Sunday, March 30, 2008

အလှူဒါန




၁၉.၁၂.၂၀၀၇ တုန်းက ကျွန်တော်တို့ အမှတ်စဉ် ( ၄၆ ) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်း ခဲ့တာ ( ၄ ) နှစ်ပြည့် အထိန်းအမှတ် အဖြစ်ရော ၊ ဗိုလ်ကြီး အဖြစ် ရာထူး အဆင့်တိုးမြင့်ခြင်း အထိမ်းအမှတ် အဖြစ် မြန်မာနှင့် ရုရှား နိင်ငံတွင် ပညာသင်ကြားနေသော သူငယ်ချင်း အားလုံးမှာ စုပေါင်း၍

၁. ဓမ္မစကုမုဒြာ ၊ ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး - ၄၆သိန်း
၂. ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး(ကျောင်းဆောင်) - သိန်း၅၀
၃. ဒိုးပင် မိဘမဲ့ကလေးကျောင်း - ၅သိန်း
၎. မျက်မမြင်ကျောင်း (ရေသန့်စက်) - ၁၀သိန်း
၅. ဘိုးဘွားရိပ်သာ - ၅သိန်း
၆. ရေစက်ချ နှင့် အလှူတော် မင်္ဂလာ - ၁၄သိန်း

တို့ကို အလှူဒါန ပြုခဲ့ပါတယ်။ ဓတ်ပုံများ ဒီနေ့မှ ရ၍ ဖော်ပြနိင်ခြင်း ဖြစ်ပါသည်။ အလှူငွေ စုစုပေါင်းမှာ ကျပ်ပေါင်း ( ၁၃၀၀၀၀၀၀ ) ဖြစ်ပါသည်။









ရရှိသော ကုသိုလ် ကောင်းမှု အစုစုအား လက်ရှိ မြန်မာနိင်ငံ အနှံအပြား အရပ်ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းများနှင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့သော သူငယ်ချင်းများ ရောက်ရာ ၊ ကြားရာ အရပ်မှ သာဓုခေါ်နိင်ကြပါစေ။ တိုင်းပြည်၏ အမျိုးဘာသာ ၊ သာသနာ နှင့် ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို အမှန်တရားဘက်မှ ရဲဝင့်စွာ ရပ်တည်နိင်သော “နောင်တစ်ခေတ်၏ အောင်စစ်သည်တော် ” များ ဖြစ်ကြပါစေ လို့ ဆုတောင်းရင်း

ဗိုလ်ကြီး ကျော်လင်းထွန်း
ခလရ ( ၄၅ ) ကွတ်ခိုင် ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၊ လားရှိုးမြို့။

6 comments:

ကြယ်စင်နတ်သမီး said...

မောင်လေးရေ သာဓုခေါ်သွားပါတယ်နော်... အလှူရေစက် လက်နဲ့မကွာ ဆိုသလို နောင်မှာလဲ ဒီထက်မက လှူနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်...

Unknown said...

မင်းတစ်ယောက်တည်းတော့ဘယ်ရမှာလည်းကွ။
ဗိုလ်ကြီး စိုးမင်းထိုက်
ခမရ ( ၃၃၉ ) ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ၊ လှိုင်းဘွဲ့မြို ။

Anonymous said...

နောင်တော်များ အားလုံး ၀မ်းမြောက်ဝမ်းသာ
သာဓု ခေါ်ပါတယ် ခင်ဗျာ ။

ပန်းခရေ said...

တိုင်းပြည်၏ အမျိုးဘာသာ ၊ သာသနာ နှင့် ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို အမှန်တရားဘက်မှ ရဲဝင့်စွာ ရပ်တည်နိင်သော “နောင်တစ်ခေတ်၏ အောင်စစ်သည်တော် ” များ ဖြစ်ကြပါစေ လို့ ဆုတောင်း
ပေးပါတယ်...။

သာဓုခေါ်ပါတယ်......။

စိုးထက် - Soe Htet ! said...

သာဓု သာဓု သာဓု :)

ကလိုစေးထူး said...

လှူလိုက်ကြတဲ့ ငွေပမာဏကတော့ တကယ်ကို အားရစရာပါပဲဗျာ။ အဲဒီအလှူအတွက် လှိုက်လှဲစွာ သာဓုခေါ်ပါတယ်။