5 years ago
Wednesday, March 26, 2008
တဖြည်းဖြည်းနဲ့ တဘူတာပြီး တဘူတာ ကျော်လာခဲ့ပါတယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ယခုလို တောတောင်လမ်း ခရီးကို သွားရလိမ့်မယ်လို့လည်း တခါမှ မမျှော်လင့်ထားခဲ့ပါဘူး။ ပြီးတော့ ရန်ကုန်-မန္တလေး သွား မီးရထား ခရီးလမ်းလို ဘူတာတွေကလည်း ဘူတာရယ်လို့ သက်သက်မှတ်မှတ်မရှိပါဘူး။ မှတ်တိုင်လေးထောင် ၊ တခါတလေ တဲခပ်ကြီးကြီးလိုမျိုး ဟာလေးတွေနဲ့ပါပဲ။ ဒါကတော့ ကြားဘူတာ တွေ့မို့လို့ထင်ပါတယ်။ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို ၊ လားရှိုး ဘူတာတွေကတော့ ဘူတာရယ်လို့ သပ်သပ်မှတ်မှတ် ရှိတာပေါ့ဗျာ။ ရထားလမ်း တစ်လျှောက်မှာတော့ လမ်းစောင့်တွေ့ကိုလည်း တွေ့ရတက်ပါတယ်။ ဒါပေမယ့် ရထားက အစွမ်းကုန် မမောင်းရဲဘူး ခင်ဗျ။ ကုန်စည်တွေ ပါတာက တကြောင်း ၊ နောက်ပြီးတော့ တောင်တက်လမ်းကို မောင်းနေရတာကလည်း တကြောင်း ၊ ဆိုတော့ ရထားက တခါတလေ ရှေ့မောင်းနေရင်းနဲ့ ခဏခဏရပ်တယ်ဗျ။ ဒါနဲ့ကိုယ်လည်း အလန့်တကြား ထကြည့်တာပေါ့။ တအောင့်နေတော့ ရထားက ရှေ့မသွားဘဲ နောက်ပြန် ဆုတ်နေတာ ။ ဟာ လုပ်ကြပါဦးဟ လို့ပြောရင်း အကုန်လုံးကလည်း အလန့်တကြား ရထားပေါ်က ခုန်ပဲ ချရတော့ မလိုလိုနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတာ။ အဲဒီမှာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ တစ်တွဲလုံးက စစ်သားတွေ ချည်းပဲ ဆိုတော့ အထူးသဖြင့် မြေပြန့်က လာကြတာ ဆိုတော့ ခေတ်စကားနဲ့ ပြောရရင် အထာကို မသိဘူး ပေါ့နော် ။
တခြားအတွဲတွေက လားရှိုးသွားမဲ့ တိုင်းရင်းသား တွေကတော့ အေးဆေးပါပဲ ။ အိပ်လို့တောင် မပျက်ဘူး။ လိုက်ကြည့်တော့မှ ကျွန်တော်တို့လည်း နည်းနည်း နားလည်သွားတယ်။ ရထားက အရှေ့က တောင်ကုန်းကို တက်ဖို့ လွန်းထိုးနေမှန်း အဲဒီတော့မှ သိတော့တယ်။ ခဏခဏ ဖြစ်တယ်ဗျ။ မှတ်မှတ်ရရ အနည်းဆုံးတော့ ၄ ၊၅ ခါလောက်တော့ ရှိမယ်နဲ့ တူပါတယ်။ ကျွန်တော် အကျင့်ကလည်း ခရီးသွားရင် ဘယ်တော့မှ မအိပ်တက်တော့ လမ်းတလျှောက်လုံး ဟိုကြည့်ဒီကြည့်နဲ့ ၀ယ်လာတာလေး ထိုင်စားလိုက် ၊ တခါတလေ သူငယ်ချင်းနဲ့ စကားပြောလိုက် ၊ သီချင်းလေး ညည်းလိုက်နဲ့ ခရီးသွားလာလိုက်တာ......နာမည်အရမ်းကြီးတဲ့
နာမည်ကျော် ဂုတ်ထိပ်တံတားကြီး
