ်တိုင်းကျ
ကျွန်တော်က ရေစက်ချ လှူဒန်းလိုက်ပါတယ်...
ဒါပေမယ့်.....
မသီတာရယ်
ကျွန်တော် ဒီအလှူမှာ သာဓု မခေါ်နိင်ခဲ့ပါဘူး.......
Labels: သူမဖတ်ဖို့
Sunday, June 14, 2009
မင်း...ကတော့
ဘ၀မှာ ရင့်ကျက်သွားတာ....ကြာပေါ့
အထူးအဆန်းတွေ တွေ့တိုင်း
အသစ်အဆန်းတွေ မြင်တိုင်း
မင်း...ပါးလေးက ပြုံးတယ်ဆိုသလောက်ပဲ ဖြစ်တည်တယ်
ဘ၀ကို လက်တွေ့ဆို လက်တွေ့မှလို့
ခဏခဏ ကြွေးကြော်တက်တဲ့...မင်းက
အနုပညာဆန်တာကို တခါတလေ မြတ်နိးတက်တာကလား
ကဗျာတွေရေးမယ်...စာတွေရေးမယ်
ခဏလောက် မင်းစိတ်ထဲမှာတော့
ကြိတ်မှိတ်ခံစား ပစ်လိုက်တာပဲ
ခဏတာပါပဲ...ခဏပြီးတော့
“ လက်ရှိဘ၀မှာ ရပ်တည်ပစ်လိုက်စမ်းပါလို့ ”
အားမလို အားမရနဲ့ မင်းက င့ါကို ဆူပူဦးမယ်
ဘာမှ မယ်မယ်ရရ ဖြစ်မလာတဲ့
“ ကဗျာရေးခြင်း အနုပညာကိုလည်း ” ငါက ဘ၀မှာ
ရေဗူးတခုလို ယူဆောင် ဖြက်သန်းသွားချင်ခဲ့တာ
ဆူပါ...မာန်ပါ...ဆဲပါ...ရိုက်ပါ
ငါ့ကိုလေ....နောက်ဆုံး မင်းသတ်သွားပါ
ငါက ဘ၀ကို ........လက်တွေ့ဆန်တာထက်
ကဗျာဆန်တာကို ပိုကိုးကွယ်ထားတာကိုး
ဒါပေမယ့် လူပဲကွယ်
ကိုယ့်ထမင်း ကိုယ်စားဖို့တော့
အသက်ရှု ရှင်သန်တတ်ပါတယ်
Labels: သူမဖတ်ဖို့
Sunday, June 7, 2009
ငါလည်း ထမင်းစားတာပါပဲ
မင်းတို့လို့ ထုနဲ့ထည်နဲ့ ထားစရာ မာနမရှိပေမယ့်
မီးခြစ်ဆံခေါင်းလောက် မာနလေးကို
ဘယ်သူမှ မမြင်အောင် ဖွတ်ထားတာ
လျှောက်ခဲ့ရတဲ့ လမ်းမှာ
အားလုံးကို နားလည်ပေးခဲ့တာကြောင့်
မီးခြစ်ဆံခေါင်းမာနလေးကို ဘယ်တော့မှ ထုတ်မသုံးဖြစ်ခဲ့ဘူး
“ အော်...နာမှ နာတက်ပါ့မလားလို့တဲ့ ”
တချိန်တုန်းက...မင်းင့ါကို အဲဒီလိုပြောဖူးတယ်
မင်းကတော့...ဘာရယ်မဟုတ်
ချစ်လွန်းလို့ ပြောလိုက်တာ....နေမှာပါလို့
( ငါ့စိတ်ထဲ ) အမှတ်မထားခဲ့ဘူး
င့ါမာနတွေကလည်း မင်းရှေ့ရောက်ရင်
ကျောက်စက်ရေတွေလိုပဲ တစ်စက်ချင်း တစ်စက်ချင်း
................အေးစက်
မနက်စောစော နေရောင်လာလို့ ဖယ်ရှားပေးလိုက်ရတဲ့
