Wednesday, December 31, 2008

.......HaPpY nЗW YeAR.......


Happy New Year ၊ Happy New Year နဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ နှစ်သစ်ကို နည်းအမျိုးမျိုးနဲ့ ကြိုဆိုနေလိုက်ကြတာ ပျော်စရာကြီး။

ကျွန်တော်ကတော့ အဆောင်မှာ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ FIFA2009 ဘောလုံးဂိမ်းဆော့ရင် ကောင်းမလား ၊ ဇာတ်ကားဟောင်းထဲက ဇာတ်လမ်းကောင်း ကားတွေ ရှာပြီးကြည့်ရင် ကောင်းမလား စဉ်းစားရင်း ဂျီတော့ခ်က သူငယ်ချင်းတွေ ၊ ဘလော့ဂ်က သူငယ်ချင်းတွေ အကုန်လုံးကိုတော့ လိုက်ပြီး နုတ်ဆက်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း နုတ်မဆက်နိင်လိုက်ရင် သူငယ်ချင်းမဟုတ်ဘူးလားလို့ အထင်မလွဲကြပါနဲ့။ အားလုံးဟာ ဘလော့ဂ်ဂါ မောင်နှမတွေ မဟုတ်လား။

ကျွန်တော့်ဆီမှာလည်း မွေးကတည်းက လူလောကစည်းစိမ်မခံစားရအောင် ဖြစ်လာတဲ့ ( အရက်သေစာ သောက်စားရင် ယားယံတက်တဲ့ ရောဂါ ) ရှိလေတော့ ဘယ်လိုမှကို ထိလို့မရဘူး။ ဆရာဝန် ကိုစိုးထက်ကလည်း ပြန်ခါနီးပြောသွားတယ် ( သေချင်ရင်တော့ သောက်တဲ့ ) ယဉ်ယဉ်လေး ဆုံးမသွားတာ ။ အော်..အခုတော့လည်း ချဲလ်ဆီးဖန်တူ အစ်ကိုကြီး ( နှစ်သစ်မှာ မိန်းမနဲ့ နှပ်နေလိုက်ပြီ ) ကောင်းပ့ါ ကောင်းပ့ါ။ ကျွန်တော်ကတော့ ဖော်မစုံ ဒီမောင်တစ်ယောက်တည်းပဲ ။

နောက်ဆုံး ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ ထမင်းအိုးလေးတည် ၊ လက်ဖက်သုတ်လေး သုပ်ပြီး ထိုင်စားတော့မည်လို့ပဲ ဆုံးဖြက်လိုက်ပါတော့တယ်။ ထမင်းပူပူလေးနဲ့ လက်ဖက်သုတ်ကို တွဲစားရတာဟာ ကျွန်တော့် အကြိုက်ဆုံးအစားအစာဆိုတော့ နှစ်သစ်ကို အဲဒီဟာလေးစားရင်း ချမ်းအေးလှတဲ့ မော်စကို ဆောင်းညရဲ့ နှစ်သစ်ကို ရေနွေးကြမ်းလေးနဲ့ ကြိုဆိုလိုက်ပါတော့မည်။


“ နှစ်သစ်မှာ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ လူမှုရေး ၊ တွေ အားလုံး အစစအရာရာ အဆင်ပြေပြီး ၊ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း များနှင့် ပျော်ရွှင်စွာ ဆုံဆည်းနိင်ကြပြီး ကံကောင်းခြင်းတွေကို ဘလော့ဂ်ဂါတွေနှင့်အတူ ကျွန်တော်တို့ နိင်ငံအပေါ်လည်း
အတူကျရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည် ”



Welcome To - 2009




Tuesday, December 30, 2008

Hotel Rwanda - ရ၀မ်ဒါ


နှစ်သစ်ကူးအတွက် ကျောင်းကလည်း ပိတ်လိုက်ပြီဆိုတော့ ၊ အခုတလော ပျင်းနေတာနဲ့ ရုပ်ရှင်တွေပဲ ထိုင်ကြည့်နေမိတယ်။ ဒီမှာနှစ်သစ်ကူးကလည်း နိင်ငံတကာနဲ့ မတူဘူး။ ဇန်န၀ါရီ ( ၁ ) ရက်ကနေ ( ၇ ) ရက်နေ့ထိ ပိတ်ပါတယ်။ သူတို့ နှစ်ကူးချိန်က အဲဒီရက်တွေပါတဲ့။ အဲဒါပြီးရင်တော့ ဇန်န၀ါရီလကုန်သည်အထိ စာမေးပွဲများကို ဖြေဆိုပေတော့။ စကားပြန်ဆပ်ရလျှင် အခုကြည့်မိတဲ့ ဇာတ်ကားဟောင်းနာမည်ကတော့ “ ရ၀မ်ဒါ ( သို့ ) ဟိုတယ် ရ၀မ်ဒါ ” ဇာတ်လမ်းပါ။


“ ရ၀မ်ဒါ ( သို့ ) Hotel Rwanda ”





ဒီဇာတ်ကားမှာ လူမည်းနာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Don Cheadle က ဟိုတယ် မန်နေဂျာ Paul အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ တနိင်ငံတည်းမှာ အတူနေထိုင်ကြတဲ့ Hutu လူမျိုးနဲ့ Tutsi လူမျိုးတို့ရဲ့ လူမျိုးရေး မုန်းတီးမှုကြောင့် အပြစ်မဲ့တဲ့ Tusti သိန်းပေါင်းများစွာ အပြစ်မဲ့စွာ အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။

လက်ရှိအုပ်ချုပ်နေတဲ့ Hutu အစိုးရကို သတ်ဖြက် ၊ ပုန်ကန်မှု့ကြောင့် နှိပ်နင်းရာကနေ ၊ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်ပြီး Tusti လူမျိုးသောင်းပေါင်းများစွာ အသတ်ဖြက်ခံခဲ့ရပါတယ်။



Paul နှင့် သူ၏ Husti လူမျိုးများ

မန်နေဂျာ Paul မှာ ဇနီးတစ်ယောက်နဲ့ သားသမီး ( ၃ ) ယောက်ရှိပြီး ၊ သူ့ရဲ့ ဇနီးသည်ကိုယ်တိုင်ကလည်း Tusti လူမျိုးတစ်ဦးပါ။ တစ်နေ့တော့ Hutu သမ္မတ အသတ်ခံရမှုကြောင့် သူရဲ့စစ်တပ်က Tusti လူမျိုးမှန်သမျှကို လိုက်လံ ဖမ်းဆီး သတ်ဖြက်ရင်း ၊ Paul အိမ်သို့အရောက်မှာ Paul က သူနဲ့ရင်းနီးတဲ့ ကပ္ပတိန်ဗိုလ်ကြီးကို သူနှင့် သူ့မိသားစုအား မသတ်ဖြက်ဘဲ လွတ်ပေးခဲ့ပါလျှင် ရှိသမျှ ပိုက်ဆံ အကုန်အော၍ ပေးမည် ဖြစ်ကြောင်း ကတိပေးပြီး ကယ်တင်ခဲ့ပါတယ်။

ထို့နောက် လူဖြူများတည်းခိုရာ ဟိုတယ်ကို ခေါ်ဆောင်သွားပြီး လုံခြုံစွာနေရသော်လည်း တစတစ ဆိုးရွားလာသော လူမျိုးတုန်းသတ်ဖြက်မှုကြောင့် ထိုနယ်တွင် တာဝန်ထမ်းဆောင်နေသော NU မှ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးမှ နိင်ငံခြားသား အားလုံးကို သက်ဆိုင်ရာ နိင်ငံသို့ပြန်ပို့တော့မည် ဖြစ်ကြောင်း Paul အား ပြောဆိုခဲ့ပါတယ်။


Paul နှင့်သူ၏ မိသားစု


Paul မှ အကယ်၍ ဤဟိုတယ်မှ လူဖြူအားလုံးထွက်ခွာသွားလျှင် အခုဟိုတယ်တွင် လာရောက်ခိုလှုံနေသော Husti လူမျိုးအားလုံး အသတ်ခံရနိင်ကြောင်း ပြောကြားသော်လည်း တာဝန်ကြောင့် မည်သို့မျှ မတက်နိင်ကြောင်း ပြောဆိုပြီး အစောင့်ချထားသော UN တပ်များကို ရုပ်သိမ်းသွားခဲ့ရာမှ.....


မိသားစုနှင့် လူမျိုးအတွက် Paul တစ်ယောက်ဘယ်လိုကယ်တင်မလဲ

အငတ်ငတ်အပြက်ပြက်နှင့် ပက်ပက်စက်စက် အသတ်ခံရသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းအား အချစ် ၊ အမုန်း ၊ စစ် ၊ သုံးမျိုးစလုံးပါဝင်အောင် လက်စွမ်းပြ ရိုက်ကူးထားသော အကယ်ဒမီဆုရ “ Hotel Rwanda ” အား ဇာတ်ကားကောင်း တစ်ခုဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။


Monday, December 29, 2008


အောင်ဆန်းပေးတဲ့ မြန်မာပြည်...အောင်ဆန်းပေးတဲ့ မြန်မာပြည်

အရပ်ပုပုမျက်.....မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။


ဘိလပ်ပြန်သန်းကို မေရှင်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်

“ - ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ” ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် “ အရိုင်း ” တဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။


From FW Mail

Sunday, December 28, 2008

ဘယ်သူတွေ ရေးထားလဲတော့ မသိဘူး။ ရေးတဲ့လူကတော့ တော်တော်ဥာဏ်ရွှင်ပုံရတယ်။ တစ်ချို့ဘလော့ဂ်တွေမှာများ တင်ပြီးပြီလား ၊ မတင်ရသေးဘူးလား မသိပါဘူး။ ကျွန်တော်ကတော့ သဘောကျလို့ ပြန်တင်လိုက်တယ်။ FW Mail ကနေ ရတာပါ။ ပျော်ရွှင်စေရန် အလို့ငှာ ပြန်လည်ဝေမျှလိုက်ပါတယ်။ ကဲ...အခုချိန်က စပြီး ကျွန်တော်နှင့်အတူ စာမေးပွဲဖြေကြရအောင်။



၂၀၀၈-၀၉ တက္ကသိုလ်ဝင်တန်း မြန်မာစာ မေးခွန်းလွှာ

ဖြေဆိုချိန် ( ၃ ) နာရီ

၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။

အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။


(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။

နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။


(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။

အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။


၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။

အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊
မနည်းဘူးဟ၊ မခံနိုင်ဘူး။


(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။

ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။


(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင် မည်သို့သုံးထားကြောင်း နှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့် ကူးဖြေပါ။

ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။


၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။

(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။
(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား
ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။
(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏
အဓိပ္ပါယ်ကို ရေးပါ။
(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏
ခံစားချက်ကိုရေးပါ။


၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။

"အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့
အကြိုက်တွေ့အောင် ဖြီးဖြန်းရေးသားပါ။

(သို့)

"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။


(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။

(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။
(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။



(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။

သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊
သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊ ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။

(သို့)

"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။



၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။

ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊

ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။



(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။

ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။

(သို့)

"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို
စိတ်ဝင်စားဖွယ်ဖြေဆိုပါ။


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ခံစားနိင်ကြပါစေ။


Saturday, December 27, 2008


“ အဖိုးမတန်သော အမှိုတ်တွေနဲ့ နေထိုင်ခြင်းဟာ သင့်ဘ၀ တန်ဖိုးကို ထိခိုက်စေပါသည် ”


စိတ်ပညာ စမ်းသပ်ချက်တွေအရ ရှုပ်ပွနေတဲ့ အိမ်တွေနဲ့ ရှုပ်ပွနေတဲ့ ရုံးတွေမှာ နေထိုင် လုပ်ကိုင်ကြရသူတွေဟာ စိတ်ဖိစီးမှု ပိုများတာကို တွေ့ရှိရပါတယ်။ သန့်ပြန့်ရှင်းလင်း နေတဲ့နေရာမှာ နေထိုင်ရတာ စိတ်တင်းကျပ်မှု ပိုလျော့စေပြီး အင်အားတွေလည်း ဖြစ်စေနိင်ပါတယ်။

ရေစီးကောင်းတဲ့ မြစ်တွေက အမှိုက်တွေကို သူ့ဘာသာ ရှင်းလင်းတယ်။ သစ်ပင်တွေက ရွက်ဟောင်းနဲ့ အသီးပုပ်တွေကို သူ့ဘာသာ ကြွေကျစေတယ်။ ကိုယ်လက်သန့်ရှင်းရေး လုပ်လိုက်တဲ့အခါ နေရထိုင်ရ ပိုကောင်းလာသလိုပေါ့။ အိမ်မှာလည်း ဒီအတိုင်းပဲ ။ ရှင်းလင်းပစ်တာနဲ့ ပတ်သက်လို့ တွေးစရာ တချို့ကတော့

(၁) သင့်ရဲ့ အ၀တ်အစား အဟောင်းတွေ ဘယ်တော့မှ ခေတ်ပြန်စားလာမှာ မဟုတ်ဘူး။ ခေါင်းလောင်းဘောင်းဘီတွေ ခေတ်ပြန်စားလာတယ် ထားအုံး ၊ ချည်သား ဒါမှမဟုတ် အရောင်တွေက အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားပြီ။ ဖက်ရှင်ဒီဇိုင်းဆရာတွေဟာ သိပ်မညံကြပါဘူး။ ခင်ဗျားရဲ့ ဗီဒိုချောင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့ သိပြီးသားပါ။

(၂) တစ်ခါတလေ လွှင့်ပစ်ဖို့ ကျွန်ုပ်တို့ တွန့်ဆုတ်နေတတ်ကြတယ်။ ကိုယ်နှင့်မလိုက်ဘဲ ၊ ပိုက်ဆံအကုန်ခံပြီး ၀ယ်လာတယ်လို့ အပြောခံရမှာ စိုးလို့။ စိတ်အေးအေးထားပါ။ တကယ်တော့ ကျွနုပ်တို့အားလုံး အ၀ယ်မှားတက်ကြတာပါပဲ။ ကိုယ့်ဆီမှာ မလိုအပ်ပဲ ကောင်းနေသေးတယ်ဆိုရင် သူများကို ပေးလိုက်ပါ။


(၃) ရည်မှန်းချက် အသေးလေးထားပါ။ “ ငါ တစ်အိမ်လုံးရှင်းမယ် ” လို့ပြောမယ့်အစား ဗီဒိုကို အရင်ရှင်းမယ်လို့ ရည်ရွယ်ပါ။ ပြီးမှာ နောက်တခု နောက်တခုဖြင့် အရှိန်ရလာအောင် လုပ်ပါ။

(၄) အခက်ခဲဆုံးက အစပိုင်း ဖြစ်ပါသည်။ စမိပြီဆိုရင် နောက်တော့ ပျော်စရာ ကောင်းဖို့များပါတယ်။

“ သင့်ဘ၀ဟာ စွမ်းအင်စနစ် တစ်ခုဖြစ်ပါတယ်။ ဖယ်ရှားလိုက်တဲ့ အခါ လေဟာနယ် တစ်ခု ဖြစ်လာစေပြီး ရွေ့လျားမှုတွေ ဖြစ်စေတယ်။ စွန့်ပစ်လိုက်တဲ့ နေရာမှာ အသစ်တွေ ဘယ်လို အစားထိုး ၀င်လာတယ်ဆိုတာ သင် သတိပြုကြည့်ပါ ”


နောက်ပြီး ခင်ဗျားရဲ့ စိတ်ထဲမှာလည်း ကိုယ့်အတွက် အဖိုးမတန်တဲ့ စကားတွေ သူများတွေပြောနေရင် စိတ်ထဲမထားဘဲ လွှင့်ပစ်လိုက်ဖို့ မမေ့နဲ့နော်။

Thursday, December 25, 2008

အကောင်းဆုံးဟာသ


ခင်ဗျားရဲ့ အမြင်တွေက
သိပ်ကို ရိုးစင်းလွန်းတယ်.......

