Wednesday, March 19, 2008

အ...လွမ်း...သင့်...သူ


အချစ်ရေ.....ငါသတိရသလို
မင်းတစ်ယောက်လည်း....ငါ့ကိုသတိမှ ရသေးရဲ့လား

ဟိုအရင် ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေလိုပဲ
ဘ၀ကိုပြန်လည် အဆုံးသတ်ရအောင်နော်
အခုတော့လည်း အတူရှိနေခဲ့တဲ့ လမ်းမတွေပေါ်မှာ ငါတစ်ယောက်တည်းပါပဲ

ငါ့ရဲ့ အထီးကျန်ဘ၀ကို ငါအရမ်းမုန်းနေခဲ့ပါပြီ
လူတွေလည်း အားလုံးသိကုန်ကြပြီလေ

တစ်စုံတစ်ယောက်သောသူဟာ သူ့ဘ၀အတွက် မင်းကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်သော သူဟာ ညစဉ်ညတိုင်း
မင်းအကြောင်းတွေကို အိမ်မက်မက်ရင်း အသက်ဆက်ရှင်သန်နေတယ်

တစ်စုံတစ်ယောက်သော သူဟာ နင်မရှိဘဲ ဘ၀ကို
အသက်ရှင်သန်ဖို့ ဒီထက်မဖြစ်နိင်ခဲ့ပါဘူး

မင်းအနားမှာ နောက်တစ်ယောက်ရှိနေတယ်လို့ ငါတွေးလိုက်တိုင်းလည်း
ငရဲကို ရောက်နေသလို ဆိုးရွားစွာ ငါခံစားရတယ်

မင်းကို အသက်ပေးချစ်တက်သူဟာ
ငါ ဆိုတာကို
တစ်စုံတစ်ယောက်သောသူက မင်းသိလာဖို့
မျှော်လင့်နေပါတယ် အချစ်ရယ်

ဘယ်လို ဘယ်ပုံများ ငါတို့ မှားယွင်းကုန်ပြီလဲဟင်
ငါတို့ရဲ့ အကောင်းဆုံး ရည်ရွယ်ချက်တွေဟာ....အခုတော့ ဘယ်ဆီမှာ မျောပါခဲ့ပြီလည်းကွယ်

တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ဆုံဆည်းဖို့ရန် အတွက်လည်း
ငါအမြဲတမ်း ဆုတောင်းနေခဲ့ရတယ်
ရရှိခဲ့တဲ့ အကြင်နာတွေဟာ ငါ့ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး
ဘာကြောင့်လဲ ဆိုတော့.....နင်ဟာ ငါ့ရင်ထဲမှာ
အမြဲရှင်သန်နေခဲ့တာကိုး

နင့်ဘ၀ထဲမှာ ငါမရှိတော့ရင်တောင်မှ......ငါ့ဘ၀ထဲ နင်အမြဲ ရှိနေခဲ့တယ်
အဲဒါဘာလဲဆိုတော့
ငါ့အတွေးထဲ နင်အမြဲရှိနေခဲ့လို့ပေါ့

နောက်ဆုံး......ငါ့အတွေးအိမ်လေးထဲက နင်လုံးဝ ပျောက်ဆုံးမသွားခင်အချိန်
ငါ့ကို သတိရခဲ့သည်ရှိသော်
ကျေးဇူးပြု၍ ......ငါ့စကားတွေကို နားထောင်ပေးခဲ့ပါဦး

“ ငါက အ.....လွမ်း.....သင့်.....သူ ” ။ ။


မှတ်ချက် ။ ကျွန်တော်၏ ဘလော့ဂ်ခေါင်းစင်နှင့် ပက်သက်သော အလွမ်းသင့်သူ ဆိုသည့် စာသားအား ကာလအချိန်အတော်ကြာ ကဗျာရေးဖွဲ့မည်ဟု ရည်မှန်းထားခဲ့ရာ ဒီနေ့မှ အဆုံးသက်နိင်သောကြောင့် တင်လိုက်ရခြင်း ဖြစ်ပါသည်။ မည်သည့် အကြောင်းအရာမျှ တိုက်ဆိုက်ခြင်း မရှိပါ ခင်ဗျာ။ ကဗျာတစ်ပုဒ်အဖြစ်သာ ရိုးရိုး ခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်။

ဆိုးသွမ်း

12 comments:

Anonymous said...

အစွဲအလမ်းကြီးလှချည်လား ငါ့ကောင်ရ

Unknown said...

"အ...လွမ်း...သင့်...သူ" ခေါင်းစည်းကော၊စာသားပါကောင်းတယ်ဗျာ။

Anonymous said...

တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ဆုံဆည်းဖို့ရန် အတွက်လည်း
ငါအမြဲတမ်း ဆုတောင်းနေခဲ့ရတယ်
ရရှိခဲ့တဲ့ အကြင်နာတွေဟာ ငါ့ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး
ဘာကြောင့်လဲ ဆိုတော့.....နင်ဟာ ငါ့ရင်ထဲမှာ
အမြဲရှင်သန်နေခဲ့တာကိုး
---------------------------------------
သိပ်ကောင်းတဲ့ စာသားလေးပဲ...
အလွမ်းသင့်သူ သူငယ်ချင်းလေးရေ....အလွမ်းဆိုတာ မကောင်းဘူးကွာ..ချစ်ရတဲ့သူနဲ့ ဆုံစည်းခွင့်မရှိတဲ့ ဘ၀လောက် အဓိပ္ပာယ်မဲ့တာမရှိပါဘူး..
မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးတွေ...မဆုံနိုင်ဘူးဆိုတဲ့
အကြောင်းအရာတွေအားလုံးသာ မရှိခဲ့ရင်
လောကကြီးမှာချစ်တဲ့သူတွေ ပေါင်းဆုံနိုင်ကြမှာပဲနော်
ချစ်တဲ့သူတိုင်း
ဆုံ..စည်း..ခွင့်...ရ..ကြ...ပါ..စေ

ThinkingHoney said...

ဒါကြောင့် အလွမ်းသင့်နေတာကိုး
သူကြားပါစေ လို့ ဆုတောင်းပေးပါတယ် နောင်ဘ၀ ဘောလုံးချန်ပီယံကြီးရေ

Anonymous said...

ပြောနေတယ်သူက သတိရနေတယ်တဲ့...:)
တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ဆုံဆည်းဖို့ရန် အတွက်လည်းအမြဲတမ်း ဆုတောင်းနေခဲ့ရတယ်တဲ့လား ...ဆုတောင်းတွေ ပြည့်ပါစေသယ်ရင်းရေ...:)

Anonymous said...

ဘယ်လိုဘဲရေးရေး ကလောင်သွားကထက်တယ်၊ ကျုပ်သာဆို ခင်ဗျားဆီပြန်လာမိမှာဘဲ။ ဟဲဟဲ ဖိတ်ခေါ်မှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်လေ... ဝမ်းနည်းစွာနဲ့ လှည့်ပြန်ပြီ ဗျိုး...

နွေမုန်တိုင်း said...

တစ်ကယ်ထိတယ်ဗျာ
ကျွန်တော့်အတွက်များ ရေးပေးထားသလားလို့တောင်
ထင်ရတယ်။ ကြိုက်တယ်ဗျာ။

Anonymous said...

ဘာပြောရမှန်းတောင်မသိဘူး။ ကောင်မလေးကကျတော့ လွမ်းနေရတာကိုပဲ မက်မောတာ။ နည်းနည်းများကြောင်နေမလားမသိဘူး။ ပေါင်းဖက်ခွင့်မရလည်း ကိစ္စမရှိပါဘူး။ အရေးကြီးတာ ချစ်နေဖို့မပာုတ်လား။ ဒါပေမယ့် တခြားတစ်ယောက်ဘေးမှာ ရှိနေတာကိုတော့ သေအောင်မုန်းတယ်။ ကဗျာလေးက ခံစားချက်ပေါင်းစုံကို ရေးဖွဲ့ထားတာပဲ။ ကောင်းတယ်ဗျ။ ကြိုက်တယ်။

ယုန်ကလေး said...

ဆိုးသွမ်းရေ
ကောင်းလိုက်တဲ့ကဗျာနော် အားပေးတယ် ယုန်လေးတော် အဲ့လောက်မရေါ်တတ်ဘူး ကြိုက်တယ်ကဗျာလေးကိုနော်
အားပေးတယ် တပူဒ်လုံးကြိုက်တယ်
သိလား

ဆိုးသွမ်း said...

ကော်မန့်ရေးပေးသူ အားလုံးရော...
ဖတ်ရှုသူ အားလုံးပါ ကျေးဇူးတင်ပါသည်...ခင်ဗျာ။

ဆိုးသွမ်း

နှင်းပွင့်ဖြူ said...

စောရီးကွာ....
အလာကောင်းပေမဲ့ အခါနှောင်းသွားပြီ ဟင့်ဟင့်
ခုမှ ကွန့်မန့်ပေးရလို့ပါ
ကောင်းတယ်ဝေး စာသားတွေက
အလွမ်းကို ကျိန်စာ သင့်သလိုသင့်နေတဲ့
အ.......လွမ်း ......... သင့် ....... သူ ကြီး မောင်ဆိုးသွမ်း :P

Anonymous said...

အလွမ်းသင့်သူဆိုတာကို အခုမှ တွဲမိတော့တယ် နာမည်ဘေးမှာ ဘာလို့ ထည့်ထားတာလဲလို့  ဖတ်လို့ ကောင်းတယ် အစ်ကိုရေ့ ခံစားချက်တွေ အရမ်းလှတယ်း)