5 years ago
Friday, March 7, 2008
မမြင်တာကြာလို့ .....အကြင်နာကွာသွားရင်
မေ့သွားမှာလားလေ
အိမ်အပြန် မကြိုလင့်နိင်ပေမယ့်
အချိန်မှန် မျှော်လင့်မိပေတော့
ဒီဂိမ္မာန် နွေဦးမှာ
လေရူးနဲ့ ရူးရတော့မယ်
ဟိုအရင် တစ်ခါနမ်းတော့
ရှက်ပြုံးနဲ့ တခစ်ခစ်ရယ်
ခပ်တိုးတိုး တခွန်းဆိုတယ်
“ မောင်က လူဆိုးတဲ့ ”
အပြစ်ဆိုတာ မဟုတ်
အချစ်ပိုတယ် ဆိုတာ သူသိတော့
နှလုံးသားကို လှစ်ဟာပြ
ဒီရင်ခွင်ထဲ ခဏလာနားကွယ်
လာသာလာ ရင်မနာစေရပါဘူး
ထာဝစဉ် လမင်းလို
မင်းညကမ္ဘာတွေ လင်းလက်စေရမယ် ။ ။
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
4 comments:
ဆိုးသွမ်းရေ ကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပဲ... ကာရံယူထားတာရော... အဓိပ္ပာယ်ရော ကောင်းတယ်ရှင်...
ည၏ အလင်းအိမ်...
တကယ်ဂွတ်တယ်ဝေးးး...
ဟဲဟဲ တကယ်လား လင်းလက်စေမှာက ...:D
ဟငါ့လူသေချာ တယ်နော် ညမှာ လင်းနေလိမ့် မယ်ဆိုတာ၊ အိပ်ရေးပျက်အုံးမယ် ကောင် ရ၊ လင်း နေရင် မအိပ်တတ်လို့
ချီတက်နေတာ မဟုတ်ပေမယ့်... လမ်းလျှောက်ထွက်လာတဲ့... စကားလုံးတွေက...စနစ်ကျပါပေတယ်... ငါ့ညီ...
Post a Comment