ဒီလိုနဲ့ ကျနော်တို့တပ်စုတွေလည်း ကြိုတင်သက်မှတ်ထားတဲ့ နေရာတွေမှာ ဖြန့်ခွဲနေရာ ယူထားကြပါတယ်။ အားလုံးက အသံမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်လို့။ ဘာလို့လည်း ဆိုတော့ ရန်သူလို့ ကျနော်တို့ သက်မှတ်ထားတဲ့ ဟိုဘက်က တန်းခွဲရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့က မြင်နေရတာကိုး။ ၀ိရီယအကျိုးကြောင့် ကျနော်တို့ ဒီဂိမ်းကို နိင်ပြီဆိုတာ ပိုသေချာသွားတာပေါ့။ ရန်သူလို့ သက်မှတ်ထားတဲ့ ဟိုဘက်တန်းခွဲရဲ့ တပ်ခွဲမှုး ဗိုလ်မှုးက အခုမှ သူ့တန်းခွဲက တပ်ခွဲတွေကို တန်းစီနေတုန်းပါ။ ပြီးတော့ ယခုအချိန်ဆိုရင် ငါတို့ကို လာတိုက်မယ့် တန်းခွဲကလည်း လမ်းတ၀က်လောက်ကို ဖြစ်ဖြစ် ရောက်နေလောက်ပြီ ဖြစ်ကြောင်း ၊ ငါတို့ကတော့ သူတို့မထင်မှတ်တဲ့ တောင်ကြောကို အနောက်ကနေ ပက်ပြီးတိုက်မယ်ဆိုတဲ့ အကြောင်း တွေကို စိတ်ဓတ်တက်ကြွအောင် စစ်မထွက်မှီ စစ်ထွက်မိန့်ခွန်း ပြောသလို ညွှန်းကြားနေတာပါ။
သူ အဲဒီလို ညွန်းကြားနေတဲ့ အချိန်မှာပဲ ..ကျနော်တို့ ကွန်မန်ဒို တပ်စု ( ၁ ) နဲ့ ( ၂ ) က သူတို့နဲ့ ကိုက် ၁၀၀ အကွာလောက်ကနေ ချုံတွေထဲက ထိုင်ကြည့်နေကြတာပါ။ ဗိုလ်မှုးက ပြောလေ..ကျနော်တို့က ရီ(ရယ် ) လေပေါ့။ ကျနော်တို့ နိင်နေပြီ သူတို့ရှုံးနေပြီဆိုတာ သိလိုက်ရတာကိုး။ အဲဒီတုန်းက စောစော အိပ်၇ာထလိုက်လို့ ရလာတဲ့ ခံစားမှုဟာ ကျနော်တို့ ရင်ထဲကို ဘယ်လိုပြောပြရမှန်း မသိအောင် ခံစားစေခဲ့ရပါတယ်။
အချိန်ကြည့်တော့ ၄း ၁၀ ဖြစ်နေပြီ။ ဒီတော့ ကျနော်တို့လည်း…ခေါင်းဆောင်လာတဲ့ သင်တန်းသား တပ်ခွဲမှုးကို ( အစ်ကိုကြီး..၀င်တိုက်ရအောင် ၊ နောက်ကျလို့ ရှိရင်..ရိပ်မိသွားနိင်တယ် ၊ ရောင်နီလည်း လာတော့မယ်လို့ ) ပြောလိုက်ပါတယ်။ ဒီတော့ သင်တန်းသား တပ်ခွဲမှုးလည်း ( အေး..ဒါဆိုလည်း တိုက်ကျတာပေါ့ကွာ ) ဆိုပြီး စီမံထားတဲ့အတိုင်း ( ပစ်…တက် တက်ရင်း ကျား…….ဆိုပြီး… ၀င်တိုက် လိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ကျနော်တို့ တွေ့လိုက်ရတာကတော့ ရန်သူ့တန်းခွဲ၏ သင်တန်းသားတွေရဲ့ အံသြခြင်း ၊ မယုံနိင်ခြင်း ၊ ရှုံးနိမ့်ခြင်း နဲ့ ဒေါသထွက်ခြင်း စတဲ့ မျက်နှာပေါ်က ခံစားမှုတွေပါပဲ။ မထင်မှတ်တဲ့ အချိန်မှာ ၊ မထင်မှတ်တဲ့ နေရာအနေအထား အမျိုးမျိုးကနေ ကျားဆိုပြီး ထွက်ပေါ်လာတဲ့ အသံအောက်မှာ သူတို့တော်တော် စိတ်ဓတ်ကျသွားပါတယ်။ လုံးဝကို သူတို့ရဲ့ စုရပ် အဖြစ်သက်မှတ်ထားတဲ့ စခန်းအောက်မှာ အငိုက်ဖမ်းခံလိုက်ရတာကိုး။ ကျနော်တို့လည်း ပါးစပ်က အသံပေါင်းစုံအော်ရင်း အတင်းကို
ချီတက်ပြီး သူတို့စခန်းကုန်းပေါ် ပြေးတက်တော့တာပါပဲ။ မနက်တန်းစီတော့ ကျနော်တို့ဘက်က လုံးဝအနိင်ရသွားကြောင်းနဲ့ အမှတ်ပြည့်ရသွားကြောင်း ၊ သင်တန်းမှုးက ကြေငြာပါတယ်။
အဆုံးသတ်ရရင်တော့ တိုက်ပွဲအတွေ့အကြုံအတုလေးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သင်တန်းမှုးက ရှင်းလင်းပြောကြားသွားပါတယ်။ နောက်တခါကျရင်တော့ ချုံခို၊တန်ပြန်ချုံခို အကြောင်းကို ရေးသားသွားဖို့ စိတ်ကူးထားပါကြောင်း ပြောကြားရင်း ယခုပို့စ်အား အဆုံးသတ်လိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com2tag:blogger.com,1999:blog-144270663859220321.post-71636077104402682492010-04-01T20:43:00.001+04:002010-04-01T20:43:44.791+04:00ညတိုက်ပွဲ ( ၂ )
( လာပြီဟ....လာပြီ။ ဖမ်း ဖမ်း....ဟိတ်ကောင်တွေ မပြေးနဲ့။ မင်းတို့ကို မြင်နေရတယ် ) လို့ အော်တဲ့သူက အော် ၊ ( အေး..ငါ့ဖိနပ်လာယူလို့ကတော့ ဆွဲထိုးပစ်မယ်ကွ ) လို့ ဟစ်တဲ့သူက ဟစ် ၊ တချို့ကျတော့ ( ဒိုင်း ဒိုင်း ၊ အုန်း ၊ ဒိန်း ) နဲ့ အပြင်မထွက်ဘဲ တဲထဲက အော်တဲ့သူက အော်နဲ့ ၅ မိနစ်လောက် ကမ္ဘာပျက်သွားတာပေါ့။
ကိုယ့်ဆီက ကွန်မန်ဒိုအဖွဲ့တွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဒီမှာတော့ မိတဲ့သူက မိ ၊ ပြေးတဲ့သူက ပြေးနဲ့ ရွာပျက်နေပါတော့တယ်။ ဒီလိုနဲ့ ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ အားလုံး ငြိမ်ကျသွားပါတယ်။ ဟိုဘက်က ကွန်မန်ဒိုတွေလည်း ပြန်ပြေးကြလို့ ကင်းသမားက လွဲလို့ အကုန်လုံး အိပ်မောကျကုန်ပါပြီ။ ကျနော်ကတော့ သူများတွေကသာ အော်နေတာ...ထတောင် ထမကြည့်ဘူး။ ချမ်းလွန်းလို့ စောင်ခြုံပြီး ၅ ပေ ၅ ပဲ ရှိတဲ့ အရပ်အမောင်းကို ၂ ပေလောက်ရှိအောင် ကွေးပြီးအိပ်နေခဲ့တာ။ ပစ္စည်းကလည်း ပါစရာမလိုဘူးလေ။ အိပ်ခါနီး တခါတည်း အပြီးအစီး လုပ်ထားတာ။ ကျောပိုးအိတ်အောက်မှာ သေနတ်ထားပြီး ကျောပိုးအိတ်ကို ခေါင်းအုံးအိပ်တယ်။ တောစီးဖိနပ် တစ်စုံကို နှစ်ဖက်ပူးချည်ပြီး ခြေရင်းက တဲတိုင်မှာချည်ထားတယ်။ ဒါဆို လူကိုနိးအောင် လုပ်ပြီးမှပဲ ယူလို့ရတော့မယ့် အနေအထားပေါ့။
