Sunday, December 21, 2008


“ မင်းငါ့ကို ကြည့်တဲ့အခါ လူတစ်ယောက်လို မမြင်ဘူး ၊ မင်းတကယ်မြင်နေတာ
လူမည်းတစ်ယောက်လို့ပဲ မြင်တယ်
မင်းဟာ ဂျူရီလူကြီးတွေကြည့်သလို င့ါကိုကြည့်တယ် ၊ တကယ်တော့
မင်းလည်း သူတို့ထဲက တစ်ယောက်ပါပဲ ” ဆိုတဲ့ ......


လူသတ်တရားခံ.......Carl Lee Hailey




“ သူ့သမီးရဲ့ ဖြစ်စဉ်အပေါ် ကျွန်တော်တို့ နားလည်ပေးနိင်ပေမယ့်
ဟောဒီလက်တွေနဲ့ သူဟာ လူငယ် ၂ ဦးရဲ့ ဘ၀တွေကို အဆုံးသတ်ပစ်လိုက်တယ်
အားလုံးပဲ သိကြပါတယ်...ကျွန်တော်တို့ ဒီနေရာမှ ရဲရင့်စွာ အပြစ်ကို ဖော်ထုတ်မှဖြစ်မယ် ” ဆိုတဲ့

တရားလို ရှေ့နေအဖြစ်.....Mr. Buckley



“ ကျေးဇူးပြု၍ ခဏလောက် မျက်လုံးလေးတွေ ပိတ်ပြီး နားထောင်ပေးပါလား
သူမဟာ မုဒိန်းကျင့်ခံရတယ် ၊ ကိုယ်အနှံအပြား ရိုက်နှက်ခံရတယ် ၊ မျက်နှာကို
ကျင်ငယ်ရည်နဲ့ ပတ်တယ် ပြီးတော့ သေဖို့အတွက်ပဲ
ထားခဲ့ကြတယ် ၊ တကယ်လို့များ သူမဟာ လူမည်းမဟုတ်ပဲ လူဖြူဖြစ်နေခဲ့မယ် ဆိုရင် ” လို့ပြောတဲ့

တရားခံရှေ့နေအဖြစ် Mr. Brigance



တကယ်တော့ 1996 ခုနှစ်က ရိုက်ကူးထားသည့် ဒီ A Time To Kill ဇာတ်ကားလေးဟာ အသက် ( ၁၀ ) နှစ်အရွယ် သစ်စက် လူမည်းအလုပ်သမားတစ်ဦးရဲ့ သမီးငယ်လေးကို အမေရိကန် လူဖြူ ( ၂ ) ယောက် မုဒိန်းကျင့်လိုက်လို့ တရားရုံးမှာ တရားစွဲခံရတဲ့ သာမာန် ဇာတ်လမ်းတစ်မျိုးပါ။ ဒါပေမယ့်...ဒါပေမယ့် ဒါရိုက်တာဟာ ဒီဇာတ်လမ်းကို စိတ်ဝင်စားအောင် ရိုက်သွားခဲ့ပါတယ်။

ကလေးဘယ်တော့မှ မရနိင်တော့အောင် ဘ၀ပျက်သွားရရှာတဲ့အတွက်
သမီးအပေါ်မှာ ဖြစ်လာတဲ့ ဖခင်တစ်ဦးရဲ့ ခံစားချက်

အသက်ဘေးကို ရန်ရှာ ၊ အိမ်ကိုမီးလောင် ၊ နောက်လိုက်နောက်ပါတွေကိုပါ
ရှေ့ဆက် လက်မတွဲဘဲ လမ်းခွဲအောင် လုပ်ပစ်ခဲ့တာတောင်
ဘ၀တူ သမီးငယ်အရွယ်ရှိ ဖအေတူချင်း လူဖြူလူမည်းမခွဲခြားပဲ ဒုက္ခအခက်အခဲမျိုးစုံကြားက
အမှုကို ရှေ့ဆက်လိုက်တဲ့ ရှေ့နေတစ်ဦးရဲ့ စိတ်ထား

KKK ( Ku Klux Klan ) ဂိုဏ်းအား
သွားရောက် အကူအညီတောင်းခံပြီး
ညီအတွက် ကလဲ့စားပြန်ချေလိုသည့် အစ်ကိုတစ်ယောက်ရဲ့ ဒေါသ

စသည်တို့ကို ပီပီပြင်ပြင် တရားရုံးအဆုံးအဖြက်တွေနဲ့ ရိုက်ကူးပြသထားသည့် ကားကောင်းတစ်ခုဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။


အဓမ္မကျင့်သည့် လူငယ် ၂ ဦးနှင့် ကလေးမ


တစ်ချိန်တုန်းက နာမည်ကြီး ကေသုံးလုံးဂိုဏ်း ( Ku Klux Klan )


တရားခွင်ပြင်ပတွင် ပြဿာဖြစ်နေသော လူဖြူ ၊ လူမည်း အုပ်စု



Super Sunday အတွက် ရုပ်ရှင်လက်ဆောင်အဖြစ် ဖော်ပြရင်း........ ရွှင်လန်းချမ်းမြေ့ကြပါစေ။


5 comments:

Anonymous said...

အစ်ကိုက ကားကောင်းတွေတော်တော်ကြည့်ရတာပဲ အားကျတယ် ကျနော်လည်းကြည့်ချင်လိုက်တာ။

khin oo may said...

အပြောကောင်းလို့ အတော်ခံစားသွားရတယ်။

Anonymous said...

ငုပ်သွားတဲ့ နာတာရှည်ရောဂါ တစ်ခုလို သူတို့ဆီမှာ ဒီပြဿနာတွေ ရှိနေဆဲဆိုတာကို ပြချင်တယ်နဲ့ တူတယ်ဗျာ ...။

Anonymous said...

John Grisham ရဲ့  ဇာတ်လမ်းကောင်းတခုပေါ့....စာအုပ်ဖတ်ဖူးတယ်...
ရုပ်ရှင်ရှိတာမသိဘူး

ဘယ်မှာ ကြည့်လို့ ရလဲဟင်....

Anonymous said...

i agree your idea ! very nice blog