Friday, January 30, 2009



ကြာပြီလေ....နာရီတွေ....( - ) တွေ...ဘ၀က မည်းမှောင်တုန်း




ဘာမှ မလိုချင်ပါဘူး...ဘာမှလည်း မရချင်ပါဘူး...ဘာမှလည်း မဖြစ်ချင်ပါဘူး



လင်းနေခွင့်လေးကိုတော့....ရင်ဖွင့်ပြလိုက်ချင်တယ်









ဒါပါပဲ....ဒါပါပဲ
ဆိုလိုချင်တာကို...သိရင် ကျေနပ်ပါတယ်
မသိတော့လည်း ဓါတ်ပုံလေးတွေ လှတယ်လို့ပဲ ခံစားလိုက်ကြတာပေါ့


picture copyright@boston.com

Wednesday, January 28, 2009

Jay Sean ( Ride_It )


ဒီသီချင်းလေး နားထောင်ကြည့်ပါလား။ တီးလုံးနားထောင်ရတာ တငြိမ့်ငြိမ့်လေးနဲ့ မြူးလည်းမြူးတယ် ၊ ဆိုထားတဲ့ သီချင်းဆိုဟန်က အတက်အကျ အနိမ့်အမြင့်နဲ့ နားထောင်လို့လည်း ကောင်းတယ်။ ကြိုက်ကြမယ်လို့တော့ မျှော်လင့်ပါတယ်။ VCD ကတော့ နောက်မှ တင်ပေးတော့မယ်။ ဘလော့ဂ်မရေးရရင် ဘယ်လိုဖြစ်နေမှန်း မသိလို့ ၊ မအားတဲ့ကြားက စာမရေးနိင်လို့ သီချင်းလေး လာတင်ပေးတာ။ :D သီချင်းနာမည်က - “ Ride It ”

Download By

Ifile



Ride It (Radio Edit)
Jay Sean

It's been about a month and twenty days...
And we're going round and round jus playing silly games...
Now you're saying, slow it down, not right now...
Then ya wink at me and walk away..

let it be, let it be, let it be known...
hold on, don't go...
Touching and teasing me, telling me no...
But this time I need to feel you...

[Chorus:]
(Ride it) we're all alone...
(Ride it) just lose control...
(Ride it, ride it) come touch my soul...
(Ride it, ride) let me feel you...

(Ride it) turn the lights down low...
(Ride it) from head to toe...
(Ride it, ride it) touch my soul...
(Ride it, ride) let me feel you...

Movida was the club on the Saturday...
ya actin like a diva sayin you don't wanna pay...
it's gotta be ya fiesty style ...
raised eye brow...
i love it when you look at me that way...
now we're in-you order a Mohito at the bar...
ya re-apply lippy cos it came off on the glass...
the DJ plays ya favourite song...
Kanye's on...
now ya beckoning for me to dance...
mmmm... pullin me, pullin me, pullin me close...
just close your eyes girl...
whispering, tellin me we gotta go...
won't you take me home i want to ride it

[Chorus:]
(Ride it) we're all alone...
(Ride it) just lose control...
(Ride it, ride it) come touch my soul...
(Ride it, ride) let me feel you...

(Ride it) turn the lights down low...
(Ride it) from head to toe...
(Ride it, ride it) touch my soul...
(Ride it, ride) let me feel you...

Everything was right until her phone began to ring
She takes it to the corner that's when I start wondering
I can hear her shouting, banging fists against the door
Yelling yo it's over I can't take it any more
Then I walk away and act all nonchalant and cool
i ain't tryna get all caught up in her mess for real
But she came on out and backed me up against the wall
She said I know you heard but I'll make you forget it all.
(music)

baby let me feel you...

[Chorus:]
(Ride it) we're all alone...
(Ride it) just lose control...
(Ride it, ride it) come touch my soul...
(Ride it, ride) let me feel you...

(Ride it) turn the lights down low...
(Ride it) from head to toe...
(Ride it, ride it) touch my soul...
(Ride it, ride) let me feel you...


Monday, January 26, 2009


မနေ့က ကြက်သားဟင်းမှာ အရိုးကို ကိုက်နေတုန်း ပြန်စဉ်းစားမိတာလေး တခုပေါ်လာပါတယ်။ အရိုးကို ဆိုတော့ တော်ကြာ အသားမစားဘူး ထင်နေဦးမယ်။း) ကျွန်တော်ကလည်း အရိုး ခရေစီပါ။ အမေတူလို့လား မသိဘူး။ အရိုးကိုက်တာ အရမ်းဝါသနာပါတယ်။ ငါးခေါင်းဆိုရင် အမေနဲ့ လုပြီး ကိုက်နေကြ။ ဒီတော့ နောက်ဆို အမေက ကျွန်တော်ကြိုက်မှန်း သိလာတော့ ဈေးက ပြန်လာရင် ငါးခေါင်း ၂ ခု အမြဲတမ်းဝယ်လာတော့တယ်။ ၀က်ခြေထောက် စွပ်ပြုတ် ၊ ကြက်ရိုး အရိုးနဲ့ ပတ်သက်ရင် ဘာအရိုးမှ မချန်ဘူး။ အကုန်ကိုက်လေ့ ရှိတော့ အမေကတောင် နင်ဟိုဘ၀ ဘာကောင်ဖြစ်ခဲ့မှန်း မသိဘူးတဲ့။

တိုက်တွေ ၊ ခြံတွေနဲ့ လူတန်းစားတွေတော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ သာမန်လူတန်းစားပေါ့။ လုပ်နိင်ကိုင်နိင်တဲ့ လူတန်းစားတွေ နေတဲ့ရပ်ကွက်ထဲမှာ ( ဆိုက်ကားသမားမှ အစ ရုံးလုပ်ငန်း ၊ ကိုယ်ပိုင်အငှားကား မောင်းသူထိ ) အိမ်ချင်းကလည်း ကပ်လျက်ပုံစံတွေ ဖြစ်ကြပါတယ်။ အဲဒီလို လူတန်းစားတွေ နေတဲ့ ရပ်ကွက်မှာ ပိုင်ရှင်မသိတဲ့ ခွေးတွေကလည်း ပေါ်များလွန်းလှတယ် ။ ဘယ်သူ့အိမ်က ခွေးရယ်လို့ မယ်မယ်ရရ မရှိဘူး။ လမ်းထဲမှာ ထမင်းကျန် ၊ ဟင်းကျန် ၊ အရိုးကျန်လေးတွေ ချကျွေးရင်း ကြီးပြင်းလာကြတာ။ သူတို့ကလည်း ကျေးဇူးသိတက်ပါတယ်။ ကိုယ့်လမ်းထဲက ကိုယ့်ကို ကျွေးတဲ့လူဆိုရင် အမြီးကို နှံလို့။ ကြာလာတော့ သံယောဇဉ်တောင် ဖြစ်လာသေးတယ်။ ကလေးနဲ့ ခွေးက အတူတူပဲ မဟုတ်လား။ ငယ်တုန်းက ခွေးကလည်း ကိုယ်ပြေးရင် သူကလိုက် ၊ သူပြေးရင် ကိုယ်ကလိုက်နဲ့။




တဖြည်းဖြည်း ဘယ်အကြောင်းကို စဉ်းစားမိလည်း ဆိုတော့ ခွေးဆိုတာ အရိုးပဲ စားရတာလား ၊ ထမင်းသိုး ၊ ဟင်းသိုး ၊ ထမင်းရည် တွေပဲ စားရတဲ့ သတ္တ၀ါလား။ သူတို့ကရော လူတွေစားနေတဲ့ အသား ၊ ထမင်အကောင်းတွေ ကျွေးရင်ရော မစားနိင်ကြဘူးလားပေါ့။ ရှေးဘ၀က ကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘ၀မှာ ခွေးလာဖြစ်ပြီး ဟင်းသိုး ၊ ထမင်းသိုးတွေပဲ စားနေရတာလားပေါ့။ ရပ်ကွက်ထဲက လူတွေ အသိုးတွေ ကျွေးနေတာ မြင်ရပြန်ရင် စိတ်မသန့်တော့ဘူး။ မြန်မာစကားမှာလည်း ခွေးနဲ့ပတ်သက်လို့


“ မကုန်ရင် ခွေးကျွေး ”

“ ခွေးတောင် ထမင်းရည်တိုက်ရသေးတာပဲ ”

ရှိပါသေးတယ်။


ကျွန်တော့်အမြင်မှာတော့ ခွေးတွေ အရိုးကိုက်ရင် တော်တော် သနားမိပါတယ်။ ဒီခွေး ဗိုက်ဆာနေရင် ပိုဆိုးပေါ့။ ဘာမှ ထွက်မလာတဲ့ ၊ အရိုးကြီးကို ကိုက်ပြီး လျက်နေတာ။ မရလေ ကိုက်လေ ၊ ကိုက်လေ မရလေနဲ့။ ဒီလိုလေး စိတ်က မြင်လာတော့ နောက်ဆို မိသားစု ညစာထမင်းစားရင် ကျွန်တော်က အားလုံးပြီးအောင် စောင့်လိုက်တယ်။ သူတို့ စားပြီးလို့ ကျန်တဲ့ ထမင်းနဲ့ ဟင်းမှန်သမျှ အကုန် နယ်ပြီး ရှိသမျှ ခွေးတွေ အကုန်ကျွေးတော့တာပါပဲ။ အမေကတော့ ပြောပါတယ်။ ဟင်းတွေတော့ အကုန်မထည့်ပါနဲ့တဲ့။ သား ကျွေးချင်ရင် ၂ တုံးလောက်ကို အသားလေးတွေ နွှာပြီး ရောနယ်လိုက်ပေါ့တဲ့။ အလားလား စားလိုက်ကြတာ ။ စားလိုက်ကြတာ။ ပြိုက်ခနဲ ပြိုက်ခနဲ ။ စားခွက်လုတဲ့ ကောင်တွေက ရှိသေးတယ်။ သူတို့ကိုယ် ကြည့်ပြီး ပြန်ရလိုက်တဲ့ စိတ်ချမ်းသာမှုက လေးနက်ပါတယ်။


ဒီခွေးတွေကရော လူတွေလို မစားချင်ကြဘူးလား ။ မစားချင်ဘဲ နေမလား ချကျွေးကြည့် အကုန်တောင် ပြောင်သွားဦးမယ်လေ။ ထမင်းသိုး ၊ ဟင်းသိုးကျတော့ ကိုယ်လည်း မစားချင်ဘူး။ ဒီတော့ ခွေးကျွေးတယ် ။ ခွေးလည်း ဘယ်စားချင်မလဲ ။ ဒါပေမယ့် သူ့မှာ လူတွေလို ဒါကောင်းတယ် ဆိုးတယ် ၊ စဉ်းစားတက်တဲ့ အသိဥာဏ်မရှိတော့ ဗိုက်ဆာရင် သူစားလို့ ဖြစ်နိင်မယ့်ဟာ မှန်သမျှ အကုန်စားတော့တာပဲ။ ဘယ်လူကမှလည်း သူ့ကို ထမင်းကောင်း ဟင်းကောင်း ကိုယ်စားသလို ကျွေးမှာ မဟုတ်ဘူးလေ။ အရိုးလည်း ကိုက်မယ် ၊ ထမင်းသိုး ၊ ဟင်းသိုးလည်း စားမယ်။ ဟော ဒီတော့ သံသရာက လည်နေတော့တာပါပဲ။