ဒီလိုနဲ့ ည ၂း ၃၀ လောက်ကျတော့ ကင်းသမားတွေက လာနိုးပါတယ်။ တပ်ခွဲ ( ၃ ) က လူတွေထကြတော့။ ဟိုဘက်ကတောင်ကုန်းကို သွားသိမ်းရတော့မယ်ပေါ့။ ကျနော်တို့လည်း အမှန်အတိုင်း ၀န်ခံရရင် ဘယ်သူမှ မထချင်ပါဘူး။ ဒီလောက် ချမ်းစီးတာ။ နောက်ပြီး တောင်ကုန်းပေါ်မှာနေရတာ။ ဒါပေမယ့် တပ်ခွဲမှုးက မင်းတို့ နိင်အောင် တိုက်ချင်ရင် အာရုဏ်တက်မှာ အလစ်အငိုင်ယူပြီူး တိုက်ရတာ အကောင်းဆုံးသော အချိန်ပဲလို့ သူပြောသလို ကိုယ်လည်း သိထားတာကြောင့် ကျောပိုးအိတ်တွေ ၊ သေနတ်တွေ ယူပြီး မှောင်မှောင် မည်းမည်းထဲမှာ တောင်အောက်ကို ဆင်းလာခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ညဘက်မှာ လှုပ်ရှားရတဲ့အခါ ဘာတွေကန့်သက်ချက်တွေ ပေါ်လာသလဲဆိုတာ စာတွေထက် လက်တွေ့ကို ပိုသိခဲ့ရပါတယ်။ စာဖတ်သူလည်း ကြုံဖူးကြမှာပါ။ ဒီလိုအတွေ့အကြုံ မျိုးက မြန်မာပြည်မှာက ခဏခဏ ဖြစ်ဖူးတယ် မဟုတ်လား။ ရုတ်တရက် မီးပျက်သွားသလိုမျိုးပေါ့။
ကျနော်တို့ တပ်ခွဲလည်း လရောင်ကို အဖော်ပြုရင်း ရှေ့ကို ဖြည်းဖြည်းချင်း လှမ်းရင်း ဆင်းကြရပါတယ်။ တပ်ခွဲမှုးက ဓတ်မီးမသုံးရပါဘူးတဲ့။ ဘာလို့လည်း ဆိုတော့ တဖက်တပ်ခွဲ ၂ ခုကလည်း တောင် ၂ လုံးအကျော်မှာ နေတာဖြစ်တာကြောင့် ညဘက် ဓတ်မီးရောင်မြင်ရင် ကင်းသမားသိပြီး ကျနော်တို့တပ်တွေ လှုပ်ရှားနေပြီဆိုတာကို ကြိုတင်သိနိင်တာကြောင့်ပါ။ ရှေ့က လူခြေလှမ်းကို ကြည့်ပြီး နင်းရတာရယ် ၊ ကျောပေါ်က အိတ်တွေ ၊ သေနတ်တွေ ကိုင်ပြီး ဆင်းလာရတဲ့ အပြင် ၊ တောင်က အနည်းငယ် မက်စောက်တာကြောင့် ခရီးက သိပ်မတွင်လှပါဘူး။ ဘာတွေ စပြီးခံစားရလည်းဆိုတော့ မြင်ကွင်းကန့်သက်ချက်တွေ ရှိလာတယ် ၊ အသံလုံခြုံမှုကို ဦးစားပေးရတယ် ၊ နောက်ပြီး အရပ်မျက်နှာ ထိန်းသိမ်းရတဲ့ ကန့်သက်ချက်တွေ ရှိလာပါတယ်။
ဒီလိုနဲ့ ကျနော်တို့ ၂း ၄၅ အချိန်ကနေ စပြီး ခက်ခက်ခဲခဲ ဆင်းလိုက်ကြတာ လူပေါင်း ၁၀၀ ကျော်ဟာ တောင်ခြေကို ၃း ၃၀ လောက်မှာ အကုန်ရောက်ပါတယ်။ ဒီလိုနဲ့ သက်မှတ်ထားတဲ့ ဆုံရပ်မှာ ကျနော်တို့ ကျောပိုးအိတ်တွေ ချရပါတယ်။ သွားလာလှုပ်ရှားမှု လွယ်ကူစေရန်အတွက်နဲ့ တောတိုးရမှာ ဖြစ်လို့ အသံမထွက်စေချင်တာကြောင့်ပါ။ အားလုံး ကိုယ့်တပ်စုနဲ့ ကိုယ် လူစစ်ပြီးတော့ စပြီး ရန်သူစခန်းချနေတဲ့ နေရာကို ချီတက်ကြပါတယ်။ စကားမပြောရ ၊ အသံမထွက်ရ ၊ ဆေးလိပ်မသောက်ရ ၊ ဓတ်မီးမသုံးရ စတဲ့ စည်းကမ်းချက်တွေကတော့ တခါတည်း မထွက်ခင်ကတည်းက ပြောထားပြီးသားပေါ့။ ရှေ့ကလူရဲ့ အရိပ်အခြေအနေကို ကြည့်ပြီး လှုပ်ရှားရပါတယ်။
တဖြည်းဖြည်းနဲ့ ချီတက်သွားလာလိုက်တာ စုခွဲလွှတ်ရပ်ဆိုတဲ့ ( တပ်စု ) တွေ စပြီး ခွဲဖို့ မြေပုံပေါ်မှာ သက်မှတ်ထားတဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ တပ်ခွဲတစ်ခွဲမှာ တပ်စု ၃ စုနဲ့ တပ်ခွဲရုံးဆိုပြီး ပါဝင်ပါတယ်။ ကျနော်ပါဝင်တာကတော့ တပ်စု ၃ ပါ။ ခွဲမှုးက တပ်စု ၁ နဲ့ ၂ က ချေမှုန်းရေး တာဝန်ယူရမှာ ဖြစ်ပြီး ၊ တပ်စု ၃ နဲ့ ခွဲရုံးကတော့ အရံတပ်တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်တဲ့။ အရံတပ်ဆိုတာကတော့ ကိုယ့်ချေမှုန်းရေး တပ်စုတွေ ဖြစ်တဲ့ ၁ နဲ့ ၂ ကို ရန်သူတွေက လှည့်စားပြီး နောက်ပိုင်းက ၀င်မတိုက်နိင်အောင် ကာကွယ်ပေးဖို့ရယ် ၊ ကိုယ့် ချေမှုန်းရေး တပ်စုတွေအပေါ်ကို ရန်သူပစ်အား များလာတဲ့အခါ ပစ်ကူပေးဖို့ရယ် စတဲ့ တာဝန်တွေ ထမ်းဆောင်ရပါတယ်။ ကျနော်တို့ ချီတက်လမ်းကြောင်းကတော့ ကားလမ်းကို ဗဟိုပြုပြီး ချီတက်ခဲ့ကြတာပါ။ ဒီလိုနဲ့ ချီတက်နေတုန်း ရှေ့ ကိုက် ၁၀၀ လောက်မှာ မီးဖိုလေး တစ်ခုကို စပြီး သတိထားမိပါတယ်။ ရှေ့ဆုံးက ချီတက်နေတဲ့ ပွိုင့်သမားလည်း ချက်ချင်း ရပ်ပြီး ၀ပ်လိုက်ရတာပေါ့။
တကယ်တော့ ကျနော်တို့ အထင်မှားတာပါ။ အဲဒီမီးဖိုပြီး စောင့်နေတဲ့ သူတွေက ကျနော်တို့ဆီက ကွန်မန်ဒိုတွေပါ။ ဒါကိုလည်း ကျနော်တို့ နောက်မှ ပြန်ပြောကြလို့ သိရတာပါ။ ကျနော်တို့ အထင်က သူတို့ကင်းသမားတွေ ကျနော်တို့လာရင် ကြိုပြီး သိနိင်အောင်လို့ ကြိုပြီး စောင့်နေတယ် ထင်ခဲ့ကြတာပါ။ ရှေ့ဆုံးက ပွိုင့်သမားလည်း ရန်သူ့ကင်းထင်ပြီး မှောင်မှောင်မည်းမည်းနဲ့ ခြုံတွေကြားထဲ စပြီးတိုးတော့တာပါပဲ။ ရာသီဥတုက အေးတဲ့အတွက် အမောခံနိင်တဲ့အပြင် ဘေးပတ်ဝန်းကျင်ကိုလည်း ကောင်းစွာ မမြင်ရတာကြောင့် ကြောက်လန့်ခြင်းလည်း မရှိခဲ့ကြပါဘူး။ ခြေသံကို အတက်နိင်ဆုံး ထိန်းကြရင်း ရန်သူဆီကို ချီတက်နေကြတာပေါ့။ နောက်တခု ကျနော်တို့ တပ်ခွဲအတွက် အားတက်စရာက ရန်သူ့တောင်ကုန်းကို ၁ တောင်ကျော်အကွာအဝေးထိ နီးကပ်လာခဲ့တာတောင် ရန်သူ့လှုပ်ရှားမှု တစ်စုံတစ်ရာကိုမှ မတွေ့ရသေးတာပါပဲ။ ဒါဟာ ကျနော်တို့အတွက်တော့ သိပ်ကို ကျေနပ်စရာ ကောင်းတဲ့ အနေအထားပေါ့။
စာဖတ်သူ စဉ်းစားကြည့်ပေါ့။ ဒီလိုအခြေအနေဟာ ကိုယ့်အတွက် အောင်ပွဲက ရာခိုင်နှုန်းများနေပါပြီ။ ဒီအခွင့်အရေးကို လက်မလွှတ်ဖို့ပဲ ကျနော်တို့ ထိန်းသိမ်းရတော့မယ် မဟုတ်လား။....
