5 years ago
Saturday, January 10, 2009
အကြာကြီး ခွဲထားရဦးမယ်
မပြည့်စုံသေးတဲ့.......ဘ၀တွေအတွက်
အတောင်အလက် စုံအောင်
ဖြစ်လာဖို့ အချိန်အထိ
အကြာကြီး ခွဲထားရဦးမယ်
နှစ်ကိုယ်တူ ရည်မှန်းထားတဲ့...အခြေအနေတစ်ခုကို
အရွယ်မလွန်မီ တည်ဆောက်နိင်ဖို့
အကြာကြီး ခွဲထားရဦးမယ်
ဘ၀ရဲ့ အပူဒဏ်ဟာ...သူမနဲ့
မဆိုင်သလို နေဖို့
အကြာကြီး ခွဲထားရဦးမယ်
သူမရဲ့....အပြုံးတွေ
ထာဝရ အေးမြနိင်ဖို့
အဲဒီအကြာကြီး ဆိုတာ....ဘယ်လောက်လဲ
( ၁ )လလား....( ၁ ) နှစ်လား......(၁၀)နှစ်လား
ဘယ်လောက်တောင် ..........ကြာနိင်မလဲ
ကျွန်တော်လည်းမသိဘူး....သူမလည်း မသိဘူး
ဘယ်သူမှလဲ မသိဘူး
အဲ....အကြာကြီး ဆိုတဲ့သူတော့ သိလောက်တယ်
ကျေးဇူးပြု၍
အကြာကြီး..နာမည်နဲ့ အချိန်ကာလကို တွေ့ရင်ပြောပေးပါ
ကျွန်တော် သူ့ကို တွေ့ချင်နေတဲ့အကြောင်း
ကျွန်တော်...သူ့ကို မေးချင်နေတဲ့ အကြောင်း
နောက်ပြီး....သူသိချင်တဲ့ ကျွန်တော်တို့ အကြောင်း
တခဏပဲ...ဖြစ်ဖြစ်
အချိန်ရသလောက် ပြောပြပ့ါမယ်လို့

Labels: ကဗျာ
Subscribe to:
Post Comments (Atom)
8 comments:
ဟယ်..အကြာကြီးခွဲရအုံးမှာ။
သနားပါတယ်။
ဘယ်လိုဖြစ်သွားတာလဲ အာငိုင်ပြန်လာမယ်တဲ့လေကွားးး :P
ရေးလည်းရေးတတ်တယ် အကြာကြီးတော့မခွဲပါနဲ့ သနားပါတယ် ဟီးစတာပါ တွေ့ရင်ပြောရမယ့်လူနံမယ် ပြောပြထားပါ ကူပြောပေးပါ့မယ်
ကောင်းသောနံနက်ခင်းပါ
မကြာပါဘူးကိုဆိုးသွမ်းရယ်..
စိတ်တွေ နီးစပ်နေတဲ့အခါ..
ဒီကဗျာလေးရေးဘို့ အကြာကြီး စဉ်းစားရသေးလား
း)
စိတ်ချင်းနီးရင်မကြာပါဘူး
ကိုယ့်အဖြစ်နဲ့လာတိုက်ဆိုင်နေတော့ ဖတ်ပြီး မျက်ရည်တောင်ဝဲတယ်.. လင်းဒီပနဲ့ meimeistar ပြောသလို စိတ်တွေကလည်း မနီးစပ်နေတော့ကာ.. ခက်သားလား.. :'(
ကဗျာလေးကိုတော့ကြိုက်ပါတယ် ... ဒါပေမယ့် ကဗျာအောက်က SWATCH ကြီးက ကဗျာနဲ့မဆိုင်သလိုပဲနော် :P ... တော်တော်တန်ဖိုးကြီးမယ့် ပုံပဲနော် ကိုဆိုးသွမ်းကြီး :D
မင်္ဂလာပါ
နာမည်းကသာဆိုးသွမ်း
ရေးထားတဲ့ကဗျာတွေက တော်ဝင်လောက်ပါတယ်
ဒီကဗျာကိုခိုးသွားတယ်
ဘာလို့ဆိုတော့ ဒီကိုလာလို့မရတဲ့လူတွေအများကြီး
အားလုံးဖတ်ရအောင်လို့ ဒီမှာတင်ပေးထားတယ်
ဆရာနာမည်လည်းပါတယ်
ကျွန်တော်ခိုးလာတာလည်းပေါ်တင်ဘဲရေးထားတာ
လာလည်ပါလား
http://eainlwanthu.ning.com/profiles/blogs/2792795:BlogPost:12359
Post a Comment