မြူနှင်းတွေလို့....ပျောက်ဆုံးလို့
မင်းသတင်းတွေ ၊ မင်းအကြောင်းတွေ
တွေးမိရုံနဲ့တင် စိတ်က အလိုလို
ပျော့ညံသွားတက်တာ...ဘာနဲ့မှ ဖြေမရခဲ့ဘူး
င့ါရင်ဘတ်ထဲမှာ မင်းကိုချစ်တဲ့ စိတ်တွေရှိနေသ၍လည်း
ငါဘယ်တော့ မသည်းမကွဲဘူး
( မင်းင့ါကို ချစ်တာ ၊ မချစ်တာတော့ တကဏ္ဍပေါ့လေ )
ဒီလိုပဲ ငါခံယူတယ်
ငါ့ရဲ့ မီးခြစ်ဆံခေါင်းမာနလေးကို
ဒီတသက် မင်းအပေါ် ထုတ်သုံးခွင့် ထာဝရပိတ်ပင်လိုက်ပါတယ်
ဘာလဲဆိုတော့
မီးခြစ်ဆံခေါင်းတော့ မီးခြစ်ဆံခေါင်းပဲ
အဲဒီမာနက အရင်ကတည်းက ယူရေနီယမ်တွေနဲ့
ဖွဲ့တည်ထားတာ
မီးခြစ်ဆံခေါင်လေး ပေါက်သွားရင်
မင်းကိုလည်း ငါမသိတော့ဘူး...ငါ့ကိုငါလည်း မသိတော့ဘူး
ငါ့ကိုငါ မသိတော့မှာထက်..မင်းကို ချစ်ခွင့်မရတော့မှာကို မသိတာ
ငါကြောက်နေခဲ့လို့ပါ.......
Labels: သူမဖတ်ဖို့
Thursday, June 4, 2009
ခြေကျင်းလေး တစ်ခုပါ
မြင်ကတည်းက သတိထားခဲ့မိတဲ့
ခြေကျင်းလေး တခု.....
သူမရဲ့ ဘယ်ဘက်ခြေကျင်းဝတ်လေးနားမှာ
အမြဲတမ်း နေရာယူထားတယ်
ရွှေကြိုးပါးပါး မြှင်မြှင်လေးတွေနဲ့
အသည်းပုံတွယ်ချိတ်လေးတွေလား ၊ ဆွဲသီးသေးသေးလေးတွေလား
အဲဒီ ခြေကျင်းလေးမှာ ကပိုကရိုနဲ့
ခြေကျင်းလေးလား...လှပါတယ်
အထူးသဖြင့်...သူမခြေထောက်တွေနဲ့
ခြေကျင်းလေးက သိပ်လိုက်ဖက်တယ်
နားမဆင်ဘူးပေမယ့်
သူမလမ်းလျှောက်တဲ့အခါ...ခြေကျင်းခတ်သံလေးက တချွင်ချွင်နဲ့
ရင်ထဲမှာ မြည်လို့
အခုတော့
စတွေ့ကတည်းက ဘယ်ဘက်မှာ အမြဲနေရာယူတက်တဲ့
ခြေကျင်းလေးကို....ညာဘက်ကို ပြောင်းလဲပြီး
သူမ ၀တ်ဆင်သွားခဲ့ပြီ
ဘယ်တော့မှ မမေ့ပါဘူး......ဘယ်တော့မှလည်း မေ့မရခဲ့ဘူး
ခြေကျင်းလေးရယ်....
သခင့်ရင်အလိုကျအတိုင်းပေါ့
သူမ ပျော်ရွှင်နေဖို့ပဲ အရေးကြီးပါတယ်
စိတ်ပါတဲ့အခါ တပ်ထားလိုက် ၊ စိတ်မပါတဲ့ အခါ ဖြုတ်ထားလိုက်နဲ့
ဘယ်ကနေ ညာကိုပြောင်း ၊ ညာကနေ ဘယ်ကိုပြောင်းနဲ့
ငါတို့ဘ၀တွေက အသုံးတော်ခံပစ္စည်းမျှသာ....