ကျွန်တော် ဒီပို့စ်ကို ရေးတော့ ဘ၀တူချင်း စာနာတယ် ထင်နေကြဦးမယ်။ :D တကယ်လည်း ခံစားကြည့်တာပါ။ လူဆိုတာ ခွေးထက် အများကြီး ပိုမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အသိဥာဏ်ရှိကြတယ်။ ဒီတော့ ကျွန်တော်တို့ ကိုယ်ဟာကိုယ် စဉ်းစားပြီး ခွေးတွေကို အတက်နိင်ဆုံး ထမင်းသိုး ၊ ဟင်းသိုး ၊ အရိုးတွေ မကျွေးကြရအောင်လား။ ကိုယ်စားလို့ ကျန်တဲ့ အထဲက နည်းနည်းပါးပါး ဖြစ်ဖြစ် ကျွေးမယ်ဆိုရင်တောင် တော်တော်လေးကို စိတ်သန့်သွားမှာပါ။


မှတ်ချက် ။ ။ ဤပို့စ်သည် ရပ်ကွက်နေ ၊ ကျေးရွာနေ ၊ မြေကြီးနှင့် သိပ်မကွာသည့် အိမ်တွင် နေကြသည့် လူတန်းစားများအား ရည်ညွှန်းပါသည်။



Sunday, January 25, 2009

ဘ၀မှာ အလွန်ဆုံး နေရရင် အသက်က အခုနောက်ပိုင်းဆို ၁၀၀ ကျော်။ ရှားတောင့် ရှားခဲပါပဲ။ သေခြင်းတရားကတော့ ငယ်တာတွေ ရွယ်တာတွေ ၊ ကြီးတာတွေ တွေမသိဘူး။ တရားတော်တွေထဲကလို ရှေးဘ၀က ကုသိုလ်ရှိသလောက် အသက်ရှင် နေရမှာပေါ့။

မွေးခါစ ကလေးကနေ အသက်ရာကျော် လူကြီးတွေ အထိ ဘယ်သူကိုမှ မျက်နှာမလိုက်တက်တဲ့ သေခြင်းတရားရဲ့ လက်ထဲမှာ ကျွန်တော်တို့ တော်တော် များများ ကိုယ့်အလှည့်ကို ဘယ်တော့မှ မတွေးမိကြဘူး။ တကယ်ဆို သူများသေရင်သာ ငိုလိုက်ကြ ၊ ၀မ်းနည်းလိုက်ကြနဲ့။ သူပြီးရင် ငါ့အလှည့်ဆိုတာ မေ့ထားတက်ကြတာပါလား။ ငယ်ငယ်လေးကတည်းက ကြားဖူးနေကြ စကားတခွန်း။

“ မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက်တဲ့ ”

ငယ်တုန်းက ဘာမှန်းမသိဘူး။ ကုသိုလ်ရတယ်တဲ့။ ကလေးပီပီ တွေးလိုက်တယ်။ ဘုန်းကြီးကျောင်း ၁၀ ခေါက်နဲ့ အသုဘ တစ်ခေါက်ဟာ အချိုးညီနေတာပါလား။ ဟုတ်ပြီ လာထား။ အချိုးချမယ်။ စိုင်းစိုင်းလို ၂း ၁ တော့ မဟုတ်ပါဘူး။

မသာ ( ၁း ၁၀ ) ကျောင်း

ဆိုပြီး ပို့လိုက်တဲ့ အသုဘ။ ဘုရားစူးပါရဲ့။ လိမ်မပြောဝံပါဘူး။ မှန်တာပြောရင် သိန်း ( ၁၀၀၀ ) ထီကြီး ပေါက်ပါစေ ။ ရပ်ကွက်ထဲက ကိုယ့် အိမ်ကို ဖိတ်စာလာပို့တဲ့ ဘယ်သူမဆို ၊ ဘယ်မိသားစု မဆို လိုက်ပို့လိုက်တဲ့ အသုဘဆိုတာ ။ တော်တော့ကို များပါတယ်။ အရင်တုန်းကတော့ ကြံတောင်္သချိုင်းပေါ့။ အခုတော့ ထိန်ပင်။ ရေအလကား သောက်ရတယ်။ ကားအလကား စီးရတယ်။ ဟိုရောက်ရင် လူသေပြင်ထားတဲ့ အလောင်းနားထိ သွားကြည့်တယ်။ ပုံစံအမျိုးမျိုးနဲ့ ပြင်ထားလိုက်ကြတာ။ ငိုတဲ့သူတွေကလည်း ငို။ အထူးသဖြင့် င်္သဂြိုလ်ခါနီး ရေအိုးတွေ ခွဲတဲ့ အချိန်ကျရင် ရှိသမျှ အားနဲ့ အော်ငိုတော့တာပါပဲ။ ကျွန်တော်ကလည်း စပ်စုတက်တယ်။ မီးရှို့တဲ့ အခန်းဝထိကို ကလေးပီပီ လိုက်ကြည့်လေ့ရှိတယ်။ ရဲရဲတောက်နေတဲ့ စက်ထဲကို အခေါင်းကြီး ထိုးသွင်းပြီး ၊ ဂျိန်း ဆိုပိတ်လိုက်ပါတော့တယ်။ သွားပြီ။ ပြန်သွားကြပြီ။ အဲဒီက အလုပ်သမားတွေကတော့ ရိုးနေပါပြီ။ ဒီမြင်ကွင်းတွေ မြင်ရကြားရ နေတော့။ ဒါပေမယ့် တစ်နေ့ သူတို့လည်း ဒီစက်ထဲ ရောက်မယ်ဆိုတာ တွေးရော တွေးကြည့်မိကြလား ဆိုတာ မေးကြည့်ချင်မိပါတယ်။

စောနက ငိုနေတဲ့လူတွေကို သက်ဆိုင်ရာ မိသားစုတွေကို ပြန်ခေါ်သွားသလို ၊ လိုက်ပို့တဲ့ လူတွေကလည်း ကိုယ်စီးလာတဲ့ ကားပေါ် ကိုယ်ပြန်တက်လို့ ။ ရပ်ကွက်ထဲရောက်တော့ ကားပေါ်က ဆင်း ၊ ပေးလိုက်တဲ့ ယပ်တောင်လေးတွေ ယူ ၊ တက်နိင်သူတွေကတော့ တရားစာအုပ်တွေ ၊ ရေသန့်ဗူးတွေလည်း ကမ်းတာပေါ့။ နောက်နေ့ ၊ နောက်လ ၊ နောက်နှစ် နဲ့ မွေးတဲ့လူက မွေးသလို သေတဲ့လူကလည်း သေနေကြနဲ့။ တရားရမယ်ဆိုရင် ရထိုက်ပါတယ်။

ဒီလိုတွေ စဉ်းစားမိပေမယ့် ကမ္ဘာကြီးမှာလည်း သံယောဇဉ်က များသား။ ကိုယ့်မျက်နှာလေးကို လှဖို့အရေး ၊ အ၀တ်အစားကောင်းကောင်း ၀တ်နိင်ဖို့ ၊ မိသားစုအတွက်နဲ့ သေရင် ကိုယ့်နောက်ပါတော့မယ့် အတိုင်း လုပ်နေကြတယ်။ ဟဟ...ဆိုးသွမ်း။ တယ်လည်း တရားရနေပါလား။ လာမပြောနဲ့ စကားပုံကြားဖူးတယ် မဟုတ်လား။ “ ဋ္ဋင်းတ လောက်တော့ ငှက်တိုင်းလှတယ်တဲ့ ” ။ ဟုတ်ပါတယ်။

အရွယ်ရောက်ပြီး အတွေးအခေါ် ရှိသူတိုင်း ဒါကို စဉ်းစားတက်ပြီးသားပါ။ ငါလည်း တစ်နေ့ကျ သေမှာပဲဆိုတာ။ ၃ စက္ကန့်တောင် မကြာဘူး။ အကြောင်းအရာ တမျိုးမျိုးကြောင့် ထိုအတွေးက ပျောက်သွားပြန်ပြီ။ အထူးသဖြင့် သမီးရည်းစား ကိစ္စတွေများ မပေါ်လာလိုက်နဲ့။ တရားရော ဘာရော ၊ ဘာမှ နားမလည်တော့ဘူး။ ကျွန်တော်လည်း ပါချင်ပါမှာပေါ့။ သူငယ်ချင်းတွေတော့ ရှိတယ်။ “ သူတို့ ကောင်မလေး အွန်လိုင်း မလာရင်တော့ ၊ နာလိုက်တဲ့ တရားတော် ၊ အပြင်မှာ တကယ်ဟောရတဲ့ ဘုန်းကြီးဆို အသံတောင် ထွက်မှာ မဟုတ်တာ သေချာတယ်။ အဲ ကောင်မလေး လာရင်တော့ တရားလည်း မသိဘူး ၊ ဘုရားလည်း မသိဘူး။ အနိစ္စလည်း မရှိဘူး။ မြန်မာအင်တာနက်က ကောင်းတာကြောင့် သူ့ကောင်မလေး အွန်လိုင်းရှိနေဖို့ပဲ လိုတယ်။

တော်တော် ဒုက္ခပေးတဲ့ သံယောဇဉ်တွေပါပဲ။ ခေတ်ကြီးက တိုးတက်လာတာနဲ့ အမျှ စွဲလန်းစရာတွေက ပိုများလာတယ်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများ ရှိလို့ကတော့ “ တစ်ကိုယ်လုံး စိန်စီပစ်လိုက်မယ် ဆိုပဲ ” တရားခွေတွေများ ၀ယ်လှူမလား ၊ မရှိဆင်းရဲသားတွေများ ပေးကမ်းမလား ထားပါတော့ သူက စိန်ကြော်ငြာတာပဲ။ စီနိင်လောက်တဲ့ ပိုက်ဆံ ရှိလည်း စီမယ့်ပုံ မပေါ်ပါဘူး။

အခုခေတ်ဆို ပိုဆိုးလာတယ်။ စီးပွားရေး အဆင်မပြေတာနဲ့ လူတွေက ဘာမှ မကြည့်တော့ဘဲ လုပ်ချင်တာ လုပ်နေကြတယ်။ ဂျေမီ ဆိုသလို “ နောင်ဖြစ်မှ နောင်ရှင်း ” သူက ဘာဆိုလိုမှန်း မသိပါဘူး။ ကိုယ့်ဟာကိုယ် တွေးကြည့်တယ် “ နောင်...ဘ၀ရောက်မှ ရှင်းမယ် ”။ ဒါဆို လူတော်တော်များများက ကိုယ်ဘ၀အသက်ရှင်ဖို့ ၊ ပျော်ရွှင်ဖို့ အတွက် ဒီဘ၀မှာ လုပ်ချင်တာတွေ လုပ်နေကြတယ်။ နောင်ဘ၀ရှိရင်လည်း နောင်ဘ၀မှာ ရှင်းတာပေါ့။ နောင်ဘ၀ဆိုတာ တကယ်ရော ရှိရဲ့လား ၊ စာတွေ ပေတွေ ၊ ဘုရားအဟောတွေ ၊ တရားအဟောတွေထဲမှာတော့ သေရွာပြန်တွေ အကြောင်း ၊ ဘုံဗိမာန်တွေ အကြောင်းတော့ ဖတ်ဖူးတယ်။

