Tuesday, December 30, 2008

Hotel Rwanda - ရ၀မ်ဒါ


နှစ်သစ်ကူးအတွက် ကျောင်းကလည်း ပိတ်လိုက်ပြီဆိုတော့ ၊ အခုတလော ပျင်းနေတာနဲ့ ရုပ်ရှင်တွေပဲ ထိုင်ကြည့်နေမိတယ်။ ဒီမှာနှစ်သစ်ကူးကလည်း နိင်ငံတကာနဲ့ မတူဘူး။ ဇန်န၀ါရီ ( ၁ ) ရက်ကနေ ( ၇ ) ရက်နေ့ထိ ပိတ်ပါတယ်။ သူတို့ နှစ်ကူးချိန်က အဲဒီရက်တွေပါတဲ့။ အဲဒါပြီးရင်တော့ ဇန်န၀ါရီလကုန်သည်အထိ စာမေးပွဲများကို ဖြေဆိုပေတော့။ စကားပြန်ဆပ်ရလျှင် အခုကြည့်မိတဲ့ ဇာတ်ကားဟောင်းနာမည်ကတော့ “ ရ၀မ်ဒါ ( သို့ ) ဟိုတယ် ရ၀မ်ဒါ ” ဇာတ်လမ်းပါ။


“ ရ၀မ်ဒါ ( သို့ ) Hotel Rwanda ”





ဒီဇာတ်ကားမှာ လူမည်းနာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Don Cheadle က ဟိုတယ် မန်နေဂျာ Paul အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကကျောရိုးကတော့ တနိင်ငံတည်းမှာ အတူနေထိုင်ကြတဲ့ Hutu လူမျိုးနဲ့ Tutsi လူမျိုးတို့ရဲ့ လူမျိုးရေး မုန်းတီးမှုကြောင့် အပြစ်မဲ့တဲ့ Tusti သိန်းပေါင်းများစွာ အပြစ်မဲ့စွာ အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။

လက်ရှိအုပ်ချုပ်နေတဲ့ Hutu အစိုးရကို သတ်ဖြက် ၊ ပုန်ကန်မှု့ကြောင့် နှိပ်နင်းရာကနေ ၊ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်ပြီး Tusti လူမျိုးသောင်းပေါင်းများစွာ အသတ်ဖြက်ခံခဲ့ရပါတယ်။



Paul နှင့် သူ၏ Husti လူမျိုးများ

မန်နေဂျာ Paul မှာ ဇနီးတစ်ယောက်နဲ့ သားသမီး ( ၃ ) ယောက်ရှိပြီး ၊ သူ့ရဲ့ ဇနီးသည်ကိုယ်တိုင်ကလည်း Tusti လူမျိုးတစ်ဦးပါ။ တစ်နေ့တော့ Hutu သမ္မတ အသတ်ခံရမှုကြောင့် သူရဲ့စစ်တပ်က Tusti လူမျိုးမှန်သမျှကို လိုက်လံ ဖမ်းဆီး သတ်ဖြက်ရင်း ၊ Paul အိမ်သို့အရောက်မှာ Paul က သူနဲ့ရင်းနီးတဲ့ ကပ္ပတိန်ဗိုလ်ကြီးကို သူနှင့် သူ့မိသားစုအား မသတ်ဖြက်ဘဲ လွတ်ပေးခဲ့ပါလျှင် ရှိသမျှ ပိုက်ဆံ အကုန်အော၍ ပေးမည် ဖြစ်ကြောင်း ကတိပေးပြီး ကယ်တင်ခဲ့ပါတယ်။

ထို့နောက် လူဖြူများတည်းခိုရာ ဟိုတယ်ကို ခေါ်ဆောင်သွားပြီး လုံခြုံစွာနေရသော်လည်း တစတစ ဆိုးရွားလာသော လူမျိုးတုန်းသတ်ဖြက်မှုကြောင့် ထိုနယ်တွင် တာဝန်ထမ်းဆောင်နေသော NU မှ အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးမှ နိင်ငံခြားသား အားလုံးကို သက်ဆိုင်ရာ နိင်ငံသို့ပြန်ပို့တော့မည် ဖြစ်ကြောင်း Paul အား ပြောဆိုခဲ့ပါတယ်။


Paul နှင့်သူ၏ မိသားစု


Paul မှ အကယ်၍ ဤဟိုတယ်မှ လူဖြူအားလုံးထွက်ခွာသွားလျှင် အခုဟိုတယ်တွင် လာရောက်ခိုလှုံနေသော Husti လူမျိုးအားလုံး အသတ်ခံရနိင်ကြောင်း ပြောကြားသော်လည်း တာဝန်ကြောင့် မည်သို့မျှ မတက်နိင်ကြောင်း ပြောဆိုပြီး အစောင့်ချထားသော UN တပ်များကို ရုပ်သိမ်းသွားခဲ့ရာမှ.....


မိသားစုနှင့် လူမျိုးအတွက် Paul တစ်ယောက်ဘယ်လိုကယ်တင်မလဲ

အငတ်ငတ်အပြက်ပြက်နှင့် ပက်ပက်စက်စက် အသတ်ခံရသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းအား အချစ် ၊ အမုန်း ၊ စစ် ၊ သုံးမျိုးစလုံးပါဝင်အောင် လက်စွမ်းပြ ရိုက်ကူးထားသော အကယ်ဒမီဆုရ “ Hotel Rwanda ” အား ဇာတ်ကားကောင်း တစ်ခုဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။


5 comments:

Anonymous said...

အညွှန်းတယ်ကောင်းတဲ့ ဆရာပါလားဗျာ ...
ချက်ချင်းကြည့်ချင်စိတ်တွေပေါက်လာပါရဲ့ ...
အဲလို ကားမျိုးလေးတွေ သဘောကျတယ်ဗျာ ...
ကြော်ငြာလုပ်ငန်းလုပ်သင့်တယ် ကိုဆိုးသွမ်း... :D

မကြာခင်ကျရောက်မယ့် နှစ်သစ်မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပါတယ် ... လင့်ခ်လေးအတွက် အထူးကျေးဇူး ... :)

ksanchaung said...

I am glad that you have shot this footage and that the world will see it.

...........

I think if people see this footage ... they'll say, "Oh, my God,
that's horrible," and then go on
eating their dinners.

ကျွန်တော်မှတ်မိတဲ့ ရုပ်ရှင်ထဲက စကားအချေအတင်ပါ။ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားလို့ ထင်ပါတယ်။

ဟန်လင်းထွန်း said...

အကြိုက်ဆုံးကားတစ်ခုပါအကို။ အဲ့ဒီကားတွေကြည့်ရင် ကိုယ့်နိုင်ငံကို ပိုသတိရလာတယ်။

Anonymous said...

ဒီဇာတ်ကားကို ခဏခဏကြည့်ဖြစ်တယ်။ ကြက်သီးထလောက်အောင် လူမျိုးရေးမုန်းတီးမှုတွေနဲ့ပြည့်နှက်နေတဲ့ကားလေး။ တိုင်းပြည်သူပြည်သားတွေရဲ့ မလုံခြုံမှုတွေကို အတိုင်းသားမြင်ရတယ်လေ။ လူ့အသက်တွေ တန်ဖိုးမဲ့လိုက်တာနော်။ အရမ်းကြိုက်လို့ ၀ယ်စုထားတဲ့ကားလေးထဲမှာပါပါတယ်။

Anonymous said...

i agree your idea ! very nice blog