ဆက်ရန်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com5tag:blogger.com,1999:blog-144270663859220321.post-14006343220675822682010-03-30T20:13:00.001+04:002010-03-30T20:13:46.339+04:00ညတိုက်ပွဲ
ကျနော်တို့ သင်တန်းမှာတုန်းက တပ်ပြင်လေ့ကျင့်ခန်းဆိုတဲ့ အောက်ဒိုးတွေ ထွက်ရပါတယ်။ အဲဒီတုန်းက အစိတ်အပိုင်း အဖြစ် လေ့ကျင့်ခဲ့ရတဲ့ ညတိုက်ပွဲ အကြောင်းလေးကို ကျနော် ယခုရေးသားချင်တာပါ။ အသေးစိတ် အခြေအနေကိုတော့ ကျနော် မပြောပြတော့ပါဘူး။ အဲဒီတုန်းက ကျနော်တို့ ခံစားရတဲ့ စိတ်ဓတ်အခြေအနေလေးပေါ့။
ကျနော်တို့ သင်တန်းမှာ တန်းခွဲ ( ၁ ) နဲ့ ( ၂ ) ဆိုပြီး ၂ ခုခွဲထားပါတယ်။ တပ်ပြင်လေ့ကျင်ခန်းတွေ သွားမယ်ဆိုလည်း ကိုယ့်တန်းခွဲနဲ့ကိုယ်ပေါ့။ အဲဒီမှာ တန်းခွဲ တစ်ခုဆီကို တပ်ခွဲ ( ၂ ) ခွဲ၊ ခွဲပေးထားပါတယ်။ ကျနော်တို့တန်းခွဲ ( ၂ ) က တပ်ခွဲ ( ၃ ) နဲ့ တပ်ခွဲ ( ၄ ) ပါ။ ဟိုဘက်တန်းခွဲကတော့ ( ၁ ) နဲ့ ( ၂ ) ပေါ့။ ကျနော်ပါဝင်တာကတော့ တပ်ခွဲ ( ၃ ) ပေါ့။
ဒီလိုနဲ့ ကျနော်တို့ တပ်ပြင်လေ့ကျင့်ခန်း လုပ်ကြတာပေါ့။ မြေပုံပေါ်မှာ ဖြစ်စဉ်အဖွင့်တွေ ဖွင့်ပြီး ရန်သူရှိတယ်လို့ ယူဆရတဲ့ နေရာတွေကို ကျနော်တို့တွေက ကိုယ့်မှာ ရှိတဲ့ အင်အား ၊ လက်နက်အခြေအနေနဲ့ တိုက်ကြရတာပေါ့။
အဲဒီလို လေ့ကျင့်ခန်းပေါင်း များစွာ လုပ်ခဲ့ရပါတယ်။ အဲဒီလို လေ့ကျင့်ခန်းထဲက တစ်နေ့ပေါ့......
ကျနော်တို့ သင်တန်းသားတွေ အဲဒီနေ့က သိပ်ကို ပင်ပန်းနေကြရပါတယ်။ ကျောပိုးအိတ်မှာ ကိုယ့်အတွက် လိုအပ်တဲ့ ရိက္ခာတွေ ၊ ကျည်တွေ ၊ အ၀တ်အစား ၊ ညအိပ်ရင် လိုအပ်မယ် အရာတွေနဲ့ သေနတ်တွေ ကိုင်ပြီး တောင်တွေ တော်တော် များများ တက်လိုက်ရတယ်။ လူတွေကလည်း ရေမချိုးရတာ ၃ ၊ ၄ ရက်လောက်ကြာတော့ နံဟောင်နေပါပြီ။ အဲဒီနေ့က ညနေ ( ၆ ) နာရီလောက် ရောက်တော့ ကျနော်တို့ စခန်းချရမယ့် တောင် ၂ ခု နားကို ရောက်လာပါတယ်။ စခန်းမချမှီ..ယနေ့ညမှာ ညတိုက်ပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း ၊ တဖက်နဲ့ တဖက် အပြန်အလှန် ကွန်မန်ဒိုနည်းနဲ့ ပစ္စည်းများ မသိအောင် ယူဆောင်ကြရမှာ ဖြစ်ကြောင်း နဲ့ ရလာတဲ့ ပစ္စည်းများကို မနက်ဖြန်ကြလျှင် ပြန်လည် အပ်နှင်းပြီး ပစ္စည်းအမျိုးအမည်အလိုက် အမှတ်များ ဖြက်ကာ...ရှုံးနိမ့်သူက မုန့်ဝယ်ကျွေးရမည် ဖြစ်တယ်လို့ သင်တန်းမှုးက ပြောပါတယ်။ ကျနော်တို့ တစ်တွေအတွက် မုန့်ကျွေးရတာဟာ ဘယ်သူအတွက်မှ
အဓိက မကျပေမယ့် သင်တန်းသား သက်တူ ရွယ်တူချင်း ရှုံးနိမ့်တာကိုတော့ ဘယ်သူမှ မခံချင်ပါဘူး။
သင်တန်းမှုး မှာကြားပြီးတဲ့ နောက်မှာတော့ ကျနော်တို့ သင်တန်းသားတွေလည်း ကိုယ်စတည်းချရမယ့် တောင်တွေဆီ ဆက်တက်လာခဲ့ပါတယ်။ တောင်က ပေ ၃၀၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ဒါမှ မဟုတ်
ဒီထက်လည်း များဖို့များပါတယ်။ တောင်ပေါ်မတက်ခင် တပ်ခွဲမှုးက ကျနော်တို့ ယခုစခန်းချရမယ့် တောင်က
အစဉ်အဆက် ဟိုဘက် တောင် ၂ ခုအကျော်မှာ ရှိတဲ့ တောင်ပေါ်မှာ တည်းနေတဲ့ တပ်ခွဲတွေကို မြေမျက်နှာ သွင်ပြင်
အနေအထားအရ အမြဲ အရှုံးပေးနေရတာ ကြာပြီဖြစ်တဲ့အတွက် မင်းတို့ အပတ်စဉ်မှာ အနိင်တိုက်ချင်တယ်လို့
ပြောပါတယ်။
သူလိုအပ်တာတွေ မှာကြားပြီးတော့ ကျနော်တို့လည်း တပ်စုလိုက် သက်မှတ်ထားတဲ့ နေရာလေးတွေမှာ စခန်းချပေါ့။
တောင်ရဲ့ ဘေးပတ်ပတ်လည်ကို ကျနော်တို့ နေရာယူပြီး စခန်းချကြပါတယ်။ သဘောကတော့ ပတ်လည်ခံစစ်ပေါ့။
ဒီခံစစ်ရဲ့ သဘောသဘာဝက တခြားသော ခံစစ်တွေထက် အားသာချက်များလို့ပါ။ နေ၀င်ပြီဆိုတော့ တောထဲ တောင်ထဲ ရောက်နေတော့ မှောင်ပြီပေါ့။ ည ၉း ၀၀ လောက်ကျတော့ တန်းစီမယ်လို့ အချက်ပေးပါတယ်။ ဗထူးဆောင်းကလည်း သေလောက်အောင် ကျနော်တို့ကို နှိပ်စက်လွန်းပါတယ်။ အနွေးထည် မလုံလောက်မှု ၊ ခရီးလမ်း ပင်ပန်းမှုနဲ့ ရာသီဥတုဒဏ်တွေကို တော်တော်လေး ခံထားရတော့ အကုန်လုံးက အိပ်ချင်နေကြပါပြီ။
တပ်ခွဲမှုးက ဆဲဆို တန်းစီပြီးတော့ ကျနော်တို့ကို ဟိုဘက် တောင်ကုန်းမှာ တည်းနေတဲ့ တန်းခွဲက ပစ္စည်းတွေကို သွားယူကြမယ်ပေါ့။ အဲဒီမှာ ၀ါသနာပါတဲ့ ကွန်မန်ဒိုလုပ်မယ့်သူတွေ ထွက်ခဲ့ဆိုတော့ ၁၅ ယောက်မှာ ၁၁ ယောက်လောက်ပဲ ထွက်လာတယ်။ ကွန်မန်ဒိုသာဆိုတယ် သဘောကျတော့ သူများပစ္စည်းခိုးရမှာပါ။ ဒါနဲ့ နောက် ၄ ယောက်လိုသေးတယ်။ ထွက်ကျပေါ့။ သာမန်ချိန်ဆို ထွက်ကြမှာပါ။ အခုက အရမ်းပင်ပန်းလို့ နားချင်နေကြတာကိုး။
အဲဒီမှာ ကံဆိုးသူ မောင်ဆိုးသွမ်းပါ။ ကျနော်က ဖိနပ်ပျောက်နေတာနဲ့ တန်းစီတာ နောက်ကျလို့ နောက်ဆုံးမှာ
ဖြစ်သွားတယ်။ တပ်အခေါ်အဝေါ်ဆို ဘယ်ထိပ်စီးရောက်သွားတာပေါ့။
တပ်ခွဲမှုးက ( အေး...မင်းတို့မထွက်ချင်ရင် ၊ ဘယ်ထိပ်စီးနောက်ဆုံးက လူတွေထွက်ခဲ့ဆိုတော့ ) ကျနော့်မှာ မျက်နှာ
ငယ်လေးနဲ့။ ဒါနဲ့ ထွက်မယ်လည်း လုပ်ရော...ကျနော်တို့ တပ်စုက ဒဿာ ဆိုတဲ့ သူငယ်ချင်းက ( မင်း...မထွက်နဲ့ ငါထွက်မယ်...ရော့ ငါ့သေနတ်ယူထား ) ဆိုပြီး ထွက်သွားပါလေရော။ အဲဒီတော့မှ ရင်ထဲ အလုံးကြီး ကျသွားတော့တယ်။ ဒါနဲ့ တပ်ခွဲမှုးလည်း သွားမယ့် ၁၅ ယောက်ကို သေချာမှာပြီး ကျန်တဲ့သူတွေကို တန်းဖြုတ်ပေးလိုက်ပါတယ်။ တန်းဖြုတ်ခါနီး...မနက်ဖြန်မနက် အာရုဏ်တက်မှာ သွားတိုက်မယ့် တပ်ခွဲကို ရွေးတော့
ကျနော်တို့ တပ်ခွဲက မဲပေါက်ပါလေရော။ သူတန်းစီပြီးတာက ၁၁ နာရီ။ ကျနော်တို့ကို မနက် ၃ နာရီအတိမှာ သွားတိုက်ဖို့ တန်းအပ်ပြီး ဖြစ်ရပါမယ်တဲ့။
ကျနော်တို့လည်း တိုးတိုးတိတ်တိတ် ရင်ထဲကဟာတွေ အံထုတ်ပြီး အိပ်ရာဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ သက်မှတ်ထားတဲ့ အချိန်မရောက်မှီ အပြည့်အ၀..အနားယူနေတုန်း...ဗြုန်းဆို
ဆက်ရန်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com2tag:blogger.com,1999:blog-144270663859220321.post-34959438641984448732010-03-18T10:20:00.001+03:002010-03-18T10:20:49.976+03:00ပြောပြလိုက်ပါ..အမေ
မှတ်မိသေးတယ်...အမေ
အမေက..အမေ့အမျိုးတွေဆို
စားစရာ မရှိရင်တောင် အန်ကျွေးတက်တဲ့..လူ
လက်ထဲမှာ ၁၀၀၀ ရှိရင်
အမျိုးအတွက် လမ်းစရိတ်ချန်ပြီး
၉၀၀ ဖို့လောက် ၀ယ်သွားခဲ့ပေမယ့်
အမေ့အမျိုးတွေက
အမေ့အတွက်ဆို ရွှေမျက်နှာနဲ့မှ
လာပါ..ထိုင်ပါ ခုံခင်းပေးတက်..သူတွေပါ
ခေတ်ပျက်ကြီးမှာ
သူတပါး ထမင်းကို
အချောင်လုစားတဲ့ ငွေတိုးချေးအလုပ်နဲ့
အဆင်ပြေလာတဲ့ ..အမေ့အမျိုးတွေက
အမေ ပိုက်ဆံရှိတုန်းက
အတိုးမဲ့ ပိုက်ဆံကို
ပြန်မဆပ်ဘဲ ချေးကြပေမယ့်
အမေ အခုပိုက်ဆံမရှိတော့
လူကြုံနဲ့တောင်
အမေ့ ကျန်းမာရေးအတွက်
မေးဖော်မရကြဘူး
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က
အမေ...ထောင်ကျတော့
အမေ့..သားသမီးတွေအတွက်
ဘယ်အမျိုးကမှ
လာမကြည့်ခဲ့ပါဘူး...အမေ
ဒါကိုလည်း အမေမသိဘူး...