တော်တော် ရှုပ်တဲ့ လောကီရေးရာပဲ။ ဘာလိုတွေမှန်း မသိဘူး။ တချို့လူတွေ သောင်းကျန်းနေကြတယ် နောင်တမလွန်ဆိုတာကို မယုံကြည်တဲ့ အတိုင်း ၊ တစ်ချို့သော လူနည်းစုတွေက အားထုတ်နေကြတယ် နိဗာန်ဆိုတာကို ရည်မှန်းထားတဲ့ အတိုင်း ။ များသော အားဖြင့်တော့ အားထုတ်နေကြတာတော့ လူအသက်ကြီး ပိုင်းတွေပဲ ရှိပါတယ်။ တကယ်တော့ လောကကြီးက လူတွေကို တရားမသိအောင် ဒုက္ခမျိုးစုံပေးပြီး အသက်ရှင် ခိုင်းထားတာပါ။ ကျောင်းသားလည်း ကျောင်းသားအလျောက် ၊ အလုပ်သမား ၊ သူဌေး ၊ အိမ်ထောင်သည် ၊ လူငယ် အစရှိသူတို့ဟာ သူတို့ရဲ့ ဒုက္ခတွေကို မရိုးအောင် တစ်နေ့ပြီး တစ်နေ့ဖြေရှင်းရင်း တရားဆိုတာကိုတောင် သတိမထားမိနိင်ကြတော့ဘူး။ ဘလော့ဂ်ဂါတွေလည်း ပါတယ်။ တစ်နေ့အတွက် တစ်နေ့ပို့စ်တင်နိင်ဖို့ အရေး ကြိုစားနေကြတယ်။ ဒါလည်း ဂူဂယ်ကပေးတဲ့ ဒုက္ခပဲ။ ဦးမျိုးကျော့ပြောသလို “ လူဖြစ်ရတဲ့ ဒုက္ခ ” သီချင်းလိုပေါ့။


အင်း...လောကကြီး ၊ လောကကြီး “ အသိခေါက်ခက် အ၀င်နက် ” နေလိုက်ကြတာ။ အံသြဖို့ကောင်းပါရဲ့။ သူများတွေ ပြောနေတာ ငါကရော ဘာလည်း ၊ ဘယ်သူလည်း ၊ ငါလည်း သေရင် ၄ ပေ ၆ ပေ တွင်းထဲပဲ ရောက်မှာပဲ ။ ရှိသမျှ ပစ္စည်း ၊ ချစ်သမျှ လူတွေကို ထားခဲ့ပြီးတော့ကို ရောက်မှာ...အော်....ဒါဆို ငါဟာလည်း

တုံ...တုံ.....တုံ....

ဘာသံလည်းဟ...တတုံတုံနဲ့။

“ မောင်...ဘာလုပ်နေလဲ ”

ဟာ...ဟေး ပြန်လာပြီလား ။ စာရေးရင်း စောင့်နေတာ။ မောလာလား ..ရေသောက် ရေသောက်


သွားပြီ။ တလျှောက်လုံး စဉ်းစားရင်း အကျွတ်တရားတွေ ရနေတဲ့ စိတ်ကသူနဲ့တွေ့မှ အရည်ပျော်သွားပြီ။ လာထား “ နောင်ဖြစ်မှ နောင်ရှင်းမယ် ” ။ လောလောဆယ် မောမောပန်းပန်းနဲ့ ပြန်လာတဲ့ ချစ်သူမျက်နှာလေးကို ကြည့်ပြီး စကားပြောတော့မယ်။ စောနက တွေးထားတာတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ပြီ။ အော်...သံယောဇဉ်...သံယောဇဉ်။ ဒီလိုမျိုး ကြိုးတွေ ရှိနေသမျှ.......ဒီဘ၀တော့....။ ကဲ...ကျွန်တော် ပြောတယ်နော်။ ရုန်းထွက်ဖို့ ခက်ပါတယ်ဆိုတာ။



Saturday, January 24, 2009

"Who Wants To Be A Millionaire?"


၆၆ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ “ Slumdog Millionaire ” က ဆုအများဆုံး အဖြစ်.....
  1. အကောင်းဆုံးရုပ်ရှင်ကား ( Drama )
  2. အကောင်းဆုံး ဒါရိုက်တာဆု
  3. အကောင်းဆုံး ဇာတ်ညွှန်းဆု
  4. အကောင်းဆုံး မူရင်းတေးသွားဆု


တွေ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ ဒါရိုက်တာဟာ US$42.7 million တောင် ရယူသွားနိင်ခဲ့တယ်။ ဘာကြောင့်လဲ ၊ ဒီလောက်တောင် ဟုတ်ပါ့မလားဆိုတာ ကျွန်တော် ဇာတ်လမ်းလေးပြောပြပ့ါမယ်။




ဒီဇာတ်ကားဟာ တကယ်တော့ Jamal Malik လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် အိန္ဒိယလူငယ်ကောင်လေး တစ်ယောက်ရဲ့ ဘ၀ကို ရိုက်ကူးထားတာပါ။ ဒီလူငယ်လေးဟာ မြန်မာလို ပြောရရင် ရုပ်သံအစီအစဉ်တခုရဲ့ မေးကြည့်ဖြေကြည့် "Who Wants To Be A Millionaire?" ပဟေဋ္ဋိ ကဏ္ဍတခုမှ ၀င်လျှောက် ယှဉ်ပြိုင်ရင်း အဖြေအားလုံး မှန်နေခဲ့တာကြောင့် အိန္ဒိယ ရူပီး ၁၀ သန်းတောင် ရနေခဲ့ပါပြီ။ သူဟာ နောက်ဆုံး မေးခွန်းကို ဖြေနိင်ရင် ရူပီး သန်း ၂၀ ရရှိမှာ ဖြစ်ပါတယ်။

သို့သော်လည်း ထိုဖြေမည့်နေ မတိုင်ခင် ထိုကဏ္ဍာကို စီစဉ်ကျင်းပသူက ဂျာမယ်ဟာ အဖြေတွေကို သိလွန်းနေတာကြောင့် သံသယဖြစ်ပြီး ရဲအရာရှိနှင့် တိုင်ပင်ကာ ဖြေမည့်နေ့မတိုင်မှီထိ ဖမ်းဆီး စစ်ဆေးစေခဲ့ပါတယ်။ ထိုစစ်ဆေးမှုကြောင့် သနားစရာ ကောင်းလှတဲ့ သူ့ဘ၀ဟာ ပေါ်လွင်လာခဲ့ရတော့တာပါပဲ။

ငယ်စဉ်က ဘာသာရေးအဓိကရုဏ်းကြောင့် မိဘမဲ့ ဖြစ်ခဲ့ရတဲ့ သူတို့ ညီအစ်ကိုဟာ မြို့ပြင် အမှိုက်ပုံတွေမှာ အမှိုက်ကောက်၍ ဘ၀ကို ရုန်းကန်ခဲ့ပါတယ်။ ထိုအခါ မိဘမဲ့ကလေးငယ်တွေကို စုပြီး တောင်းစားတက်တဲ့ ဂိုဏ်းတခုမှ ဂျမယ်တို့ ညီအစ်ကိုကို ယူဆောင်သွားပြီး တောင်းရမ်း စားသောက်ခိုင်းပါတော့တယ်။ တစ်နေ့တော့ ထိုဂိုဏ်းမှ ရာသက်ပန်တောင်းစားနိင်အောင် ကလေးတစ်ချို့ကို ကိုယ်လက်အင်္ဂါ ဖျက်ဆီးနေသည်ကို ကိုယ်တိုင် ကြုံခဲ့ရာမှ ထွက်ပြေးရင်း ရထားပေါ် ရောက်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ညီအစ်ကိုဟာ ရထားပေါ်မှာ ထမင်းတလုပ်အတွက် တိုလီမိုလီလေးတွေ လိုက်လံရောင်းချ စားသောက်ရင်း လစ်ရင် လစ်သလို ပစ္စည်းခိုးတက်တဲ့ အကျင့်ကို ရရှိရာကနေ နောက်အခါ အစ်ကိုက ရာဇ၀င် လူဆိုးတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။



Jamal တို့ ညီအစ်ကို


သူတို့ဟာ ရထားပေါ်မှာ မုန့်ခိုးစားရာကနေ တွန်းချခံရမှုကြောင့် ပြုတ်ကျရင်း အိန္ဒိယနိင်ငံရဲ့ တပ်(ခ်ျ)မဟာ ဂူဗိမာန်ကို မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့တယ်။ အစ်ကိုဖြစ်သူက တိုးဂိုက်သဖွယ် ခရီးသွား ဧည့်သည်တွေကို လိမ်ပြော ၊ ညီဖြစ်သူက ထိုနေရာက ခရီးသွားဧည့်သည်တွေရဲ့ ဖိနပ်တွေ ခိုးပြီး ဈေးထဲမှာ ပြန်ရောင်းချင်း ၊ ပြန်သွင်းချင်းဖြင့် ဘ၀ကို ခရီးဆက်ခဲ့ကြပါတယ်။

ဒီဇာတ်လမ်းမှာ ဒါရိုက်တာဟာ အိန္ဒိယ လူနေမှု အဆင့်အတန်းကို မီးမှောင်းထိုး ဖော်ပြရိုက်ကူးထားနိင်ခဲ့ပါတယ်။ ကလေး သရုပ်ဆောင် ၃ ယောက်ကလည်း အံသြဖွယ်ဖြစ်အောင် သရုပ်ဆောင် ပီပြင်လွန်းခဲ့ပါတယ်။ ဇာတ်လမ်းကို ဖော်ပြသည့် နေရာမှ သာမန်ဖော်ပြနေကြ ပုံစံအတိုင်း မဖော်ပြဘဲ ပဟေဋ္ဋိမေးခွန်းအား ဖြေနေစဉ် ဘ၀ကို နောက်ကြောင်းပြန်ခြင်း ၊ ရဲအရာရှိမှ စစ်ဆေးမေးမြန်း ခြင်းတို့အား တပြိုက်နက်တည်း ပြသရင်း ကြည့်ရှုသူကို ခေါ်ဆောင်လာခဲ့တာကြောင့် စိတ်ဝင်စားမှု ပိုကောင်းစေခဲ့ပါတယ်။

ဥာဏ်စမ်းဖြေနေသည့် Jamal


နောက်ဆုံးမှာ Jamal တစ်ယောက် မီလီယန်နာ ဖြစ်ဖို့ အခက်ဆုံး မေးခွန်းအား ဖြေဆိုနိင်ပါ့မလား ၊ သူနှင့် ငယ်စဉ်ကပင် ခွဲခွာခဲ့ရတဲ့ Latika နှင့် ပြန်လည် ပေါင်းစည်းနိင်ပါ့မလားဆိုတာ ပဟေဋ္ဋိလုပ်ရင်း ဇာတ်လမ်းကောင်း တစ်ခုအကြောင်း ညွှန်းလိုက်ပါတယ်။

Download Link


http://rapidshare.com/files/178568235/Slumdog.Millionaire.www.humourdl.com.part1.rar
http://rapidshare.com/files/178568264/Slumdog.Millionaire.www.humourdl.com.part2.rar
http://rapidshare.com/files/178568181/Slumdog.Millionaire.www.humourdl.com.part3.rar
http://rapidshare.com/files/178568218/Slumdog.Millionaire.www.humourdl.com.part4.rar

လင့်ခ်တွေက သူတို့ပြောလို့ ထည့်ပေးတာ :P ဇာတ်လမ်းကိုတော့ မပြောဘူး။ ကြည့်ရမယ့်လူ
အရှိန်ပျက်တယ်။ :D


Thursday, January 22, 2009


ကျွန်တော့် လူရယ်လို့ စဖြစ်ခဲ့တဲ့ အူဝဲဆိုတဲ့ ဘ၀ကနေ ယခုအရွယ်ထိ ဘ၀တလျှောက် အဖေက လက်ဆောင်တွေ အ၀တ်အစားတွေ ၀ယ်ပေးခဲ့ဘူးတယ်။ မီးရထားစက်ခေါင်း ကော်ရထားလေးကနေ ဆွဲကြိုး ၊ လက်စွပ်ထိ။ ဒါပေမယ့် သူ့လက်ထဲမှာတော့ နာရီတလုံးပဲ ရှိခဲ့တယ်။