ဒီအတိုင်းဆက်သွားနေရင်
တစ်နေ့တော့.....ခင်ဗျားလည်း ကျဆုံးရဦးမှာပဲ

ခင်ဗျားလည်း စာတွေဖတ်ဖူးမှာပေါ့
လောကမှာ အောင်မြင်ချင်ရင်
ဘယ်လိုမျက်နှာပေးမျိုး တပ်ဆင်ရတယ်ဆိုတာ

အဟဟဟ....
ဘာလည်း...“ တရားမျှတမှု ” ဟုတ်လား
ချာလီချက်ပလင်ပြီးရင် ၂၁ ရာစုအတွက် ခင်ဗျားက ရီစရာအကောင်းဆုံး
လူပဲ ဖြစ်လိမ့်မယ်

လိမ်သင့်တဲ့နေရာ လိမ်လိုက် ၊ ဖားသင့်တဲ့နေရာ ဖားလိုက်
မြှောက်ပေးသင့်တဲ့နေရာ မြှောက်ပေးလိုက်
မခေါ်ချင်တဲ့အခါ ၊ ကန်းနေသလိုသာ နေလိုက်

သဘောကတော့
ရေလိုက်...ငါးလိုက်ပေါ့.....ပေါက်တယ် မဟုတ်လား
သူတို့တွေ ပြောကြတယ် ၊ လုပ်နေကြတယ်
တကယ်တော့ အောင်မြင်ချင်ရင်
လောကမှာ
“ မျက်နှာပြောင်တိုက်ဖို့ပဲ ” လိုတယ်။

အော်...ကျန်သေးတယ် ကျန်သေးတယ်
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်
လောကမှာ ဘယ်လိုပဲ ဆုံးဖြက်ဆုံးဖြက်
“ ကိုယ့်လူကိုယ့်သား ၊ ကိုယ့်ဆွေမျိုးဆိုတဲ့ ” လူတွေအတွက်
အရင်ကြည့်ပြီး ဆုံးဖြက်နေတဲ့သူတွေ ရှိနေသ၍

ခင်ဗျား...ကျဆုံးနေရဦးမှာပဲ


မှတ်ချက် ။ ။ ဘာမှ မဟုတ်ပါဘူး။ စာမရလို့ လျှောက်ရေးနေတာ။း) ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိင်ကြပါစေ။

http://s4.dancingsantacard.com/santa_yourself_3.aspx

http://www.dancingsantacard.com/?santa=4564239



Tuesday, December 23, 2008

ခေါင်းစဉ်မဲ့


ချစ်သူတွေ အိပ်စက်နေကြတာ.....
သွားမနိးလိုက်ပါနဲ့....၊
ရာသီဥတုကိုက ဆိုးလွန်းတယ်။

နှစ်ယောက်သား အတူလျှောက်ခဲ့တဲ့ စင်္ကြန်မှာ
သစ်ရွက်ကြွေသံတွေကလွဲလို့...
ကြွေကွဲမှုနဲ့ တိတ်ဆိတ်

အလွမ်းတွေ အပြည့်အသိပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ်ပိတ်ထားတဲ့
အခန်းတံခါးတွေ ရှိတယ်.....။

ဟောဒီ...မှန်ပြတင်းရဲ့ အပြင်ဘက်မှာ ပူပြင်း
ပိုးစိုးပက်စက် သေနေတဲ့ နေ့လည်ခင်းတခုပဲရှိ.......၊
ကိုယ့်အရိပ်တွေ ရှည်လျားလာတာကို
ကြည့် ကြည့်ရင်း
အထီးကျန်ခြင်းဆိုတာ
တစ်ယောက်တည်း အသက်ရှုရင်းသေနေတာ......လို့
သိလာတယ်။

သွားမနိးလိုက်ပါနဲ့....
ချစ်သူတွေ အတူတူ အသက်ရှုရတဲ့ တန်ဖိုးက
ကမ္ဘာကြီး ပိုင်စိုးရတာထက် သာတယ်။

ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး
ချစ်သူတွေ အိပ်စက်နေကြတာ....မနှိုးလိုက်ပါနဲ့
သူတို့တွေ....ကံဆိုးပြီဆိုတဲ့အကြောင်း
နည်းနည်းဖြစ်ဖြစ်
နောက်ကျပြီး သိရတာ ကောင်းတယ်။

( မင်းခိုက်စိုးစန် )


Sunday, December 21, 2008


“ မင်းငါ့ကို ကြည့်တဲ့အခါ လူတစ်ယောက်လို မမြင်ဘူး ၊ မင်းတကယ်မြင်နေတာ
လူမည်းတစ်ယောက်လို့ပဲ မြင်တယ်
မင်းဟာ ဂျူရီလူကြီးတွေကြည့်သလို င့ါကိုကြည့်တယ် ၊ တကယ်တော့
မင်းလည်း သူတို့ထဲက တစ်ယောက်ပါပဲ ” ဆိုတဲ့ ......


လူသတ်တရားခံ.......Carl Lee Hailey




“ သူ့သမီးရဲ့ ဖြစ်စဉ်အပေါ် ကျွန်တော်တို့ နားလည်ပေးနိင်ပေမယ့်
ဟောဒီလက်တွေနဲ့ သူဟာ လူငယ် ၂ ဦးရဲ့ ဘ၀တွေကို အဆုံးသတ်ပစ်လိုက်တယ်
အားလုံးပဲ သိကြပါတယ်...ကျွန်တော်တို့ ဒီနေရာမှ ရဲရင့်စွာ အပြစ်ကို ဖော်ထုတ်မှဖြစ်မယ် ” ဆိုတဲ့

တရားလို ရှေ့နေအဖြစ်.....Mr. Buckley



“ ကျေးဇူးပြု၍ ခဏလောက် မျက်လုံးလေးတွေ ပိတ်ပြီး နားထောင်ပေးပါလား
သူမဟာ မုဒိန်းကျင့်ခံရတယ် ၊ ကိုယ်အနှံအပြား ရိုက်နှက်ခံရတယ် ၊ မျက်နှာကို
ကျင်ငယ်ရည်နဲ့ ပတ်တယ် ပြီးတော့ သေဖို့အတွက်ပဲ
ထားခဲ့ကြတယ် ၊ တကယ်လို့များ သူမဟာ လူမည်းမဟုတ်ပဲ လူဖြူဖြစ်နေခဲ့မယ် ဆိုရင် ” လို့ပြောတဲ့

တရားခံရှေ့နေအဖြစ် Mr. Brigance



တကယ်တော့ 1996 ခုနှစ်က ရိုက်ကူးထားသည့် ဒီ A Time To Kill ဇာတ်ကားလေးဟာ အသက် ( ၁၀ ) နှစ်အရွယ် သစ်စက် လူမည်းအလုပ်သမားတစ်ဦးရဲ့ သမီးငယ်လေးကို အမေရိကန် လူဖြူ ( ၂ ) ယောက် မုဒိန်းကျင့်လိုက်လို့ တရားရုံးမှာ တရားစွဲခံရတဲ့ သာမာန် ဇာတ်လမ်းတစ်မျိုးပါ။ ဒါပေမယ့်...ဒါပေမယ့် ဒါရိုက်တာဟာ ဒီဇာတ်လမ်းကို စိတ်ဝင်စားအောင် ရိုက်သွားခဲ့ပါတယ်။

ကလေးဘယ်တော့မှ မရနိင်တော့အောင် ဘ၀ပျက်သွားရရှာတဲ့အတွက်
သမီးအပေါ်မှာ ဖြစ်လာတဲ့ ဖခင်တစ်ဦးရဲ့ ခံစားချက်

အသက်ဘေးကို ရန်ရှာ ၊ အိမ်ကိုမီးလောင် ၊ နောက်လိုက်နောက်ပါတွေကိုပါ
ရှေ့ဆက် လက်မတွဲဘဲ လမ်းခွဲအောင် လုပ်ပစ်ခဲ့တာတောင်
ဘ၀တူ သမီးငယ်အရွယ်ရှိ ဖအေတူချင်း လူဖြူလူမည်းမခွဲခြားပဲ ဒုက္ခအခက်အခဲမျိုးစုံကြားက
အမှုကို ရှေ့ဆက်လိုက်တဲ့ ရှေ့နေတစ်ဦးရဲ့ စိတ်ထား

KKK ( Ku Klux Klan ) ဂိုဏ်းအား
သွားရောက် အကူအညီတောင်းခံပြီး
ညီအတွက် ကလဲ့စားပြန်ချေလိုသည့် အစ်ကိုတစ်ယောက်ရဲ့ ဒေါသ

စသည်တို့ကို ပီပီပြင်ပြင် တရားရုံးအဆုံးအဖြက်တွေနဲ့ ရိုက်ကူးပြသထားသည့် ကားကောင်းတစ်ခုဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။


အဓမ္မကျင့်သည့် လူငယ် ၂ ဦးနှင့် ကလေးမ


တစ်ချိန်တုန်းက နာမည်ကြီး ကေသုံးလုံးဂိုဏ်း ( Ku Klux Klan )


တရားခွင်ပြင်ပတွင် ပြဿာဖြစ်နေသော လူဖြူ ၊ လူမည်း အုပ်စု



Super Sunday အတွက် ရုပ်ရှင်လက်ဆောင်အဖြစ် ဖော်ပြရင်း........ ရွှင်လန်းချမ်းမြေ့ကြပါစေ။


Friday, December 19, 2008

သတိရတယ်......အမေ


ကိုယ့်အထုပ်ကိုယ်ဆွဲ
ကိုယ့်အနာဂတ် ကိုယ်ပြန်သယ်လို့
မနာတမ်း လျှောက်လှမ်းနေရတဲ့ ဘ၀မှာ

အမေမျက်နှာ ပျက်အောင်တော့
ကျွန်တော့်သမိုင်း အညစ်မခံစေရပါဘူး

ဖုန်တွေကထူ ၊ ဆူးတွေက ဒင်းကြမ်းအပြည့်နဲ့
မိဘတိုင်း သားသမီးနဲ့ ဝေးကွာနေရတဲ့ဘ၀ကို
အမေမလိုချင်သလို ဘယ်သူမှ မလိုချင်ဘူး....အမေ

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ခွဲခွာခဲ့ရတော့
အမေ့ကိုမှန်းကန်တော့နေရတဲ့ ...နေ့ရက်တွေများလာခဲ့
အမေ့မျက်နှာ အရင်လို လှနေဆဲလား
အမေ့အသားအရေတွေ အရင်ကလို စိုပြေနေဦးမလား
အမေ...တစ်ယောက် နေမှကောင်းပါ့မလား
စိုးရိမ်စိတ်တခုနဲ့
လစဉ်မဟုတ်တောင် အမေ့ဆီ ငွေပုံမှန်ပို့ချင်ခဲ့တယ်
ကျွန်တော့် ရတဲ့လုပ်အားခလေးနဲ့ အမေကို ၀မ်းဝစေချင်လွန်းလို့

ဘ၀ရဲ့ အထုထောင်းကို ကြံကြံခံရင်း
တဖက်က အနေဝေးတဲ့ သားသမီးတွေအတွက်
စိပ်ပုတီးကိုတောင် အမေလက်က မချရဲခဲ့ရှာဘူး

အားတင်းထားပေါ့...အမေ
ခေတ်တွေကမပြောင်း...စနစ်တွေကလည်း မဟောင်းသေးသ၍
အမေနဲ့သား.....အလွှာခြားသလို
ကမ္ဘာလည်း ခြားနေလိမ့်ဦးမယ်


( အဝေးရောက် သားများသို့ )




Thursday, December 18, 2008

သူတို့စကား



“ ယောင်္ကျားတစ်ယောက်ချမ်းသာတယ်ဆိုတာ မိန်းမတစ်ယောက်
လှတယ် ဆိုတာနဲ့ အတူတူပါပဲ ”

( အနီတာလုစ် - အမေရိကန်စာရေးဆရာမ )


“ ကျွန်မကို ကျွန်မအမေ အမြဲတမ်းပြောတယ် ။ ကိုယ့်ယောင်္ကျားကိုယ်
ယုံကြည်အားကိုးပါ။ ချစ်ခင်လေးစားပါ ။ ပိုင်ဆိုင်မှုပစ္စည်း အများစုကို ကိုယ့်နာမည်နဲ့ပဲ
ထားပါတဲ့ ”

( ဂျုံးရီးဗားစ် - အမေရိကန်ဟာသမင်းသမီး )


“ ပဟေဋ္ဋိဆန်တဲ့ မိန်းမမရှိဘူး ၊ အကင်းမပါးတဲ့ ယောင်္ကျားပဲ ရှိတယ် ”

( ဆန်မာဇဗန်းညက်စ် - ပိုလန်စာရေးဆရာမ )

“ နိး...ဆိုတဲ့ စကားကို ယောင်္ကျားတွေထက် မိန်းမတွေ ပိုပြောတက်တယ် ”

( မာဂရက်သက်ချာ - ဗြိတိသျှဝန်ကြီးချုပ်ဟောင်း )