ဂုတ်ထိပ် တံတားကို ရောက်လာတဲ့ အခါမှတော့ ကြက်သီးတွေ ထလာတယ်ဗျ။ အဟုတ်ပြောတာ ။ မြင်လိုက်ရတဲ့ မြင်ကွင်းက နည်းနည်းမှ စိတ်မချမ်းသာဘူး ။ ကြည့်ဦးလေ တံတားဘေးနားမှာ အကာအရံရယ်လို တခုမှ မရှိ ၊ ပြီးတော့ လမ်းက အရှည်ကြီး ။ လေကလည်း တိုက်လိုက်တာ စိမ့်နေတာပဲ။ အောက်မှာကလည်း ကျောက်တုန်းတွေ ၊ သစ်ပင်တွေ ၊ ချောင်းခြောက်တွေ နဲ့ပြည့်နေတယ် ။ ၀ါးတားတား လောက်ပဲ မြင်ရတာ ။ အဲဒီလမ်းကို မဖြတ်ခင် ရထားက ရပ်နေသေးတယ် ။ အဲဒီနေရာကို တာဝန်ယူရတဲ့ သူတွေနဲ့ ရထားတာဝန်ရှိသူတွေ စကားပြောကြ ၊ လက်ညှိး ညွှန်ပြနဲ့ ။ ကျွန်တော်တို့လည်း ကြည့်နေတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အစတောင် မခံဘူး။ မြန်မာတွေကလည်း အယူက ကြီးပါဘိနဲ့။ တစ်ယောက်ကများ တို့ဖြက်နေတုန်း ဒီတံတားကြီး ပြိုကြသွားရင် ဆိုတဲ့ စကား ဟလိုက်တာနဲ့ အဲဒီကောင်ကို ၀ိုင်းဆော်ကြတော့ တာပဲ။
“ မင်းကွာ နမိတ်မရှိ နမာမရှိ နဲ့ ” ဘာညာ ၀ိုင်းပြောကြတာပေါ့ ။ စစ်တိုက်လို့ မသေဘဲ ပြုတ်ကြသေရင် လန့်စရာ ကြီးဗျ။ ကျည်ဆံက တစ်ချက်ဆို ပြီးသွားပြီ။ အခုဟာက ပြုတ်များကြလိုက်ရင် အရင်လေထဲမှာ ၀ဲနေဦးမှာ။ ပြီးမှ အောက်မှာ ကိုယ့်အတွက် စီမံထားတဲ့ ကျောက်တုန်း ၊ သစ်ပင်တွေနဲ့ မိတ်ဆက်ရမှာ။ မသက်သာဘူးနော့်။ ဒါနဲ့ ရထားရပ်နေတဲ့ အချိန်အတွင်း ဘုရားစာ ရွတ်တော့တာပဲ ။ ရှိသမျှ အကုန်ရွတ်တာ ။ တစ်တွဲလုံးငြိမ်နေတာ တုတ်တုတ်တောင် မလှုပ်ဘူး။ ဒီလိုနဲ့ မျှော်လင့်ထားတဲ့ အချိန်မှာပဲ ရထားက စတင်လိမ့်လာပါတော့တယ် ။ ဂျုတ်..ဂျုတ် ဂျုတ်..ဂျုတ် နဲ့ ရထားကလည်း ကြောက်ပါတယ် ဆိုမှ ဖြည်းဖြည်းချင်း ကိုလိမ့်နေတာပေါ့ ။ လေကလည်း အဲဒီအချိန်မှာမှ ပိုအေးနေသလား မသိပါဘူးဗျာ။ တစ်ချို့အရပ်သား အတွဲတွေ မှာတော့ ပြတင်းပေါက်တွေ ပိတ်ထားကြလေနဲ့။ ကျွန်တော်တို့ကလည်း လူကလည်းငယ်ပြန် ၊ စစ်သားကလည်း ဖြစ်ပြန်ဆိုတော့ စပ်စုချင်တာနဲ့ ဟန်ကိုယ့်ဖို့ ဆိုတာ ပေါင်းပြီး ရထားပြတင်းပေါက် ခေါင်းထွက်ကြည့်တာပေါ့ ။
အမယ်...မဆိုးဘူးဗျ။ တကယ်လှတယ်...မိတ်ဆွေ ။ ဖြစ်နိင်ရင် တခေါက်လောက် ဖြတ်ဖူးစေချင်တယ် ။ လုံးဝ လေဟာနယ်ထဲကို ရောက်နေသလိုပဲ။ အောက်ကိုငုံကြည့်တော့လည်း ရထားလမ်းကို မမြင်ရဘူး ။ သူက သံလမ်းအတွက်ပဲ နေရာရှိတာ။ တစီးလုံး လေထဲ မှာ သွားနေတဲ့ အတိုင်းပဲ ။ ပြီးတော့ လမ်းက တဖြောင့်တည်း မဟုတ်ဘူးဗျ။ ကောက်ကောက်လေး ရယ်။ ဒါကြောင့် ရှေ့အတွဲတွေက လူတွေ ထွက်ကြည့်နေတာကိုလည်း ကောင်းကောင်းတွေ့နေရတယ်။ အော်တဲ့သူက အော် နဲ့ နောက်နေကြတာ။ ရင်ခုန်ဖို့တော့ ကောင်းသား ။ ပြီးတော့ အဆုံးသတ်မှာ လှိုဏ်ဂူရှိပါတယ်။ သီပေါဘက်က ရထားလာနေတာကို ကြည့်မယ်ဆိုရင် သစ်ပင်စိမ်းစိမ်း စိုစိုတွေကြားထဲက ဘွားကနည်း မြွေတစ်ကောင် ထွက်လာသလို ရထားကို မြင်ရလိမ့်မယ်ဗျ။