အဖေက သူ့ဘ၀မှာ အတန်းပညာ ဘွဲ့ရအောင် မသင်ခဲ့ဘူးပေမယ့် မိသားစုတစ်စုကို ရှာဖွေကျွေးမွေးနိင်တဲ့ အတက်ပညာတစ်ခုတော့ သူမှာ တက်မြောက်ထားခဲ့တယ်။ ဒီပညာနဲ့ပဲ ကျွန်တော် ငယ်ငယ်တုန်းကနေ အခုအချိန်ထိ ကျွန်တော့်တို့အတွက် အရုပ်ပေါင်းများစွာ ၊ အ၀တ်အထည်ပေါင်းများစွာ ငြိုငြင်ခြင်း မရှိဘဲ ၀ယ်ပေးခဲ့တယ်။ ဘယ်သားသမီးက ဘာလိုချင်သလဲ ၊ သီတင်းကျွတ်မှာ သူများ သားသမီးတွေ ( ငွေကြေးတက်နိင်သူတွေ )က အင်္ကျီ အ၀တ်အစား အသစ်တွေ ၀တ်လို့ လိုချင်တယ်ဆိုရင်ဖြင့် ဘယ်ကဘယ်လို ရှာလာမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ ချုပ်ပေးတော့တာပါပဲ။ တကယ်တော့ အဖေက လခစားဝန်ထမ်းတစ်ယောက်ပါ။ လခထုတ်ချိန်က လွဲလို့ သူ့မှာ ဘာအပိုဝင်ငွေမှ မရှိခဲ့ဘူး။ သူတက်သလောက် ပညာလေးနဲ့ စနေ ၊ တနင်္ဂနွေ ရေစုပ်စက်တွေ ၊ မီးစက်တွေ လိုက်ပြီး ပြင်ပေးရင်း အပိုဝင်ငွေ ရှာခဲ့တယ်။ တခါတလေ သံတိုသံစ ၊ စက်ရုံက သုံးလို့မရတဲ့ စက်ပစ္စည်း တပတ်နွမ်းတွေကို ကျွန်တော်နဲ့အတူ သွားရောင်းနေကြ။

အချိန်ကာလတွေဟာ နွေမိုးဆောင်း သုံးရာသီကြားထဲမှာ ပြောင်းလဲသွားသလို ကျွန်တော်လည်း တဖြည်းဖြည်း လူလားမြှောက်ခဲ့တာပေါ့။ ဟိုအရင်ကလေးဘ၀က မပတ်ခဲ့ရဘူးတဲ့ နာရီတွေ ၊ ခဏခဏ ဘောလုံး စီးကန်လွန်းလို့ ရာဘာဖိနပ်နေရာမှာ ကတ္တီပါ ဖိနပ်လေးတွေ ပြောင်းလဲ ခဲ့ရပေမယ့် အဖေ့လက်မှာတော့ စီကို နာရီလေးက မပြောင်းလဲခဲ့ပါဘူး။ တခါတလေ သူ့နာရီလေးကို သူလှုပ်ကြည့်မယ်။ တခါတလေ ကြည့်မြင်တိုင် ညဈေးဘက်ရောက်ရင် နာရီဆိုင်မှာ ကြိုးလဲဖို့ သူသွားကြည့်မယ်။



အဖေ့နာရီက တော်တော်ဟောင်းနေခဲ့ပြီ....အဖေ ။ အသစ်ကောင်းကောင်းလေး ၀ယ်ပတ်ပါလားလို့ ၁၀ တန်းအရွယ်လောက် တုန်းက ကျွန်တော် ပြောမိသေးတယ်။ ဒီနာရီက ကောင်းပါတယ်ကွ။ သူက အော်တိုသွားတာ။ သံပတ်နဲ့ပေါ့တဲ့။ အဖေ့နာရီက လက်လှုပ်တဲ့ အချိန်တလျှောက်လုံးး သံပတ်ပေးထားသလို ဖြစ်နေတာပေါ့လို့ ဆိုပြီး သူ့နာရီ အတွက် ဂုဏ်ယူခဲ့သေးတယ်။ ကျွန်တော် သင်တန်းစတက်တော့ ရိုးရိုးသာမန် ကက်စီအို နာရီလေးကနေ စတော့ဝှက်ခ်ျတွေ ၊ မီးအလင်းတွေပါတဲ့ ရေစိမ်ခံနာရီလေးကို ၀ယ်ခိုင်းခဲ့သေးတယ်။

ကျွန်တော်သင်တန်းဆင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၊ ငွေကြေးတွေ များစွာ ကုန်ခဲ့ပေမယ့် ရလာတဲ့ ငွေကြေးတွေကို အဖေက သူ့နာရီလေး အသစ်ပတ်နိင်ဖိုက ဘယ်တော့မှ ထုတ်မသုံးခဲ့ဘူး။ သင်တန်းဆင်းပွဲကို အဖေလာတော့ သတိတရနဲ့ အဖေ့နာရီလေးကို ကြည့်မိတယ်။ ဟော..အဖေ အဖေ့နာရီ အပေါ်ထောင့်လေးမှာ မှန်လေးအတ်နေတာပါလား ဆိုတော့။

“ အေးကွ...ဒီကိုမလာခင် ဟိုတနေ့က ပစ္စည်းသယ်ရင်း ထိမိသွားတာ တဲ့ ”


အဲဒီနာရီ မှန်အတ်လေးကိုပဲ အဖေ့မှာ ကျွန်တော် ငယ်ငယ်တုန်းကနေ ယနေ့အချိန်အထိ ၀တ်လာလိုက်တာ အခုဆို ဒီနာရီလေး ရှိသေးရင် တော်တော်ကြာပြီပေါ့။ မှတ်မှတ်ရရ ကျွန်တော် ဒီကိုလာခါနီးမှာပဲ အဖေ့နာရီလေးဟာ ဘယ်လိုမှ ပြင်လို့မရတော့ဘဲ ရပ်သွားခဲ့တယ်။ ဒီနောက်ပိုင်း အဖေ့မှာ ဘယ်နာရီမှ ၀တ်တာ မတွေ့ခဲ့ရတော့ပါဘူး။ နာရီဆို အကောင်းကြိုက်တက်တဲ့ အဖေဟာ သားသမီးတွေ လိုအပ်ချက် ၊ အိမ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း သူလိုချင်တဲ့ နာရီကို ဘယ်တော့မှ မ၀တ်ခဲ့ရဘူး။ မိသားစုအတွက် ဆန္ဒတွေကို သူ့ဆန္ဒနဲ့ လဲလှယ်ရင်း နေခဲ့ရတာ။

ကျွန်တော်လည်း လူလားမြောက်လို့ ကိုယ်ပိုင်လခတွေလည်း ရလာခဲ့ပါပြီ။ ကိုယ်လိုချင်တာကို ၀ယ်တုန်း ။ ကိုယ်ဝတ်ချင်တာကို ရအောင် ကြိုးစားပြီး ယူတုန်း။ ဘောင်းဘီအဆန်းလား ၊ နာရီအသစ်လား ၊ ဖိနပ်က ဘာရောင်လဲ ။ ဈေးဘယ်လောက် ရှိသလဲ ။ ရတဲ့ လခနဲ့ မလောက်ရင် သူငယ်ချင်းဆီက ချေးငှားပြီး စုဝယ်နေကြ။ ကျွန်တော် လက်ထဲမှာ ထိမိခိုက်မိလို့ ၊ ဘောလုံးကန်ရင်း ၀တ်ကန်လို့ နာရီတွေ အမျိုးမျိုးသာ ပြောင်းလဲခဲ့တယ်။ အဖေ့လက်ထဲမှာတော့ ဟင်းလင်းပြင်ပါပဲ။

ဘ၀တလျှောက်လုံး ကျွန်တော့်တို့ လိုချင်တာကို ၀ယ်ပေးခဲ့တဲ့ အဖေရယ်လေ။ သူကတော့ သူ့ဆန္ဒတွေကို ရင်မှာမျိုသိပ်လို့ အ၀တ်အစား မပြောနဲ့ နာရီလေး တလုံးတောင် မပတ်ခဲ့ဘူး။ သူမပတ်ချင်တော့တာလား။ သူ့မှာ ပိုက်ဆံမရှိသေးလို့လား။ တကယ်ဆို ဘ၀တလျှောက်လုံးမှာ အဖေ့အတွက် အမှတ်တရ ဒီအသက်အရွယ်ထိ ကျွန်တော် ဘာလက်ဆောင်မှ မပေးခဲ့ရသေးပါဘူး။ ကျွန်တော် လိုချင်တာတွေကိုပဲ တောင်းတက်ခဲ့တာ။ သူလိုချင်တာတွေ ကျွန်တော် မမေးခဲ့ဘူး။

ကျွန်တော့် စဉ်းစားကြည့်တယ်။ တကယ်လို့များ အဖေ တခုခုများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေး ကျွန်တော့်ခေါင်းထဲကို ၀င်ရောက်လာခဲ့တဲ့ အချိန်မှာ ကျွန်တော် တုန်လှုပ်သွားမိတယ်။ ကိုယ့်အတွက်သာ သုံးဖြုန်းခဲ့တဲ့ ကျွန်တော် အဖေ့အတွက် ဘ၀မှာ ဘာလက်ဆောင်များ ပေးခဲ့ဘူးသလဲ။ အရင်တုန်းကတော့ ကျွန်တော် ငယ်ရွယ်သေးလို့ ပိုက်ဆံမရှာနိင်တဲ့ အခြေအနေမို့လို့။ အခုတော့ရော။ အခုတော့ ကိုယ်ပိုင် ၀င်ငွေရလာခဲ့ပေမယ့် လက်ဆောင်ကတော့ ၀ယ်မပေးခဲ့နိင်သေးဘူး။

အထူးသဖြင့် အဖေ့အတွက် သူလိုချင်တဲ့ နာရီလေးတစ်လုံးကို ကျွန်တော်လခလေးနဲ့ ၀ယ်ပေးလိုက်မယ် ၀ယ်ပေးတဲ့ အချိန်မှာမှ အဖေတခုခု ဖြစ်သွားခဲ့ရင် ကျွန်တော် ဒီနာရီကို ဘယ်သူ့ကို ပေးရတော့မှာလဲ။ ( ဒီနေရာမှာ အဖေမရှိတော့တဲ့ သူတွေကို ကျွန်တော် အရမ်းကိုယ်ချင်း စာပါတယ်လို့ ပြောချင်ပါတယ် )။ ဒီနာရီလေး တလုံးနဲ့ အဖေ့ကို ကျေးဇူးဆပ်တာ မလုံလောက်မှန်း သိပေမယ့် အဖေအတွက် နာရီအကောင်းစားလေး တစ်လုံးလောက် လက်ဆောင်ပေးဖို့ အခုအချိန်က စပြီး ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တော့တယ်။ အဖေ၀တ်ပါစေ။ သူဟာ အသက်အရွယ်ကြီးရင့်လို့ သေဆုံးသွားသည့် တိုင်အောင် သူ့ဘ၀မှာ အဖိုးတန် နာရီတလုံးကို သူမွေးထားတဲ့ သားက တန်ဖိုးထား လက်ဆောင်ပေးလို့ ၀တ်ဆင်ခဲ့ရတယ် ဆိုတာ သူမှတ်ယူသွားရင် ဒါဟာ ကျွန်တော့်အတွက် ဘ၀တလျှောက်လုံး ကြည်နှုးနေရမယ့် အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်ပြန်ရင် လက်ဆောင်ပေးမယ့် အဖိုးတန် နာရီလေးကို အဖေ၀တ်ရင်း သူ့သူငယ်ချင်းတွေ ကြားထဲမှာ အဖေဘယ်လောက် ဂုဏ်ယူလိုက်မလဲ။ မကြားရဘဲ သိနိင်တဲ့ စကားတွေက “ ဒီနာရီပေါ့....င့ါသား ၀ယ်ပေးထားတာလေ ” ဆိုတဲ့ အဖေ့ရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိပါတယ်။

ကျွန်တော်ရတဲ့ လခလေးက အဖေကိုပေးချင်တဲ့ အဖိုးတန် နာရီတလုံးစာဝယ်ဖို့
အဆမတန် အင်အားနည်းပါတယ် အဖေ။ အဲဒီအဆမတန် ကိုပဲ အဆတန်အောင်
ကျွန်တော်စုပြီး အဖေ့အတွက် နာရီလေး တစ်လုံးလက်ဆောင်အဖြစ် ၀ယ်ပေးမယ်။

တကယ်ဆို အဖေက ငယ်ငယ်လေးကတည်းက သူရတဲ့ လခနည်းလေးနဲ့
ကျွန်တော့်အတွက် နာရီပေါင်းများစွာ ၀ယ်ပေးခဲ့ဘူးတာ မဟုတ်လား။


Tuesday, January 20, 2009


ကိုယ် သွားခွင့်ပန်ဖို့
မင်းဆီ အလာမှာ
မင်းမျက်လုံးတွေ ပေါ်က
မယုံကြည်နိင်တဲ့ အပြုံးတစ်ချက်
လှစ်ခနဲ့ ပေါ်လာတယ်
ဒီလို ခဏခဏ လုပ်နေကျမို့
တော်ကြာ....ကိုယ်ပြန်ရောက်လာ ဦးမှာပဲလို့
မင်းက ထင်တယ်။

အမှန်အတိုင်း ပြောရမယ်ဆို
ကိုယ့်စိတ်ထဲမှာလည်း
အလားတူ ဒွိဟ ဖြစ်နေခဲ့တယ်........

