Friday, January 9, 2009


ရာသီဥတု အပူချိန်က -20 ကျော်
ရင်ထဲမှာတော့ အလွမ်းတွေက + 40 ထက်မက

“ မင်း....ခဏလေးပြန်တွေ့ကြဖို့ ခက်နေရင် ” ဆိုတဲ့
ကိုလေးဖြူ သီချင်းဟာ အကြိမ် ၁၀၀ နီးပါး
အသံကုန်ဖွင့်...နားထောင်နေတော့
အခန်းက သူငယ်ချင်းတွေက
ဝိုင်းဆဲကြတယ်

ခေတ်က အချစ်ကို သတ်ပစ်တယ်
သားနဲ့အမေ ၊ သမီးနဲ့ အဖေကို ခွဲထားတယ်
လူတန်းစား ကွာဟမှု့ကို အလေးပေးတယ်
နလုံးသားတွေ မာကျောအောင် အထောက်အကူပြုတယ်
မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်
ဆင်သွားတော့ လမ်းဖြစ်တဲ့ စကားပုံလို

“ စိုင်းစိုင်းက....ဘာကြောင့်လဲတဲ့ ”
သူမသိသေးလို့ ဒီမေးခွန်းမေးတာတော့ မဖြစ်နိင်ဘူး
ဘာကြောင့်လဲဆိုတာတော့ မရှိဘူး

အားလုံးမှာ အကြောင်းပြချက်တွေ ရှိတယ်
အားလုံးမှာ ခံစားချက်တွေ ရှိတယ်
အားလုံးမှာ မမျှတတဲ့ ဒဏ်ရာတွေ ရှိတယ်

၁၀ နှစ်သားကလေးက
သူစားဖို့ .....ထမင်းတနပ်ရှာနေရသလိုမျိုး
အသက် ၆၀ အဘွားအိုက ရိပ်သာကို
အိမ်မက်မက်ဖို့ပဲ တက်နိင်သလိုမျိုး

ခေတ်ကြီးက သင်ပေးလိုက်တာ
ရွှေပြည်တော်...မျှော်တိုင်းဝေး ကဗျာကိုပေါ့




8 comments:

Anonymous said...

ကဗျာလေးကောင်းတယ် ဆိုးသွမ်းရေ ....

Apprenticeship said...

မမျှတဲ့ခံစားချက်တွေလဲရှိတယ် :P အင်း သိပ်မလွမ်းနေပါနဲ့ brother in law ရာ... သူပြန်လာမယ်တဲ့ :P

မီးမီးငယ် said...

၁၀ နှစ်သားကလေးက
သူစားဖို့ .....ထမင်းတနပ်ရှာနေရသလိုမျိုး
အသက် ၆၀ အဘွားအိုက ရိပ်သာကို
အိမ်မက်မက်ဖို့ပဲ တက်နိင်သလိုမျိုး

ကိုဆိုးသွမ်းကရော
ဘာတွေတတ်နိုင်သေးလဲ
း)

ဟန်လင်းထွန်း said...

တယ်လည်း လန်းပါ ပေတယ်။

Anonymous said...

ဒါမျိုးတွေ ဒါမျိုးတွေ စောင့်ဖတ်နေတား) ကောင်းတယ်ဆိုတာထက် ပိုသာတဲ့ ကဗျာပဲ ။

Anonymous said...

ဒီလိုပါပဲဗျာ ...
မနိုင်ဝန်ထမ်းနေရတဲ့ ခေတ်ကြီးမှာ
အဲဒီ့ အလွမ်းဆိုတာတွေကလည်း တစ်စခန်းထ, ထ လာတာ သိပ်ခက်တယ် ...။
ကျွန်တော်လည်း ကိုလေးဖြူရဲ့ BOB စီးရီးမှာ အပုဒ် Heart အထိဆုံးပါပဲ ... အကြိမ်ကတော့ ရေတွက်မနိုင်တော့ဘူး ...။

Anonymous said...

ကဗျာလေးကောင်းတယ် ကိုဆိုးသွမ်း လေးဖြူသီချင်းကို ဖွင့်လိုက်ရင် ဘယ်လိုဖြစ်၂သွားမှန်းမသိပါဘူး

နေရီနွယ် said...

ကဗျာလေးကောင်းလွန်းတယ်ရှင်