အမေ့သမီး...အကြီးမ
ဈေးရောင်းကျွေးတဲ့...ထမင်းနဲ့ ဟင်းကို
ကျနော်တို့ မ၀ရေစာ စားရင်း
၁၆ နှစ်သား ကျနော် သွားနှဲ့အောင် အံကြိတ်တက်ခဲ့တယ်
အမေ့သမီးအလတ်မကို
ခါးထစ်ခွင်ရင်း...အမေခဏမဲ့နေတဲ့
ကျနော်တို့ မောင်နှမတွေကို
အမေ့အမျိုးတွေက ဆူလားဟောက်လားနဲ့
မမေ့ဘူး....အမေ
ကျနော် ဆယ်တန်းစာမေးပွဲအတွက်
ထောင်ထဲက..အမေ့ လက်ရေးတိုလေးတွေဟာ
ဒီဘ၀ ဒီအထိ တက်လှမ်းထားနိင်ခဲ့တဲ့
အားဆေးတွေပါ
အခု..အမေ့အမျိုးတွေကို
ကျနော်က စကားမပြောတော့
အမေ့အမျိုးတွေက...ကျနော့်ကို မာနကြီးတယ်တဲ့လား
တော်ကြာ
ပခုံးပေါ်က ဟာတွေကြောင့်လို့
အမေ့အမျိုးတွေက အတင်းပြောနေဦးမယ်
ကျနော် တောင်းစားရရင်တောင်
သူတို့ကို အမေအတွက်နဲ့ ထာဝရ
ခေါင်းမငုံဘူးဆိုတာရယ်
အမေ့ ရွှေမျိုးတွေနဲ့ပက်သက်လို့
ကျနော် ဆွံအသွားတဲ့ အကြောင်း
အမေ့သားက...အာဏာမရူးပေမယ့်
မာနတော့ ရူးတယ်ဆိုတာ
သူတို့သိအောင်
ပြောပြလိုက်ပါ....အမေ
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-69271846547382179192010-03-17T15:54:00.001+03:002010-03-17T15:54:48.811+03:00အထိအခိုက်များတဲ့...ဇာတ်လိုက်
ရှုံးနိမ့်သူ တိုင်စန် ရဲ့ အင်္ကျီကို ငါက ၀တ်လို့...
( နောက်ဆို ကိုယ်ခန္ဒုာထွားကြိုင်းတဲ့ သူတွေနဲ့
ဘယ်တော့မှ မထိုးသတ်တော့ပါဘူးတဲ့ )
လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့
ကြမ်းပြင်ပေါ်လဲကျနေတဲ့ သွေးက
မြွေဟောက်တစ်ကောင်လို ပါးပြင်ထထောင်တယ်
ကျွန်တော်ဟာ မောက်မာသူ
လူနာတစ်ယောက်ပါ သူငယ်ချင်း
သူဟာ င့ါအတွက် သိပ်တောက်ပနေသလား
စိတ်ပေါ်လာဖိတ်ကျတဲ့ အချစ်ဆိပ်ကြောင့်
နေရောက်ခြည်တောင် သွေးငေါက်တောက်
ပန်းထွက်နေတယ်လို့ မြင်တယ်
ဘောလုံးပွဲကြည့်ရင်း ကျွန်တော် သူမအကြောင်း စဉ်းစားတယ်
ကျွန်ပြူတာခလုတ်တွေနှိပ်ရင်း
ကျွန်တော် သူမအကြောင်းစဉ်းစားတယ်
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ငှက်တွေကို ငေးရင်း
ကျွန်တော် သူမအကြောင်း စဉ်းစားတယ်
ရက်စက်တဲ့ ဆည်းဆာအောက်မှာ
မင်းနဲ့ငါ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးက လှုပ်ခါလို့
မင်းနမ်းခဲ့တဲ့ နှုတ်ခမ်းပေါ်
ဆူးခြစ်ရာတွေ မွလို့
ကဗျာရေးလို့မရဘူး
အစာ စားလို့မရဘူး
ညညအိပ်မပျော်ဘူး
တစ်စက္ကန့်ချင်း...တစ်မိနစ်ချင်း....တစ်နာရီချင်း
ခက်ခက်ခဲခဲ အသက်ရှုသွင်းနေရတယ်
သူငယ်ချင်းတွေက ငါ အသည်းကွဲနေတယ်လို့ မသိကြဘူး
မျက်စိတချက် အရွှေ့မှားတာနဲ့
အတွေ့အကြုံများတဲ့ ယောင်္ကျားလည်း
မိုင်းနင်းမိတော့တာပဲ
သံထည်သံသားကြီး မျက်ရည်တွေ ယိုစီးစိမ့်ကျ
မျက်ရည်တွေ အတ္တလန္တိတ်သမုဒ္ဒရာထဲ
စီးဆင်းသွားကြတယ်
( မောင်ဖီလာ...ချယ်ရီ၊ ၂၀၀၅ )
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com1tag:blogger.com,1999:blog-144270663859220321.post-4374711356688252222010-03-16T09:19:00.000+03:002010-03-16T09:20:19.707+03:00အင်မဂျင်...ရေ
သတိရလိုက်တာ...အင်မဂျင်ရယ်
ဒီလိုပြောရင်
ရှက်တက်ရင်...ရှက်ဖို့ကောင်းတယ်လို့
မင်းက ငါ့ကို ပြန်ပြောဦးမယ်
ရှိပါစေတော့
ငါ့ရဲ့ လွမ်းပိုင်ခွင့်ကို
မင်းလည်းပဲ တားလို့မှမရတာ
တစ်စုံတစ်ယောက်အပေါ်
သစ္စာရှိဖို့အတွက်
တစ်စုံတစ်ယောက်ကို သစ္စာဖောက်လိုက်ရသလိုမျိုး
အသက်ရှုရတာ မ၀ပါဘူး
ဘ၀မှာ အသက်ရှုရတာ မ၀ခဲ့ဘူး
နောင်လည်း အသက်ရှုဖို့ ၀ဦးမှာ မဟုတ်ဘူး
ကိုယ့်သေတွင်း ကိုယ်တူးမိခဲ့သူ
အဖြစ်..ကိုယ့်ဟာကို သိလာတဲ့အခါ
မင်းကို ချစ်တဲ့ မျှော်လင့်ချက် မြက်ပင်လေးဟာ
ငါနဲ့ မလှမ်းမကမ်းမှာ
မှီမှာ မဟုတ်ပေမယ့်
ဆုတ်ကိုင်ထားချင်တဲ့ စိတ်နဲ့
တွင်းထဲက ရုန်းထွက်ဖို့ ကြိုးစားရင်း
တွင်းထဲပဲ ပြန်ပြန်ရောက်နေရတယ်
ခွင့်မလွှတ်ပါနဲ့ အင်မဂျင်ရယ်
ဒါဟာ...ငါ့အတွက် ဘယ်တော့မှ
ကုမရတဲ့ အဆိပ်သင့်ရောဂါလို့ပဲ...ခံယူထားခဲ့ပါ့မယ်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com2tag:blogger.com,1999:blog-144270663859220321.post-16221759292062134242010-03-15T08:36:00.001+03:002010-03-15T08:36:29.874+03:00မင်းခိုက်စိုးစန်နဲ့ စကားပြောခြင်းကျနော် ပြင်ဦးလွင်ကို ပြန်ရောက်တဲ့ နေ့ မှာပါပဲ.... ကံကောင်းချင်တော့ စာရေးဆရာ - မင်းခိုက်စိုးစန်နဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ပြီး
၃ နာရီလောက် စကားပြောခွင့်လေး ရလိုက်တယ်။ အဲဒီရက် မတိုင်ခင်ကတော့ ရန်ကုန်မှာ ကိုမိုးလှိုင်ညနဲ့ မြေနီကုန်းက ကင်းမှာ ညီအစ်ကို နှစ်ယောက် ပွားလိုက်ကြသေးတယ်။ ဒီလောက်အပူအပင်တွေနဲ့ များပြားနေတဲ့ ခေတ်ကြီးမှာ အခုလို အောင်မြင်နေတဲ့ စာရေး
ဆရာတွေ ၊ ကဗျာဆရာတွေနဲ့ တွေ့ဆုံဖို့ ဆိုတာ သာမန်အားဖြင့်တော့ မလွယ်ပါဘူး။ သူ့အပူ ၊ ကိုယ့်အပူ ၊ သူ့အလုပ် ၊ ကိုယ့်အလုပ်နဲ့
ဆိုတော့ တွေ့ကြဆုံကြဖို့က လွယ်တာမှ မဟုတ်တာ။ ဒါတောင် မင်းခိုက်စိုးစန်နဲ့ တွေ့ဖို့ မနက်အစောကြီး သူ့အခန်းရှေ့ သွားစောင့်နေရသေးတာ။ ၉ နာရီလောက်မှ ဆရာက ထလာတယ်။ ညက အိပ်ရေးပျက်တယ်နဲ့ တူပါရဲ့။ လူငယ်စတိုင်နဲ့ ဆရာက