အကြောင်းကတော့
နွေဦးနေ့တွေလည်း တစ်ချိန်ပြီး တစ်ချိန်
ပြန်ပြန်ရောက်လာကြတယ်
လပြည့်ဝန်းတွေကလည်း ထွက်ခွာသွားပြီး
နောက်တစ်ခေါက် အလည်ရောက်လာတာပဲ
ပန်းတွေဆို
တစ်ကြိမ်ထပ်ရောက်လာပြီး
ပင်ကိုင်းထက်မှာ....ရှက်သွေးဖြာ နီမြန်းနေကြတာ
တစ်နှစ်ပြီး တစ်နှစ်ပါ။

ဒီတော့ ဘာထူးသေးလဲ
မင်းဆီ ခွင့်ပန်လာတာ
မင်းထံပါးကို
ကိုယ် တစ်ခေါက်ပြန်ရောက် လာဖို့သာ
ဖြစ်နေမလား။

ဒါပေမယ့်
ဟုတ်ယောင်မှုကလေးကို
ခဏတစ်ဖြုတ်တော့ ရှိပါစေဦး။
မညှာမတာ
ချက်ချင်း နှင်မထုတ်လိုက်ပါနဲ့

မင်းဆီကနေ
ကိုယ် ထာဝရ ထွက်ခွာခွင့်ပန်တဲ့အခါ
ဒါကို တကယ့်အမှန်လို့ လက်ခံပါ။

ပြီးတော့
မင်း...မျက်ဝန်းတစ်ဝိုက်မှာ
မျက်ရည်ငွေ့လေးတွေ
ခဏတစ်ဖြုတ်တော့ ပြည့်အိုင်လာကြပါစေ။

အဲ.....
နောက်တစ်ကြိမ်
ကိုယ်...ထပ်ရောက်လာတော့လည်း
မင်းသဘောကျ ကရော်ထိုးပြီး
ပြုံးချင်သလိုသာ ပြုံးလိုက်ပေါ့ ။ ။



Monday, January 19, 2009


“ တစ်ချို့တွေ စုနေလိုက်ကြတာ ရာသက်ပန် နေကြရတော့မယ့် အတိုင်း ၊ တစ်ချို့တွေ
သုံးဖြုန်းနေလိုက်ကြတာ မနက်ဖြန်ပဲ သေကြရတော့မယ့် အတိုင်း ”

( အရစ္စတိုတယ်လ် - ဂရိတွေးခေါ်ရှင် )


“ ဥပဒေတွေကို ရေးဆွဲပြဌာန်းဖို့ လူတွေ ရာနဲ့ချီပြီး စဉ်းစားကြရတယ် ။ အဲ ဥပဒေတွေကို
ဘယ်လို ရှောင်ရမလဲဆိုတာတော့ လူတွေ သန်းနဲ့ချီပြီး စဉ်းစားနေကြတာကလား ”

( ပူတင် - ရုရှားဝန်ကြီးချုပ် )


“ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ယူဆတဲ့လူဟာ ငွေအတွက်ဆိုရင်
ဘာမဆိုလုပ်ဖို့ ၀န်မလေးတဲ့သူ ဖြစ်နိင်တယ် ”

( ဘင်ဂျမင် ဖရန့်ကလင် )

“ ယောင်္ကျားတွေ သူမကို ဂရုစိုက်ကြောင်း ခဏခဏ ပြောတဲ့ အမျိုးသမီးဟာ
အဲဒီဂရုစိုက်မှုကို အများဆုံး လိုအပ်နေတဲ့သူ ”

( မဲလ်နီကော့ဗာ )

“ ဘာပဲဖြစ်ဖြစ် မိန်းမယူပါ။ မိန်းမကောင်းကို ရရင်ခြွင်းချက်ဖြစ်မယ်။ ဆိုးတဲ့ မိန်းမကိုရရင်
တွေးခေါ်ရှင် ဖြစ်မယ် ”

( ဆိုကရေးတီးစ် )


Sunday, January 18, 2009

Nine Words Women Use



(1) Fine : This is the word women use to end an argument when they are right and you need to shut up.

(2) Five Minutes: If she is getting dressed, this means a half an hour. Five minutes is only five minutes if you have just been given five more minutes to watch the game before helping around the house.


(3) Nothing: This is the calm before the storm. This means something, and you should be on your toes. Arguments that begin with nothing usually end in fine.


(4) Go Ahead : This is a dare, not permission. Don't Do It!


(5) Loud Sigh: This is actually a word, but is a non-verbal statement often misunderstood by men. A loud sigh means she thinks you are an idiot and wonders why she is wasting her time standing here and arguing with you about nothing. (Refer back to # 3 for the meaning of nothing.)



(6) That's Okay: This is one of the most dangerous statements a women can make to a man. That's okay means she wants to think long and hard before deciding how and when you will pay for your mistake.


(7) Thanks: A woman is thanking you, do not question, or faint. Just say you're welcome. (I want to add in a clause here - This is true, unless she says 'Thanks a lot' - that is PURE sarcasm and she is not thanking you at all. DO NOT say 'you're welcome'. that will bring on a 'whatever').


(8) Whatever: Is a woman's way of saying F-- YOU!


(9) Don't worry about it, I got it : Another dangerous statement, meaning this is something that a woman has told a man to do several times, but is now doing it herself. This will later result in a man asking 'What's wrong?' For the woman's response refer to # 3.


Send this to the men you know, to warn them about arguments they can avoid if they remember the terminology.

Send this to all the women you know to give them a good laugh, cause they know it's true.


From FW Mail....


Saturday, January 17, 2009




ရန်ကုန်မှာတော့ ဒီလိုပွဲမျိုး ၊ ဒီလို မြင်ကွင်းမျိုး ကျွန်တော်မွေးကတည်းက အခုအချိန်အထိ တခါမှ မတွေ့ခဲ့ရပါဘူး။ ဒီပုံကိုကြည့်စမ်းပါဦး ၊ စိတ်အေးလက်အေးနဲ့ စစ်တုရင်ကစားနေကြတာ ။ ဒီလို နေရာမျိုးမှာ ၀င်ရောက် ကစားတဲ့သူ အနေနဲ့ကတော့ တော်ရုံအရည်အချင်းနဲ့ မရနိင်ဘူးလို့ ထင်မြင်မိပါတယ်။ ပွဲရှိန်တယ်ခေါ်မှာပေါ့။ ကျွန်တော် ဆိုလည်း စစ်တုရင် ကစားနည်းကို သာမန်လောက်သာ ဆော့ကစားခဲ့သူမို့ သူများတွေ ကြည့်တာနဲ့တင် အယောင်အယောင် အမှားမှား ဖြစ်ပြီး ပေါက်ကရလုပ်မိမှာ သေချာတယ်။

ငယ်ငယ်တုန်းက ပတ်ဝန်းကျင်မှာ စာပေလိုက်စားတဲ့ ၊ စစ်တုရင် လိုက်စားတဲ့ အိမ်တစ်အိမ် ရှိခဲ့တာ အခုတော့ ကျေးဇူးတင်မိပါတယ်။ သူတို့တစ်အိမ်သားလုံး အံသြဖွယ်ရာ စစ်တုရင်ကို ကျွမ်းကျင်နေကြတယ်။ ကျွန်တော့် ၆ တန်းကတည်းက စစ်တုရင်ကို သူတို့မိသားစု ကျေးဇူးကြောင့် စပြီး ကစားတက်ခဲ့ရပါတယ်။ သူတို့ မိသားစု ကြောင့်လည်း စာတွေ အများကြီး ဖတ်ခဲ့ရပြီး ၊ စာအုပ်ဖတ်တဲ့ အကျင့် ၊ ၀ါသနာ စွဲမိခဲ့ရတာပါ။

ဒီပုံတွေမှာ ရှိတဲ့ စစ်တုရင် အရုပ်တွေကိုတော့ တော်တော်သဘောကျမိသား။ အားထည့်ပါပေတယ်လို့တောင် မန္တလေးသား တွေကို ဂုဏ်ပြုမိပါတယ်။ အားပေးတဲ့ လူကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဝင်စားမှု အပြည့်။ နေရာဒေသကလည်း တကယ့် အလှအပနောက်ခံကြားထဲမှာ။ မြန်မာပြန်ရင် အဲဒီလိုပွဲမျိုး လိုက်ရှာကြည့်ဦးရဦးမယ်။








ပုံတွေအတွက် ကိုရှမ်းကလေးကို ကျေးဇူးတင်ပါကြောင်း.....။



Friday, January 16, 2009

စာဖတ်သူကို ဆွဲဆောင်အား ကောင်းလှတဲ့ စာရေးဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျူးရဲ့ ၀တ္တုတို ၃၆ ပုဒ်ပါဝင်တဲ့ စာအုပ်တစ်အုပ် ကိုတော့ ဖိုရမ်တစ်ခုကနေ ကျွန်တော် မလာခဲ့ပါတယ်။ တင်ပေးတဲ့သူကိုတော့ ဒီနေရာကနေ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါသည်။ တိုလည်းတိုတယ် ၊ ထိထိမိမိလည်း ရှိလှတဲ့ ဆရာမဂျူးရဲ့ စာတွေကို ခံစားကြရအောင်။ ဖိုင်ဆိုက်ဒ်ကလည်း ၅ မက်ကျော်ကျော်လေးထဲပါ။


Thursday, January 15, 2009

မိတ်ကပ်လူ......