Labels: သူမဖတ်ဖို့
Thursday, May 28, 2009
ဘ၀ခရီး တစ်လျှောက်လုံး
အချိန်ဘယ်လောက် ကြာနိင်မလဲ
မင်းကို...ကျောပိုးအိတ်လေးထဲ
ထည့်ခေါ်သွားချင်တယ်
ငွေရောင် ၊ ရွှေရောင် ၊ ဂုဏ်ရောင်
အရောင်မျိုးစုံ ကျောပိုးအိတ်တွေထဲက
မေတ္တာနဲ့ သစ္စာတရားအရောင်စပ်တဲ့ ကျောပိုးအိတ်လေးထဲ
ချစ်ခြင်း နဲ့ စာနာနားလည် ခြင်းတွေကို
စားသုံးပြီး လိုက်ခဲ့
ကျောပိုးအိတ် အဖုံးကိုတော့
ဘယ်တော့မှ ပိတ်ထားမှာတော့ မဟုတ်ပါဘူး
ကုန်းတက်တွေ ၊ ကုန်းမြင့်တွေ ကြုံလို့
ကျောပိုးအိတ်သွားနှုန်းလေး နှေးသွားရင်
မင်း ခုန်ချ ချန်နေရစ်ခဲ့နိင်ပါတယ်
ဒါမှမဟုတ်
ကုန်းဆင်းတွေ ၊ မြေပြန့်တွေ ဖြစ်လို့
ကျောပိုးအိတ်လေး မြန်မြန်သွားနိင်ရင်လည်း
မင်းကို ပြန်ဝင်ခွင့်ပြုတယ်
ဝင်ချင်ဝင် ၊ ထွက်ချင်ထွက်
မင်းအတွက် .....ကျောပိုးအိတ်လေးကို
ထာဝရ...ဖွင့်ထားတယ်
Labels: သူမဖတ်ဖို့
Monday, May 25, 2009
အဖြည့်ခံ တိုက်စစ်မှုး ( သို့မဟုတ် ) တစ်ဘ၀စာလုံး အဌားချခံခဲ့ရသူ
6 comments Posted by ဆိုးသွမ်း at 4:00 AMရာသီပွဲတလျှောက်လုံး
ကျနော်က သူမအသင်းမှာ
ထာဝရ စာချုပ် အချုပ်ခံရတော့မယ့် တိုက်စစ်မှုးတစ်ယောက်ပေါ့လေ
ဇွဲနဘဲကြီးစွာ ကစားတက်မှု
အသင်းအပေါ် သစ္စာရှိမှု
တိကျတဲ့ ဂိုးသွင်းနိင်ယူမှုတွေနဲ့
မန်နေဂျာ အချစ်တော်......တစ်ယောက်
ကျွန်တော့်ရဲ့ အဆုံးသတ်သေချာမှုတိုင်းမှာ
သူမက နှစ်ခြိုက်စွာ အမြဲလက်ခုပ်တီး
အားပေးတက်လေ့ ရှိခဲ့တယ်
သက္ကရာဇ်တွေမှာ
သူမနဲ့ ကျနော် အတူယှဉ်တွဲယူထားတဲ့
အောင်မြင်မှု မှတ်တိုင်တွေကလည်း
ကျနော်တို့နှစ်ယောက်ရဲ့
နားလည်ဝေမျှတက်မှုကို သက်သေထူလို့
ဒါပေမယ့်
ရာသီဥတုနဲ့ မီဒီယာအားတွေကြောင့်
ရာသီပိတ် အဆုံးသတ် မလှပချိန်မှာတော့
အရန်ထိုင်ခုံတွေပေါ်ကပဲ....ကျနော့်ကို ဘယ်အချိန်
ခေါ်သုံးမလဲဆိုပြီး.....သူမကို ငေးကြည့်နေခဲ့ရတယ်
...တခါတခါ
အချိန်ပိုတွေမှာ သူမသတိရရင်
ကျနော့်ကို ထုတ်သုံးတက်ကလွဲလို့
ကျနော်က ပွဲချိန်ပြည့် ကစားခွင့် မရတော့တဲ့ သူတစ်ယောက်ပါလေ
နောက်ပြီး အနီကဒ် ၊ အ၀ါကဒ်တွေကိုလည်း
ဒိုင်လူကြီးအစား ကျနော့်ကို သူမပဲ ပြလေ့ရှိတယ်
သိပ်မကြာခင် ပွဲစဉ်တွေ ပြီးတော့မယ်
ရာသီပိတ် အဆုံးမှာ သူမက တန်းမဆင်းခဲ့ရပေမယ့်