စကားပြော ဖော်ရွေတဲ့အပြင် ပွင့်ပွင့်လင်းလင်းလည်း ပြောတက်ပါတယ်။
ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်တဲ့ အချိန်ပဲ သူ့မိတ်ဆက် ၊ ကိုယ့်မိတ်ဆက်အပြီး လူပေါင်း ၆ ယောက်မှာ
သူနဲ့ ကျနော်နဲ့ပဲ ရှိသမျှ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ စတဲ့ အကြောင်းတွေ အကုန်ဆွေးနွေးတော့တယ်။ ဆွေးနွေးတယ်ဆိုတာထက်
ကျနော့် အမြင်ကို သူ့ကို တခါတလေမှသာ ပြောပြပြီး ၊ ကျနော် စိတ်ထဲမှာ တွေးထားတဲ့ အချက်အလက်တခုရဲ့ အကြောင်းအရာနဲ့
သူ့ကို မေးလိုက်တဲ့အခါ ဒီအချက်အလက်ကိုပဲ သူတွေးပြီး ပြောလိုက်တဲ့ အတွေးအခေါ်ကို ကျနော်က နားထောင်ခဲ့ပြီး ကိုယ့်စိတ်ထဲကိုယ်
ဆုံးဖြက်ခဲ့တာ များပါတယ်။ ကျနော်က ဆွေးနွေးသူ မဟုတ်ဘဲ ။ ဂျာနယ်လစ်ပေါက်စ စတိုင်ဖြစ်သွားသလားလို့တောင် ထင်မိပ်ါသေးတယ်။
ပြင်ဦးလွင်မှာ ဇာတ်ညွှန်းအကြံပေးအဖြစ် ပါလာတဲ့ ဆရာနဲ့တွေ့တော့...
ကျနော်။ ဆရာကဗျာတွေ သိပ်မထွက်တော့ဘူးနော်။ ကျနော်က တော်တော်များများ အလွတ်ရနေတာ။
စိုးစန်။ ဟုတ်တယ်ဗျ။ ကျနော် အခု ကဗျာဘယ်လိုမှ ရေးမထွက်ဘူး။ ရေးလည်း မကြိုက်တော့ဘူး။ လွန်ခဲ့တဲ့ ၁၆ ကနေ ၂၀ ကျော် ၂၅ လောက်ထိက အသေအလဲ ရေးလို့ကောင်းတာ။ အခုက ဘယ်လိုမှကို မထွက်တော့တာပါ။
ကျနော် ။ ဆရာ ဘလော့ဂ်တွေ အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။
စိုးစန် ။ အင်း ကောင်းပါတယ်။ ကျနော်ကတော့ အားပေးတယ်။ ကျနော်တို့တုန်းက ဒီလိုတောင် မရှိသေးဘူးလေ။
ကျနော် ။ ဟုတ် ကျနော်လည်း ဘလော့ဂ်ရေးတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် အခုနောက်ပိုင်း ဘလော့ဂ်တွေက
စာပေအရေးအသားထက် ၀ါဒဖြန့်တာတွေ ၊ သမီးရည်စားကိစ္စတွေ ၊ လှုမှုရေးတွေနဲ့ ပြည့်နှက်နေသလားလို့ ၊ ကျနော်ဆိုလိုချင်တာက
အနုပညာ စစ်စစ်ကိုပဲ ဖြစ်စေချင်တာပါ။
စိုးစန် ။ အင်း..ဒါကတော့ နည်းပညာ တိုးတက်မှုပေါ် လူတွေက လိုက်လံပြောင်းလဲပြီး အသုံးချသလိုပေါ့။ တချိုကိစ္စလေးတွေက
လမ်းလွှဲသွားတဲ့ အခါ စိတ်မကောင်းရုံဘဲ ရှိတာပေါ့။ ကိုယ့်မှ မတက်နိင်တာ...( ဟဲဟဲ )
ကျနော်။ ခုခေတ်လူငယ်တွေအပေါ် ဘယ်လိုထင်မြင်မိလဲ ဆရာ
စိုးစန် ။ ဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ လူငယ်တွေမှာ သေချာမှု ပျောက်နေတယ်။ ဘာသေချာမှုလည်း ဆိုတော့
ဥပမာ - လူတစ်ယောက်က တစ်နေ့မှာ ၂ နာရီ အလုပ်လုပ်ရမှ ထမင်း ၂ နှပ် စားရမယ်ဆိုရင် ၊ စားရမှာ သေချာရင်
ဒီကောင် အလုပ်ကို ၂ နာရီလုံး လုပ်မှာ သေချာတယ်။ နောက်ပြီး ဘွဲ့ရရင် ဒီကောင် အလုပ်ရမှာ သေချာလား ၊ အဲဒီရတဲ့
အလုပ်ကရော သူသင်ထားတဲ့ အတက်ပညာပေါ် မူတည်ပြီး (ဖက်စလက်တီ) ဆိုတဲ့ ခံစားမှု ပေးနိင်လား ၊ ဒါဆိုရင် သေချာတယ်
ဒီကောင် ဘွဲ့ရအောင်ကို သူကြိုးစားမယ်။ အဲဒီအတက်ပညာ တက်အောင် သင်မယ်မယ်။ အခုအခြေအနေက ဘယ်နေရာမှ ဘယ်အခြေအနေမှ မသေချာဘူးဖြစ်နေတယ်။ ဒီတော့ လုပ်လည်း ဒါပါပဲကွာ ၊ မလုပ်လည်း ဒါပါပဲနဲ့။ သေချာမှုပျောက်နေတာပေါ့လေ။
နောက်ပြီး ဒီခေတ်ရဲ့ အခြေအနေကလည်း ရှေ့လူကြီးတွေ့ရဲ့ နောင်ဒီခေတ်မှာ ဒီလိုဖြစ်မယ်ဆိုတာကို သိရဲ့သားနဲ့
လမ်းမလွှဲကြဘဲ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အနေအထားကြီးကို လူငယ်တွေ ခံရတာပေါ့။ သူတို့အပြစ်လည်း မဟုတ်ပါဘူး။
ကျနော် ။ တိုင်းပြည်မှာ လူတန်းစား ၂ ရပ်ပဲ ရှိတော့တယ်နော် ဆရာ
စိုးစန် ။ အင်း..ဟုတ်တယ်ဗျ။ တိုင်းပြည်မှာက သိပ်ချမ်းသာတဲ့ လူရယ် ၊ ဆင်းရဲတဲ့ လူရယ် ၂ မျိုးပဲရှိတော့တယ်။ အလတ်အလတ်
တန်းစားက ပျောက်နေတာကို။ သိပ်ချမ်းသာတဲ့ လူက နိင်ငံရေး အကြောင်းမပြောဘူး ၊ သူ့ဟာနဲ့သူ အဆင်ပြေနေတော့
အေးဆေးပဲ။ လုပ်ချင်တာလုပ် သူတို့အခြေအနေကောင်းဖို့ အရေးကြီးတယ်။ ဆင်းရဲတဲ့ လူကြတော့ တနေ့ထမင်းဖိုး တစ်နေ့ရှာရင်း
နဲ့ပဲ အချိန်ကုန်နေသလိုပေါ့။ အလယ်အလတ်တန်းစားကတော့ ထမင်းစားဖို့ မပူရသလို ၊ ချမ်းလည်း မချမ်းသာတော့ ဟိုတွေးဒီတွေး
တောင်တွေး မြောက်တွေးနဲ့ စဉ်းစားတဲ့ အချိန်တွေ ပေါ်လာတာပေါ့။ ( ရယ်မောပြောဆိုလျက် )
ကျနော် ။ ဆရာတို့ စာရေးတော့ စာအုပ်ဘယ်လောက်ထိ ရိုက်ရသလဲ။ အခုခေတ်က စာအုပ်တွေက ဈေးကြီးနေတော့
ကျနော်လည်း သိပ်မ၀ယ်နိင်တော့ဘူး။
စိုးစန်။ အင်း မြန်မာပြည်သူရဲ့ သန်း ၆၀ နီးပါး အင်အားမှာ ကျနော်တို့ အလွန်ဆုံး ၊ အကောင်းဆုံး စာအုပ်ဆိုရင်တောင်
အုပ်ရေ ၅၀၀၀ ထက်မပိုဘူး။ စာဖတ်အားနည်းတယ်ပေါ့ဗျာ။ အချိုးချကြည့်ပေါ့။
ကျနော်။ အင်း ဒါကလည်း သူ့လိုင်းနဲ့သူပဲ အားပေးတဲ့သူ ရှိတာကြောင့်လို့ပဲ ကျနော်ထင်မိတယ် ဆရာ။
စိုးစန်။ ဒါလည်း ပါတာပေါ့လေ။
ကျနော်တို့ ဆွေးနွေးမှုကတော့ ၃ နာရီလောက် ကြာခဲ့ပေမယ့် တခြား အကြောင်းအရာတွေ ပြောရင်းနဲ့
ဒီလောက်နဲ့ပဲ တင်ပြခွင့်ပြုစေချင်ပါတယ်။ စကားတွေ များစွာ ပြောဖြစ်ခဲ့ပေမယ့်
သိပ်ပြီး မမှတ်မိတော့တာကြောင့် မှတ်မိသလောက်လေးပဲ ကျနော်ရဲ့ တင်ပြမှုကို အဆုံးသတ်ပါတယ်။
ဆရာမင်းခိုက်စိုးစန်အား ကျေးဇူးတင်လျက်......