“ အယုံလွယ်တဲ့ မိန်းမထက် ၊ အယုံလွယ်တဲ့ ယောင်္ကျားပိုများတယ် ”

( အဲနာ အက်ရှင်ဘက် - သြစထရီးယားစာရေး ဆရာမ )

“ ကျွန်မ စဉ်းစားသည် ။ ထိုကြောင့် ကျွန်မ ယောင်္ကျားမရှိပါ ”

( အဲလီဇဘတ် ၀င်စတန် )



Wednesday, December 17, 2008

Female Agents

ဒီဇာတ်ကားကို မဇ္ဈိမ ဆိုက်မှာ ဖတ်လိုက်ရကတည်းက ကြည့်ချင်နေခဲ့တာ ကြာပါပြီ။ သိသလောက် ၊ တွေ့သလောက် ၀က်ဘ်ဆိုဒ်တွေမှာ လိုက်ရှာတော့လည်း အင်္ဂလိပ်လို မရှာပဲ ဂျာမန်လို့ ကော်ပီကူး ပေ့စ် ပေးပြီး ရှာတော့ မတွေ့ဘူး။ ဒါနဲ့ ဟိုနေ့က သူငယ်ချင်းတစ်ယောက်ဆီမှာ တွေ့လိုက်ရလို့ ၀မ်းသာသွားခဲ့တယ်။ အသေးစိတ်ကိုတော့ မဇ္စျိမ ဆိုက်ဒ်ကပဲ ပြန်လည်ကူးချလိုက်တော့တယ်။


Female Agents






၁၉၄၄ ခုနှစ် ပြင်သစ်နိုင်ငံကို နာဇီဂျာမဏီတို့ သိမ်းပိုက်ထားချိန်တွင် ဖြစ်သည်။ ဂျာမဏီများကို ခုခံတိုက်ခိုက်ရန်အတွက် နန်းရင်းဝန် ဝန်စတန် ချာချီ ကိုယ်တိုင် ဖွဲ့စည်းထားသည့် SOE ခေါ် Special Operation Executive မှာ နာဇီတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ပြင်သစ် ဘူမိဗေဒပညာရှင်အား ကယ်တင်ရန်အတွက် တာဝန် ပေးအပ်ခြင်း ခံရသည်။ (ပြင်သစ် ဘူမိဗေဒ ပညာရှင်ထံမှ ပြင်သစ်နိုင်ငံ၏ ဆိပ်ကမ်းများနှင့် ပတ်သက်၍ သတင်း အချက်အလက်များ ရရှိမှသာ မဟာမိတ်တို့မှာ နော်မန်ဒီကမ်းခြေကို တက်နိုင်မည်။)

ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ မြို့တခုတွင် ဖမ်းဆီးခံထားရသည့် ဘူမိဗေဒပညာရှင်အား ကယ်တင်ရန်အတွက် SOE အဖွဲ့မှ လက်ရွေးစင် ပြင်သစ်၊ ဂျာမန်စကား ကျွမ်းကျင်သည့် အမျိုးသမီး ၅ ဦးနှင့်အတူ ဗြိတိသျှ စစ်ဗိုလ်တဦး ပါရှိသော အဖွဲ့မှာ ညဘက်တွင် ပြင်သစ်နိုင်ငံထဲသို့ လေထီးဖြင့် ခုန်ဆင်းပြီး ဂျာမန်တို့ စခန်းချရာ ဆေးရုံဆီသို့ သူနာပြု ဆရာမအဖြစ် အယောင်ဆောင်ကာ ဝင်ရောက် ကယ်တင်ရသည်။ လျှို့ဝှက် အမျိုးသမီးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ဂျာမန်အရာရှိအား သေနတ်ဖြင့် ပစ်သတ်သော်လည်း လွတ်မြောက်သွားခဲ့သည်။ ဘူမိဗေဒပညာရှင်အား လျှို့ဝှက်ချိန်းဆိုထားသည့် နေရာတွင် ဗြိတိသျှ လေယာဉ်ပေါ်သို့ တင်ပေးလိုက်ပြီးနောက် ထိုအမျိုးသမီး ၅ ဦးကပါ လေယာဉ်ပေါ်သို့ တက်မည်ပြုစဉ် ဗြိတိသျှစစ်ဗိုလ်က တာဝန် မပြီးဆုံးသေးသဖြင့် ပြန်လိုက်ရန် မဖြစ်နိုင်သေးကြောင်း ပြောဆိုလေသည်။ ထို့အပြင် ဂျာမန်တို့၏ သတင်းများ ရရှိရေးနှင့် ပါရီမြို့ရှိ မြေအောက်လှုပ်ရှားမှုအဖွဲ့နှင့် ချိတ်ဆက်နိုင်ရေးအတွက် ပါရီသို့ ခရီးဆက်ရမည်ဖြစ်ကြောင်း ပြောဆိုပြီး လူစုခွဲရာတွင် နာဇီများက ဝိုင်းထားလိုက်ကြသည်။



ဗြိတိသျှစစ်ဗိုလ်မှာ ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရပြီး လျှို့ဝှက် အမျိုးသမီးအဖွဲ့မှာ လွတ်မြောက်သွားခဲ့သည်။ ဂျာမန်တို့၏ စစ်ကြောရေး စခန်းအတွင်းသို့ ရောက်ရှိနေသည့် ဗြိတိသျှစစ်ဗိုလ်အား ဂျာမန် လျှို့ဝှက်ပုလိပ်အဖွဲ့က အပြင်းအထန် နှိပ်စက်ကာ စစ်ဆေး မေးမြန်းသော်လည်း ထိုစစ်ဗိုလ်က ဘာတခုမျှ ဖွင့်မပြောဘဲ အနှိပ်စက်သာ ခံနေခဲ့သည်။ လျှို့ဝှက် အမျိုးသမီးအဖွဲ့ ပါရီမြို့သို့ ရောက်ရှိချိန်တွင် အသင့် စောင့်ဆိုင်းနေသော ဂျာမန် လျှို့ဝှက်ရဲအဖွဲ့၏ ရှာဖွေမှုကြောင့် တဦးမှာ အဖမ်းခံခဲ့ရပြီး ကျန်လူများ လွတ်မြောက်သွားခဲ့သည်။ အမျိုးသမီးနှစ်ဦးကမူ ၎င်းတို့ လျှို့ဝှက်ချိတ်ဆက်မှု လုပ်ထားသော ပါရီရှိ ဘုရားရှိခိုးကျောင်းသို့ သွားရောက်ပြီး ဝှက်ထားသော လက်နက်များနှင့် မြေအောက် တော်လှန်ရေးသမားများကို ချိတ်ဆက်ရန် ကြိုးစားလေသည်။ ထိုအမျိုးသမီးအဖွဲ့ထဲမှ တဦးမှာ အလွန်ကြောက်တတ်သည်။ သူက ပြင်သစ်နိုင်ငံ ပါရီမြို့သို့ သွားရောက်ရာ လမ်းမှာပင် ထွက်ပြေးရန် ကြိုးစားသဖြင့် အဖွဲ့ခေါင်းဆောင် အမျိုးသမီးက ပြန်လည်ချော့မော့ကာ ခေါ်လာခဲ့ရသည်။


ညီမရင်းဖြစ်သူကို နှိပ်စက်နေခြင်းအား ရင်နာနာဖြင့် ကြည့်နေခဲ့ရသူ အစ်ကို


နာဇီစစ်ပုလိပ်တို့၏ နှမသားချင်း ကိုယ်ချင်းစာနာမှု ကင်းမဲ့သော စစ်ဆေးမေးမြန်းမှုကြောင့် အဖမ်းခံထားရသော အမျိုးသမီးက ဖော်ကောင် လုပ်လိုက်သဖြင့် ဘုရားကျောင်းအတွင်းမှ လက်နက်များ သယ်ထုတ်ရန် ကြိုးစားနေသည့် အမျိုးသမီးနှစ်ဦးမှာ မြေအောက်ဥမင်မှတဆင့် ကိုယ်လွတ်ရုန်း ထွက်ပြေးရင်း.....

နောက်ဆုံးဂျာမန်စစ်ဗိုလ်ချုပ်အား သတ်နိင်ခဲ့သော်လည်း ရဲဘော်ရဲဘက် အမျိုးသမီးများ နည်းအမျိုးမျိုးဖြင့် အဖမ်းခံပြီး သေးဆုံးခဲ့ရပုံ ၊ စစ်ပွဲပြီးဆုံးသွားသည့် အချိန် ဇာတ်ဆောင်မင်းသမီးမှ သူ၏ သူငယ်ချင်းများအတွက် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်အား ရှု့ထောင့်အမျိုးမျိုး ၊ စိတ်ခံစားမှု အမျိုးမျိုးရအောင် လက်စွမ်းပြထားသည့် ကားဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။



နိင်ငံရေးအတွက် ချစ်သူကိုယ်ပင် သတ်ပစ်ခဲ့သော်လည်း နောက်ဆုံး မထင်မှတ်ပဲ
သူဖမ်းပြီးထောင်ထဲ ပို့ခဲ့သူက ပြန်လည်သတ်ဖြတ်ရာတွင် အံသြသင့်ခဲ့ရသော ဂျာမန်ဗိုလ်ချုပ်



အမျိုးသမီးခေါင်းဆောင် ( ကျွန်တော်ကြိုက်တဲ့ မင်းသမီးပေါ့ :D )


Links တွေပါ ရှာနေရမှာဆိုးလို့ ကိုယ်ဒေါင်းလုပ် ချတဲ့ဆိုက်ဒ် ကူးလာတာပါ

http://rapidshare.com/files/150491540/Female_Agents_2008.part01.rar
http://rapidshare.com/files/150498198/Female_Agents_2008.part02.rar
http://rapidshare.com/files/150430561/Female_Agents_2008.part03.rar
http://rapidshare.com/files/150435450/Female_Agents_2008.part04.rar
http://rapidshare.com/files/150440083/Female_Agents_2008.part05.rar
http://rapidshare.com/files/150445142/Female_Agents_2008.part06.rar
http://rapidshare.com/files/150449552/Female_Agents_2008.part07.rar
http://rapidshare.com/files/150454180/Female_Agents_2008.part08.rar
http://rapidshare.com/files/150458827/Female_Agents_2008.part09.rar
http://rapidshare.com/files/150463664/Female_Agents_2008.part10.rar
http://rapidshare.com/files/150468903/Female_Agents_2008.part11.rar
http://rapidshare.com/files/150474501/Female_Agents_2008.part12.rar
http://rapidshare.com/files/150480524/Female_Agents_2008.part13.rar
http://rapidshare.com/files/150485555/Female_Agents_2008.part14.rar


အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။



Monday, December 15, 2008

အဟဲဟဲ။ ၄ ၊ ၅ ရက်လောက် ဘလော့ဂ်လောကနဲ့ အဆက်အသွယ် ပြက်သွားတယ်။ ဘာအကြောင်းမှတော့ မဟုတ်ပါဘူး။ သူငယ်ချင်းမွေးနေ့ ၀ိုင်းကူချက်ပေးနေတာနဲ့ လျှောက်သွားနေတာကြောင့်ပါ။ အဆောင်ကနေ ထွက်တော့ လက်ထဲမှာ စာအုပ်တစ်အုပ်။ စာရေးဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုထားပြီး “ Spencer Johnson ” ရေးသားတဲ့ “ Who Moved My Cheese ” ဆိုတဲ့ စာအုပ်လေးပါ။ ကျွန်တော်ဘယ်သွားသွား ရထားပေါ်ရောက်ရင် စာအုပ်ဖတ်ဖြစ်တယ်။ စာပေလိုက်စားတယ်လို့ မထင်ကြပါနဲ့။ ရထားပေါ်မှာ တောင်ကြ့ည်မြောက်ကြည့်နဲ့ မကြည့်ချင်လို့ပါ။း) ဒီကလူတွေက သူတို့ကို ကြည့်ရင် ကြိုက်တာ မဟုတ်တော့ အနေအထိုင် ဆင်ခြင်နေရတယ်လေ။ နောက်တာပါ။ အိမ်သာတက်လည်း စာအုပ်ဖတ်တယ် ၊ အိပ်ခါနီးလည်း ဖတ်တယ် ။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖတ်တယ်။ ၈ တန်းလောက်နဲ့ ဖေမြင့်တွေ ၊ ဒေးလ်ကာနက်ချီတွေ လျှောက်ဖတ်နေတော့ ရွယ်တူတွေ ၊ အသက်နည်းနည်းကြီးသူတွေက ကြည့်မရဘူး ။ :D ။

ဒါနဲ့ စောနက ပြောတဲ့ စာအုပ်လေးဖတ်ရင်း ကျွန်တော်လည်း ပြန်လည်ဝေမျှစရာလေး တွေ့လို့ ပြန်ရေးလိုက်တာပါ။ တကယ်တော့ ဒီစာအုပ်ထဲက ပြောသွားတဲ့ အတိုင်းပဲ ကျွန်တော်ကိုယ်တိုင် အနာဂတ်အတွက် ကြိုတင်တွေးတော စိုးရိမ်ပူပန်မှုတွေ များနေတယ်ဆိုတာ သိလိုက်တယ်။ ပညာရေး ၊ ဘ၀ အနာဂတ် ၊ မိသားစု ၊ ကိုယ်တည်ထောင်မယ့် မိသားစု ၊ စီးပွားရေး အစရှိသည်ဖြင့်ပေါ့။ ဒီစာအုပ်လေးက လက်ရှိပစ္စုပ္ပန်မှာ ကျွန်တော်တို့ ဘယ်လိုပျော်ဝင်နေထိုင်သင့်တယ် ဆိုတာကို ပြောပြထားတာပါ။ ဒါမှ တဖြည်းဖြည်း အနာဂတ်ကို ပုံဖော်နိင်မယ်ပေါ့။ စာအုပ်ထဲမှာပါတဲ့ အဓိက အချက်လေး စာရေးသူပြောချင်တာကတော့......





သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း ( ၃ ) သွယ်

၁ ။ သင်စိတ်ချမ်းသာပြီး အောင်မြင်သူ ဖြစ်လိုတဲ့အခါ

ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ
သင့်ရည်မှန်းချက်ကို အာရုံပြုပြီး လောလောဆယ် အရေးကြီးနေတဲ့
ကိစ္စ ( အလုပ် ) ကို တုံ့ပြန်ဆောင်ရွက်ပါ ။

၂ ။ ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ

အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ
အဲဒီဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။

၃ ။ အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန် ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ

အနာဂတ်အတွက် စီမံကိန်းချပါ
သာယာဝေစည်တဲ့ အနာဂတ် ပုံရိပ်ကို မြင်ယောင်ကြည့်ပါ
အဲဒီပုံရိပ်တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။........ တဲ့


တကယ်လည်းပဲ ကျွန်တော်တို့ အနာဂတ်ကို စိုးရိမ်ပူပန်နေတာနဲ့ပဲ လက်ရှိ ပစ္စုပ္ပန်မှာ လုပ်ရမယ့် ၊ ဂရုစိုက်ရမယ့် ၊ အလုပ်ကိစ္စ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ စီးပွားရေးတွေ တော်တော်များများ နစ်နာကုန်တယ်လို့ သုံးသပ်မိပါတယ်။ ကဲ ဒီနေ့ကစပြီး စာဖတ်သူရော ၊ ကျွန်တော်ရော ပစ္စုပ္ပန်မှာ ပျော်ဝင်ကြရအောင်လား....။





Wednesday, December 10, 2008


မနေ့က အိပ်ရာဝင်တာ နောက်ကျတာကြောင့် ကိုလေးဖြူ သီချင်းခွေလေး အကြောင်းတင်ဖို့ နောက်ကျသွားတယ်ဗျာ။ ဘယ်သူတွေ တင်လိုက်လဲတော့ မသိဘူး။ ကဲ..... IC ချစ်သူတွေဖြစ်တဲ့ ၊ ကိုလေးဖြူကို အားပေးသူတွေ အတွက် “ ဘင်္ဂလားပင်လယ်အော် သီချင်းခွေ ” ဝေမျှလိုက်ပါတယ်။




သီချင်းခွေဒေါင်းလုပ်ချရန်


Ifile


Mediafire



သီချင်းစာအုပ်ဒေါင်းလုပ်ချရန်


Ifile



Mediafire



ကိုလေးဖြူသိရင်တော့ ရင်ကျိုးမှာပဲ။း( မြန်မာပြည်မှာ တစ်ခွေကို ၂၀၀၀ ကျပ်နဲ့ပဲ ရောင်းပါတယ်တဲ့။ နိင်ငံခြားမှာ နေတဲ့သူတွေက ၀ယ်ရတာ အခက်အခဲ ရှိမှာဆိုးလို့ တင်ပေးလိုက်တာပါ။ သွားတော့ မတိုင်ကြနဲ့နော်။း) ဖိုင်ဆိုက်ဒ်က ကြီးတော့ အကုန်ချရတာ အခက်အခဲရှိမှာဆိုးလို့ တပုဒ်ချင်းဆီ ပြန်တင်ပေးလိုက်ပါတယ်။


တစ်ယောက်တည်းနဲ့ /// Zshare


ငါ့ရဲ့လမင်း /// Zshare


ဝိရောဓိ /// Zshare



အလဲအကွဲ /// Zshare



ကစဥ့်ကလျားသီအိုရီ /// Zshare



ပြန်ခဲ့ပါ
/// Zshare



သံယောဇဉ်
/// Zshare



မိုးတိမ်ထဲဝဲ /// Zshare



မလုပ်နဲ့ /// Zshare



အရင်လိုပါပဲ /// Zshare



အလွမ်း
/// Zshare



ဒါလီနေ့
/// Zshare



စာမျက်နှာတစ်ဆယ့်ငါး /// Zshare


http://ifile.it/ ဆိုက်ဒ်က မြန်မာနိင်ငံမှာလည်း အလွယ်တကူ Download ချနိင်သလို
Upload တင်ရာတွင်လည်း လျှင်မြန်လွယ်ကူပါတယ်။ သူ့မှာ လောလောဆယ် ဘာကန့်သတ်ချက်မှ
မရှိသေးတာကြောင့် ဒါလေးကို သုံးရင် အဆင်ပြေနိင်ပါတယ်လို့ ဖော်ပြအပ်ပါသည်။ အဆင်မပြေဘူး
ဆိုလို့ Zshare နဲ့ပါ ထပ်တင်ပေးလိုက်တာပါ။း)






Tuesday, December 9, 2008

တစ်နေ့သ၌......




“ ကိုယ်တို့နေတဲ့ လောကကြီးဟာ
ဘာနဲ့တူသလဲ ” တဲ့
အကဲစမ်းသလို မင်းကလေး
မေးမှ မေးရက်တယ်ကွယ်................။

ခပ်လွယ်လွယ် ပြောကြစတမ်းဆိုရင်
တို့မြင်နေကြ လမ်းဘေးမှာ
မသေဆေးရောင်းနေတဲ့
အလမ္ပာယ်ဆရာရဲ့ ပခြုပ်နဲ့ တူသပေါ့.....

အထဲမှာကတော့ မြွေမျိုးစုံ
ဘယ်ပုံစံနဲ့ပဲ ကိုက်ကိုက်
ကတိုက်ကရိုက် သေကြရတာချည်းပဲ

ကြည့် -
မင်းသိဖို့ ပြောပြမယ်။
တကယ်တော့ ငါတို့
မင်းတို့တစ်တွေရဲ့ ရင်ထဲက အဆိပ်ဟာ
မြွေဆိပ်ထက်ပြင်းတယ်ဆိုရင်
မင်းယုံချင်ပ့ါမလား......

တကယ်တော့
လူသားတစ်ဦးရဲ့ ကိုယ်ထဲမှာ
အဆိတ်မျိုးအိတ် ဆိုတာရှိလေရဲ့..........။

တစ်မျိုးက
လောဘဆိုတဲ့
တစ်မျိုးက
ဒေါသဆိုတဲ့
တစ်မျိုးက
မောဟဆိုတဲ့
ဒီအကောင်တွေဟာ
မင်းတို့ ငါတို့မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့
မြွေဆိုးတွေပေါ့........

ပြီးတော့
တစ်ယောက် တစ်မျိုးစီ
ချစ်ပြ
တစ်ယောက် တစ်မျိုးစီ
ပြုံးပြ
တစ်ယောက် တစ်မျိုးစီ
မုန်းကြ

လုံးဝယုံကြည်တယ်ဆိုတာ ဘယ်အရပ်မှာတဲ့လဲ.....
ဒီနေရာမှာ မြွေနဲ့ကင်းတဲ့ အလမ္ပာယ်ဆရာ ဖြစ်ချင်ရင်
ကမ္ဘာစစ်ကိုတော့ မုန်းကြရလိမ့်မယ် ။ ။


ဝင်းမောင် ( အပြုံးရောင်သီချင်း - ကဗျာများ )


Monday, December 8, 2008


“ ဟာကွာ....တောက် ၊ ကန်လေ......ကန် ၊ ကန်လိုက်တော့ ၊ အာ.....အသုံးမကျတာကွာ ၊
အစောကြီးကတည်းက ကန်ထည့်လိုက်ရမှာ ၊ ဒိုင်ကလည်း ပုံမလာပါဘူးကွာ ၊ ဟာ...ဂိုးတော့မယ်ဟ ၊ အဲ....ဂိုး...ဂိုး......ဂိုးးးးးးးးးးးးးးးးးးးးးးးးးးး ၊ အရူးလားကွ ၊ အချဉ်များ မှတ်နေလား မြန်မာကွ ၊
ဘာမှတ်နေလဲ ”


မြန်မာဘက်က ဂိုးရရှိပေမယ့် ဒါဟာ အနိင်ဂိုး မဟုတ် ၊ ခြေပဂိုးလည်း မဟုတ်ပါဘူး။ ပွဲစကတည်းက ၁ လုံးသွင်းခံရပြီး ၊ နောက် သိပ်မကြာခင်မှာ ထပ်ပေးခဲ့ရတဲ့ နောက် ၁ ဂိုးပြီးလို့ စင်္ကာပူက ၂း ၀ နဲ့ နိင်နေတဲ့ အချိန်ကြမှ မြန်မာက ဂိုးပြန်သွင်းခဲ့တာပါ။ ဒါနဲ့ ဒုတိယပိုင်း ပြန်ဆော့ကစားကြတာပေါ့။ ဒုတိယပိုင်းအစမှာ မြန်မာက အကွက်မိမိ ကစားကွက် အသာစီးရအောင် ဆော့နိင်ခဲ့ပေမယ့် လူမျိုးပေါင်းစုံ ရောထွေးထားတဲ့ စကာင်္ပူအသင်းက အရပ်အမောင်း ကောင်းတာကြောင့် မြန်မာဘောလုံးသမားတွေ မတိုးဖောက်နိင်ခဲ့ပါဘူး။




သိပ်မကြာခင်မှာပဲ မြန်မာဘက်က ကစားသမားတစ်ယောက်ကြောင့် စင်္ကာပူက ပြစ်ဒဏ်ဘောရတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာကစားသမားများက ဒိုင်လူကြီးကို အ၀ါကဒ်မပြရန် သွားရောက်ပြောကြားနေတုန်း စင်္ကာပူက ဒိုင်ဝီစီမမှုတ်သေးခင် ရုတ်တရတ်ကန်သွားကာ တတိယဂိုးထပ်မံရယူသွားပါတယ်။ ဒီလိုမျိုးဖြစ်စဉ်က ဖီဖာက ခွင့်ပြုထားသလို ဒိုင်လူကြီးကလည်း ဂိုးပေးခဲ့ပါတယ်။ ဘောလုံးဥပဒေအရ စင်္ကာပူဘက်က အပြစ်မရှိပေမယ့် လူမှုရေးအရ သွားရောက်ကြည့်ရှု့တာကို နားလည်မှုမပေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဂိုးသမား အောင်အောင်ဦးကလည်း ဂိုးဖမ်းတဲ့ ( ၁၈ ) ကိုက်အတွင်းကနေ ဒိုင်လူကြီး ရှိရာကို တဟုန်ထိုး ပြေးသွားပြီး မျက်နှာကို တွန်းထိုးရိုက်ချလိုက်တော့ အနီကဒ်ပေါ့။ နောက်ဆုံး ၃း ၁ နဲ့ရှုံးပြီး အုပ်စုအဆင့်က ထွက်ခဲ့ရတယ်။

မြန်မာဘောလုံးသမားတွေ အဆင့်အတန်းမရှိဘူး ၊ ပရိုမပီသဘူးလို့ ပွဲအစီအစဉ်ကြေငြာသူကတော့ တချိန်လုံး ထိုင်ပြောနေပါတယ်။ တကယ်တော့ နဂိုကတည်းက ရှုံးနေတာကို ဘက်လိုက်တော့ ဘယ်ကစားသမားကမှ သည်းခံမှာ မဟုတ်ပါဘူး။ ပွဲကို မိနစ် ၁၅ မိနစ်ကျော် ရပ်နားခဲ့ရပေမယ့် အချိန်ပိုပေးတော့ ၅ မိနစ်ပဲ ပေးခဲ့ပါတယ်။ အာရှဘောလုံးလောကဟာ မတရားမှု ၊ အိမ်နီးချင်း နိင်ငံများကန်ပေမယ့် ၊ အိမ်ရှင်နိင်ငံ၊ ပိုက်ဆံရှိ နိင်ငံတွေ အပေါ် ဘက်လိုက်မှုတွေ ရှိနေသေးသ၍တော့ တိုးတက်ဖို့ မလွယ်ပါဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ မကောင်းပေမယ့် မတရားတာ ထင်ရင် မခံတက်တဲ့ မြန်မာစိတ်ဓတ်ကို ဂိုးသမားအောင်အောင်ဦးက ပြသွားတာပါပဲ။ အောင်ကျော်ကျော်လည်း ဒီလို ဖြစ်ဘူးတယ် ၊ လူငယ်ဂိုးသမားထွန်းထွန်းဝင်း ကလည်း ဒိုင်ကို ရေသန့်ဘူးနဲ့ ပေါက်တာ ဖြစ်ခဲ့ဘူးပါတယ်။

ဒီနေ့ပွဲမှာ မြန်မာက ပြစ်ဒဏ်ဘောတော်တော် ရနိင်ပေမယ့် ဒိုင်မပေးခဲ့တာတွေဟာလည်း ဘောလုံးသမားတွေ ဒေါသဖြစ်လာစေတဲ့ အချက်တွေပါ။ ဒီတော့ ဗီယက်နမ်ဒိုင် အမှားမှာ ကျွန်တော်တို့ မြန်မာကစားသမားတွေ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတယ်။

ဒီနေ့လည်း ဒေါသဖြစ်ဖြစ်နဲ့ ကန်တော့ပါရဲ့။ ဒိုင်ကို ၀ိုင်းဆဲနေကြတာ။ မိုးမွှန်နေတာပဲ။ :D ။ မနိင်မည့် အတူတူ လူချခိုင်းတဲ့ သူကတစ်မျိုးနဲ့။ အဲဒါ ဘယ်သူမှ မဟုတ်ပါဘူး။ ကျွန်တော်ပါ။ ကျွန်တော်လည်း ဘောလုံးကန်ပေမယ့် တဖက်အသင်းက ညစ်ကစားတာတို့ ၊ ခပ်ကြမ်းကြမ်းဆော့လာတဲ့ အခါတို့ ၊ ကိုယ့်အသင်းကို အထင်သေးလှောင်ပြောင်ပြီး ဆော့ကစားနေတဲ့ အခါကျရင် ကျွန်တော် ဆိုးသွမ်းလည်း လူလိုက်ချပါတယ်။း) ။ အင်တိုက်အားတိုက်ကို ချတာပါ။ သူများလည်း ချတယ် ၊ ကိုယ်လည်း ခံရတယ်လေ ။

အဆုံးသတ်တော့ အင်ဒိုနီးရှားနိင်ငံ စူဇူကီးဖလားမှာ မြန်မာအသင်းဟာ အင်ဒိုကို ၃း ၀ ၊ စင်္ကာပူကို ၃း ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးတကာ့ရှုံးတဲ့ အထဲမှာ မျိုးမစစ် စကာင်္ပူအသင်းကို ရှုံးတာ စိတ်အနာဆုံးပါပဲ။ စင်္ကာပူအသင်းမှာ ကြည့်မယ်ဆိုရင် ကမ္ဘာကြီး တခုလုံးက အသားအရည် ၊ ရုပ်ရည်တွေနဲ့ ဖွဲ့စည်းထားသလို နိင်ငံမျိုးစုံက လူပေါင်းစုံပါဝင်နေတာကို တွေ့နိင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိုရမ်တစ်ခုထဲမှာ မြန်မာ နဲ့ ကုလားနဲ့ ရန်ဖြစ်လိုက်ကြသေးတယ်။ ကုလားက မြန်မာမှားကြောင်း ၊ ဘာဖြစ်ကြောင်း ၊ ညာဖြစ်ကြောင်း ပို့စ်လေး တင်လိုက်တာနဲ့ ရှိသမျှ မြန်မာဖန်တွေနဲ့ ရန်ဖြစ်ကြသေးတယ်။

အော်...အခုတော့လည်း မြန်မာအားကစား ကမ္ဘာကို ပြန်လွမ်းနေရတုန်း ။ ဘယ်လိုပဲ လွမ်းလွမ်း ကျွန်တော်တို့ကတော့ မြန်မာပဲ။ မြန်မာနဲ့ ပတ်သက်လာလျှင် ဘယ်သူမှားမှား မြန်မာကတော့ မှန်ရမယ်။ မျက်ကန်းမျိုးချစ်ပဲး)

ဒီဖိုင်လေးက မြန်မာ ၀း ၃ အင်ဒိုပွဲ ဂိုးလေးတွေပါး(


zshare

Sunday, December 7, 2008




“ တူ.......................တူ.....................တူ................. ဟယ်လို ”

“ ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ

“ ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် ”

“ အမေလား.....”

“ အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ ”

“ အော် ”

“ အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် ”

“ အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား ”

“ အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ ”

“ အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော ”

“ ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး ”

“ ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် ”

“ အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ ”

“ အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး ”

“ အဖေ....အဖေလား ”

“ အေး...သား ၊ အဖေပါကွ ”

“ အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား ”

“ လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် ”

“ သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား ”

“ ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် ”

“ အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် ”

“ ဂလောက်.......”


ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။



ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။



Saturday, December 6, 2008


ပိုက်ဆံမပေးရလို့ မက်ချင်တိုင်းမက်နေတဲ့ အနာဂတ်ရဲ့ ၊ အိမ်မက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မပြည့်စုံသေးတဲ့ ဘ၀ရဲ့ ၊ မျှော်လင့်ချက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မကျေနပ်နိင်သေးတဲ့ စိတ်ရဲ့ ၊ ခံစားမှုတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

ရည်ရွယ်ချက်တွေ တူပေမယ့်.....အသက်ရှုပုံတွေ ကွဲပြားတဲ့ အခါ
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်
ကိုယ့်ပေးဆပ်မှု့နဲ့ ကိုယ်
ကိုယ့်ဘ၀နဲ့ ကိုယ်

ဒီအတွက်....... ဒါဟာ ၀မ်းနည်းစရာလည်း မဟုတ်ဘူး
ဝမ်းသာ စရာလည်း မမည်ဘူး
အနာဂတ်ဟာ လက်ထဲမှာ မရှိသေးတာကြောင့်
ခင်ဗျားနဲ့ ကျွန်တော် တစိမ်းတွေလို ပဲမြင်နေကြဦးမယ်

ဒီကဗျာကို ဖတ်တဲ့အခါ
ပြောချင်စရာတွေ ရှိလာလိမ့်မယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော



Friday, December 5, 2008

ကျွန်တော် ငယ်ငယ်တုန်းကတည်းက ဘ၀မှာ ကြောက်ရမယ့် သူတွေရှိနေခဲ့ရတယ်။ အသက်ကြီးလာတဲ့ အခါလည်း ကြောက်နေရတဲ့ အရာတွေ ရှိနေခဲ့တုန်းပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မပြည့်စုံမှု ၊ အတွေ့အကြုံ မရင့်ကျက်မှု တွေနဲ့လည်း သက်ဆိုင်ချင် သက်ဆိုင်ပါလိမ့်မယ်။

ကလေးအရွယ်တုန်းက ကျွန်တော်တို့နဲ့ ၃ လမ်းကျော် အကွာက ညွှန့်ဝင်းထွန်း ၊ ဘဲဥ ၊ ကျော်မိုး ဆိုတဲ့ ကလေးတအုပ်နေကြတယ်။ တခြားနာမည်တွေတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် အမေက ငယ်ငယ်တုန်းက အသုပ်ဆိုင်လေး ဖွင့်ရောင်းတော့ မနက်တိုင်း ၊ ညနေတိုင်း ခေါက်ဆွဲတွေကို ဈေးမှာ သွားဝယ်ရတယ်။ ဈေးကလည်း ကျွန်တော်တို့နဲ့ မဝေးပေမယ့် ဈေးကိုသွားမယ့် လမ်းမှာ အဲဒီကလေး တစ်အုပ်နေထိုင်ကြတယ်။ သူတို့က ကျွန်တော့်ကို တွေ့တိုင်း လမ်းမှာ ပိတ်ပြီး စကြ နောက်ပြောင်ကြတယ်။ ကျွန်တော်ကလည်း ကလေးကလေး ချင်းတောင် လူကောင်က ပိုသေးတော့ သူတို့အတွက် အနိင်ကျင့်စရာ ၊ စချင်နောက်ချင် စရာဖြစ်နေတော့တာပေါ့။

သူတို့က ကျွန်တော်သွားမယ့် လမ်းမှာ ပိတ်ပြီးရပ်တယ် ၊ ပြီးရင် လက်နဲ့ တွန်းထိုးလုပ်တယ် ၊ တခါတလေဆို ဘောင်းဘီကို ဆွဲချွတ်တာတို့ ၊ လက်ထဲက အမေ၀ယ်ခိုင်းလိုက်တဲ့ ခေါက်ဆွဲထုပ်ကို ယူပြေးတာတို့ လုပ်တက်ကြတယ်။ ကျွန်တော့်မှာ ရှက်ကလည်း ရှက် ၊ ဒေါသကလည်း ထွက် ၊ အမေကလည်း နောက်ကျလို့ ဆူမှာကို တွေးပြီး ကြောက်နေရသလို ၊ ဒီကောင်တွေကို ပြန်ပြောရင်လည်း သူတို့က လူကောင်လည်း ကြီးတဲ့ အပြင် ၊ လူအုပ်ကလည်း များတာကြောင့် ၊ နောင်လည်း အမြဲတမ်းတွေ့နေရမှာ ဆိုတော့ ကျွန်တော်မှာ ပြန်လည်း မပြောရဲ ၊ သူတို့လုပ်သမျှ ငြိမ်ခံနေရခဲ့ရတယ်။ ဖြစ်နိင်ရင် အဲဒီကောင်တွေ နေတဲ့လမ်းက ကျွန်တော် မသွားချင်ဘူး။ တက်နိင်သမျှ ရှောင်ရှားခဲ့တယ်။ နောက်ပြီး အမေက ရန်မဖြစ်ရဘူး ၊ ရန်မဖြစ်၇ဘူးလို့ အမြဲတမ်း မှာထားတာ မဟုတ်လား ။ အခုတော့ သူတို့ကို ကျွန်တော် မကြောက်တော့ပါဘူး။ ကြောက်တယ်ဆိုတာထက် ကိုယ်အသားနာခံရမှာမို့ စိတ်ကို ထိန်းခဲ့ရတာပါ။ သူတို့ကလည်း အခုတော့ လူလတ်ပိုင်း အရွယ်တွေရောက်လို့ ကိုယ့်လုပ်စရာ ရှိတဲ့ အလုပ်တွေကိုယ်စီနဲ့။ လမ်းမှာတွေ့ရင် ရီပြနုတ်ဆက်ကြနဲ့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ သူတို့လူစုကို ကျွန်တော်ကြောက်ခဲ့ရတယ်။




နောက်တစုကတော့ လမ်းထိပ်က လူစု။ သူတို့လည်း အတူတူပဲ ။ သူတို့လူစုက အကောင်ပိုကြီးတယ်။ လူအုပ်လည်း တောင့်တယ်။ ရပ်ကွက်ထဲမှာ သူတို့က ကလေးချင်းမပြောနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ လူငယ်တွေကိုတောင် အုပ်စုလိုက် ရိုက်ပစ်တာ ၊ ထိုးပစ်တာတွေ လုပ်တက်ကြတယ်။ ကျွန်တော်က အဲဒီလူစု ၂ စုတည်ရှိတဲ့ အလယ်မှာ နေရတဲ့လူ။ ဒါပေမယ့် လမ်းထိပ်က လူစုထဲမှာ ကျွန်တော်နဲ့ အမျိုးတော်တဲ့ သူရချို ဆိုတဲ့ သူပါတော့ ကျွန်တော်က သိပ်တော့ အဖြဲမခံရဘူးပေါ့။ ဒီကောင်နဲ့ကလည်း ကျောင်းက စာသင်ခန်းမှာ အတူတူထိုင်တာကြောင့် အေးရာအေးကြောင်းပါပဲ။ သူတို့လူစုက ဘဲဥတို့ လူစုထက် ပိုက်ဆံချမ်းသာကြတယ်။ ဖြစ်လာလိုက်ရင် မိဘက ပိုက်ဆံနဲ့ ရှင်းပေးနေကြဆိုတော့ အငြိမ်းပဲပေါ့။ ကံဆိုးတာကတော့ သူတို့တွေက အခုထိ ရပ်ကွက်ထဲမှာ အရက်သောက်လိုက် ၊ မိန်းမကိစ္စကြောင်လိုက်နဲ့ပဲ အခုထိ အချိန်ကုန်နေတုန်း။



နောက်တခု ကျွန်တော်ကြောက်ခဲ့ရတာက ၄ တန်းတုန်းက ကျောင်းမှာပါ။ သူ့နာမည်က တင်မိုး။ သူ့အဖေက ဆိုက်ကားနင်းပါတယ်။ ဒီတော့ သူကလည်း အားရင်အားသလို နင်းတော့ ဆိုက်ကားနင်းတော်တော် ကျွမ်းတယ်။ ပုံဆွဲလည်း အရမ်းတော်တယ်။ ကျွန်တော်တောင် ကြီးလာရင် ပန်းချီဆွဲစားလို့ မျက်နှာရလို ရငြားပြောဖူးတယ်။ သူ့ကိုကြောက်တာက ဒီကောင်က စရိုက်အရမ်းကြမ်းတယ်။ အခန်းထဲမှာ သူနဲ့ အခန့်မသင့်လို့ ရန်ဖြစ်ပြီဆိုတာနဲ့ အဲဒီဖြစ်တဲ့ကောင် မျက်လုံးညိုချင်ညို ၊ မညိုချင် တစ်နေရာရာမှာတော့ သွေးထွက်သွားအောင် သူက လုပ်ပစ်တက်တယ်။ တင်မိုးနဲ့တော့ ရန်မဖြစ်ဘူးပါဘူး။ ကျွန်တော်ကလည်း ရှောင်တာကိုး။ နောက်တခုက ကျွန်တော်က ဘောလုံးနည်းနည်းပါးပါး ကန်တက်တော့ သူက ကလေးချင်း ပိုက်ဆံကြေး ကန်ရင် ကျွန်တော့်ကို ခေါ်ခေါ်ကန်တယ်။ အခုတော့ တင်မိုးလည်း ဘယ်ဆီရောက်လို့ ရောက်နေမှန်း မသိတော့ပါဘူး။ တခါတလေ ရပ်ကွက်ထဲမှာ ဆိုက်ကားတစ်စီးနဲ့ တွေ့ရတက်တယ်။ သူက ကျွန်တော့်ကို မမှတ်မိပေမယ့် ကျွန်တော်ကတော့ သူ့ကို ကောင်းကောင်းသိတယ်။ သူကို ကျွန်တော်က ကြောက်ခဲ့ဖူးတာကိုး။

ဒါနဲ့ မူလတန်းအောင်လို့ ၊ အခြေခံပညာအထက်တန်းကျောင်းကို တက်ရပြီပေါ့။ တင်မိုးနဲ့ လွတ်ပေမယ့် ရပ်ကွက်ထဲက ကောင်တွေနဲ့တော့ အလိုက်သင့်ပေါင်းနေရတုန်းပါပဲ။ တင်မိုးရန်က လွတ်လို့ တော်တော်ပျော်ရွှင်ခဲ့ရတဲ့ ကျွန်တော်ဟာ သိပ်မကြာခင်မှာပဲ ဒုတိယတင်မိုးကို တွေ့ရတော့တာပါပဲ။ သူတို့က တင်မိုးထက် လူကောင်လည်း ကြီးတယ် ၊ စရိုက်ကလည်း ကြမ်းတယ် ၊ စာမေးပွဲကို ၁ တန်းကို ၂ နှစ်ဖြေပြီး အောင်နေကြတာ။ နာမည်တွေက ဇေကြီး နဲ့ ညီညီထွန်း။ ရိုသေမှုအရဆိုရင်တော့ ကိုဇေကြီး ၊ ကိုညီညီ ပေါ့။ သူတို့က အတန်းက မော်နီတာတွေပါ။



သူတို့ကတော့ ကျွန်တော်တို့ကို ပေါ်တင်ကြီး အနိင်ကျင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတန်းပိုင်ဆရာမက အတန်းကို ငြိမ်အောင်လုပ်ထားဆိုပြီး အပ်ထားခဲ့လို့ကတော့ သေဖို့သာပြင်ထားပဲ။ သူတို့လက်ထဲမှာ လမ်းထဲက ရေပိုက်ထည့်တဲ့ ၁ ပေကျော်ကျော် ပိုက်ကြိုး အပြက်တွေ ရှိတယ်။ အဲဒီအပြက်တွေနဲ့ စကားများနေတာတို့ ၊ လှုပ်လှုပ်ရွရွလုပ်နေတာတို့ ဆိုရင် ရိုက်တာတို့ ၊ ကောက်ပေါက်တာတို့ လုပ်တက်တယ်။ သူ့ကို ဆရာမအပ်သွားပြီဆို အကုန်လုံးက မှောက်အိပ်နေရတယ်။ အသံလည်း မထွက်ရဘူး။ တခါ ကောင်မလေးတစ်ယောက်။ သူက ကျောင်းပြောင်းလာတာ။ အခြေအနေမသိပဲ စကားထများလို့ ဇေကြီးက အသစ်ဆိုတော့ ထဟောက်တာပေါ့။ စကားမများနဲ့ ပြောနေတာ မကြားလားဆိုတော့ ဟိုကောင်မလေးကလည်း မခံဘူး။ ဘာဖြစ်လဲ များတာ ၊ နင်အပူပါလားလည်း ဆိုရော မောင်ဇေကြီးခဗျာ အာလုံးရှေ့မှာ မိန်းခလေးက သူ့ကို ပြန်ပြောရမလားဆိုပြီး သူနဲ့နီးစပ်တဲ့ ခုံပေါ်က စတီးထမင်းချိုင့်နဲ့ မျက်နှာကို ကောက်ပေါက်လိုက်တာ ၊ တော်သေးတယ်ဗျာ ဟိုကလေးမက သိုင်းတက်တယ်နဲ့ တူတယ်။ မျက်နှာနားက ပွတ်ပြီး ထွက်သွားတယ်။

