Friday, March 14, 2008

မွေးနေ့ဆုတောင်း



ပိတောက်ပွင့်ရဲ့ ရနံနဲ့မှ
ဖူးပွင့်ဝေဆာ ခဲ့ရသူရေ
ဒီမှာတော့ နှင်းတွေတဖွဲ့ဖွဲ့ကြွေလို့ကောင်းတုန်း
ပြီးရင်တော့ နွေဦးရောက်လာလိမ့်မယ်


အနား ငါ မရှိတဲ့ မွေးနေ့ပွဲ
မင်းအတွက် ခြောက်ကပ်မှာတော့ စိုးတယ်ကွယ်
ဒါပေမယ့်လေ.....
ရင်ကိုရင်းလို့ လွမ်းလို့ရတဲ့ ဆု
အရှေ့လေရဲ့ ရိုက်ချက်ပြင်းပြင်းနဲ့အတူ
မင်းအတွက် မွေးနေ့လက်ဆောင် အဖြစ်
အနမ်းတွေ မင်းဆီ အရောက်ပါးလိုက်တယ်
ဖွဖွလေးရှု .....တယုတယလေး သိမ်းထားပေါ့

မင်း အနား ငါမရှိပေမယ့်လည်း
ငါအသက်ရှုသံတွေ မင်းကြားနိင်ပါစေ
မင်း အနား ငါအရောက်မလာနိင်ပေမယ့်လည်း
ငါ့ ကိုယ်သင်းနံ မင်းရှုရှိုက်နိင်ပါစေ

နေရောင်ခြည်၏ နူးညံခြင်းနှင့်
မင်းနှလုံးသားတွေ နွေးထွေးပါစေ
ပန်းတို့၏ ဂုဏ်သတင်းနှင့်
မင်း အကြောင်းတွေ မွှေးပျံပါစေ
ကြယ်တို့၏ လင်းလက်ခြင်းနှင့်
မင်း ယုံကြည်ခြင်းတွေ တောက်ပပါစေ
လမင်း၏ ဖြူစင်မှုနှင့်
မင်း ဘ၀လေး အေးမြပါစေ....လို့ ဆုတောင်းရင်း


ကြိုလင့်ပါတော့......မဝေးတဲ့တစ်နေ့
မင်းကိုချစ်လို့ ငါ့ကိုယ်ငါလက်ဆောင်အဖြစ်
မင်းဆီပြန်ခဲ့ပ့ါမယ်....အချစ်ရေ။


သူငယ်ချင်းတစ်ယောက်၏ သက်ဆိုင်သော သူမွေးနေ့အတွက် ခံစားရေးဖွဲ့ပါသည်။


3 comments:

Anonymous said...

သူငယ်ချင်းရဲ့ သက်ဆိုင်သူက ကြွေမကြွေ မသိဘူး၊ ကျနော် က ကြွေချင်လာပြီ၊ ဟိဟိ၊

Unknown said...

အဲလိုလုပ်ရဘူးလေ။ ဒါကနန်တော်နဲ့ဆိုင်တာဗှ။

Unknown said...

အဲလိုလုပ်ရဘူးလေ။ ဒါကျွန်တော်နဲ့ဆိုင်တာဗျ။
ရင်နှင့်ခံစားရေးဖွဲ့ပေးတဲ့ နယ်သားလေးကို ကျေးဇူးပါဗျာ။