Monday, December 8, 2008


“ ဟာကွာ....တောက် ၊ ကန်လေ......ကန် ၊ ကန်လိုက်တော့ ၊ အာ.....အသုံးမကျတာကွာ ၊
အစောကြီးကတည်းက ကန်ထည့်လိုက်ရမှာ ၊ ဒိုင်ကလည်း ပုံမလာပါဘူးကွာ ၊ ဟာ...ဂိုးတော့မယ်ဟ ၊ အဲ....ဂိုး...ဂိုး......ဂိုးးးးးးးးးးးးးးးးးးးးးးးးးးး ၊ အရူးလားကွ ၊ အချဉ်များ မှတ်နေလား မြန်မာကွ ၊
ဘာမှတ်နေလဲ ”


မြန်မာဘက်က ဂိုးရရှိပေမယ့် ဒါဟာ အနိင်ဂိုး မဟုတ် ၊ ခြေပဂိုးလည်း မဟုတ်ပါဘူး။ ပွဲစကတည်းက ၁ လုံးသွင်းခံရပြီး ၊ နောက် သိပ်မကြာခင်မှာ ထပ်ပေးခဲ့ရတဲ့ နောက် ၁ ဂိုးပြီးလို့ စင်္ကာပူက ၂း ၀ နဲ့ နိင်နေတဲ့ အချိန်ကြမှ မြန်မာက ဂိုးပြန်သွင်းခဲ့တာပါ။ ဒါနဲ့ ဒုတိယပိုင်း ပြန်ဆော့ကစားကြတာပေါ့။ ဒုတိယပိုင်းအစမှာ မြန်မာက အကွက်မိမိ ကစားကွက် အသာစီးရအောင် ဆော့နိင်ခဲ့ပေမယ့် လူမျိုးပေါင်းစုံ ရောထွေးထားတဲ့ စကာင်္ပူအသင်းက အရပ်အမောင်း ကောင်းတာကြောင့် မြန်မာဘောလုံးသမားတွေ မတိုးဖောက်နိင်ခဲ့ပါဘူး။




သိပ်မကြာခင်မှာပဲ မြန်မာဘက်က ကစားသမားတစ်ယောက်ကြောင့် စင်္ကာပူက ပြစ်ဒဏ်ဘောရတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာကစားသမားများက ဒိုင်လူကြီးကို အ၀ါကဒ်မပြရန် သွားရောက်ပြောကြားနေတုန်း စင်္ကာပူက ဒိုင်ဝီစီမမှုတ်သေးခင် ရုတ်တရတ်ကန်သွားကာ တတိယဂိုးထပ်မံရယူသွားပါတယ်။ ဒီလိုမျိုးဖြစ်စဉ်က ဖီဖာက ခွင့်ပြုထားသလို ဒိုင်လူကြီးကလည်း ဂိုးပေးခဲ့ပါတယ်။ ဘောလုံးဥပဒေအရ စင်္ကာပူဘက်က အပြစ်မရှိပေမယ့် လူမှုရေးအရ သွားရောက်ကြည့်ရှု့တာကို နားလည်မှုမပေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဂိုးသမား အောင်အောင်ဦးကလည်း ဂိုးဖမ်းတဲ့ ( ၁၈ ) ကိုက်အတွင်းကနေ ဒိုင်လူကြီး ရှိရာကို တဟုန်ထိုး ပြေးသွားပြီး မျက်နှာကို တွန်းထိုးရိုက်ချလိုက်တော့ အနီကဒ်ပေါ့။ နောက်ဆုံး ၃း ၁ နဲ့ရှုံးပြီး အုပ်စုအဆင့်က ထွက်ခဲ့ရတယ်။