ထိများ ထိလိုက်လို့ကတော့ ဟက်တက်ပဲ။ တသက်လုံး အမာရွက် ဖြစ်ကျန်ခဲ့မယ် အခြေအနေမျိုး။ ဒါနဲ့ ဟိုကလေးမလည်း ကြောက်လန့်ပြီး ဆရာမသွားတိုင်တာ။ ဆရာမလည်း ဇေကြီးကို အပြစ်ပေးတာပေါ့။ ၂ ပင်လိမ် ကြိမ်လုံးနဲ့ကို ရိုက်တာ။ အဲဒီရိုက်ပြီးကတည်းက ပိုဆိုးလာလိုက်တာ သူတို့ကျောင်းထွက်သွားမှ သက်ပြင်းချနိင်တော့တယ်။ မနက်ဆို ကျောင်းမှာ သူတို့နဲ့ တွေ့ရမှာ တော်တော်ကို ကြောက်တာ။ အဲဒီတုန်းကတော့ တတန်းလုံး ကြောက်နေရတာပါ။ သူတို့သတင်းကတော့ ဘာမှ မကြားရတော့ပါဘူး။ စိတ်ထဲမှာတော့ မဟုတ်မခံစိတ်ရှိနေပေမယ့် အခုအခြေအနေတွေက မဟုတ်လည်း ကိုယ်ပဲ ခံရမှာဆိုတော့ ငြိမ်နေရတယ်။ တခါတလေ ယောင်္ကျားလေးကို ကိုယ်တစ်ယောက်တည်း မွေးပေးတဲ့ အဖေနဲ့အမေကို စိတ်တိုချင်တယ်။ တစ်ချို့ဆို အစ်ကိုဖြစ်ရင် ညီကကူ ၊ ညီဖြစ်ရင် အစ်ကိုက ကူနဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်း။

နောက်တခု ကြောက်တာက စာအုပ်ကိစ္စ။ ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းမဟုတ်တောင် အဖေက မောင်နှမတွေအတွက် တစ်ယောက်ကို မုန့်ဖိုး ၂ ကျပ် ဆီပေးလေ့ရှိတယ်။ အခုခေတ်နဲ့တော့ ၂ ကျပ်ဆိုတာ တော်တော် ရီဖို့ကောင်းမှာ သေချာသလောက်ပဲ။ အဲဒီတုန်းက စာအုပ်အငှားဆိုင်မှာ နောက်ဆုံးလမှ ထွက်တဲ့ ကာတွန်းဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် အများဆုံး ၅ ကျပ်ပဲပေးရတယ်။ ၁ ရက်ငှားခပေါ့။ အိမ်မှာ စာဖတ်ဝါသနာ ပါသူက ကျွန်တော်တစ်ယောက်တည်း ရှိတာကြောင့် ကိုယ်တစ်ယောက်တည်း စာအုပ်ဖိုး ပေးလိုက်ရတဲ့ ငွေဟာ ၊ ကိုယ့်အတွက် စားစရာ မကျန်တော့တာကြောင့် အမြဲပဲ စာအုပ်အပ်ခါနီးတိုင်း ဒုက္ခရောက်ရတယ်။ ကလေးဆိုတော့ တခါတလေ စားစရာဝယ်စားလိုက်ရင် စာအုပ်မအပ်နိင်တော့တာကြောင့် ငွေတိုးချေးထားတဲ့ အတိုင်းပဲ ရက်ကျော်ခတွေပါ ပေးရကာ နောက်ဆုံး ၂ ကျပ်တန် စာအုပ်ခဟာ ၅ ရက်လောက်နေမှ အဖေ့ကို ပြောဖြစ်တော့ ၁၀ ဖြစ်လို့။

၃ ၊ ၄ ရက်လောက် စာအုပ်မအပ်နိင်တော့ပြီဆိုရင် ကျွန်တော့်မှာ မျက်နှာက ငိုချင် သလိုလို ဖြစ်နေပါပြီ။ စာအုပ်ဆိုင်က လာတိုင်မှာလည်း ကြောက်ရသေးတယ်။ တခါတလေ စည်းကမ်း မရှိလို့ ပျောက်သွားခဲ့ပြီ ဆိုရင် ၅၀ မျိုး ၊ ၁၀၀ မျိုးလျှော်ရတာဆိုတော့ အဖေ့ကိုလည်း မပြောပြရဲဘူး။ ဒီတော့ စာအုပ်က ဖတ်ချင် ၊ စာအုပ်ငှားဖတ်ရင် ဖြစ်လာမယ့် ပြဿာနာတွေကို တွေးပြီး ကြောက်မိတယ်။

အရွယ်ရောက်လာတော့ ကိုယ်ရတဲ့ လခလေးနဲ့ စာအုပ်တွေ ငှားရုံတင် မဟုတ်ဘဲ အပိုင်ကို ၀ယ်လိုက်တော့တယ်။ အများဆုံး ၀ယ်ဖြစ်တာက ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေပါ။ ဒါတွေအားလုံးက ငယ်ငယ်တုန်းက ရှိခဲ့တဲ့ အကြောက်တရားတွေပေါ့။ အခုတော့လည်း ပြန်တွေးကြည့်ရင် ပြုံးမိတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော် တကယ်ကြောက်ခဲ့ရတယ်။ နောက်တခါ အချိန်ရရင် ကြီးလာတော့ ကြောက်ရမယ့် အဖြစ်တွေကို ရေးပါဦးမယ်။

စာဖတ်သူအား အစဉ်လေးစား ၊ ကျေးဇူးတင်လျက်

Thursday, December 4, 2008




Date Of Birth - June 14 , 1928
Place Of Birth - Rosario , Argentina
Date Of Death - 1967 Oct ( 9 )
Place Of Death - La Higuera , Bolivia
Religion - Atheist



သူက ကဗျာကိုလည်း အရူးအမူး စွဲလန်းခဲ့ပါသည်။ “ ပက်ဘလိုနီရူဒါ ” ၏ ကဗျာများအား အာဂုံဆောင် နိင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းများကိုလည်း လေ့လာခွင့်ရခဲ့၏။

၁၉၄၇ ခုနှစ်တွင် သူသည် “ ဗွေနိဇာရီး ” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစ်စီးနှင့် လက်တင် အမေရိကတိုက်တလွှား ခရီးနှင်ခဲ့ကြသည်။ ချီလီသို့လည်း ရောက်၏။ ၄င်းမှတဆင့် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ၊ ထိုမှ ဗင်နီဇွဲလား....။ ထိုသို့ လည်ပတ်ရင်းဖြင့် ထိုခရီးစဉ်မှ သူသည် လက်တင် အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ရသည်။ ထိုအကြောင်းကိုလည်း သူကိုယ်တိုင် စာပြန်ရေးသားခဲ့သည်။ “ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ ” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ အစတွင် စပိန်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အား မှီး၍ ရုပ်ရှင်ပြန်ရိုက်ခဲ့ကြသည်။


၁၉၅၃ ခုနှစ်တွင် အာဂျင်တီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်တီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီရူး ၊ အီကွေဒေါ ၊ ပနားမား ၊ ကော်စတာရီကာ ၊ နီကာရာဂွား ၊ ဟွန်ဒူးရပ်စ် ၊ အဲလ်ဘာလဗာဒို ၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်ရှိလာခဲ့သည်။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့ရာမှ ပေါင်းသင်းမိကြတော့သည်။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ ဂျေ ” ရဲဘော်များဟု ခေါ်ကြသည်။ သူတို့လူစုကား ကျူးဘား အာဏာရှင် “ ဖူလ်ဂျင်စီယို ဘာတစ္စတာ ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ ကက်စထရိုတို့နှင့် ပင် သူစစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှုးကြီးဟောင်းတစ်ဦး ၊ သင်တန်းမှုး ဗိုလ်မှုးကြီးဟောင်း “ အယ်ဘာတိုဘေးယို ” က သူ့အပေါ် မှတ်ချက်ပြု၏။

“ သူသည် သင်တန်းသားများ အားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည် ”





၁၉၅၆ ခုနှစ် နိဝင်ဘာလ ( ၂ ) ၇က်နေ့တွင် “ ၂၆ ဂျေ ” ရဲဘော်များနှင့် အတူ သူသည် ကျူးဘားနိင်ငံသို့ ၀င်ခဲ့ကြသည်။ Granma အမည်ရှိ မော်တော်ငယ် တစီးနှင့် မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ခဲ့ကြသည်။ စုစုပေါင်း အင်အားက ရဲဘော်ရှစ်ကျိပ်နှင့် တစ်ယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ မကြာမီပင် ကျူးဘား အာဏာရှင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ရလဒ်က မကောင်းခဲ့။ သူတို့ဘက်မှ ရဲဘော် ( ၉၆ ) ယောက် ကျဆုံးကုန်၏။ သူ ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ( ၁၂ ) ယောက်သာ အသက်ရှင် ကျန်ခဲ့ကြသည်။ အငတ်ငတ် အပြက်ပြက်နှင့် ကြံခင်းထဲတွင် ပုန်းနေခဲ့ကြရသည်။ အဟာရအတွက် ကြံများကို စုတ်ရင်းသာ ဖြည့်နေခဲ့ကြရသည်။ ရက်သတ္တပတ်ခန့်ကြာ၏။ ထို့နောက် အာဏာရှင်အား သူတို့ပြန်တိုက်ကြပြန်သည်။ မောင်းပြန်ရိုင်ဖယ် ( ၁၂ ) လက် ၊ လူက ( ၁၂ ) ယောက်။



Granma သေဘာၤ




မက္ကဆီကိုမှ ကျူးဘားသို့ သဘောင်္နှင့်ချီတက်ရာ လမ်းကြောင်း

ကျူးဘားနိင်ငံ “ ဆီအဲယားမေထရာ ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောင်၏။ သူပုန်စခန်း ဖွင့်၏။ သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်ခဲ့ကြသည်။ စာသင်ကျောင်းများ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှ ကိုင်ရင်း လူထုအား ဆေးကုသခွင့် ရခဲ့၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကုသ၏။ ထိုအခါ တဖြည်းဖြည်း လုထုမှ ထောက်ခံလာခဲ့သည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းသဖွယ် အားနှင့် မာန်နှင့် ၊ နောက်ဆုံး နောက်ဆုံးတော့ ကျူးဘား အာဏာရှင် အစိုးရ အရှုံးပေးခဲ့ရသည်။

ကျူးဘား တော်လှန်ရေးတွင် ကျူးဘား မဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်။ ကျူးဘားနိင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာ အပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိင်ငံသုံး ငွေစက္ကူအပေါ်၌ သူ့လက်မှတ် ထိုးပေးရ၏။ ထိုစဉ်က GATT ( ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက် အဖွဲ့ ) အစသည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ ၊ ပြောက်ကျား ယူနီဖောင်းနှင့်။

၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ ဒါကို အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နုကလီးယားစစ်ပွဲများ ဖြစ်လာမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်နေခဲ့သည်။

၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ် ၊ အီဂျစ် ၊ အယ်ဂျီရီယား ၊ ဂါနာ ၊ ဂီနီ ၊ မာလီ ၊ ဒါဟိုမီ ၊ ကွန်ဂို ၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိင်ငံများသို့ ။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရားအရတွင် “ မော် ” တို့နှင့် တူ၏။ ထိုခံယူချက်နှင့်ပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင် တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ခဲ့ကြသည်။ ထိုအခါ သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုတို့က မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက ခရူးရှော့ နှင့် နီးစပ်သူ။ ခရီးစဉ်အားလုံးပြီးတော့ သူ “ ဟားဗားနား ” သို့ပြန်ရောက်၏။ ထိုနောက်ပိုင်း ဖီဒယ်ညီအစ်ကိုနှင့် သူ၏ ဆက်ဆံရေးက အေးစက်စက် မာကြောကြော။



ရောလ်ကက်စရို နှင့် ချေ

သိပ်မကြာမီပင် သူကျူးဘားမှ ပျောက်ကွယ်သွားခဲ့တော့၏။ အားလုံး...............အားလုံး......အားလုံးအား စွန့်လွှတ်၍။ အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်းသို့ သူသေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိကတောနက်ကြီး အတွင်း ပြောက်ကျားစစ် ဆင်နေတော့သည်။ ထိုအခါ ရာသီဥတုက ဆိုးလာသည့် အတွက်ကြောင့် သူ့ပန်းနာရင်ကျပ် ဝေဒနာက ဆိုးလာသည်။ ထိုအခါက သူ့အသက်မှာ ( ၃၈ )။ ထိုရောဂါကြောင့် သူအနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ ” အား ရေးသားခဲ့သည်။ အကြောင်းကတော့ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။





ဖီဒယ်ကက်စထရို

ထို့နောက် သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီးဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် ( ၁၇ ) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၇ ) ရက်နေ့တွက် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိင်ငံ ယူဂို ( ချူရီ ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့်.....

တခါ ချောင်းရိုးငယ်အား ဖြတ်သန်းနေစဉ် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီး အကျအဆုံးများခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ အခြေအနေက ဆုတ်မရ ၊ တက်မရ။ နောက်ဆုံးတော့ သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။





၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၉ ) ရက်နေ့။ ဘိုလီးဗီးယားနိင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ ဗယ်လီဂရန်ဒေမြို့ ” လေယာဉ်ကွင်းငယ် အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတစ်ဦးအား နောက်ပြန် လက်ထိပ်ခက်၍ ထားသည်။ ထိုသုံ့ပန်းကလည်း စစ်သားများ ရှေ့တွင် မတ်မတ်ရပ်၍ နေနေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်းကလည်း စူးရှသော မျက်လုံးများနှင့် စစ်သားများကို ကြည့်နေသည်။ ထို့နောက် အမိန့်သံ ထွက်ပေါ်လာ၏။

“ ပစ်.................................”

ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်း အနီး မွှန်၍ နေသည်။ စစ်သုံ့ပန်းသည် တဖြည်းဖြည်း ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ကိုယ်အနှံမှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့် တိုက်၍ ဖြတ်ကြ၏။ ထို့နောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။



မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယား အစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။

၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၁၅ ) ရက်


ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများ အတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိင် ။

သူ.......................။ သူ.............................................

“ Ernesto "Che" Guevara ” သို့မဟုတ် “ ချေ ”



“ ချေ ”ဆိုသည်မှာ ....စပိန် ဘာသာအရ “ ရဲဘော် ၊ ရဲဘက် ” ဖြစ်ပါသည်။

ရွှေအိမ်စည်


နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း လူသာသေ၍ နာမည်မသေခဲ့သော် ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော် “ ချေဂွေဗားရား ” အကြောင်းအား အားကျ အတုယူစေနိင်ရန် ၊ အတိုချုပ် ပြန်လည် ရိုက်နှိပ်၍ ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက် ။ အထက်ပါ ပုံများသည် စာအုပ်တွင် မပါသောကြောင့် ဂူဂယ်မှ ရှာဖွေ၍ တင်ထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ဆွဲချင်ပါသော်လည်း မဖြစ်နိင်၍ ရှာဖွေထားခြင်းသာ ဖြစ်ကြောင်း ၊ ပရိုက်ဗေစီ ညှိလျှင်လည်း လည်စင်းခံမည် ဖြစ်ပါကြောင်း ၊ စာရိုက်ရ၍ လက်လည်း ညောင်းမိသည်။ သို့သော် အချိန်ပိုနေသည် ဖြစ်၍ ဗဟုသုတရစေရန် ဘလော့ဂ်ဂါ ဟင်းအိုးကြီးထဲသို ပေါင်းထည့်လိုက်ပါသည်။း)

Wednesday, December 3, 2008



သူကျဆုံးခဲ့သည် ၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့မှ ၊ ဒီနေ့ထိဆို နှစ်ပေါင်း ( ၄၁ ) နှစ် ရှိလေပြီ။ သူကား ဆရာဝန်တစ်ဦး။ သို့သော် မောင်ပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

“ လူတစ်ယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲအစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ် ”

ဟု သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီ ( ၁ ) ရက်နေ့က ကျူးဘားနိင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်း ဖြစ်ပါသည်။

၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်ကား အတည်ပြုနိင်သည်က အောက်တိုဘာလ ( ၁၅ ) ရက်နေ့ ဖြစ်သည်။ ကျူးဘား သမ္မတ ရဲဘော်ကြီး ဖီဒယ် ကတ်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ ယူလာခဲ့သည် လက်မောင်ရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်း ဖြစ်သည်။ သူ၏ အလောင်းကိုမှု မတွေ့ခဲ့ကြရ။ နှစ်ပေါင်း ( ၃၀ ) အထိ ပျောက်ဆုံးနေခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ( ၁၂ ) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော် ရရှိခဲ့သည်။

ဘိုးလီးဗီးယားနိင်ငံ “ ဗယ်ရီဂရန်ဒေသ ” လေယာဉ်ကွင်းငယ်လေး အနီး၌ ကျင်းငယ်လေး တစ်ခုအတွင်း ရုပ်အလောင်း အရိုးစု ( ၇ ) စုအား တွေ့ရ၏။ အရိုးစု အမှတ် ( ၂ )က လက်မောင်းရင်းမှ နေ၍ တိုက်ဖြက်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ DNA စစ်ဆေးမှုပြ၍ သူဖြစ်ကြောင်းကို အတည်ပြုနိင်ခဲ့ကြသည်။ ထိုကြောင့် နှစ်ပေါင်း (၃၀) ကျော်ကြာမှပင် ကျူးဘားနိင်ငံ “ ဆန်တာကလာရာမြို့” ရှိသူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့သည်။

သူနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်၏ မှတ်ချက် အမြင်များ


“ ကျနော်တို့ခေတ်ရဲ့ အပြီးပြည့်စုံဆုံး လူသား ”

ယန်ပေါဆက် ( ပြင်သစ်တွေးခေါ် ပညာရှင် )

“ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု၏ သင်္ကေတ တခု ”

အမေရိကန်ပြည်ထောင်စု ( မေရီလင်း အင်စတီကျု )

“ သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ ၊ သူရဲ့ စိတ်ဓာတ် ၊ သူ့ရဲ့ကြံခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အား ထက်သန်မှုတွေကို ထားရစ်ခဲ့တာ ဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာ ဖြစ်တယ် ”

ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရို





ဘ၀ဇာတ်ကြောင်း

သူ့အား အာဂျင်တီးနား နိင်ငံ၏ မြို့တော် “ ဗွေနိုဇာရီမြို့ ” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ ရိုစာရီယိုမြို့ ” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယိုမြို့ ” က “ ပါရာနာ ” မြစ်၏ မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိခဲ့သည့်မြို့ ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေပါသည်။ ၁၉၂၈ ခုနှစ် ဇွန် ( ၁၄ ) ရက်တွင် နေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ( ၅ ) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး မိခင်နာမည်က စီလီယာ ဆာနာဖြစ်ပါသည်။ သူကား ငယ်စဉ်က ကျန်းမာရေး ချူချာ၏။ ပန်းနာ ရင်ကြပ်သည် တစ်ဦးလည်း ဖြစ်သည်။ ရာသီဥတုအေးလျှင် ပန်းနာဝေဒနာက ထထဖောက်တက်သည်။

သို့သော် အားကစားဖက်တွင် ထူးချွန်ခဲ့သည်။ “ ရဂ္ဂဘီပွဲ ” များတွင် ခပ်ကြမ်းကြမ်း ကစားတက်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်းတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ တဖက်တွင်လည်း ငယ်စဉ်ကပင် စာအုပ်ပုံ အကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ သူ့ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ “ ဂျက်လန်ဒန် ” “ ဂျုးလဘန်း ” “ ဆစ်ဂမန်ဖရိုက် ” “ ဘာထရန်ရပ်ဆဲလ် ” အစရှိသည့် စာရေးဆရာတို့၏ စာအုပ်များအား ငယ်စဉ်ကပင် ဖတ်မှတ်ခဲ့ရသည်။

ဆက်ရန် ။

Tuesday, December 2, 2008


ကမ္ဘာကြီးမှာ ၊ မြန်မာနိင်ငံမှာ လူသားတိုင်း လူသားတိုင်း ပညာတွေ သင်နေကြတယ်။ အသက်အရွယ်အလိုက် ၊ ကိုယ်နေရတဲ့ နေရာအလိုက် ၊ ကိုယ်တက်နိင်တဲ့ အနေအထား မျိုးစုံနဲ့ ၊ ဟိုနိင်ငံက ကျောင်းသားက ဒီနိင်ငံမှာ ပညာသင် ၊ ဒီနိင်ငံက ကျောင်းသားက ဟိုနိင်ငံမှာ ပညာသင် ၊ ပညာတွေကို နည်းမျိုးစုံနဲ့ တက်နိင်သလို သင်ကြတယ်။ ဒါဟာ သိပ်ကို ကောင်းတဲ့ အချက်ပါ။ လူဆိုး ၊ လူမိုက်တွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးထက် လူပညာရှိတွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးက ပိုကောင်းတယ် မဟုတ်လား။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိင်ငံမှာပေါ့။ ဘွဲ့ရတယ် ၊ ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်လို့ အဆင်ပြေသွားတာ ရှိတယ်။ မပြေတာတွေ ရှိတယ်။ ကိုယ်သင်ခဲ့ရတဲ့ ဘာသာဟာ လက်တွေ့မှာ အသုံးတည့်နေတယ် ဆိုရင်တော့ ဒီလူ့အတွက်ကတော့ နောင်ရေးအတွက် စိတ်ပူစရာ မရှိပါဘူး။ တစ်ချို့တွေကြတော့ ကျောင်းပြီးပေမယ့် လုပ်ကိုင်တော့ တခြားအလုပ်အကိုင်တွေလုပ်လို့။ ကိုယ့်နိင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့လည်း သက်ဆိုင်မှာပေါ့။ ထားပါတော့ ပြောချင်တာ ဒီအကြောင်းတော့ မဟုတ်ပါဘူး။

အဘိုးတွေ အဘွားတွေခေတ်က ပြောကြတယ်။ ရွာဘက်တွေ နယ်ဘက်တွေမှာဆိုရင် “ လုပ်မနေပါနဲ့....သေစာ ရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့ကွာ ” တဲ့။ “ မင်းသားသမီးတွေက ဒီပညာနဲ့ လုပ်စားမှာလည်း မဟုတ်ဘူး ” အချိန်တန် ကြီးလာတော့ ငါတို့လို လယ်သမားဖြစ်မှာ ၊ ဘာဖြစ်မှာ ညာဖြစ်မှာနဲ့ ” ပြောဆိုကြတယ်။ တကယ်ပဲ အခုလက်ရှိ ဘ၀မှာလည်း ရှိပါသေးတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဧရာဝတီတိုင်း ရွာဘက်တွေမှာ ဆိုရင် ကလေးအရွယ်ရောက်ရင် ကျောင်းထားတယ် ၊ အသက်ကလေး နည်းနည်းကြီးလာသလို ၊ အတန်းပညာ ၆ တန်း ၇ တန်းလောက်လည်း ရောက်ရော အိမ်က မိဘရဲ့ လက်ငုပ်ရင်း ဖြစ်တဲ့ လယ်ယာ ၊ ကိုင်းကျွန်း အလုပ်တွေ ကူလုပ်ကိုင်ရင်း အဲဒီအတက်ပညာကိုပါ သူတို့ သင်ယူမိသလို ဖြစ်သွားတယ်။

အမှန်ကတော့ ကလေးတွေ အနေနဲ့ သူ့မိဘ စီးပွားရေးကို ကူညီတာ ၊ အိမ်အလုပ် ကူလုပ်တာ ဖြစ်တယ်လို့ ယူဆနိင်ပေမယ့် ၊ တဖက်မှာ ပညာရေးအရ ကြည့်ရင် ညဆို ပင်ပန်းတဲ့ဒဏ်ကြောင့် စောစောအိပ်ပျော်သွားရာကနေ စာမကြည့်ဖြစ်ပဲ ပညာရေးမှာ ပိုမိုဆိုးဝါးလာပါတော့တယ်။ ဒီတော့ နောက်ဆုံး မိဘအလုပ်ကို ကူလုပ်ရင်း သူတို့လည်း မိဘရဲ့ အမွေကို ခံယူသွားကြတာ များပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ဘယ်သူမှာ အပြစ်ပြောရမှန်းတောင် မသိတော့ပါဘူး။


ကျွန်တော်တို့ ပညာတွေသင်ကြတယ်။ ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူကြတယ်။ တဖက်ကလည်း ဒီပလိုမာတွေ ၊ ဘာသာစကားတွေ အမျိုးမျိုး အစုံစုံနဲ့။ တစ်ချို့ကျတော့ ပညာတွေတက်တော့ ဘာဖြစ်လည်း ။ ပညာတက်တာ ထမင်းစားရလို့လား။ လောကမှာ ငွေရှိဖို့ပဲကွာ။ သေစာရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့။ ကိုယ့်အပေါ် လူလိမ်တာ မခံရရင်တော်ပြီပေါ့။ ဒီလိုမျိုး ပြောတဲ့လူတွေလည်း ရှိတယ်။ မှန်ပါတယ်။ ပညာတွေ တက်တာနဲ့ လုပ်စားလို့ရတာတွေ ရှိတယ်။ မရတာတွေရှိတယ်။

ဒါပေမယ့် ပညာတွေ တက်တာနဲ့ မတက်တာ ဘာကိုကွာခြားစေသလဲဆိုတော့ “ စဉ်းစားတွေးခေါ်မှုပါ ” ။ ပညာတက်တဲ့ လူက သူ့ဘ၀ ထိခိုက်မှာ သိပ်ကြောက်တယ်။ သူဒုက္ခဖြစ်မယ့် ကိစ္စဆို လှည့်တောင် မကြည့်ဘူး။ ငါဒါလုပ်ရင် ဘာဖြစ်မလဲ ၊ ငါဒီလို ပြောရင် ဘယ်လိုဖြစ်သွားမလဲ ၊ သူ့မှာ ပညာမတက်တဲ့ လူထက် စဉ်းစားတွေးခေါ်မှု ပိုသာသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ လုပ်တဲ့သူကြတော့ မပါဘူးပေါ့ဗျာ။ သူကတော့ အများအကျိုးအတွက် ဆိုကတည်းက မြင့်မြတ်တယ်လို့ကို သက်မှတ်နိင်ပါတယ်။ အသိဥာဏ်နည်းပါးတဲ့ သူ ၊ ( ပညာရေး နိမ့်ပါးတဲ့သူပေါ့ဗျာ ) သူကတော့ သူထင်တာ ၊ သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တာပဲ။ ရှေ့တွေနောက်တွေ မသိဘူး။ သူ့ဆီမှာ လတ်တလော ခံစားနေရတာကို ကြည့်ပြီး သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တယ်။ ဒီတော့ မမှားသင့်တဲ့ အတွေးအခေါ်တွေ မှားပြီး ဒုက္ခပိုရောက်တက်တယ်။

အမေ ငယ်ငယ်တုန်းက ပြောပြောနေတဲ့ ငါတို့ ပေးနိင်တဲ့အချိန် ပညာကို တက်အောင်သင်ကြတဲ့။ ဘာလို့လည်း အမေ။ သား ကျောင်းမတက်ချင်ဘူး။ အိမ်စာလည်း မလုပ်ချင်ဘူး။ ဒါပေမယ့် လိုချင်တာ ၀ယ်ဖို့ ပိုက်ဆံတော့ ရချင်တယ်။ ကလေးအတွေးပါ။ အမေကတော့ ပညာတွေ တက်တော့ င့ါသား “ အရာရာကို စဉ်းစားချင့်ချိန်နိင်တာပေါ့တဲ့ ” ။ အမေပြောတာ မှန်ပါတယ်။ ဒါပေမယ့် လောကကြီးမှာ ပညာတွေ တက်ရဲ့သားနဲ့ ပညာရှိနည်းနဲ့ နှိပ်စက်နေကြတဲ့လူတွေ ၊ ယုတ်မာနေကြတဲ့ လူတွေ ရှိတာတော့ ဘယ်လိုပြောမလဲ အမေလို့ ပြန်မေးချင်မိတယ်။ သူတို့တွေက ပညာတွေ တက်ရဲ့သားနဲ့ မစဉ်းစားပဲ လုပ်ချင်တာ လုပ်တဲ့အခါ ၊ ပညာမတက်တဲ့ လူတွေလုပ်တာထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ အမေကို ဒီတခါပြန်ရင် ပြန်ပြောရဦးမယ်။ ဘာလို့လဲဆိုတော့ အမေက ပညာမတက်ပါဘူး။ အတန်းပညာကို ဘုန်းကြီးကျောင်းမှာပဲ ပြီးခဲ့တာ။ ဒါပေမယ့် သားပညာ တက်ရင်တော့ အမေတက်သလိုပဲ ဖြစ်ရမယ်။ အမေ့မှာ ရှိတဲ့ မေတ္တာတရား ၊ အကြင်နာ တရားနဲ့တင် အမေဘ၀က အရာရာပြည့်စုံနေပါပြီ။

