Thursday, December 25, 2008

အကောင်းဆုံးဟာသ


ခင်ဗျားရဲ့ အမြင်တွေက
သိပ်ကို ရိုးစင်းလွန်းတယ်.......

ဒီအတိုင်းဆက်သွားနေရင်
တစ်နေ့တော့.....ခင်ဗျားလည်း ကျဆုံးရဦးမှာပဲ

ခင်ဗျားလည်း စာတွေဖတ်ဖူးမှာပေါ့
လောကမှာ အောင်မြင်ချင်ရင်
ဘယ်လိုမျက်နှာပေးမျိုး တပ်ဆင်ရတယ်ဆိုတာ

အဟဟဟ....
ဘာလည်း...“ တရားမျှတမှု ” ဟုတ်လား
ချာလီချက်ပလင်ပြီးရင် ၂၁ ရာစုအတွက် ခင်ဗျားက ရီစရာအကောင်းဆုံး
လူပဲ ဖြစ်လိမ့်မယ်

လိမ်သင့်တဲ့နေရာ လိမ်လိုက် ၊ ဖားသင့်တဲ့နေရာ ဖားလိုက်
မြှောက်ပေးသင့်တဲ့နေရာ မြှောက်ပေးလိုက်
မခေါ်ချင်တဲ့အခါ ၊ ကန်းနေသလိုသာ နေလိုက်

သဘောကတော့
ရေလိုက်...ငါးလိုက်ပေါ့.....ပေါက်တယ် မဟုတ်လား
သူတို့တွေ ပြောကြတယ် ၊ လုပ်နေကြတယ်
တကယ်တော့ အောင်မြင်ချင်ရင်
လောကမှာ
“ မျက်နှာပြောင်တိုက်ဖို့ပဲ ” လိုတယ်။

အော်...ကျန်သေးတယ် ကျန်သေးတယ်
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်
လောကမှာ ဘယ်လိုပဲ ဆုံးဖြက်ဆုံးဖြက်
“ ကိုယ့်လူကိုယ့်သား ၊ ကိုယ့်ဆွေမျိုးဆိုတဲ့ ” လူတွေအတွက်
အရင်ကြည့်ပြီး ဆုံးဖြက်နေတဲ့သူတွေ ရှိနေသ၍

ခင်ဗျား...ကျဆုံးနေရဦးမှာပဲ


မှတ်ချက် ။ ။ ဘာမှ မဟုတ်ပါဘူး။ စာမရလို့ လျှောက်ရေးနေတာ။း) ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်နိင်ကြပါစေ။

http://s4.dancingsantacard.com/santa_yourself_3.aspx

http://www.dancingsantacard.com/?santa=4564239



7 comments:

khin oo may said...

မင်းခိုက်စိုးစန်ထက်တောင် ကောင်းသေးတယ်။

Anonymous said...

ငါကြိုက်တယ်ဟေး ....
ကိုယ်ဘာသာတွေးယူပလိုက်တယ် ....း)

Apprenticeship said...

အား.......
ရေလိုက်ငါးလိုက်နဲ့ ပင်လယ်ပင်မှာ လမ်းပျောက် နေမယ်နော် ကြည့်လဲလိုက်အုံး :P

Anonymous said...

ကြိုက်တယ် ကြိုက်တယ် ဒီကဗျာကို ဒါနဲ့ ခင်ဗျား ဆိုတာ ဘယ်သူ့ကိုပြောတာတုန်းး ကျနော် ဘာမှလုပ်ဘူးနော် =) ကိုယ့်ညီကိုချင်း ရှင်းစရာရှိ တုတ် တွေ ဓားတွေနဲ့ရှင်းတာပေါ့ ဘာဖြစ်လဲ :P

Dr. Yi Yi Win said...

နှစ်သစ်မှာ စာတွေများများကျက်နိုင်ပြီး အောင်မြင်ပါစေ။

Anonymous said...

ခက်တာက ကျွန်တော်ဟာလည်း အဲဒီ့ ရိုးစင်းမှုကိုပဲ ကော်ဖီတစ်ခွက်လို၊ စွဲလန်းမှုတစ်ခုလို သိပ်ခုံမင်နေတော့တာ ... ။

Anonymous said...

can you email me: mcbratz-girl@hotmail.co.uk, i have some question wanna ask you.thanks