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com8tag:blogger.com,1999:blog-144270663859220321.post-9458326684729392262010-02-14T06:11:00.001+03:002010-02-14T06:11:42.608+03:00" မြို့ ပြင်လမ်းများပေါ်က တွေ့ ခဲ့ ဘူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို ရယ်ကာမောကာ ပြန်ပြောနိင်တဲ့ အကျင့်ကလေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိင်ခဲ့ ပြီ "
ဆိုတဲ့ တာရာမင်းဝေရဲ့ စာသားလေး တခွန်းဟာ ကျွန်တော့်ဘ၀ကို အလုံးစုံ
ခြုံငုံ သုံးသပ်ပြီး ပြောလိုက်သလိုပါပဲ။ စာသားထဲမှာကတော့
ကြိုးစားမွေးနိင်ခဲ့ပြီ ဆိုပေမယ့် ကျနော် အတွက်ကတော့
ကြိုးစားမွေးနေတုန်းပါပဲ။ မပြည့်မစုံတဲ့ ဘ၀မှာ မွေးဖွားလာခဲ့တဲ့
လူငယ်တစ်ယောက်ပီပီ ရင်ထဲက ခံစားချက်တွေ ၊ မဟုတ်မခံတက်တဲ့ စိတ်တွေနဲ့
အနာဂတ်ခရီးကို ချစ်ရသူမပါတော့ပေမယ့်လည်း လျှောက်လှမ်းနေဦးမှာပါ။
" ချစ်ဖူးခဲ့ပါတယ် ၊ မင်းအတွက်လည်း ဖြစ်ဖူးခဲ့တယ် ၊ အသည်းလည်း နစ်ဖူးခဲ့တယ်
ဒါဆို တော်ပြီပေါ့...အချစ်ရယ် "
ကျနော်ဘလော့ဂ်လေးကို ဒီနေ့အထိ အခါအခွင့် သင့်တိုင်း ရောက်လာနုတ်ဆက်တက်တဲ့
၊ ကျနော် ဘလော့ဂ်လေးကို အမြဲအသက်ရှင်အောင် လုပ်ဆောင်ပေးနေတဲ့ သူကိုလည်း
ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ သင်တန်းတက်နေ ရတာကြောင့် အင်တာနက်နဲ့
ဝေးကွာနေပေမယ့် ကျနော် ပြန်လာတော့မှာပါ။
အဲဒီအခါ ကျနော် သင်တန်းက အတွေ့အကြုံလေးတွေ ပြန်လည်ဖောက်သည်ချရင်း ၊
စာတွေများစွာ ရေးဖြစ်နိင်အောင် ကြိုးစားပါဦးမယ်။
ဖေဖော်ဝါရီ ( ၁၄ ) မှာ ချစ်ရသူက ၊ အဝေးကို အပြီးအပိုင် ထွက်ခွာသွားပေမယ့်
၊ တခြားတစ်ယောက်ဆီက ပျော်ရွှင်ခြင်းတွေ ရနေပေမယ့် ၊ ဒီနေ့အတွက်
သူပြောခဲ့တဲ့ စကားလေးကြောင့် ကျနော် ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်ပါတယ်တဲ့ "
အဲဒီ စကားလေးတခွန်းကို ရင်ထဲထည့်ပြီး ကျနော် ရှေ့ဆက်လျှောက်ရဦးမယ်။ အသက်
၂၅ နှစ်ကျော် အရွယ်အထိ ကျနော့်စိတ်ကို ဒီထက်ပို ရင့်ကျက်လာအောင်
ကြိုးစားရဦးမယ်။ အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ သူပြောခဲ့သလို
" မေမေ အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်" လို့ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com3tag:blogger.com,1999:blog-144270663859220321.post-43635428505753840702010-01-31T12:42:00.000+03:002010-01-31T12:43:04.583+03:00ပန်ဒိုရာ သေတ္တာထဲက...
ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလည်း မပြောချင်တော့ဘူး
အရာအားလုံးထက် ရင်ထဲရှိတာ
အမြဲတမ်း သိမ်းထားနိင်တဲ့အခါ
သူတစ်ဦးကောင်းဖို့ အတွက်နဲ့လည်း
ဘ၀မှာ သူတစ်ယောက်
စွန့် ခဲ့ ၊ရဲခဲ့ ပါပြီ
မထင်ပါနဲ့ကွယ်
သာယာနေလိမ့်မယ်လို့
ယောင်လို့တောင်မှ မတွေးနဲ့
အရာရာအတွက်
စဉ်းစားဆုံးဖြက်ခဲ့တာ
ဒီဘက်ရင်ခွင်မှာလည်း
မျှော်လင့်ချက်တွေ အကုန်ကျိုးလို့
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com2tag:blogger.com,1999:blog-144270663859220321.post-13176355755888988022009-10-14T09:56:00.000+04:002009-10-14T09:57:01.472+04:00ဘဲ အိမ်မက်
သူငယ်ချင်း....