နဂိုမလှပါဘူး
မိတ်ကပ်ကောင်းလို့ပါ

မနက်လင်းကတည်းက
မှန်ရှေ့မှာ
မိတ်ကပ်လိမ်းရင်း.....ကြီးပြင်းခဲ့သူ

ကျောင်းနေစဉ်က...စ
အလုပ်ခွင်ဝင်တဲ့...အလယ်
ပင်စင်ယူသည်အထိ

သူက
မိတ်ကပ်....တဖွေးဖွေးနဲ့
ဘ၀ကို........ တွေးခေါ်ခဲ့တယ်
မိတ်ကပ်....တပြင်ပြင်နဲ့
ဘ၀ကို........ ရင်ဆိုင်ခဲ့တယ်

မိတ်ကပ်တွေ....ခွာကြည့်
ပကတိအတိုင်း မြင်ရတဲ့အခါ
မလှတာ....သေချာတယ်

ဒါပေမဲ့
သူက....တစ်သက်လုံး မိတ်ကပ်သုံးခဲ့တော့
ဟော.....သေတော့လည်း
မိတ်ကပ်တွေ မှုန်လို့

သူ့ကို လိုက်ပို့သူတွေ မျက်နှာမှာလည်း
မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ။

( မြ၀တီမဂ္ဂဇင်း )


Tuesday, January 13, 2009

Rendition

စိတ်ရှုပ်စရာတွေ ၊ စိတ်ညစ်စရာတွေ ၊ ခေါင်းပူစရာတွေ ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ဂါတွေကို ပြန်လည် အနားယူဖို့ အတွက် ရုပ်ရှင်တစ်ကား ညွှန်းပြီး တင်ဆက်လိုက်ပါတယ်။ ဒီကားကို ကြည့်ပြီးတာတော့ တော်တော် ကြာပါပြီ။ ဇာတ်လမ်းက ၀ိုးတ၀ါးပဲ မှတ်မိတော့တယ်။ ဇာတ်လမ်းကတော့ တကယ့် ဇာတ်လမ်းကောင်းပါပဲ။ ဇာတ်ကားနာမည်က “ Rendition ” ပါ။




ဒီဇာတ်လမ်းမှာ အသေခံဗုံးကွဲမှု ဖြစ်စဉ်တွေကို စုံစမ်းဖို့ အာဖရိကကို စီအိုင်အေအရာရှိ တစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ သူရောက်တော့ ၄င်းနယ်ပယ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်ကို အကြမ်းဖတ် သမားများက လုပ်ကြံခြင်းကြောင့် မသေသော်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ရတယ်။

ထိုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေစဉ်မှာပဲ အကြမ်းဖတ်သမားတို့က ဇနီးနှင့် သားငယ်ရှိရာ အမေရိကန်သို့ ပြန်လာတဲ့ သူတို့နှင့် နာမည်တူ အီဂျစ်ပြည်ဖွား Chemical အင်ဂျင်နီယာ တစ်ယောက်ကို ဖုန်းဆက်ပြီး စီအိုင်အေက ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။




ထိုဘုမသိ ဘမသိ ဖမ်းဆီးခံရမှုအတွက် အိုမာဟာ အကျဉ်းထောင်ထဲမှာ တော်တော်လေးကို နှိပ်စက်ခံနေရသည်။



မခံနိင်တော့သည့် အဆုံး သူမလုပ်ပေမယ့် ၀န်ခံခဲ့သည်။ ထိုအခါ သူ့အားခိုင်စေသူများ၏ နာမည်ကို ချရေးခိုင်းရာ ကျောင်းသား ဘ၀တုန်းက ဘောလုံးအတူဆော့ခဲ့သည် နာမည်များကို ပေးခဲ့သည်။ ကံကောင်းချင်တော့ စီအိုင်အေ အရာရှိမှ သင်္ကာမကင်းဖြစ်ကာ သူ၏ နောက်ကျောင်းများကို လိုက်လံစုံစမ်းတော့ အကြောင်းစုံ သိရှိရသည့် အပြင် ၊ အပြင်းစား ဗုံးဖောက်ခွဲမှု့အတွက် သူရရှိမည့် ငွေပမာဏမှာ $40000 ဖြစ်ပြီး ၊ လက်ရှိ သူအလုပ်လုပ်နေသည့် လခမှာ $200000 ဖြစ်နေသည်ကို အံသြဖွယ် ရာ တွေ့ရှိရာမှ.......


မိမိချစ်သူ၏ ဖခင်မှာ သူသတ်မည့်လူဖြစ်သော်လည်း ၊ အစ်ကိုနှင့် ယုံကြည်မှုအတွက်
အသေခံဗုံးဖောက်ခွဲခဲ့သည့် သူအဖြစ်....... ခါလစ်



သားနှစ်ယောက်စလုံး အသေခံဗုံးဖောက်ခွဲမည်ကို သိရှိသော်လည်း မတက်နိင်သဖြင့်
မျက်ရည်ကိုသာ အဖော်ပြုနေရသူ


ကိုယ်ဝန်ကြီး တကားကားဖြင့် ယောင်္ကျားဖြစ်သူ ဖမ်းဆီးခံရမှုအတွက် လိုက်လံ
အကူအညီတောင်းနေသော သူအဖြစ်




အိုမာတစ်ယောက် မတရားမှုကနေ ပြန်လည် လွတ်မြောက်လာပါ့မလား.......

မိမိအသက်ကိုပါ ရန်ရှာခဲ့ပြီး ၊ မိမိ၏ သမီးကိုပါ ခိုးယူပေါင်းသင်းခဲ့သော
အသေခံဗုံးဖောက်ခွဲသမားအပေါ် မည်သို့သော် သဘောထားရှိမည့်...ရဲဌာန အကြီးအကဲ

အမှန်တရားကို သိသွားသော်လည်း....လက်မခံကြသည့် အတွက်
စီအိုင်အေ အရာရှိအနေနဲ့ မည်သို့ ကယ်တင်မလဲ......


အစရှိသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက် အပြည့်ဖြင့် ရုပ်ရှင်ဇာတ်လမ်းကားကောင်း တခုဖြစ်ကြောင်း စီစဉ်တင်ဆက်လိုက်ရပါသည်။

Download Links

http://rapidshare.com/files/84921961/rip123.part1.rar
http://rapidshare.com/files/84924025/rip123.part2.rar
http://rapidshare.com/files/84926085/rip123.part3.rar
http://rapidshare.com/files/84928140/rip123.part4.rar
http://rapidshare.com/files/84930071/rip123.part5.rar
http://rapidshare.com/files/84932085/rip123.part6.rar
http://rapidshare.com/files/84934128/rip123.part7.rar
http://rapidshare.com/files/84934483/rip123.part8.rar




Monday, January 12, 2009


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

အလုပ်လုပ်လို့ ပင်ပန်းမှာကိုတော့ ဘယ်တော့မှ မကြောက်ခဲ့ဘူး ။ လခစား အလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်ပိုင်စီးပွားရေးပဲ ဖြစ်ဖြစ်ပေါ့ ။ အချိန်တန်ရင် ပိုက်ဆံရမယ်။ ရတဲ့ ပိုက်ဆံလေးနဲ့ ( ၁ ) ပတ်စာအတွက်ပဲ ဖြစ်ဖြစ် ၊ ( ၁ ) လစာ အတွက်ပဲ ဖြစ်ဖြစ် ၀ယ်ခြမ်းထားမယ် ။ နောက်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ကိုင်မယ် ၊ အချိန်ရတိုင်း ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အကူအညီလိုအပ်တဲ့ အခါတိုင်း ကျွန်တော် သူတို့ဆီ ရောက်အောင်သွားမယ် ။ ပြီးတော့ ကိုယ်တက်နိင်သလောက် ကူညီချင်တယ်။ ဘာကိုမှ ကျွန်တော် ထွေထွေထူးထူး မမက်မောပါဘူး ။ ဂုဏ်လား ၊ ငွေလား ဒါတွေ ကျွန်တော် မလိုချင်မှန်း အရွယ်ရောက်လေ ပိုသိလာခဲ့တယ်။ ( ဒါဆို ခင်ဗျားက မရသေးလို့ပါ ၊ လူ့စိတ်ဆိုတာ ပြောရခက်တယ် ၊ အဲဒီလိုပဲ ပြောပြီး ဖြစ်သွားတော့လည်း လှည့်မကြည့်တဲ့လူ အများသားလို့ ) စာဖတ်သူက ဝေဖန်မှာ သေချာပါတယ်။ ဒါမှမဟုတ်လည်း လူအထင်ကြီးအောင် လျှောက်ပြောနေတယ်လို့ သက်မှတ်နေကြမှာ သေချာတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ။ ဒါက လူ့သဘာဝကိုး ။ လူသားတွေ အားလုံး ဘ၀ရပ်တည်ဖို့ အတွက် ငွေကို အသည်းအသန်ရှာနေကြတဲ့ ခေတ်ကြီးမှာ ၊ ကျွန်တော်က မယူချင်ဘူးလုပ်နေတာ ဆိုတော့ “ အင်း....ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ် ” ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ သာမန်ရိုးရှင်းတဲ့ ဘ၀လေးကိုပဲ ပိုနှစ်သက်တယ်။ ထမင်းမငတ်အောင် နေနိင်ရမယ် ၊ ကိုယ်ဝါသနာပါတဲ့ စာအုပ်ဖတ်တာ ၊ သီချင်းနားထောင်တာ ၊ အားကစားလုပ်တာတွေ လုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော် အဲဒီဘ၀ကို ကျေနပ်တယ်။

အဲ...ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ချစ်တဲ့ မိန်းခလေးကတော့ ထမင်းတော့ မငတ်ပေမယ့် သူများလို့ ပြောင်ပြောင်ရောင်ရောင် နေနိင်မှာ မဟုတ်တာတော့ သေချာတယ်။ ဘာလို့ ကျွန်တော်ချစ်တဲ့ မိန်းခလေး မသုံးလည်းဆိုတော့ ကျွန်တော်စိတ်က ဒီလို အောက်ခြေနိမ့်အဆင့်လောက် ရှိတာဆိုတော့ ကိုယ်ကချစ်ပေမယ့် သူများသားသမီး ခေါ်ပြီး ဒုက္ခမပေးချင်တာကြောင့်ပါ။း) ။ သူ့မှာ ကျွန်တော့်လိုပဲ ဘ၀ကို နေနိင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဘယ်သူမဆို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်ချင်ကြတာ ၊ ဘ၀ဆိုတာကို စဉ်းစားတက်တဲ့ အရွယ်ရောက်တာနဲ့ ဖြစ်လာတာပါပဲ။ အထူးပြောပြစရာ မလိုလောက်ပါဘူး။ ကိုယ့်နေရာရဖို့အတွက် သူတပါးမကောင်းကြံ ၊ သတ်ဖြတ် ရတဲ့ဘ၀ ၊ ကိုယ့်ပိုက်ဆံ ချမ်းသာဖို့အတွက် သူတပါးဆီက မတရားညှစ်ယူရတဲ့ ဘ၀တွေကို တော်တော်ရွံမုန်းမိပါတယ်။ ဟော..အခုဆို ခေတ်ကြီးက ဆွေမျိုးသားချင်းတောင် ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ခေတ် ၊ သူငယ်ချင်း မိတ်ဆွေဆိုရင်တော့ ပြောမနေနဲ့။ စီးပွားရေးနဲ့ ပတ်သက်လာလျှင် “ ညီအစ်ကိုက ညီအစ်ကို...စပါးကတော့ ကြမ်းခင်းဈေး ဆိုပဲ ” ။ အားကျလောက်ပါတယ်။ အေးပေါ့လေ “ အူမတောင့်မှ သီလစောင့်နိင်မှာ ” မဟုတ်လား ။ အဲဒီလို ဖြစ်ရပ်တွေကို ကြည့်ပြီးတော့ကို ဘ၀ကို စိတ်ကုန်ဖို့ စတင်ခဲ့တာ။ တကယ်ဆို ကျွန်တော့်ခံယူချက်က......