ဒီတခါပြန်ရင်တော့ အမေ့နားမှာ ကပ်ပြီး “ လောကမှာ ပညာတက်ပြီး ၊ လောကကို နှိပ်စက်နေတဲ့ လူတွေရဲ့အကြောင်း ” အမေ့ကိုပြောပြရဦးမယ်။


Monday, December 1, 2008





ဘ၀မှာ သူနဲ့ ပတ်သက်လာလျှင်
ဆွေမျိုးမရှိဘူး ၊ ညီအစ်ကိုမရှိဘူး
သူငယ်ချင်းမရှိဘူး ၊ မိတ်ဆွေ မရှိဘူး
မောင်နှမ မရှိဘူး ၊ တခါတလေဆို အဖေအမေတောင် မရှိချင်ဘူး

သူကလည်း အဲဒီလို မရှိအောင်
သူ့သိက္ခာကို ထိန်းတယ်
သူ့ကြောင့် လူတွေ မျက်ရည်ကျတာကို ကြည့်ပြီး ၀မ်းသာတယ်
သူ့ကြောင့်လူတွေ ပျော်ရွှင်တာကိုကြည့်ပြီးလည်း ၀မ်းနည်းပြန်သေးတယ်

သူ့ကို လွယ်လွယ်ကူကူ မရရှိနိင်ပေမယ့်
သူကတော့ လွယ်လွယ်ကူကူပဲ ဖျက်ဆီးနိင်တဲ့ အစွမ်းရှိတယ်

တုတ်ဆွဲ ၊ ဓါးဆွဲ ၊ သေနတ်ဆွဲ
လက်သီးချင်း ၊ လက်ဝါးချင်း တွေမှာလည်း သူပါတယ်
လောကမှာ သူသာလျှင် အရေးအကြီးဆုံးလို့
သူ့ကိုယ်သူထင်နေတယ်

ဘယ်သူက သူ့ကို လူ့လောကထဲ ခေါ်လာခဲ့တာလဲ
လောကမှာ တစ်စုံတရာကို တန်ဖိုးသတ်မှတ်ဖို့
သူ့ကိုမှ ဘာလို့ ရွေးချယ်ခဲ့ကြရတာလဲ

ကမ္ဘာကြီးမှာ သူ့ကို အိတ်ထဲခေါ်ထားနိင်တဲ့ လူမှန်သမျှ
လုပ်ချင်ရာကို လုပ်ဖို့ သူကခွင့်ပြုထားတယ်
သူ့မှာ တရားတာ ၊ မတရားတာ
သစ္စာရှိတာ ၊ ဖောက်ပြန်တာတွေ မရှိဘူး
သူ.....သူ.....သူ

မပတ်သက်ချင်လည်း ပတ်သက်နေရဦးမယ်
သူနဲ့ မပတ်သက်ရင်လည်း ဘယ်သူမှ ကိုယ်နဲ့လာပြန် ပတ်သက်မှာ မဟုတ်တော့
လောကမှာ သူမရှိရင်ကောင်းမယ်လို့ ဆုတောင်းပေမယ့်
သူဆိုတဲ့ “ ငွေ ” ကိုတော့ ပတ်သက်ရဦးမယ်




Saturday, November 29, 2008

အ....ပူ....သည်



အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်း တစ်ခုမှာပါ....

ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိမ်မက်ထဲက
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်တစ်ကောင်က
တစာစာ အာနေလေရဲ့
အလွမ်းတွေ ဖွာလန်ကျဲလို့.....

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့
သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။

နှလုံးသား တရပ်စာသာမြင့်တဲ့
မျှော်စင့်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်.....

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့ ။ ။



မောင်သိန်းဇော်



စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး “ ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် ” ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


“ အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ ”


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။


Wednesday, November 26, 2008

စာမေးပွဲနီးလာတာနဲ့ ဟိုအရင်လိုတော့ စိတ်တော့ သိပ်မလှုပ်ရှားမိတော့ပါဘူး။ ဒါဆို စာရနေပြီလား ဆိုတော့လည်း စာက ဖြေသာ ဖြေရတော့မှာ စာသင်တာက မပြီးသေးပါဘူး။ ဒီနိင်ငံရဲ့ ပညာရေးစနစ်ကလည်း သူမေးတာကို ဖြေရုံတင် မဟုတ်ဘဲ ၊ ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင် ရသေးတာဆိုတော့ ကိုယ်အဖြေလွှာထဲမှာ အဖြေကို ရေးနိင်ရင်တောင်မှ သူမေးတဲ့အချိန် “ အီး...အီ...အ....အ ” နဲု့ပြာပန်းခက်နေပါတော့တယ်။

လွန်ခဲ့သော် ၆ လလောက်တုန်းက စာမေးပွဲဖြေရတဲ့ ဘာသာတစ်ခုမှာ ထုံးစံအတိုင်း ကျွန်တော်တို့ စာမေးပွဲ ဖြေကြတာပေါ့။ စဖြေတော့ စာရတဲ့ သူတွေကလည်း ထပြီး ဆရာကိုပြ ၊ ဆရာက တခါတည်းမေး ၊ တခါတည်း အအောင်အရှုံးပေးလိုက်တာ။ အဆင့်ပါ အပါအ၀င်ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ရတာရှိသလို မရတာလည်း ရှိတော့ ဟိုလိုလို ဒီလိုလိုနဲ့။ ( စာမှ သိပ်မကြည့်တာ ၊ ဘလော့ဂ်ပဲ ရေးနေတာကိုးလို့ ကိုယ့်ကိုကိုယ် ပြန်ဆုံးမခဲ့ဘူးပါတယ်း( ) ဒါနဲ့ ဘေးနားက ကောင်မလေးက တပုဒ်မှ မရဘူး။ ကျွန်တော့်ကို မျက်နာရိပ် မျက်နှာကဲနဲ့ ။ ဒီအပုဒ်သိလားတဲ့။ ကျွန်တော်လည်း သူပြတဲ့ ပုဒ်စာကို တခါမှ မမြင်ဘူးပါဘူး။ ဒါနဲ့ မသိဘူးပေါ့။ ဒီတော့ ဆရာမက ပါးစပ်က ပွစိပွစိနဲ့ ( စိတ်ထဲက ဆဲနေလားတော့ မသိပါဘူး ) ။

ဒါနဲ့ ဘေးနားက သူတို့လူမျိုးတူ တစ်ယောက်ကို မေးကြည့်တာပေါ့။ မင်းမှာ အဲဒီလို ပုဒ်စာမျိုးပါလားဆိုတော့ ဟိုကလည်း ဆင်တူတော့ ရှိတယ်။ မေးတာတူမှာ မဟုတ်ဘူးတဲ့။ နောက်ဆုံး အဲဒီကောင်လေး ပေးတဲ့ စာရွက်ကို ကြားထဲကနေ ဟိုကောင်မလေးကို ပြန်ပေးပြီး သူ့ဟာသူ သိမှာပါလေဆိုပြီး လွှတ်ထားလိုက်တယ်။

အမယ် တစ်အောင့်နေတော့ ဒင်းက အဖြေလွှာလေးကိုင်ပြီး ဆရာဆီကို မရဲတရဲနဲ့ သွားကပ်တယ်။ ဟိုရောက်တော့ ဆရာက သူဖြေထားတဲ့ အဖြေကို ချပြီး မေးတာပေါ့။ ဘယ်ဟာက ဘာလဲ ၊ ဘာတွေရေးလာလဲ ၊ ဘာတွေ တွက်လာလဲနဲ့။ စာပိုဒ်ပိုင်းက ပြဿာနာ မရှိပေမယ့် အတွက်ပုဒ်စာကြတော့ သူက မတွက်ထားဘူး။ ဒီတော့ ဆရာက မေးလည်း မေးရော။ ဖြုန်းဆို ဆရာမက ငိုမဲ့ ငိုမဲ့ ထလုပ်ပါလေရော။

ကျွန်တော်လည်း စာမဖြေနိင်အားဘူး။ သူတို့ကို ထိုင်ကြည့်နေတာ။ င့ါအလှည့်ကြရင်လည်း ဘာပြောရင် ကောင်းမလဲပေါ့။း) ။ ဒါနဲ့ ဆရာက ဆူပါလေရော။ စာမကြည့်ဘူးလား ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ နင့်ကို အအောင်မပေးနိင်ဘူးလည်း ဆိုရော မျက်ရည်က ကျလာလိုက်တာ။ အော်....သနားပါဒယ်ပေါ့။ ဆရာကလည်း ဆူဖို့မကောင်းပါဘူးဆိုပြီး ထင်နေတုန်း ။ “ အေး....နောက်တခါ စာကြည့်ထား အခု နင့်ကို ၃ မှတ်ပေးလိုက်မယ် ” လည်း ဆိုရော ချက်ချင်းအငိုတိတ် ၊ စောနက မျက်ရည်တွေကြနေတာ သူမဟုတ်တဲ့ အတိုင်းပဲ။ ပြီးတော့ စာအုပ်မှာ လက်မှတ်လည်း ထိုးပြီးရော တလောက လုံးကို အောင်နိင်တဲ့ မျက်နှာပေးနဲ့ ထွက်သွားလိုက်တာဗျာ။

ဒါကြောင့်ပြောတာ စာမေးပွဲနားနီးရင် မိန်းခလေး ဖြစ်သွားချင်တယ်လို့။ ဒါမှ ဆရာက စာလည်း သိပ်မမေး ၊ မေးရင်လည်း မျက်ရည်လေး ၀ဲပြလိုက်ရင် အနိမ့်ဆုံးအောင်မှတ်တော့ ရလို့လေ။ ဒီလိုပြောတော့ ဆရာတွေကို မလေးစားတာကြနေမယ်ဆို ကန်တော့ တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲနီးရင် မိန်းခလေးပဲ ဖြစ်ချင်တယ်။ :D


Tuesday, November 25, 2008

To My Closed Friends



You might be the Best Friends one year ,



Pretty Good Friends the next year ,



Don`t talk that often the next year ,



and Don`t want to talk at all the year after that.


So , i just wanted to say , You are Special to me and you have
made a difference in my life.

Remember , Everyone needs a friend ,




Let Old Friends know , u haven`t forgotten them


Just remember this and take comfort in knowing

Monday, November 24, 2008

ကျွန်တော် ဟိုအရင်တုန်းကတော့ ဘလော့ဂ်မှာ ကဗျာတွေပဲ အဓိကထားပြီး ရေးဖြစ်တယ်။ ဖြစ်ဖြစ်မြောက်မြောက်လား ဆိုတော့လည်း မဟုတ်ပါဘူး။ ကိုယ်စိတ်ထဲမှာ ရှိနေတာလေးတွေ ချရေးကြည့်တာပါ။ အပြင်စာမူတိုက်မှာ ဆိုရင်တော့ သေချာတယ် ၁ ပုဒ်မှ အရွေးခံရမှာ မဟုတ်ဘူး။း) နောက်တဖြည်းဖြည်းနဲ့ ကဗျာတွေ ရေးရုံတင် အားမရပဲ ကိုယ့်ဘ၀အကြောင်းရေး ၊ ဘာသာတွေပြန်ရေး ၊ ကိုယ်တွေး ထားတာလေးတွေရေး ၊ ရုပ်ရှင်အကြောင်း ၊ သီချင်းအကြောင်းရေး ၊ ရေး....ရေး....ရေး နဲ့ နောက်ဆုံး အခု စိတ်ကူးထားတာလေး လုပ်ပါတော့မယ်။

အင်တာနက်မှာ စာအုပ်အလကားတင်ထားတဲ့ ဆိုက်ဒ်တွေမှ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကလည်း အချိန်အားမှ ဘလော့ဂ်တောင် မနည်းရေးနေကြတာဆိုတော့ ဟိုဟိုဒီဒီလျှောက်လည် နိင်ဖို့ကလည်း အချိန်က နည်းပါးလှတယ် မဟုတ်လား။ ကိုယ့်ဘလော့ဂ်က မိတ်ဆွေ အသိုင်းအ၀ိုင်းလေးကိုတောင် အချိန်လုပြီး မနည်းလိုက်လည်နေရတာ ဆိုတော့ စာအုပ်တင်တဲ့ ဆိုက်ဒ်တွေလည်း တစ်ချို့က သိချင် သိကြမယ် ၊ မသိချင် မသိကြပါဘူး။ ဒီတော့ ကျွန်တော်လည်း စိတ်ကူး ရှိတာနဲ့ စာအုပ်လေးတွေ အခါအားလျော်စွာ တင်ဖို့ ဆုံးဖြက်လိုက်ပါတယ်။ ပထမဦးဆုံး အစအနေနဲ့ ယနေ့ခေတ်လူငယ်များကြားမှာ နေရာယူထားသော စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ “ မင်းခိုက်စိုးစန် ” ရဲ့ စာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုက်ဒ်တွေကလည်း သေးတာကြောင့် ဒေါင်းလုပ်ချရာမှာ အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်။ အားလုံးကို ခင်မင်လျက်.......


“ သူတစိမ်း ”

Download



“ ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင် ”

Download


“ စိုမှာဆိုးလို့ မိုးမိတယ် ”

Download


“ ကျွန်တော်နှင့် နမ်မီးဆစ် ”

Download


“ ကလေးအတွေး ”

Download


“ ချောင်းကြည့်တက်သူ တစ်ယောက်ရဲ့ည ”

Download


“ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ ”

Download


“ ခေတ်သစ်တစ်ခု၏ အစ ၊ အဓိပ္ပါယ်များ၏ အဆုံး ”

Download


“ သုည ”

Download



“ ကော်ဖီည ”

Download