Saturday, December 27, 2008


“ အဖိုးမတန်သော အမှိုတ်တွေနဲ့ နေထိုင်ခြင်းဟာ သင့်ဘ၀ တန်ဖိုးကို ထိခိုက်စေပါသည် ”


စိတ်ပညာ စမ်းသပ်ချက်တွေအရ ရှုပ်ပွနေတဲ့ အိမ်တွေနဲ့ ရှုပ်ပွနေတဲ့ ရုံးတွေမှာ နေထိုင် လုပ်ကိုင်ကြရသူတွေဟာ စိတ်ဖိစီးမှု ပိုများတာကို တွေ့ရှိရပါတယ်။ သန့်ပြန့်ရှင်းလင်း နေတဲ့နေရာမှာ နေထိုင်ရတာ စိတ်တင်းကျပ်မှု ပိုလျော့စေပြီး အင်အားတွေလည်း ဖြစ်စေနိင်ပါတယ်။

ရေစီးကောင်းတဲ့ မြစ်တွေက အမှိုက်တွေကို သူ့ဘာသာ ရှင်းလင်းတယ်။ သစ်ပင်တွေက ရွက်ဟောင်းနဲ့ အသီးပုပ်တွေကို သူ့ဘာသာ ကြွေကျစေတယ်။ ကိုယ်လက်သန့်ရှင်းရေး လုပ်လိုက်တဲ့အခါ နေရထိုင်ရ ပိုကောင်းလာသလိုပေါ့။ အိမ်မှာလည်း ဒီအတိုင်းပဲ ။ ရှင်းလင်းပစ်တာနဲ့ ပတ်သက်လို့ တွေးစရာ တချို့ကတော့

(၁) သင့်ရဲ့ အ၀တ်အစား အဟောင်းတွေ ဘယ်တော့မှ ခေတ်ပြန်စားလာမှာ မဟုတ်ဘူး။ ခေါင်းလောင်းဘောင်းဘီတွေ ခေတ်ပြန်စားလာတယ် ထားအုံး ၊ ချည်သား ဒါမှမဟုတ် အရောင်တွေက အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားပြီ။ ဖက်ရှင်ဒီဇိုင်းဆရာတွေဟာ သိပ်မညံကြပါဘူး။ ခင်ဗျားရဲ့ ဗီဒိုချောင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့ သိပြီးသားပါ။

(၂) တစ်ခါတလေ လွှင့်ပစ်ဖို့ ကျွန်ုပ်တို့ တွန့်ဆုတ်နေတတ်ကြတယ်။ ကိုယ်နှင့်မလိုက်ဘဲ ၊ ပိုက်ဆံအကုန်ခံပြီး ၀ယ်လာတယ်လို့ အပြောခံရမှာ စိုးလို့။ စိတ်အေးအေးထားပါ။ တကယ်တော့ ကျွနုပ်တို့အားလုံး အ၀ယ်မှားတက်ကြတာပါပဲ။ ကိုယ့်ဆီမှာ မလိုအပ်ပဲ ကောင်းနေသေးတယ်ဆိုရင် သူများကို ပေးလိုက်ပါ။


(၃) ရည်မှန်းချက် အသေးလေးထားပါ။ “ ငါ တစ်အိမ်လုံးရှင်းမယ် ” လို့ပြောမယ့်အစား ဗီဒိုကို အရင်ရှင်းမယ်လို့ ရည်ရွယ်ပါ။ ပြီးမှာ နောက်တခု နောက်တခုဖြင့် အရှိန်ရလာအောင် လုပ်ပါ။

(၄) အခက်ခဲဆုံးက အစပိုင်း ဖြစ်ပါသည်။ စမိပြီဆိုရင် နောက်တော့ ပျော်စရာ ကောင်းဖို့များပါတယ်။

“ သင့်ဘ၀ဟာ စွမ်းအင်စနစ် တစ်ခုဖြစ်ပါတယ်။ ဖယ်ရှားလိုက်တဲ့ အခါ လေဟာနယ် တစ်ခု ဖြစ်လာစေပြီး ရွေ့လျားမှုတွေ ဖြစ်စေတယ်။ စွန့်ပစ်လိုက်တဲ့ နေရာမှာ အသစ်တွေ ဘယ်လို အစားထိုး ၀င်လာတယ်ဆိုတာ သင် သတိပြုကြည့်ပါ ”


နောက်ပြီး ခင်ဗျားရဲ့ စိတ်ထဲမှာလည်း ကိုယ့်အတွက် အဖိုးမတန်တဲ့ စကားတွေ သူများတွေပြောနေရင် စိတ်ထဲမထားဘဲ လွှင့်ပစ်လိုက်ဖို့ မမေ့နဲ့နော်။

10 comments:

khin oo may said...

