Tuesday, January 20, 2009

ထာဝရ ထွက်ခွာခွင့်


ကိုယ် သွားခွင့်ပန်ဖို့
မင်းဆီ အလာမှာ
မင်းမျက်လုံးတွေ ပေါ်က
မယုံကြည်နိင်တဲ့ အပြုံးတစ်ချက်
လှစ်ခနဲ့ ပေါ်လာတယ်
ဒီလို ခဏခဏ လုပ်နေကျမို့
တော်ကြာ....ကိုယ်ပြန်ရောက်လာ ဦးမှာပဲလို့
မင်းက ထင်တယ်။

အမှန်အတိုင်း ပြောရမယ်ဆို
ကိုယ့်စိတ်ထဲမှာလည်း
အလားတူ ဒွိဟ ဖြစ်နေခဲ့တယ်........

အကြောင်းကတော့
နွေဦးနေ့တွေလည်း တစ်ချိန်ပြီး တစ်ချိန်
ပြန်ပြန်ရောက်လာကြတယ်
လပြည့်ဝန်းတွေကလည်း ထွက်ခွာသွားပြီး
နောက်တစ်ခေါက် အလည်ရောက်လာတာပဲ
ပန်းတွေဆို
တစ်ကြိမ်ထပ်ရောက်လာပြီး
ပင်ကိုင်းထက်မှာ....ရှက်သွေးဖြာ နီမြန်းနေကြတာ
တစ်နှစ်ပြီး တစ်နှစ်ပါ။

ဒီတော့ ဘာထူးသေးလဲ
မင်းဆီ ခွင့်ပန်လာတာ
မင်းထံပါးကို
ကိုယ် တစ်ခေါက်ပြန်ရောက် လာဖို့သာ
ဖြစ်နေမလား။

ဒါပေမယ့်
ဟုတ်ယောင်မှုကလေးကို
ခဏတစ်ဖြုတ်တော့ ရှိပါစေဦး။
မညှာမတာ
ချက်ချင်း နှင်မထုတ်လိုက်ပါနဲ့

မင်းဆီကနေ
ကိုယ် ထာဝရ ထွက်ခွာခွင့်ပန်တဲ့အခါ
ဒါကို တကယ့်အမှန်လို့ လက်ခံပါ။

ပြီးတော့
မင်း...မျက်ဝန်းတစ်ဝိုက်မှာ
မျက်ရည်ငွေ့လေးတွေ
ခဏတစ်ဖြုတ်တော့ ပြည့်အိုင်လာကြပါစေ။

အဲ.....
နောက်တစ်ကြိမ်
ကိုယ်...ထပ်ရောက်လာတော့လည်း
မင်းသဘောကျ ကရော်ထိုးပြီး
ပြုံးချင်သလိုသာ ပြုံးလိုက်ပေါ့ ။ ။



8 comments:

ဒေါင်းမင်း said...

ဂွတ်တယ်ဗျာကဗျာလေးတွေ..အသစ်တွေ့လိုအပြေးလာတာ..အမောပြေသွားတယ်

Apprenticeship said...

ဒါဆိုလဲ နုတ်မဆက်နဲ့ပေါ့။ ဝေမျှပေးတာ ကျေးဇူးနော် :) :D အဆင်ပြေပါစေကွာ....

Anonymous said...

ခဏခဏ ခွင့်မပန်နဲ့း) သေချာမှပြောဗျ မဟုတ်၇င် လှောင်စရာတွေ ဖြစ်လာမယ် ။

မမသီရိ said...

ဟေ့....ဒီကဗျာ ဖတ်ရင်း.. သိဖူးပါတယ်...
တဂိုး ရဲ့ ကဗျာ လို ပဲလို့ တွေး နေမိတာ...
နောက် ဆုံးတော့ တဂိုး..ကဗျာ ဖြစ်နေတာကိုး...း)..
တဂိုး ကဗျာတွေ...ကြိုက် လို့ လား...
အကြိုက် တော့ တူ နေပြီ......ကိုစိုးသွန်း ရေ..

poemflower said...

ကောင်းတယ်ကိုဆိုးသွမ်း လန်းတယ်ဗျာ...

လင်းဒီပ said...

တဂိုးအကြိုက်တူတယ်ဟေ့...
ပေါင်းလိုက်ရင် နှစ်ဂိုးပေါ့...:P

sean said...

တဂိုးရဲ့ ကဗျာ အကြိဆုံးပေါ့ဗျာ..လွန်ဃဲ့တဲ နှစ်၃၀ ကျော်က မိုးမိုး(အင်းလျား) ၊ ကိုမျိုးညွန် တို့ ဘာသာ ပြန် တဂိုး၏ စာနုယဉ် ဆိုတဲ့စာအုပ်လေး သူငယ်ချင်း ကိုငှားလိုက်တာ ပြန်မရ ဘူးဗျာ..
အဲဒီစာအုပ်လေးများရှိခဲ့ရင် ကျေးဇူးပြုပြီး ရှယ်ပါဗျာ...

Shwe said...

အရမ်းကြိုက်တယ်ဗျာ တဂိုးကိုအရမ်းကြိုက်တာ ကဗျာတွေက ရင်ကိုထိတယ်