Wednesday, December 31, 2008

.......HaPpY nЗW YeAR.......


Happy New Year ၊ Happy New Year နဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ နှစ်သစ်ကို နည်းအမျိုးမျိုးနဲ့ ကြိုဆိုနေလိုက်ကြတာ ပျော်စရာကြီး။

ကျွန်တော်ကတော့ အဆောင်မှာ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ FIFA2009 ဘောလုံးဂိမ်းဆော့ရင် ကောင်းမလား ၊ ဇာတ်ကားဟောင်းထဲက ဇာတ်လမ်းကောင်း ကားတွေ ရှာပြီးကြည့်ရင် ကောင်းမလား စဉ်းစားရင်း ဂျီတော့ခ်က သူငယ်ချင်းတွေ ၊ ဘလော့ဂ်က သူငယ်ချင်းတွေ အကုန်လုံးကိုတော့ လိုက်ပြီး နုတ်ဆက်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း နုတ်မဆက်နိင်လိုက်ရင် သူငယ်ချင်းမဟုတ်ဘူးလားလို့ အထင်မလွဲကြပါနဲ့။ အားလုံးဟာ ဘလော့ဂ်ဂါ မောင်နှမတွေ မဟုတ်လား။

ကျွန်တော့်ဆီမှာလည်း မွေးကတည်းက လူလောကစည်းစိမ်မခံစားရအောင် ဖြစ်လာတဲ့ ( အရက်သေစာ သောက်စားရင် ယားယံတက်တဲ့ ရောဂါ ) ရှိလေတော့ ဘယ်လိုမှကို ထိလို့မရဘူး။ ဆရာဝန် ကိုစိုးထက်ကလည်း ပြန်ခါနီးပြောသွားတယ် ( သေချင်ရင်တော့ သောက်တဲ့ ) ယဉ်ယဉ်လေး ဆုံးမသွားတာ ။ အော်..အခုတော့လည်း ချဲလ်ဆီးဖန်တူ အစ်ကိုကြီး ( နှစ်သစ်မှာ မိန်းမနဲ့ နှပ်နေလိုက်ပြီ ) ကောင်းပ့ါ ကောင်းပ့ါ။ ကျွန်တော်ကတော့ ဖော်မစုံ ဒီမောင်တစ်ယောက်တည်းပဲ ။

နောက်ဆုံး ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ ထမင်းအိုးလေးတည် ၊ လက်ဖက်သုတ်လေး သုပ်ပြီး ထိုင်စားတော့မည်လို့ပဲ ဆုံးဖြက်လိုက်ပါတော့တယ်။ ထမင်းပူပူလေးနဲ့ လက်ဖက်သုတ်ကို တွဲစားရတာဟာ ကျွန်တော့် အကြိုက်ဆုံးအစားအစာဆိုတော့ နှစ်သစ်ကို အဲဒီဟာလေးစားရင်း ချမ်းအေးလှတဲ့ မော်စကို ဆောင်းညရဲ့ နှစ်သစ်ကို ရေနွေးကြမ်းလေးနဲ့ ကြိုဆိုလိုက်ပါတော့မည်။


“ နှစ်သစ်မှာ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ လူမှုရေး ၊ တွေ အားလုံး အစစအရာရာ အဆင်ပြေပြီး ၊ မိသားစု ၊ ချစ်သူ ၊ သူငယ်ချင်း များနှင့် ပျော်ရွှင်စွာ ဆုံဆည်းနိင်ကြပြီး ကံကောင်းခြင်းတွေကို ဘလော့ဂ်ဂါတွေနှင့်အတူ ကျွန်တော်တို့ နိင်ငံအပေါ်လည်း
အတူကျရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည် ”



Welcome To - 2009




11 comments:

Anonymous said...

ဆိုးသွမ်းရေ .... နှစ်သစ်မှာ အစစ အရာရာ အဆင်ပြေအောင်မြင်လို့ ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ......

ခင်တဲ့
ကြယ်ပြာ

Anonymous said...

အကိုရေ နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေဗျာ ဆန္ဒတွေအားလုံး ပြည့်စုံပါစေနော်..

Anonymous said...

ံကောင်းသောနှစ်ပါကိုဆိုးသွမ်း

Anonymous said...

ကဆိုးသွမ်း...ကျနော့်ကို လာမနှုတ်ဆက်ဘူးး ရပါတယ် ရပါတယ်း) ဒီနှစ်မဆွံသေးတော့ နောက်နှစ်လောက် ဆွံမယ် မှတ်လားးး မင်္ဂလာနှစ်သစ်ပါ ပျော်ပါစေ အစ်ကိုရေ့

khin oo may said...

happy new year..နစ်သစ်မှာ အေးချမ်းပါစေ

JulyDream said...

When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!

Anonymous said...

လူဆိုးကြီး လဘက်သုတ်လာစားတာ နောက်ကျသွားတယ်... အခုမှနိုးလို့ ပြေးလာတာ. ကုန်ပြီလားဟ

Mhaw Sayar said...

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ကဆိုးသွမ်းကြီးရေ. ရည်မှန်းသမျှအောင်မြင် ပြီးမြောက်နိုင်ပါစေဗျာ. :)

Apprenticeship said...

အော်လိမ်မာလိုက်တာနော်.. အဲဒါကြောင့် Brother in law တော်နေရတာပေါ့ ဟိ.... လာမဲ့နှစ်သစ်မှာတော့ sister နဲ့အတူတူ ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်။ Happy New Year my brother in law :P

Anonymous said...

lol,so nice

Anonymous said...

ဟုတ်ကဲ့ ..
Better 2009 ပေါ့ အစ်ကိုဆိုးသွမ်း..