Sunday, January 11, 2009




တစ်ချို့ဘလော့ဂ်တွေမှာလည်း တင်ပြီးလို့ သိနေလောက်ပါပြီ။ အမေများနေ့အတွက် ရည်ရွယ်ပြီး ကဗျာစာအုပ်လေး ဘလော့ဂ်ဂါတစ်ချို့ ထုတ်ဖြစ်ခဲ့ကြတယ်။ ဒီစာအုပ်ကို ညီတော် ကိုရင်ငြိမ်းက ဦးဆောင်ပြီး ထုတ်ဝေခဲ့ပေမယ့် အဘက်ဘက်ကလည်း ပံပိုးဆောင်ရွက်မှုတွေကြောင့်လည်း ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်ကတော့ ကဗျာပါဝင် ရေးသားသူ အနေနဲ့လောက်ပဲ ရှိနေခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆိုပေမယ့် အဓိက ကတော့ ကဗျာတွေကို တောင်းခံတဲ့ နေရာမှာ ရက်အလွန်နီးကပ်သွားတာကြောင့် ကိုယ်နဲ့ သိသမျှ ၊ ဆက်နွယ်မိသမျှ ၊ လက်လှမ်းမှီသမျှ ဘလော့ဂ်ဂါတွေကိုပဲ တောင်းမိပါတယ်။ ဒီအတွက် ဘလော့ဂ်ဂါများ အားတက်သရော မပါဝင်နိင် ၊ မဖိတ်ခေါ်လိုက်နိင်တာကို ဘယ်လိုမှ စိတ်ထဲ မရှိစေချင်ဖို့လည်း ကိုရင်ငြိမ်းနဲ့စီစဉ်သူများ ကိုယ်စား ကျွန်တော် ကြားထဲက ထပ်ပြီး တောင်းပန်လိုက်ပါတယ်။

နောက်နှစ် အမေများနေ့မှာ ပါဝင်ရေးသား နိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ကျွန်တော်တို့ “ အမေကဗျာ ”များကို ခံစားကြပါစို့။




Download By


Ifile


Zshare



ယခုလို ရေးသားခွင့်ရတဲ့ အတွက် ကိုရင်ငြိမ်းနှင့် ၀ိုင်းတော်သားများအား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။

4 comments:

ဟန်လင်းထွန်း said...

ဆွဲသွားပြီ

မီးမီးငယ် said...

နောင်နှစ်ပေါ့ ကိုဆိုးသွမ်းရယ် နော့်
း)

Dr. Yi Yi Win said...

တစ်အုပ်ဘယ်လောက်လဲဗျို့ (စောစာစီးစီးရိုက်ခံရတော့မယ်ထင်တယ်)။

ကောင်းမယ့်ပုံပဲ။ ဖတ်ကြည့်ဦးမယ်။

Anonymous said...

ခုမှ သိတယ် ယူသွားပြီး ကျေးဇူးပါ အစ်ကို... သိတာ နောက်ကျသွားတယ် ။