မြန်မာဘောလုံးသမားတွေ အဆင့်အတန်းမရှိဘူး ၊ ပရိုမပီသဘူးလို့ ပွဲအစီအစဉ်ကြေငြာသူကတော့ တချိန်လုံး ထိုင်ပြောနေပါတယ်။ တကယ်တော့ နဂိုကတည်းက ရှုံးနေတာကို ဘက်လိုက်တော့ ဘယ်ကစားသမားကမှ သည်းခံမှာ မဟုတ်ပါဘူး။ ပွဲကို မိနစ် ၁၅ မိနစ်ကျော် ရပ်နားခဲ့ရပေမယ့် အချိန်ပိုပေးတော့ ၅ မိနစ်ပဲ ပေးခဲ့ပါတယ်။ အာရှဘောလုံးလောကဟာ မတရားမှု ၊ အိမ်နီးချင်း နိင်ငံများကန်ပေမယ့် ၊ အိမ်ရှင်နိင်ငံ၊ ပိုက်ဆံရှိ နိင်ငံတွေ အပေါ် ဘက်လိုက်မှုတွေ ရှိနေသေးသ၍တော့ တိုးတက်ဖို့ မလွယ်ပါဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ မကောင်းပေမယ့် မတရားတာ ထင်ရင် မခံတက်တဲ့ မြန်မာစိတ်ဓတ်ကို ဂိုးသမားအောင်အောင်ဦးက ပြသွားတာပါပဲ။ အောင်ကျော်ကျော်လည်း ဒီလို ဖြစ်ဘူးတယ် ၊ လူငယ်ဂိုးသမားထွန်းထွန်းဝင်း ကလည်း ဒိုင်ကို ရေသန့်ဘူးနဲ့ ပေါက်တာ ဖြစ်ခဲ့ဘူးပါတယ်။

ဒီနေ့ပွဲမှာ မြန်မာက ပြစ်ဒဏ်ဘောတော်တော် ရနိင်ပေမယ့် ဒိုင်မပေးခဲ့တာတွေဟာလည်း ဘောလုံးသမားတွေ ဒေါသဖြစ်လာစေတဲ့ အချက်တွေပါ။ ဒီတော့ ဗီယက်နမ်ဒိုင် အမှားမှာ ကျွန်တော်တို့ မြန်မာကစားသမားတွေ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတယ်။

ဒီနေ့လည်း ဒေါသဖြစ်ဖြစ်နဲ့ ကန်တော့ပါရဲ့။ ဒိုင်ကို ၀ိုင်းဆဲနေကြတာ။ မိုးမွှန်နေတာပဲ။ :D ။ မနိင်မည့် အတူတူ လူချခိုင်းတဲ့ သူကတစ်မျိုးနဲ့။ အဲဒါ ဘယ်သူမှ မဟုတ်ပါဘူး။ ကျွန်တော်ပါ။ ကျွန်တော်လည်း ဘောလုံးကန်ပေမယ့် တဖက်အသင်းက ညစ်ကစားတာတို့ ၊ ခပ်ကြမ်းကြမ်းဆော့လာတဲ့ အခါတို့ ၊ ကိုယ့်အသင်းကို အထင်သေးလှောင်ပြောင်ပြီး ဆော့ကစားနေတဲ့ အခါကျရင် ကျွန်တော် ဆိုးသွမ်းလည်း လူလိုက်ချပါတယ်။း) ။ အင်တိုက်အားတိုက်ကို ချတာပါ။ သူများလည်း ချတယ် ၊ ကိုယ်လည်း ခံရတယ်လေ ။