တစ်နေ့ညဖက်
အိမ်မက် မက်၏။
အိမ်မက်ထဲမှာ ကြုံရပါ၏
ငါက " ဘဲ " ဖြစ်နေသတဲ့ ။
ငါနှင့်အတူ
ဘယ်သူဘယ်ဝါ ၊ မသိပါတည့်
ဝါ ပြာ နီ ညို ၊ အနက်ကိုယ်နှင့်
ငါလိုဘဲက သုံးလေးကောင်တဲ့။
ငါတို့သခင် ၊ ဘဲပိုင်ရှင်က
သားတင်မျိုးလုပ်၊ ဥမထုတ်တဲ့
ချုပ်စပ်ရွာနီး ၊ ပတ်မတီးလျှင်
ပွဲကြီးပွဲသေး ၊ ပွဲမရွေးတဲ့
လောင်းကြေးစားကြေး ၊ ငါးဆပေး၍
ဝဋ္ဋ်ကြွေးမကင်း ၊ တို့လည်ပင်းနှင့်
ကြိမ်ကွင်း အပစ်ခံသတဲ့။
လာပါပစ်ပါ ၊ လူခေါ်ရာ၌
ငါတို့သခင် ၊ အာသိပ်ရွှင်သတဲ့။
ပွဲခွင်လေဟာ ၊ ရွှေပွဲလာတို့
ဇာတ်မှာငုံးတိ ၊ လူမကြည့်တဲ့
ရှိသမျှလူစုံ ၊ တို့ဘဲရုံမှာ
ဝိုင်းအုံပြွတ်သိပ် ၊ အံတွေကြိတ်လျက်
မချိတ်မချင်း ၊ တို့လည်ပင်းကို
ကြိမ်ကွင်းတွေနှင့် ပစ်သတဲ့။
ပစ်လေရှောင်လေ ၊ ရှောင်လေ လွဲလေ
လွဲလေမဲလေ ၊ မဲလေရှုံးလေ
ရှုံးလေ ပစ်လေ
ကြိမ်ကွင်းတွေက ၊ လေထဲမှာဝဲ
တို့ဘဲတွေက ချွေးကျမစဲ။
အိမ်မက်ထဲက ၊ လန့်နိးထတော့
ငါ့မှာ ဟောဟဲ ၊ မောနေဆဲတည့်
အသည်းထိတ်စရာပဲ သူငယ်ချင်း
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com4tag:blogger.com,1999:blog-144270663859220321.post-90686652122649522182009-10-10T06:22:00.001+04:002009-10-10T06:22:31.634+04:00မင်း...ဘယ်မှာလဲ
အထင်မှားနေတာပါလို့
လူကြားထဲ တစာစာအော်
ငါ..မင်းကို မရှင်းပြချင်ဘူး ဟန်နီ
အဆုံးသတ် နားလည်နိင်မှုမှာ
ရင်နှစ်ခုလုံး နာကျင်တာပဲ
ကျန်ခဲ့ရလိမ့်မယ်
အခု..မင်းဘယ်ရောက်နေလဲ
ငါမင်းကို...လိုက်ရှာနေတယ် ဟန်နီ
ဘ၀ကို ဘ၀နဲ့ ရင်းဝယ်ဖို့
မင်းအဲဒီလို...နောက်ဆုတ်လို့ မရဘူးလေ
ပြန်လာခဲ့ပါ..ဟန်နီ
ခဏလောက်ပဲ ဖြစ်ဖြစ်ပေါ့
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-87748512094423147112009-10-07T18:50:00.001+04:002009-10-07T18:50:24.828+04:00အနေမတက်သူ
အမှန်ကိုချစ်တဲ့ ၊ အမှန်ကို ကျင့်တဲ့သူ
လူကြားထဲ နေလို့ မရဘူး
လူတွေကို မှန်အောင် ပြင်ကြည့်ရင်း
လူတွေကြားထဲ အမှန်ပြောရင်း
သူဟာ လူများစုရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတက်တယ်
ကိုယ်ချို့ ယွင်းချက်ကို မမြင်ဘူး
သူများ မှားတာကို
အခွင့်ကောင်းယူပြီး နှိပ်ကွပ်တယ်
မနေနိင်လို့
အမှန်ကို ၀င်ပြောပြန်ရင်
ပြောတဲ့သူ အမုန်းခံရပြန်တယ်
လောကကြီးကလည်း
လူများစုကို မျက်နှာသာပေးနေပြန်တော့
ကြာတော့ အမှန်ပြောတဲ့ သူတွေလည်း
စိတ်ရောဂါ ရလာတော့တယ်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-56991804128559309762009-10-01T20:34:00.000+04:002009-10-01T20:35:14.936+04:00ဆန္ဒ
ခင်ဗျားကလည်း ပြောချင်တာ ပြောတယ်
သူကလည်း လုပ်ချင်တာ လုပ်တယ်
ကျနော်နဲ့ တခြားသူတွေက
ဘေးကနေ ပြူးကြောင်ကြောင်နဲ့ ရပ်ကြည့်လို့
ခင်ဗျားက ဘာရလို့ ပြောလဲ ကျနော်မသိဘူး
သူကလည်း ဘာတွေရနေလို့ လုပ်ချင်တာ လုပ်နေတာလဲ မသိဘူး
သေချာတာက
ကျနော်နဲ့ တခြားသူတွေ
ဘ၀ကို စိတ်ကုန်နေကြပြီ
၂၀.. မှာ ဘာဖြစ်မယ်
ကျနော်နဲ့ တခြားသူတွေ မသိဘူး
သေချာတာက
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်သွားရင် ပိုကောင်းမယ်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com4tag:blogger.com,1999:blog-144270663859220321.post-59326078015934230042009-09-30T20:32:00.000+04:002009-09-30T20:33:12.044+04:00ဒဏ်ရာ
အပြင်မထွက်ချင်ဘူး
ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး
စား ၊ ထိုင် ၊ ရပ် ၊ အိပ်
နေရာတိုင်း ၊ အချိန်တိုင်းမှာ
မင်းပုံရိပ်တွေပဲ စိုးမိုးနေခဲ့တာ
ဒီကြားထဲ ပြင်ဦးလွင်မြူတွေက
ငါ့ကို သရော်လိုက်
125 ဆိုင်ကယ်ပေါ်က စုံတွဲတွေက
ခါးဖက်ပြီး လူးလားခေါက်တုန့် မောင်းပြလိုက်နဲ့
ဟန်နီ…ရေ
မင်း….ဘာတွေလုပ်နေမလဲ
ဘယ်သူနဲ့ စကားပြောနေသလဲ
မင်းရင်ထဲ ငါ့ကိုလွမ်းတာ ဘယ်လောက်ထိ နက်ရှိုင်းနေပြီလဲ
တိတ်တိတ်လေး တွေးတော့
သိပ်စိတ်လေးမိတယ်
နောက်ဆို မခွဲတော့ဘူးနော်လို့
အားပေးသလိုလိုနဲ့
ကိုယ်ဘာသာ ကိုယ်နှစ်သိမ့်ရင်း
ရင်ခွင်အလွမ်းကို
ပီပီပြင်ပြင် ထမ်းရင်းနဲ့
အခုတော့ တို့နှစ်ယောက်က ဟိုးအဝေးကြီးဆီမှာ
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com8tag:blogger.com,1999:blog-144270663859220321.post-22315411694694319302009-09-28T09:29:00.000+04:002009-09-28T09:31:54.629+04:00ထာဝရမြို့....
တို့ဟူးနွေးနဲ့ အီကြာကွေး
မြှီးရှည်နဲ့ ကြက်အူချောင်း
ရေစိမ်နဲ့ နှစ်ဆိုင်တည်းသော မုန့်ဟင်းခါး
လက်သုံးချောင်း အရေအတွက်ပဲ ရှိတဲ့ လက်ဖက်ရည်ဆိုင်
မြို့အစနဲ့ အဆုံးက ၁ မိုင်နီးပါး
ဈေးနေ့မဟုတ်ရင် လူမလာတဲ့ ဈေးတခု
၃ ယောက်ပဲ ရှိတယ်လို့ သိရတဲ့...ဆေးရုံက ဆရာဝန်
ရှေးဟောင်း မီးသတ်ကား ၁ စီး
စီးပွားရေး ဘဏ် ၁ ခု
ပြောင်းဖူးခင်းတွေ ၊ မြေနေရာဗွက်အပြည့်နဲ့
ခြံစည်းရိုးမရှိ ၊ ပြောင်းသလင်းခါနေတဲ့ ပန်းခြံ
ဆီတကွာတား ၁၀၀၀ိကျပ်
ဘာစားစား ၅၀၀ိ
ဘိန်းစားတဲ့ လူ
ဆေးပြားသောက်တဲ့ သူတွေပဲ ပေါတဲ့
ကျွန်တော် လွမ်းတဲ့....ကွတ်ခိုင်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-9488121840337696422009-09-17T01:20:00.003+04:002009-09-17T09:14:45.240+04:00အမျိုးသမီးများ သုံးနေကျ စကား ၉ ခွန်း။(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။
( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။
( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။
(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။
(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။
(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။
(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။
(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။
(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။
ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်။ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com10tag:blogger.com,1999:blog-144270663859220321.post-59166170030708562652009-09-16T07:42:00.000+04:002009-09-16T07:43:20.779+04:00လက်ဝှေ့တရား
သူငယ်ချင်း.....
မင်း သူ့ကိုကြည့်
ဘယ်လက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်
ညာလက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်
အထိုးအသတ်
ဖျတ်လတ်သွက်ချာ လျှင်မြန်လာအောင်
ဂျုံအိတ်တွေ့တွေ့
ဆန်အိတ်တွေ့တွေ့
လက်ဝှေ့ပညာ ၊ မာန်ဝင်လာ၍
ညာနှင့်ဘယ်နှင့် ၊ အထိုးကျင့်၏
သူငယ်ချင်း......
လက်သီးဘယ်ညာ
ဘယ်လောက်မာမာ
အထိုးအသတ်
ဖျတ်လတ်ခြေလက်
ဘယ်လောက် သွက်သွက်
သူငယ်ချင်း.......
မင်း သူနှင့်ခင်
အကျွမ်းဝင်လျှင်
ပြောချင်ပြောလိုက်
အရှောင်အတိမ်း
ကိုယ်ယိမ်းဘယ်ညာ
တက်ထားပါမှ.....
မတက်ပါလျှင်
ဘယ်ညာနံစောင်း
အရိုးချောင်းတွေ
ဖြောင်းဖြောင်းကျိုးသွားမယ် သူငယ်ချင်း
( ကဗျာဆရာနာမည်မေ့ )
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-58535253165981820272009-09-15T17:17:00.000+04:002009-09-15T17:18:03.589+04:00ထွက်ပေါက်
စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို အဝေးဆုံးလွှင့်ထွက်
သွားချင်တယ်
လောကမှာ ဘယ်မျက်နှာမှ
မကြည့်ချင်တော့ဘူး
ငါ အပါအ၀င် ဘယ်မျက်နှာမှလည်း
မသာယာဘူး
လက်ညှိုးလေး ( ၁ ) ချက်ကွေးဖို့အတွက်
၁၀ နှစ်မလိုဘူး
အရာရာဟာ လက်တကမ်းမှာ
အဆုံးစီရင်ဖို့ တွန်းအားပေးနေသလို
အစစ အရာရာ
မပြေလည်မှုတွေနဲ့ ဝေးသွားရင်
စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို နောက်ဘ၀က ပြန်စမယ်
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com7tag:blogger.com,1999:blog-144270663859220321.post-198760680123613812009-09-13T11:03:00.000+04:002009-09-13T11:04:17.836+04:00အိပ်မပျော်သော....ည
အိပ်ကပ်ထဲကို
အသက်ရှုခွင့် မရတော့မယ့်
လူတစ်ယောက်ရဲ့ မျက်လုံးနဲ့
ကြည့်မိတယ်
ဓတ်ဆီ တစ်ကွာတား ၉၀၀ိ/
ထမင်းဆီဆမ်း ကြက်ဥနဲ့ ၁၀၀၀ိ/
မန္တလေး - လာရှိုး ၁၅၀၀၀ိ/ တဲ့
အစ်ကိုကြီးရယ် ထမင်းဖိုးလေး ဖြစ်ဖြစ်သနားပါ
အားလုံးမှာ ဟန်ဆောင်ထားတဲ့ မျက်လုံးတွေနဲ့
အားလုံးရဲ့ မျက်နှာမှာ တုန်ရီလှိုက်မောမှုတွေနဲ့
အားလုံးရဲ့ လျှာမှာ ဓါးပါးပါးလေးတွေနဲ့
လှီးဖို့ ၊ ဖြက်ဖို့ ၊ စုပ်ဖို့ ၊ စားဖို့
အမဲကောင်ကို မျှော်နေသလိုမျိုး
စူးစူးစိုက်စိုက်နဲ့
ဘယ်လမ်းကိုမှ ကျွန်တော် ရှေ့ဆက်မလှမ်းရဲတော့ဘူး
မိုးခါးရေ မသောက်ရင်
ထမင်းမစားရဘူးလို့ အစ်ကိုက ပြောတော့
ကျနော်စိတ်လေး သိမ်ငယ်သွားလိုက်တာ
အမေ....ကျနော်ကို
ဗိုက်ထဲ ပြန်ခေါ်လှည့်ပါ
ခေတ် တခေတ်လောက်ဖြစ်ဖြစ် ကျွန်တော်နောက်ကျပြီး မွေးပါရစေ
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com9tag:blogger.com,1999:blog-144270663859220321.post-87338229002273101172009-09-12T07:27:00.001+04:002009-09-12T07:27:56.094+04:00အိမ်အပြန်လက်ဆောင်
လူတွေ... ....