“ လူတစ်ယောက်ဟာ သူတက်နိင်တဲ့ ပညာ ၊ သူပေးဆပ်တဲ့ အချိန်နဲ့ ညီမျှတဲ့ ငွေကြေးကို ရမယ် ၊ သူများထက် ပိုလိုချင်ရင် ပိုလုပ် ၊ ဒါပေမယ့် မကောင်းတဲ့ စိတ် ၊ ယုတ်မာတဲ့စိတ် နဲ့ ဘယ်တော့မှ မလုပ်ဆောင်ရဘူး ”


ဒါဆို တော်ပြီပေါ့။ အားလုံးဟာ ဒီလို ခံယူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ ကြိုက်သလို ကွဲလွဲနိင်ခွင့် ရှိပါတယ်။ တချို့ကြတော့လည်း သူ့ခံယူချက်နဲ့သူ။ “ သစ်တပင်ကောင်းတော့ ငှက်တစ်သောင်းနား ” ဆိုတဲ့ စကားပုံအတိုင်း ငါတိုးတက်မှ င့ါမိသားစု တိုးတက်မှာဆိုပြီး ချနေလိုက်ကြတာ။ င့ါမိသားစုရဲ့နောက်က င့ါရပ်ကွက် ၊ င့ါပြည်နယ် ၊ ငါ့တိုင်းပြည် ပါမလာတော့ဘူး။ သူများသာ လျှောက်ပြောနေတာ။ ကျွန်တော်ကလည်း ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိပါဘူး။ လူတွေရဲ့ အဖြစ်တွေကို တွေးတယ် ၊ သုံးသပ်ကြည့်တယ် ။ ပြီးတော့ ခေါင်းခြောက်တယ် ။ ဘာမှလည်း မလုပ်ဖြစ်ဘူး။


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

“ ဒီတော့....ဘ၀ကလည်း ကျွန်တော့်ကို ရိုးရိုးလေးပဲ ပြန်ပြောသွားတယ်.....ထမင်းငတ်မယ့် အကောင်တဲ့ ”




အစကတော့ ကျွန်တော့် ကဗျာလေးကို ဘလော့ဂ်မှာ မတင်တော့ပါဘူးလို့ ဆုံးဖြက်ထားတာပါ။ ညီငယ် တစ်ချို့က တင်ပေးလိုက်ပါလို့ ဆိုတာနဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ရတာပါ။ အောက်က ဓါတ်ပုံနဲ့ ကဗျာလေးကတော့ ကျွန်တော့်လက်ဆောင်ပေါ့။ ကျွန်တော့်မှာ အကျင့်တခု ရှိပါတယ်။ ဘယ်သူဘလော့ဂ်က ကဗျာပဲ ဖြစ်ဖြစ် ၊ ကျွန်တော် ကြိုက်မိတယ်ဆိုရင် ဒီလိုပဲ ဓါတ်ပုံလေးတွေပေါ်မှာ စာရိုက်ပြီး သိမ်းထားလေ့ ရှိတယ်။ အခုဆို တော်တော်စုမိနေပါပြီ။ နောက်များကြုံမှ ပြန်လည်မျှဝေပါ့မယ်။ အခုတော့...“ အမေ ” ကဗျာလေးကို ခံစားပေးပါဦး။

“ အမေနှင့်.....စကားပြောခြင်း ”


နယူတန်ရဲ့ နိယာမ သုံးခုကို...အမေမသိဘူး
အမေသိတာ
သစ်ပင်ပေါ်တက်လို့ ပြုတ်ကျရင်
ကျွန်တော် ခြေထောက်ကျိုးမယ်ဆိုတာပဲ...သိတယ်

မိုနာလီဇာ ပန်းချီကားကို ဘယ်သူဆွဲတယ် ဆိုတာ...အမေမသိဘူး
အမေသိတာ
ရေချိုးပြီးရင် သားသမီးတွေကို
မျက်နှာမှာ သနပ်ခါးလိမ်းပေးရမယ်ဆိုတာပဲ...သိတယ်

ကမ္ဘာကျော် ကဗျာတွေရေးတဲ့
ရာဘန္ဒြာနတ် ( သ် ) တဂိုးကို...အမေမသိဘူး
အမေသိတာ
စာမကျက်ဘဲ ကဗျာရေးရင် စိတ်ဆိုးရလိမ့်မယ် ဆိုတာပဲ...သိတယ်

အမေရိကန် စီးပွားရေးပျက်တာ...အမေမသိဘူး
အမေသိတာ
မိသားစု ထမင်းဝအောင် ဘယ်လိုရှာရမလဲဆိုတာပဲ...သိတယ်

အစ္စရေးက ဂါဇာဒေသကို
ဝင်တိုက်နေတာ...အမေမသိဘူး
အမေသိတာ
ကျွန်တော်တို့ မိသားစုကို ဘယ်သူမှ ရန်မမှုနိင်ဖို့ဆိုတာပဲ...သိတယ်

နယူးယော့ခ်မြို့ကို ဒက်ခ်ျလူမျိုးတွေ စတင်တည်ထောင်ခဲ့တာ...အမေမသိဘူး
Mas OS အကြောင်း...အမေမသိဘူး
Eiffel Tower ကို ဂူစတက်ဖ် အီဖဲလ် တည်ဆောက်ခဲ့တာ...အမေမသိဘူး
လဂွန်းအိမ်ကို...အမေမသိဘူး
ကဗျာဆရာလို့ အမည်ခံမသွားတဲ့ ဆရာမြသန်းတင့်ကို...အမေမသိဘူး
North Atlantic Ocean ထဲမှာ ရှိတဲ့ ဘာမြူဒါတြိဂံအကြောင်း...အမေမသိဘူး
လကမ္ဘာပေါ် လူသားတွေ နေထိုင်နိင်တော့မယ်ဆိုတာ...အမေမသိဘူး
၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ကောလဟာလ သတင်း...အမေမသိဘူး

အမေ မသိတာတွေ....များလိုက်တာ
ဒါပေမယ့် အမေ့ကို ကျွန်တော် အထင်မသေးရဲဘူး
အမေပေးတဲ့ အသက်နဲ့ အမေကျွေးတဲ့ ထမင်းကို စားပြီး
နေလာခဲ့တာ

အမေက....ဘာမှ မသိဘူး
ဒါပေမယ့် ကျွန်တော်တို့ကို ထမင်းဝအောင် ကျွေးနိင်တယ်
ကျွန်တော်က....တော်တော်များများ သိတယ်
အမေ့တစ်ယောက်ထဲကိုတောင်...ထမင်းဝအောင် ရှာမကျွေးနိင်သေးဘူး






Sunday, January 11, 2009




တစ်ချို့ဘလော့ဂ်တွေမှာလည်း တင်ပြီးလို့ သိနေလောက်ပါပြီ။ အမေများနေ့အတွက် ရည်ရွယ်ပြီး ကဗျာစာအုပ်လေး ဘလော့ဂ်ဂါတစ်ချို့ ထုတ်ဖြစ်ခဲ့ကြတယ်။ ဒီစာအုပ်ကို ညီတော် ကိုရင်ငြိမ်းက ဦးဆောင်ပြီး ထုတ်ဝေခဲ့ပေမယ့် အဘက်ဘက်ကလည်း ပံပိုးဆောင်ရွက်မှုတွေကြောင့်လည်း ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်ကတော့ ကဗျာပါဝင် ရေးသားသူ အနေနဲ့လောက်ပဲ ရှိနေခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆိုပေမယ့် အဓိက ကတော့ ကဗျာတွေကို တောင်းခံတဲ့ နေရာမှာ ရက်အလွန်နီးကပ်သွားတာကြောင့် ကိုယ်နဲ့ သိသမျှ ၊ ဆက်နွယ်မိသမျှ ၊ လက်လှမ်းမှီသမျှ ဘလော့ဂ်ဂါတွေကိုပဲ တောင်းမိပါတယ်။ ဒီအတွက် ဘလော့ဂ်ဂါများ အားတက်သရော မပါဝင်နိင် ၊ မဖိတ်ခေါ်လိုက်နိင်တာကို ဘယ်လိုမှ စိတ်ထဲ မရှိစေချင်ဖို့လည်း ကိုရင်ငြိမ်းနဲ့စီစဉ်သူများ ကိုယ်စား ကျွန်တော် ကြားထဲက ထပ်ပြီး တောင်းပန်လိုက်ပါတယ်။

နောက်နှစ် အမေများနေ့မှာ ပါဝင်ရေးသား နိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ကျွန်တော်တို့ “ အမေကဗျာ ”များကို ခံစားကြပါစို့။




Download By


Ifile


Zshare



ယခုလို ရေးသားခွင့်ရတဲ့ အတွက် ကိုရင်ငြိမ်းနှင့် ၀ိုင်းတော်သားများအား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။

Saturday, January 10, 2009



အကြာကြီး ခွဲထားရဦးမယ်
မပြည့်စုံသေးတဲ့.......ဘ၀တွေအတွက်
အတောင်အလက် စုံအောင်
ဖြစ်လာဖို့ အချိန်အထိ

အကြာကြီး ခွဲထားရဦးမယ်
နှစ်ကိုယ်တူ ရည်မှန်းထားတဲ့...အခြေအနေတစ်ခုကို
အရွယ်မလွန်မီ တည်ဆောက်နိင်ဖို့

အကြာကြီး ခွဲထားရဦးမယ်
ဘ၀ရဲ့ အပူဒဏ်ဟာ...သူမနဲ့
မဆိုင်သလို နေဖို့

အကြာကြီး ခွဲထားရဦးမယ်
သူမရဲ့....အပြုံးတွေ
ထာဝရ အေးမြနိင်ဖို့

အဲဒီအကြာကြီး ဆိုတာ....ဘယ်လောက်လဲ
( ၁ )လလား....( ၁ ) နှစ်လား......(၁၀)နှစ်လား
ဘယ်လောက်တောင် ..........ကြာနိင်မလဲ
ကျွန်တော်လည်းမသိဘူး....သူမလည်း မသိဘူး
ဘယ်သူမှလဲ မသိဘူး
အဲ....အကြာကြီး ဆိုတဲ့သူတော့ သိလောက်တယ်

ကျေးဇူးပြု၍
အကြာကြီး..နာမည်နဲ့ အချိန်ကာလကို တွေ့ရင်ပြောပေးပါ
ကျွန်တော် သူ့ကို တွေ့ချင်နေတဲ့အကြောင်း
ကျွန်တော်...သူ့ကို မေးချင်နေတဲ့ အကြောင်း
နောက်ပြီး....သူသိချင်တဲ့ ကျွန်တော်တို့ အကြောင်း
တခဏပဲ...ဖြစ်ဖြစ်
အချိန်ရသလောက် ပြောပြပ့ါမယ်လို့





Friday, January 9, 2009


ရာသီဥတု အပူချိန်က -20 ကျော်
ရင်ထဲမှာတော့ အလွမ်းတွေက + 40 ထက်မက

“ မင်း....ခဏလေးပြန်တွေ့ကြဖို့ ခက်နေရင် ” ဆိုတဲ့
ကိုလေးဖြူ သီချင်းဟာ အကြိမ် ၁၀၀ နီးပါး
အသံကုန်ဖွင့်...နားထောင်နေတော့
အခန်းက သူငယ်ချင်းတွေက
ဝိုင်းဆဲကြတယ်

ခေတ်က အချစ်ကို သတ်ပစ်တယ်
သားနဲ့အမေ ၊ သမီးနဲ့ အဖေကို ခွဲထားတယ်
လူတန်းစား ကွာဟမှု့ကို အလေးပေးတယ်
နလုံးသားတွေ မာကျောအောင် အထောက်အကူပြုတယ်
မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်
ဆင်သွားတော့ လမ်းဖြစ်တဲ့ စကားပုံလို

“ စိုင်းစိုင်းက....ဘာကြောင့်လဲတဲ့ ”
သူမသိသေးလို့ ဒီမေးခွန်းမေးတာတော့ မဖြစ်နိင်ဘူး
ဘာကြောင့်လဲဆိုတာတော့ မရှိဘူး