ကိုယ့်ုကို တဲ့တဲ့ပြောနေသလိုဘဲ။ အပြင်သွားလိုက်ဥိးမယ်။ ပြန်လာမှ ရှင်းမယ။် :P
Excused.. So many times. Spoken..

Anonymous said...

ပိတ်ရက်မှ ရှင်းမယ် ပွလည်းပွပြီး နံ့လည်း နံ့ပြီး....သို့သော် ပစ်ထုတ်လို့တော့မဖြစ် ဒါလေးနဲ့ နှစ်ပါးသွားကနေရတာ ၃ နှစ်နီးပါရှိပြီဆိုတော့ အသစ်ဝယ်နိုင်မှပေါ့ =)

Anonymous said...

ဒီလိုဆို ကျွန်တော့်ခေါင်းထဲက စိတ်ဓါတ်ကျတာတွေ၊ အားငယ်စိတ်ပျက်တာတွေနဲ့ အားနာတတ်တဲ့ စိတ်တွေကို အရင်လွှင့်ပစ်ပြီး ရှင်းရလိမ့်မယ် ထင်တယ်ဗျာ ... ဒီပိုစ့်ကလေး သိပ်တန်ဖိုးရှိတယ်၊ အထူးကျေးဇူးပါ ကိုဆိုးသွမ်းရေ ... ။

ကိုရုပ်ဆိုး said...

တန်ဖိုးရှိတဲ့စကားတွေကို မှတ်သွားတယ် ညီ ဆိုးသွမ်းရေ .........။

Yan said...

လှလိုက်တဲ့ စကားလေးပဲဗျာ. အထူးသဖြင့် နောက်ဆုံးမှာ ပိတ်လိုက်တဲ့စာသားလေး... သိပ်ကို လှတယ်.

ခေါင်းထဲမှာ လက်ခနဲဖြစ်သွားတယ်..
Tks, bro..

Y.

Anonymous said...

လွှင့်ပစ်ချင်တာပေါ့ ဆိုးသွမ်းရာ ... ဒါပေမယ့် လုပ်ဖို့သိပ်မလွယ်ဘူးလေ .... ဘယ်လိုပဲဖြစ်ဖြစ်ဒီပို့စ်လေးက တန်ဘိုးရှိတဲ့ အသိလေးတစ်ခုပေးပါတယ် ...း)

Anonymous said...

ကို အိပ်မက်ရှင်ပြောသလိုပဲ စိတ်ဓါတ်ကျတာတွေ၊ အားငယ်စိတ်ပျက်တာတွေနဲ့ အားနာတတ်တဲ့ စိတ်တွေကို အရင်လွှင့်ပစ်ပြီး ရှင်းရလိမ့်မယ် ဆိုတဲ့အတိုင်းပဲ ကျွန်မလည်း
ဒီတိုင်းပဲ ဒီပိုစ့်ကလေး ကိုကြိုက်တယ် ကိုဆိုးသွမ်း

Anonymous said...

ခင်ဗျားရဲ့ စိတ်ထဲမှာလည်း ကိုယ့်အတွက် အဖိုးမတန်တဲ့ စကားတွေ သူများတွေပြောနေရင် စိတ်ထဲမထားဘဲ လွှင့်ပစ်လိုက်ဖို့ မမေ့နဲ့နော်။

အင်းဟုတ်တယ်နော်၊ သူများကိုယ့် အတင်းပြောလည်း၊ မျက်နှာတည့်တည့် လာပြောတာ မဟုတ်တော့ အတည်ယူလို့မရ၊ စိတ်ထဲ မထားဘဲ၊ အမှိုက်ပုံးထဲ ထည့်လိုက်ပြီ။ ကျေးဇူးနော် ပို့စ်လေးအတွက်။

ဆိုးသွမ်း said...

ကော်မန့်တွေ အတွက် ကျေးဇူးပါဗျာ။

အထူးသဖြင့် ကျွန်တော်တွေးမိပြီးပြောတဲ့
နောက်ဆုံးစာသားလေးကို
ကြိုက်ကြတဲ့အတွက်ပေါ့

Anonymous said...

how can you write a so cool blog,i am watting your new post in the future!