Saturday, March 15, 2008

အိမ်မက်....သခင်



အိမ်မက်၏ သခင်
အကြွင်းမဲ့ ချစ်ခြင်း၌ အသက်ဝင်ယုံကြည်ခြင်းဖြင့်
အကျွနုပ်၏ မျှော်လင့်ခြင်း ၊ မြတ်နိးခြင်း တို့အား
သခင် မွေ့လျော်စံပျော်ရာ အိမ်မက်တောအုပ်အစပ်၌
ယဇ်ပူဇော် ထားပါ၏

ချိုသာညက်ညောသော ဂီတတွင်
သီဆို တီးမှုတ် ခြင်းဖြင့်
သခင်မ နစ်မျောတော်မူပါ

ထုံအီ သင်းပျံသော ရနံအပေါင်းတို့အား
သခင်မ နမ်းရှိုက်တော်မူပါ

ထိုအပြုတို့အတွက်
ဆုတောင်းသော ရလဒ်ကတော့
အမိုက်အမဲ၏ အိမ်မက်ထဲသို့ အမြဲလာရောက်
စောင့်ရှောက်တော် မူပါ အရှင်




1 comments:

Anonymous said...

အိမ်မက်...သခင်မလေးရေ...
အိမ်မက်ထဲကိုအမြဲလာပီး
စောင့်ရှောက်ပေးလိုက်ပါဦးနော်...:P