အားလုံးမှာ အကြောင်းပြချက်တွေ ရှိတယ်
အားလုံးမှာ ခံစားချက်တွေ ရှိတယ်
အားလုံးမှာ မမျှတတဲ့ ဒဏ်ရာတွေ ရှိတယ်

၁၀ နှစ်သားကလေးက
သူစားဖို့ .....ထမင်းတနပ်ရှာနေရသလိုမျိုး
အသက် ၆၀ အဘွားအိုက ရိပ်သာကို
အိမ်မက်မက်ဖို့ပဲ တက်နိင်သလိုမျိုး

ခေတ်ကြီးက သင်ပေးလိုက်တာ
ရွှေပြည်တော်...မျှော်တိုင်းဝေး ကဗျာကိုပေါ့




Thursday, January 8, 2009

:(((((((((((((((((((((((((((((((

ဘလော့ဂ်မရေးတာ ၃ ၊ ၄ ရက်လောက် ကြာတာနဲ့ ဘာရေးလို့ ရေးရမှန်း ၊ ဘာတွေးလို့ တွေးရမှန်း မသိတော့ဘူး။ ဆိုးသွမ်းဆိုပြီး ရေးနေတဲ့ ဘလော့ဂ်က ကိုယ်နဲ့ မဆိုင်တော့သလိုပဲ။ သူ့ဟာနဲ့ သူတော့ဟုတ်လို့။ သူငယ်ချင်း အဆောင်သွားတယ် ၊ စားတယ် ၊ လည်တယ် ၊ ရုပ်ရှင်ကြည့်တယ် ၊ ဂိမ်းကစားတယ် ၊ မုန့်တွေချက်စားတယ် ။ အဟားးးးးးးးး

တော်တော် အကျိုးရှိမယ့် အလုပ်တွေ လုပ်ပစ်လိုက်တာ။ ဒုတိယကမ္ဘာစစ်ပွဲဂိမ်းကို ၀င်တိုက်လိုက်တာ အိပ်ရာနိးလည်း တိုက် ၊ အိပ်၇ာက ပြန်ထတော့လည်း ပြန်တိုက်နဲ့။ ဂိမ်းတခုလုံး အောင်လုနီးနီးပါးပါး ဖြစ်ခဲ့ပေမယ့် လူလည်း ညမအိပ် ၊ နေ့မအိပ် ဆော့လိုက်တာ တော်တော်လေးကို ထိုင်ကျသွားတယ်။ ခေါင်းထဲမှာ ရီဝေရီဝေနဲ့ ၊ ဘာနဲ့မှ ဖြေလို့ မရဘူး။

ကျောင်းကလည်း ပြန်တက်ရတော့မယ် ။ Supervisor နဲ့ ပြန်တွေ့ရင်တော့ ကျောင်းပိတ်ရက်မှာ ဘာမှမလုပ်ဖြစ်လို့ လည်ပင်းကို အနင်းခံရဖို့ သေချာနေပြန်ပြီ။း( ။ ကိုယ်မရေးနိင်တော့ သူများဘလော့ဂ်တွေ လိုက်ကြည့်တော့လည်း ရေးတဲ့လူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက်ပြီး ဗဟုသုတ တွေဝေမျှနေကြသလို ၊ တချို့ကျတော့လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်စီးပွားရေး ဂယက် လာထိသလို ဘလော့ဂ်ကို မရေးနိင်ကြပြန်ဘူး။


သတင်းတွေ ဖတ်တယ် ၊ အတင်းတွေလည်း ဖတ်တယ် ၊ ကဗျာတွေလည်း ဖတ်တယ် ၊ စာတွေလည်း ဖတ်တယ် ၊ ဖတ်...ဖတ်.....ဖတ် ။ ဖတ်ပြီးရေးချင် စိတ်တွေလည်း မရှိတော့ဘူး။ ၀ူးးးးးးးးး......စိတ်တွေတော့ ညစ်နေတယ်ဗျာ။ ကိုယ်တိုင်လည်း ဘာကို ညစ်နေမှန်း မသိဘူး။ ဒါပေမယ့် စိတ်တော့ တကယ်ညစ်နေတယ်။ :)




Sunday, January 4, 2009

လွတ်လပ်ရေး ရခဲ့တာ ၆၁ နှစ်ကြာခဲ့ပေမယ့် လွတ်လပ်ရေးကို ယူပေးခဲ့သူ ဗိုလ်ချုပ်သေသွားတာကတော့ မနေ့တနေ့ ကလိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စစ်သားဆိုပေမယ့် အဲဒီအချိန် အဲဒီခေတ်တုန်းက ဗိုလ်ချုပ်လို စွန့်စားရဲပ့ါမလား ၊ အနစ်နာ ခံနိင်ပ့ါမလားဆိုတာကို တွေးမိတိုင်း သူ့ကို လေးစားအားကျမိပါသည်။

တကယ်တော့ ကျွန်တော်တို့ လွတ်လပ်သင့်ခဲ့တာ အချိန်တွေများစွာ ကြာမြင့်ခဲ့ပါပြီ။ ထူးတော့ ထူးစမ်းသား ။ နှစ် ၁၀၀ တိုင်တိုင် ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်တွေကို မမုန်းဘဲ ၊ ကျွန်တော်တို့တွေ အင်္ဂလိပ်ပရီးမီးယားလိဂ်ကို အားပေးနေလိုက်ကြတာ။ ဟားဟ။ ကျွန်တော့်သူငယ်ချင်း ဗီယက်နမ်ကျောင်းသားတွေကို မေးကြည့်တော့ သူတို့ကလည်း အမေရိကန်နဲ့ တရုတ်ကို အမုန်းဆုံးပဲတဲ့။ အမေရိကန်ကတော့ ပါလေရာ ပဲခူးဆားလို ထားလိုက်ပါတော့။ တရုတ်က သူတို့ကို ကျွန်ပြုသွားတာ အခုထိ အသည်းနာနေတုန်းပဲဆိုပဲ။ ကျွန်တော်တို့ မြန်မာတွေကပဲ မေတ္တာတရားတွေ ပြည့်ဝနေလို့ပဲ ဖြစ်ရမယ်။

ဟိုးအရင် ငယ်ငယ်တုန်းက လွတ်လပ်ရေးနေ့ဆို ဥသြတွေ ဆွဲတယ်။ လမ်းတိုင်းမှာ ၊ ရပ်ကွက်တိုင်းမှာ ၊ မြို့နယ်တိုင်းမှာ ၊ ပြည်နယ်တိုင်းမှာ ကစားနည်းပေါင်းစုံနဲ့။ ပြိုင်ပွဲတွေကျင်းပ ၊ ဆုတွေပေးကြနဲ့။ ပျော်ဖို့ကောင်းလိုက်တာ။ လူသားတိုင်းရဲ့ မျက်နှာတိုင်းမှာ အပြုံးပန်းတွေ ကိုယ်စီနဲ့။ ပိုက်ဆံအကုန်ခံပြီး ပျော်ရွှင်မှုကို ၀ယ်ယူနေလိုက်ကြတာ။

ကျွန်တော် ဆိုးသွမ်းတို့ဆို .......

  1. ရပ်ကွက်ကို ပတ်ပြေးပွဲ
  2. ဘောလုံးပြိုင်ပွဲ
  3. အာလူးကောက်
  4. အုန်းသီးလု
  5. ခေါင်းအုံးရိုက်
  6. မုန့်ကိုက်
  7. လက်ကိုနောက်ပစ် ၊ အရှေ့က ရေတွေအပြည့်ထည့်ပြီး ပင်ပေါင်သီးတွေ ထည့်ကာ မွှေထားတဲ့ ဇလုံထဲက ပင်ပေါင်သီးတွေကို ပါးစပ်နဲ့ လိုက်ဖမ်းရတဲ့ ပြိုင်ပွဲ
  8. တစ်ယောက်က ကုန်းပိုးပြီး ပါးစပ်က ရေငုံ ၊ အပေါ်က တစ်ယောက်က မျက်နှာကို အ၀တ်စည်းပြီး အဝေးမှာ ထောင်ထားတဲ့ ရုပ်ပုံက မျက်နှာမှာ နတ်ခမ်းမွေးကိုဆွဲတဲ့ ပြိုင်ပွဲ
  9. မျက်နှာအ၀တ်စည်းပြီး လူကို ၁၀ ပတ်လောက်လှည့်ကာ သံပုန်းရိုက်တဲ့ ပြိုင်ပွဲ
  10. ချောတိုင်တက်ပြိုင်ပွဲ

အဲဒီလို အစရှိတဲ့ ကစားနည်းတွေနဲ့ ဆော့ကစားနေခဲ့တာ။ အခုအရွယ်ထိ ကစားချင်တုန်း။ ဒီနေ့ခေတ်မှတော့ ဒါတွေဟာ မရှိသလောက်ကို ရှားပါးသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းကို ဆင်ဆာနဲ့မလွတ်ကင်းတာကြောင့် ချန်ခဲ့ပါတော့မယ်။ :)

အာလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို လေးစားမိပါတယ်။ လွတ်လပ်ရေးဆိုတာကို ရဖို့ ကြိုးစားခဲ့သူတွေရော ၊ လွတ်လပ်ရေးဆိုတာကို ရအောင် ယူပေးခဲ့တဲ့ သူတွေရော ၊ လွတ်လပ်ရေးဆိုတာကို ထိန်းသိမ်းထားတဲ့ သူတွေရော ၊ အကုန်အကုန်လုံးကို ဒီနေရာကနေ အလေးပြုလိုက်ပါတယ်။

“ ကျွန်တော်တို့ မြန်မာနိင်ငံတော်ကြီး လွတ်လွတ်လပ်လပ်နဲ့ ထာဝရ အဓွန့်ရှည် တည်တံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် ”



Friday, January 2, 2009

4 Minutes ( Madonna & Justin )



နှစ်သစ်ကူးအချိန်ဆိုတော့ ကိုယ့်အဆောင်ကိုယ် မနေဘဲ သူငယ်ချင်းရှိတဲ့ ကျောင်းဆီချီတက်တော့မှာမို့ ဘလော့ဂ်နဲ့ ၃ ၊ ၄ ရက်လောက်တော့ အနည်းဆုံးဝေးနေဦးမယ် ထင်ပါတယ်။ ဒီတော့ အခုကတည်းက ကြိုပြီး တောင်းပန်ထားလိုက်တော့မယ်။ ဒါနဲ့ မသွားခင် ဘာများရေးမလဲ စိတ်ကူးမိတယ်။ စိတ်ညစ်သလိုလို ၊ စိတ်ပျော်သလိုလို ၊ ဟိုလိုလို ၊ ဒီလိုလို ဖြစ်နေတာကြောင့် ဘာမှ ရေးမယ်လို့ စိတ်မကူးတော့ဘဲ သီချင်းတစ်ပုဒ်ပဲ လက်ဆောင်ပေးတော့မယ်။ အစကတော့ ဒီသီချင်းက အမှုမဲ့ အမှတ်မဲ့ပါပဲ။ Tv က ခဏခဏ လာနေတော့ နားကလည်းညည်းလာပြီ။ သီချင်းနဲ့အညီ မြူးမြူးကြွကြွ ကတာလေးကို သဘောကျမိပြန်တော့ ပြန်ရှယ်လိုက်တော့မယ်။ Justin Timberlake လို ကတက်ချင်တယ်။ Madonna ကတော့ အခုထိ Sexy ဖြစ်တုန်း။ ဂျက်စတင်နဲ့ ဒီ Music Video ထဲမှာ အပြိုင်ကျဲထားလေရဲ့ ။ ကဲ ရှု့စားကြတာပေါ့။






Download By


Zshare



Ifile


VCD အဆင်မပြေလျှင် Mp3 နားထောင်ချင်သူများအတွက်

Ifile