ကျနော်ကတော့
လေ့ကျင့်ခန်း ပုံမှန်ဆင်းပါ့မယ်
လစာလည်း တိုးမတောင်းပါဘူး ဆိုတာတောင်
ကျနော်ကိုတော့ အသင်းပြောင်းခိုင်းဖို့
အတင်းကို ဖိအားပေးခံနေရတယ်
တကယ်ဆို...သူမကိုင်တဲ့ အသင်းမှာ
ကျနော်က ထာဝရ သူရဲကောင်း ဖြစ်ချင်ခဲ့သူပါ
သူမရဲ့ အသင်းမှာ...ကျနော် ကျောနံပတ်ကို
ထာဝရ အနားပေးချင်လောက်အောင်ထိ ကြိုးစားပြချင်ခဲ့တာ
အရေးကြီးဂိုးတွေ ၊ အဖိုးတန်ဂိုးတွေ
သွင်းယူပြီးတိုင်း...အောင်မြင်မှုအနေနဲ့
သူမရှိရာကို ပြေးဖက်ပြီး ၊ ဂုဏ်ပြုချင်ခဲ့တာ
ကျနော်ဟာ အသင်းပြောင်းမယ့်သူတော့ မဟုတ်ပါဘူး
အရန်ခုံတွေပေါ်ကလည်း..သူမကို အောင်ပွဲခံမှုတွေကို
ငေးမော.....နေခွင့်ရှိနေခဲ့ရင်ပဲ
ကျေနပ်နေမယ့်သူပါ
အမြဲတမ်း ကျနော့်ရဲ့ ရိုးသားတဲ့ ကစားဟန်တွေနဲ့
အသင်းအပေါ် အနစ်နာခံ ပေးဆပ်တက်မှုတွေ အပေါ်
သူမ လျစ်လျူရှုသွားတာတောင်
အရန်ထိုင်ခုံတွေပေါ်က
သူမအတွက် အောင်မြင်မှုများစွာ ရှာဖွေပေးချင်ခဲ့သူ တစ်ယောက်
.....တကယ်တော့ ကျနော့်အဖြစ်က
အဖြည့်ခံ တိုက်စစ်မှုး ( သို့မဟုတ် ) သူမရဲ့
တစ်ဘ၀စာလုံး အဌားချခံ...ခဲ့ရသူ
Labels: သူမဖတ်ဖို့
Thursday, April 2, 2009
ကျွန်တော့်ရဲ့ ချစ်လှစွာသော...အရူးမလေးက
North Atlantic Ocean...ရဲ့ ဟိုဘက်မှာနေတယ်
သူမဆီ ရောက်နိင်ဖို့
တစ်နေ့ ...တစ်နေ့
ဒီသမုဒ္ဒရာကြီးကို ဘယ်လိုဖြက်ကူးရင် ကောင်းမလဲ
စဉ်းစားတော့......အဲဒီ အရူးမလေးကဆိုတယ် “ ရေကူး ” တဲ့
လမ်းထိပ်က
အကြော်သည် ဒေါ်ပူစူး ကတော့
သူ့ဆီက အကြော်ကြော်တဲ့ ဒယ်အိုးနဲ့ ကူးစေချင်တယ်
မင်းတကယ်...ကူးမယ်ဆို
လေထိုးထားတဲ့ ဘောကွင်းအသစ်တခု
လက်ဆောင်ပေးမယ်လို့တောင်....ကျွတ်ဖာတဲ့ လူကြီးကလည်း ဆိုသေးတယ်
ဒယ်အိုးကြီးနဲ့ပဲ...ဖြက်ရမလား
ဘောကွင်းကြီးပဲ လည်ပင်းမှာ စွပ်ထားရမလား
မဟုတ်သေးပါဘူး....
သမုဒ္ဒရာကြီး တခုလုံး ဖြက်မယ်သာ ပြောတာ
တကယ်တမ်း
ရန်ကုန်-ဒလ လောက်တောင်
လက်ငါးချောင်း ပြည့်အောင် ကူးဖူးတာ မဟုတ်တော့
ကဲ.. ဘယ်လို လုပ်ရမလဲ
ငါ့ရဲ့ ချစ်လှစွာသော....အရူးမလေးရဲ့
မဖြစ်နိင်ရင်လည်း...အစကတည်းက မပြောဘူး
အခုတော့...အိမ်မက်အသေတွေနဲ့
င့ါမှာ...ပက်လက်ကို မျောလို့
Labels: သူမဖတ်ဖို့
Subscribe to:
Posts (Atom)