ပြောပြောနေတဲ့
ငွေကြေးကိစ္စ
လူတွေ... ...
ပြောပြောနေတဲ့
ပကာသန ကိစ္စ
လူတွေ... ...
ပြောပြောနေတဲ့
နိင်ငံတကာရေးရာ ကိစ္စ
အဲဒီကိစ္စတွေနဲ့
ကမ္ဘာကြီး အလုပ်ရှုပ်နေချိန်မှာ
သူနဲ့ ကျွန်တော့်ရဲ့
အချစ်ရေးကိစ္စ
စိတ်ချစရာ မကောင်းဘူးဆိုပြီး
ငိုကြီးချက်မနဲ့ ကျွန်တော့်ချစ်သူ
ကျွန်တော့်ကို လမ်းခွဲထားရစ်
ကျောခိုင်းပစ်ခဲ့တယ်
ငွေကြေးကိစ္စ
ပကာသနကိစ္စ
နိင်ငံတကာရေးရာကိစ္စတွေ
စိတ်မ၀င်စားမိဘဲ
ချစ်တာတခုတည်းသာ
သိထားမိခဲ့တဲ့ ကျွန်တော့်ကို
ကျွန်တော့်ချစ်သူက
ငွေစက္ကူတွေနဲ့ ပစ်ပေါက်
ရွှေဆွဲကြိုးတွေနဲ့ ပစ်ပေါက်
နိင်ငံတကာရေးရာ ဂျာနယ်ကြီးနဲ့ ပစ်ပေါက်ပြီး
နိင်ငံခြား ခရီးထွက်သွားတာ
အခုထိလည်း ပြန်မလာသေးဘူး
သူပြန်လာရင်တော့.....
သူ့မျက်နှာကို
သနပ်ခါးတုံးကြီးနဲ့
ကျွန်တော် ပစ်ပေါက်မယ်..။ ။
( မောင်လှမျိုး )
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com4tag:blogger.com,1999:blog-144270663859220321.post-9260956005965478662009-09-02T01:41:00.002+04:002009-09-05T04:43:34.407+04:00ချစ်ခြင်းရဲ့ ဘဝ
အနားနားမှာ ခပ်တိုးတိုး
ချစ်ရေးဆိုရမှာ....ရှက်လိုက်တာ
စကားတခွန်းအတွက်
အဆောင်အယောင်တွေမရှိ
ကတ္တရာလမ်းနဲ့ ပေသားကျနေတဲ့ ခြေထောက်တွေနဲ့
“ ကျွန်တော်ဟာ “......” ကို တသက်လုံး
စောင့်ရှောက်ချင်တဲ့ လူပါလို့ ” လည်းပြောလိုက်ရော
တဆက်ဆက် တုန်လာတဲ့ နှလုံးသား
ရင်ခုန်တာလား.....အားနာတာလား
ကြောက်ရွံတာ....သိမ်ငယ်တာလား ဆိုတာတောင်
ပြန်ဝေခွဲမရ
စီးထားတဲ့ ရာဘာသရေကြိုး ဖိနပ်လေးမှာ
ချစ်ခြင်းတွေ ကျဆုံးခဲ့ရ ၊ မျှော်လင့်ခြင်းတွေ ပျက်သုဉ်းခဲ့ရနဲ့
သြော်...ချစ်သူရယ်... နားလည်ပါ့မလား...
ဒီရင်မှာ ချစ်တတ်တဲ့ နှလုံးသားကလွဲ..
ဘာဆိုဘာမှ မရှိဘူး...
မင်းကိုချစ်တယ်လို့ပြောလိုက်တိုင်း...
ငါ့ဘဝကို ငါ အားနာလိုက်တာ..
ငါ့လက်က ကဗျာကလွဲ..
ဘာဓနဂုဏ်မှ မရှိဘဲ...
"......"ကို တသက်လုံး စောင့်ရှောက်ချင်ပါတယ်လို့
မဝံ့မရဲပေမဲ့...
ပြောပါရစေနော်..သက်ဆုံးထိ...။
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com4tag:blogger.com,1999:blog-144270663859220321.post-72989081656784148292009-08-27T15:07:00.002+04:002009-08-27T15:14:09.270+04:00ဆုတောင်းလွန် မွေးနေ့
ဟန်နီ
မင်း မွေးနေ့မှာ ငါမရှိဘူး
ဟန်နီ
မင်း မွေးနေ့မှာ ငါဆုတောင်း မပေးနိင်ဘူး
ဟန်နီ
မင်း မွေးနေ့မှာ ငါ အဝေးရောက်နေတယ်
ခဏပေါ့...ဟန်နီ
ခဏလေး....ပေါ့
ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး
မြန်မာပြည်ကြီးကလည်း ကျဉ်းကျဉ်းလေး မဟုတ်လား
နောင်လာမဲ့ မွေးနေ့တွေမှာ
မင်း...အနား
ငါရှိအောင် ကြိုးစားပ့ါမယ်
မင်းအနား
ငါ ရောက်အောင် လှမ်းလာပါ့မယ်
အခုတော့......စိတ်မကောင်း
မဖြစ်ကြေးပေါ့နော်......
( Happy Birthday !!!!!! )
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com8tag:blogger.com,1999:blog-144270663859220321.post-22351286782949901382009-08-26T08:40:00.001+04:002009-08-26T08:46:48.844+04:00အရိပ်မည်း ( မဲ )
နေရောင်အောက်မှာလဲ၊
အရိပ်မဲ ရှိတတ်တယ်။
လရောက်အောက်မှာလဲ၊
အရိမ်မဲ ရှိတတ်တယ်။
အလင်းရောင်ကွယ်ဆိတ်တော့၊
အရိပ်လဲ ပျောက်ပြန်တယ်။
မောင့်ရင်ထဲမှာလဲ၊
အရိပ်မဲထင်နေတယ်။
နေ၊လရောင် ကွယ်ဆိတ်ပေမယ့်၊
သည်အရိပ်မပျက်ပြယ်။
မေတ္တာဆိုတဲ့ အလင်းနဲ့၊
သတိယခြင်း ဆိုတဲ့ အရိပ်ပါ အချစ်ရယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com8tag:blogger.com,1999:blog-144270663859220321.post-77581904097078261762009-07-31T05:58:00.002+04:002009-07-31T06:03:43.182+04:00ချစ်သူ
မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်ပါသည်။
မောင်စိန်ဝင်း (ပုတီးကုန်း)
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com6tag:blogger.com,1999:blog-144270663859220321.post-57256720335376833562009-07-27T07:44:00.003+04:002009-07-27T07:54:08.558+04:00အဘိုးပညာ
သူငယ်ချင်း...
ပညာရွှေအိုး ၊ လူမခိုးလို့
အဘိုးနှုတ်က ၊ ဆုံး အမကို
အစက ငါ ၊ မယုံပါ၍....။
ဆယ်တန် တစ်ထုပ်
စာအုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံအလယ်မှာ ၊ ငါထားပါ၏
စာအုပ်မခိုး ၊ ငွေထုပ်ခိုး၏
ကျပ်တန်တစ်ထုပ်
ပေထုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံလယ်ဗွေ ၊ ငါထားလေ၏
ပေထုပ်မခိုး ၊ ငွေထုပ်ခိုး၏
အကြွေတစ်ထုပ်
ပုရပိုက်ထုပ်နှင့်
နှစ်ထုပ်တစ်စုံ ၊ တတူပုံ၍
လူပုံအလယ်၌ ၊ ငါထားလိုက်၏
ပုရပိုက်မခိုး ၊ ငွေထုပ်ခိုး၏
ပညာရွှေအိုး ...လူမခိုးလို့
အဘိုးနှုတ်က ၊ အဆုံးမကို
ခုမှယုံတယ်... သူငယ်ချင်း။
တက္ကသိုလ်ဝင်းမော်
( ၁၉၅၈ ၊ ဖေဖော်ဝါရီ ၊ ဒဂုန် )
ဆိုးသွမ်းhttp://www.blogger.com/profile/03424321828847157662noreply@blogger.com6