Monday, December 15, 2008

အဟဲဟဲ။ ၄ ၊ ၅ ရက်လောက် ဘလော့ဂ်လောကနဲ့ အဆက်အသွယ် ပြက်သွားတယ်။ ဘာအကြောင်းမှတော့ မဟုတ်ပါဘူး။ သူငယ်ချင်းမွေးနေ့ ၀ိုင်းကူချက်ပေးနေတာနဲ့ လျှောက်သွားနေတာကြောင့်ပါ။ အဆောင်ကနေ ထွက်တော့ လက်ထဲမှာ စာအုပ်တစ်အုပ်။ စာရေးဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုထားပြီး “ Spencer Johnson ” ရေးသားတဲ့ “ Who Moved My Cheese ” ဆိုတဲ့ စာအုပ်လေးပါ။ ကျွန်တော်ဘယ်သွားသွား ရထားပေါ်ရောက်ရင် စာအုပ်ဖတ်ဖြစ်တယ်။ စာပေလိုက်စားတယ်လို့ မထင်ကြပါနဲ့။ ရထားပေါ်မှာ တောင်ကြ့ည်မြောက်ကြည့်နဲ့ မကြည့်ချင်လို့ပါ။း) ဒီကလူတွေက သူတို့ကို ကြည့်ရင် ကြိုက်တာ မဟုတ်တော့ အနေအထိုင် ဆင်ခြင်နေရတယ်လေ။ နောက်တာပါ။ အိမ်သာတက်လည်း စာအုပ်ဖတ်တယ် ၊ အိပ်ခါနီးလည်း ဖတ်တယ် ။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖတ်တယ်။ ၈ တန်းလောက်နဲ့ ဖေမြင့်တွေ ၊ ဒေးလ်ကာနက်ချီတွေ လျှောက်ဖတ်နေတော့ ရွယ်တူတွေ ၊ အသက်နည်းနည်းကြီးသူတွေက ကြည့်မရဘူး ။ :D ။

ဒါနဲ့ စောနက ပြောတဲ့ စာအုပ်လေးဖတ်ရင်း ကျွန်တော်လည်း ပြန်လည်ဝေမျှစရာလေး တွေ့လို့ ပြန်ရေးလိုက်တာပါ။ တကယ်တော့ ဒီစာအုပ်ထဲက ပြောသွားတဲ့ အတိုင်းပဲ ကျွန်တော်ကိုယ်တိုင် အနာဂတ်အတွက် ကြိုတင်တွေးတော စိုးရိမ်ပူပန်မှုတွေ များနေတယ်ဆိုတာ သိလိုက်တယ်။ ပညာရေး ၊ ဘ၀ အနာဂတ် ၊ မိသားစု ၊ ကိုယ်တည်ထောင်မယ့် မိသားစု ၊ စီးပွားရေး အစရှိသည်ဖြင့်ပေါ့။ ဒီစာအုပ်လေးက လက်ရှိပစ္စုပ္ပန်မှာ ကျွန်တော်တို့ ဘယ်လိုပျော်ဝင်နေထိုင်သင့်တယ် ဆိုတာကို ပြောပြထားတာပါ။ ဒါမှ တဖြည်းဖြည်း အနာဂတ်ကို ပုံဖော်နိင်မယ်ပေါ့။ စာအုပ်ထဲမှာပါတဲ့ အဓိက အချက်လေး စာရေးသူပြောချင်တာကတော့......





သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း ( ၃ ) သွယ်

၁ ။ သင်စိတ်ချမ်းသာပြီး အောင်မြင်သူ ဖြစ်လိုတဲ့အခါ

ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ
သင့်ရည်မှန်းချက်ကို အာရုံပြုပြီး လောလောဆယ် အရေးကြီးနေတဲ့
ကိစ္စ ( အလုပ် ) ကို တုံ့ပြန်ဆောင်ရွက်ပါ ။

၂ ။ ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ

အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ
အဲဒီဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။

၃ ။ အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန် ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ

အနာဂတ်အတွက် စီမံကိန်းချပါ
သာယာဝေစည်တဲ့ အနာဂတ် ပုံရိပ်ကို မြင်ယောင်ကြည့်ပါ
အဲဒီပုံရိပ်တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။........ တဲ့


တကယ်လည်းပဲ ကျွန်တော်တို့ အနာဂတ်ကို စိုးရိမ်ပူပန်နေတာနဲ့ပဲ လက်ရှိ ပစ္စုပ္ပန်မှာ လုပ်ရမယ့် ၊ ဂရုစိုက်ရမယ့် ၊ အလုပ်ကိစ္စ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ စီးပွားရေးတွေ တော်တော်များများ နစ်နာကုန်တယ်လို့ သုံးသပ်မိပါတယ်။ ကဲ ဒီနေ့ကစပြီး စာဖတ်သူရော ၊ ကျွန်တော်ရော ပစ္စုပ္ပန်မှာ ပျော်ဝင်ကြရအောင်လား....။





7 comments:

Dr. Yi Yi Win said...

အဲဒီမှာပဲရှိနေသေးတယ်ပေါ့လေ။ မပြန်ရသေးဘူးလား။ ဒီအချိန်ဆို ကွတ်ခိုင်မှာတော်တော်
အေးခဲနေလောက်ပြီထင်တယ်နော်။ သတိမရဘူးလား အဟား။ လာလည်တာကျေးဇူး။

ဟန်လင်းထွန်း said...

ကျနော်လည်း အဲ့ဒီစာအုပ်လေးကို ကြိုက်တယ်

khin oo may said...

ထပ်ဖတ်သွားသည်။

နေရီနွယ် said...

လက်ဆောင်မွန် ဖတ်သွားပါတယ်

ရွှန်းမီ said...

who moved my cheese? ကို ညီမလည်း ကြိုက်တယ်..

Anonymous said...

မင်္ဂလာပါ မောင်လေး ရေ..
မယု မင်းရဲ့ ဘလော့လေး ကို လာဖတ်သွားတယ်..။ မင်းရဲ့ ဒိန်ခဲလေးကို လာမြည်းသွားတယ်... ။ နေရာတော့မရွှေ့ ခဲ့ဘူး ..။ တော်ကြာပြန်လာရင် ရှာမတွေ့ ပဲ နေမှာစိုးလို့ နော်..။
သတိယနေပါတယ်
မယု

Unknown said...

အင်းဒါ တော်တော်ကောင်းတဲ့စာအုပ်လေးပါ
ပျော်ရွှင်လာအောင်နေတတ်စေဖို့တကယ်
အထောက်ကူပြုပါတယ်