Saturday, January 17, 2009




ရန်ကုန်မှာတော့ ဒီလိုပွဲမျိုး ၊ ဒီလို မြင်ကွင်းမျိုး ကျွန်တော်မွေးကတည်းက အခုအချိန်အထိ တခါမှ မတွေ့ခဲ့ရပါဘူး။ ဒီပုံကိုကြည့်စမ်းပါဦး ၊ စိတ်အေးလက်အေးနဲ့ စစ်တုရင်ကစားနေကြတာ ။ ဒီလို နေရာမျိုးမှာ ၀င်ရောက် ကစားတဲ့သူ အနေနဲ့ကတော့ တော်ရုံအရည်အချင်းနဲ့ မရနိင်ဘူးလို့ ထင်မြင်မိပါတယ်။ ပွဲရှိန်တယ်ခေါ်မှာပေါ့။ ကျွန်တော် ဆိုလည်း စစ်တုရင် ကစားနည်းကို သာမန်လောက်သာ ဆော့ကစားခဲ့သူမို့ သူများတွေ ကြည့်တာနဲ့တင် အယောင်အယောင် အမှားမှား ဖြစ်ပြီး ပေါက်ကရလုပ်မိမှာ သေချာတယ်။

ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မှာ စာပေလိုက်စားတဲ့ ၊ စစ်တုရင် လိုက်စားတဲ့ အိမ်တစ်အိမ် ရှိခဲ့တာ အခုတော့ ကျေးဇူးတင်မိပါတယ်။ သူတို့တစ်အိမ်သားလုံး အံသြဖွယ်ရာ စစ်တုရင်ကို ကျွမ်းကျင်နေကြတယ်။ ကျွန်တော့် ၆ တန်းကတည်းက စစ်တုရင်ကို သူတို့မိသားစု ကျေးဇူးကြောင့် စပြီး ကစားတက်ခဲ့ရပါတယ်။ သူတို့ မိသားစု ကြောင့်လည်း စာတွေ အများကြီး ဖတ်ခဲ့ရပြီး ၊ စာအုပ်ဖတ်တဲ့ အကျင့် ၊ ၀ါသနာ စွဲမိခဲ့ရတာပါ။

ဒီပုံတွေမှာ ရှိတဲ့ စစ်တုရင် အရုပ်တွေကိုတော့ တော်တော်သဘောကျမိသား။ အားထည့်ပါပေတယ်လို့တောင် မန္တလေးသား တွေကို ဂုဏ်ပြုမိပါတယ်။ အားပေးတဲ့ လူကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဝင်စားမှု အပြည့်။ နေရာဒေသကလည်း တကယ့် အလှအပနောက်ခံကြားထဲမှာ။ မြန်မာပြန်ရင် အဲဒီလိုပွဲမျိုး လိုက်ရှာကြည့်ဦးရဦးမယ်။








ပုံတွေအတွက် ကိုရှမ်းကလေးကို ကျေးဇူးတင်ပါကြောင်း.....။



8 comments:

ဟန်လင်းထွန်း said...

လန်းလိုက်တာဗျာ။ ကျုံးဘေးမှာလား မသိဘူး။ သွားချင်လိုက်တာ။

Anonymous said...

စစ်တုရင် ကစားတာ ကျားထိုသလိုဟုတ်ဘူးနော့်း) မကစားတက်ဘူး ဒါနဲ့ ဒီပွဲက အရုပ်ကြီးတွေက တယ်ကြီးပါလားဗျ စာပွဲသေးသေးလေးမှာပဲထိုးတယ်ထင်နေတာ ခုမှပဲမြင်ဖူးတော့တယ် .။

ဆိုးသွမ်း said...

ဟုတ်ပ့ါ ၊ ကိုဟန်လင်းထွန်းရေ။
အကြံတူတယ်...ဆုံဖြစ်ရင် လစ်လိုက်ရအောင်။

အေး...ဟုတ်တယ် ညီလေး။
ကျားထိုးသလိုတော့ မဟုတ်ဘူး။ စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ကောင်ချင်းစီရဲ့ ပါဝါတွေကို သိရင် မင်းကစားတက်သွားပြီ။

khin oo may said...

ထူးဆန်းတယ်။ မိုက်တယ်။ အားပေးတယ်။ ကြိုက်တယ်။ မကစားတတ်ဘူး။

မီးမီးငယ် said...

ကြီးလိုက်တဲ့ စစ်တုရင်ခုံကြီးတွေ။ ကစားရုံတင်မဟုတ်ဘူး။
အိပ်လို့ ပါရတယ်။

မိုက်တယ်နော်။ကျုံးဘေးမှာ။လေလေးတဖြူးဖြူးနဲ့ ။

ငယ်ငယ်တုန်းကတော့ သူများကစားတာမြင်ဘူးတယ်။ ဘုရင်မလား ဘုရင်လား လျှောက်ပြေးနေရတယ်။ မြင်းကခုန်စွခုန်စွနဲ့ လိုက်တယ်။ ရထားကလဲ လိုက်တာဘဲ။

အဲဒါတော့မှတ်မိတယ်။

Mhaw Sayar said...

မိုက်တယ်ဗျို့! :)

ဒီလို အကြီးအကျယ် စစ်တုရင်ထိုးနည်းမျိုး ဒီဘက်တွေမှာပဲ ရှိတယ် ထင်နေတာ.

ကျုံးရယ်၊ စစ်တုရင်ခုံ နဲ့ အရုပ်တွေရယ်. လူတွေရယ်. ရှယ်ပဲဗျာ.

MgThaJan said...

ရှယ်ပဲဟေ့... ဒါမျိုး တစ်စုံလောက်တော့ လိုချင်သား။

ဇနိ said...

မိုက်တယ်ဝေးးး မထမဆုံးမြင်ဖူးတာပဲ