5 years ago
Sunday, December 7, 2008
“ တူ.......................တူ.....................တူ................. ဟယ်လို ”
“ ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ ”
“ ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် ”
“ အမေလား.....”
“ အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ ”
“ အော် ”
“ အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် ”
“ အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား ”
“ အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ ”
“ အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော ”
“ ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး ”
“ ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် ”
“ အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ ”
“ အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး ”
“ အဖေ....အဖေလား ”
“ အေး...သား ၊ အဖေပါကွ ”
“ အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား ”
“ လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် ”
“ သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား ”
“ ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် ”
“ အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် ”
“ ဂလောက်.......”
ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။
ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။
Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
10 comments:
အင်းဘဝတွေက ခါးနေကြတာပါလားနော်။ ဘဝခါးခါးကို ကျော်ဖြတ်ဖို့ ဘယ်လိုအင်အားယူပြီး၊ ဘယ်လိုကြိုးစားကာ၊ ဘယ်သူ့ကို များစောင့်မျှော်ရပါ့မလဲ??????????????
ဒီလိုပါပဲ အစ်ကိုရာ အဝေးေ၇ာက်သားတွေအတွက် ဒါမျိုးအဖြစ်တွေက မဆန်းပါဘူး အစ်မပြောသွားသလို ငတ်တော့မငတ်ပါဘူး ဆိုတဲ့စကားမျိုး ကျနော့်အစ်မတွေလည်းပြောဖူးသား ဒီမှာ ကော်ဖီပူပူလေးနဲ့  မုန့်တစ်ခုစားနေရပေမယ့် ဟိုမှာတော့ ထမင်းကြမ်းအေးအေးကို ငါးခြောက်ဖုတ်လေးနဲ့.........................။
ဖတ်မိတော့ သက်ပြင်းတစ်ခုကို ဟူးကနဲ မှုတ်ထုတ်လိုက်ချင်တယ် ...
ဒါပေမယ့် အောင့်ထားလိုက်တယ် ...
ဖယောင်တိုင်မီးလေးငြိမ်းသွားမှာ စိုးမိလို့ ...
အော် ... ဒါနဲ့
အခါးတွေက ... ဆေးဖက်ပိုဝင်သတဲ့ ... ။
ခင်မင်လေးစားမှုများစွာဖြင့်
ဖတ်ပြီးစိတ်မကောင်းဖြစ်ပြီးကျန်ခဲ့ပါတယ်.။။ တကယ်ပါ. စိတ်မကောင်းဘူး
ကျွန်တော်တို့လည်း ဒီလိုပါဘဲ ..တစ်နေ့ကြအောင်မြင်ရမှာပေါ့ဗျာ..
အားပေးလျက်ပါ..အဆင်ပြေပါစေဗျာ
အင်း .... တော်တော်များများသောဘ၀တွေ ခါးနေကြတာ ကြားရပါတယ် .... မြင်လဲမြင်ဖူးပါတယ် ... ကိုယ်တတ်နိုင်တာဘာရှိမလဲ စဉ်းစားပြီး တတ်နိုင်သလောက်တော့ လုပ်ကြည့်နေတာပါပဲ ....
ရိုးရှင်းထိမိလွန်းတဲ့ပို့စ်တစ်ခုပါ
ရသ အစုံအလင်နဲ့ ခံစားမှုမျိုးစုံကိုပေးသွားတဲ့ပို့စ်လေးလို့လဲမြင်ပါတယ်
အစ်မကြီးအမိအရာ ဆိုတဲ့အတိုင်းမောင်ငယ်ကိုနှစ်သိမ့်အားပေးနေပုံနဲ့ မိဘမေတ္တာတွေကိုခံစားရလိုက်သလို ။
ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ ဘ၀ခါးခါးကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ၊
ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး (ပြောလဲ မောတာဘဲ အဖတ်တင်တာကိုး)ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်ကိုယ်တတ်နိုင်သလောက် လက်လှမ်းမှီသလောက် ဘာလုပ်ပေးနိုင်မလဲဆိုတာဘဲတွေးနေမိပါတယ်
ရိုးရှင်းထိမိလွန်းတဲ့ပို့စ်တစ်ခုပါ
ရသ အစုံအလင်နဲ့ ခံစားမှုမျိုးစုံကိုပေးသွားတဲ့ပို့စ်လေးလို့လဲမြင်ပါတယ်
အစ်မကြီးအမိအရာ ဆိုတဲ့အတိုင်းမောင်ငယ်ကိုနှစ်သိမ့်အားပေးနေပုံနဲ့ မိဘမေတ္တာတွေကိုခံစားရလိုက်သလို ။
ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးတွေ ဘ၀ခါးခါးကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ၊
ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး (ပြောလဲ မောတာဘဲ အဖတ်တင်တာကိုး)ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်ကိုယ်တတ်နိုင်သလောက် လက်လှမ်းမှီသလောက် ဘာလုပ်ပေးနိုင်မလဲဆိုတာဘဲတွေးနေမိပါတယ်
ဘာပြောရမှန်းမသိတော့ပါ ထိုဖယောင်းတိုင်မီးအလင်းထဲ
မှာ မိသားစုရဲ့ ချစ်ခြင်းနဲ့ နားလည်မှု့တွေ အပြည့်ပါဝင် နေပါစေ
i lost my words. !_!
Post a Comment