အဆုံးသတ်တော့ အင်ဒိုနီးရှားနိင်ငံ စူဇူကီးဖလားမှာ မြန်မာအသင်းဟာ အင်ဒိုကို ၃း ၀ ၊ စင်္ကာပူကို ၃း ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးတကာ့ရှုံးတဲ့ အထဲမှာ မျိုးမစစ် စကာင်္ပူအသင်းကို ရှုံးတာ စိတ်အနာဆုံးပါပဲ။ စင်္ကာပူအသင်းမှာ ကြည့်မယ်ဆိုရင် ကမ္ဘာကြီး တခုလုံးက အသားအရည် ၊ ရုပ်ရည်တွေနဲ့ ဖွဲ့စည်းထားသလို နိင်ငံမျိုးစုံက လူပေါင်းစုံပါဝင်နေတာကို တွေ့နိင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိုရမ်တစ်ခုထဲမှာ မြန်မာ နဲ့ ကုလားနဲ့ ရန်ဖြစ်လိုက်ကြသေးတယ်။ ကုလားက မြန်မာမှားကြောင်း ၊ ဘာဖြစ်ကြောင်း ၊ ညာဖြစ်ကြောင်း ပို့စ်လေး တင်လိုက်တာနဲ့ ရှိသမျှ မြန်မာဖန်တွေနဲ့ ရန်ဖြစ်ကြသေးတယ်။

အော်...အခုတော့လည်း မြန်မာအားကစား ကမ္ဘာကို ပြန်လွမ်းနေရတုန်း ။ ဘယ်လိုပဲ လွမ်းလွမ်း ကျွန်တော်တို့ကတော့ မြန်မာပဲ။ မြန်မာနဲ့ ပတ်သက်လာလျှင် ဘယ်သူမှားမှား မြန်မာကတော့ မှန်ရမယ်။ မျက်ကန်းမျိုးချစ်ပဲး)

ဒီဖိုင်လေးက မြန်မာ ၀း ၃ အင်ဒိုပွဲ ဂိုးလေးတွေပါး(


zshare

7 comments:

Anonymous said...

ဟုတ်တယ်အကို.."မြန်မာ မှ မြန်မာ" ဘဲ
အားပေးပါတယ် အဆင်ပြေပါစေ

Anonymous said...

အဲ့ဒီပွဲအကြောင်း ညက ကိုတင့်ထူးရွှေ ပြောပြလို့ သိလိုက်ရတာ ဒါမျိုးအဖြစ်တွေကမကြာမကြာမို့  ဒေါသဖြစ်ရတယ် မကြည့်မိတာပဲ ခပ်ကောင်းကောင်း ။

ကြယ်ပြာ said...

အစ်မလဲ မြန်မာပဲ .... ကောင်းကောင်းမကောင်းကောင်း၊ အသုံးကျကျ မကျကျ .. မြန်မာပဲအားပေးတယ် ....

Anonymous said...

ဟေ့ မြန်မာပဲဟေ့ ... မြန်မာပဲ ... ကဲ အခွေထိုးတော့ကိုဆိုးသွမ်းရေ ... မြန်မာနိုင်ပြီသီချင်းလေး ... နိုင်နိုင်ရှုံးရှုံး နားထောင်မယ်ဗျာ ... ။

ဟန်လင်းထွန်း said...

မရဘူးလေ။ မှားခဲ့ရင်တောင် မတော်တဆမှားတာလို့ ပြောရမယ်။ မတက်နိုင်ဘူး။ ကိုက မြန်မာဖြစ်နေတာကိုး

Anonymous said...

ခံပေါ့။ အသုံးမကျတဲ့ အစိုးရရှိနေသေးသရွေ့ မြန်မာဟာ ကမ္ဘာမှာ နေရာတကာ အောက်ကျနောက်ကျ ဖြစ်နေရတယ်။

စင်္ကာပူကိုတော့ မျိုးမစစ်လို့ မပြောလိုက်ပါနဲ့။ That's the beauty of diversity.

Anonymous said...

မမေထိုက်ရေ

မျိုးမစစ်ဘူးဆိုတာ နိင်ငံသားတွေကို ပြောတာ မဟုတ်ဘူး ထင်ပါတယ်။

ဘောလုံးအသင်းကို ပြောတာပါ။ ကျွန်တော်တို့လည်း ကြည့်ဖြစ်ပါတယ်။
တကယ်ပဲ လူမျိုးပေါင်းစုံနဲ့ကန်တာပါ။