လားရှိုးရောက်ပြီ
ဒီလိုနဲ့ နာမည်ကြီး ဂုတ်ထိပ်တံတားကို ကျော်လာပြီးတဲ့ အခါမှတော့ တဖြည်းဖြည်း နဲ့ ခရီးအစဉ်အတိုင်း နောင်ချို ၊
အားလုံးပေါင်း ၁၃၃ မိုင်ကွာဝေးပါတယ် ခင်ဗျာ။ ဒီလိုနဲ့မနက် ၉ နာရီက စထွက်လာခဲ့တဲ့ ရထားဟာ လားရှိုးကို ည ၇ နာရီမှ ၀င်တယ်ဗျ။ သွားလာနေကြ ခရီးသွားတွေ ပြောတာကတော့ ဒီနေ့ ရထားနောက်ကျပါတယ်တဲ့ ။ လားရှိုးဘူတာ ရောက်တော့ လာကြိုတဲ့ ယဉ်တန်းကားတွေပေါ်ကို သေတ္တာတွေ ၀ိုင်းကူ တင်ကြ ၊ လူကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ လူတွေကလည်း ကိုယ့်ကိုကြည့် ၊ ကိုယ်ကလည်း သူတို့ကို ပြန်ကြည့်နဲ့။ ပြီးတော့ မှောင်ကလည်း မှောင်နေတော့ ဘာမှ မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရပါဘူး ။ ကားပေါ်တက် ၊ ကားပေါ်တက်ဆို တက်လိုက်တာပဲ ရှိတယ် ။ လူတွေကလည်း ပင်ပန်းနေကြပြီကိုး ။ တစ်နေ့လုံးနီးပါး စီးလာရတာ ဆိုတော့ မလှုပ်ချင် မကိုင်ချင်တော့တာလဲ ပါပါတယ်။
ကားတွေကလည်း လူစစ် ၊ စုံပြီ ဆိုတာနဲ့ တခါတည်း တန်းထွက်တော့တာပါပဲ ။ မှောင်မှောင် မဲမဲနဲ့ ဘယ်ကိုခေါ်သွားမလည်း ဆိုတာ ဘယ်သူမှလည်း မသိကြဘူးပေါ့ ။ ကားထပ်စီးရတယ်ဆိုတော့ အဝေးကြီးကို ထပ်သွားရမယ် ထင်ထားလိုက်တာ...နောက်ထပ် ၁၅ မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ ယဉ်တန်းဟာ......
ဆက်ရန်ပါ ခင်ဗျာ ။

ကျောက်မဲ ၊ သီပေါ ၊ လားရှိုး ကိုရောက်ရှိလာခဲ့ပါတယ်။ ပြင်ဦးလွင်ကနေ လားရှိုးအထိ ခရီးမိုင်အကွာအဝေးက ကျွန်တော် မှတ်မိသလောက် ၁၃၃ မိုင်ကွာပါတယ် ။
- ပြင်ဦးလွင် - နောင်ချို ( ၃၄ မိုင် )
- နောင်ချို - ကျောက်မဲ ( ၄၄ မိုင် )
- ကျောက်မဲ - သီပေါ ( ၂၀ မိုင် )
- သီပေါ - လာရှိုး ( ၃၅ မိုင် )
အားလုံးပေါင်း ၁၃၃ မိုင်ကွာဝေးပါတယ် ခင်ဗျာ။ ဒီလိုနဲ့မနက် ၉ နာရီက စထွက်လာခဲ့တဲ့ ရထားဟာ လားရှိုးကို ည ၇ နာရီမှ ၀င်တယ်ဗျ။ သွားလာနေကြ ခရီးသွားတွေ ပြောတာကတော့ ဒီနေ့ ရထားနောက်ကျပါတယ်တဲ့ ။ လားရှိုးဘူတာ ရောက်တော့ လာကြိုတဲ့ ယဉ်တန်းကားတွေပေါ်ကို သေတ္တာတွေ ၀ိုင်းကူ တင်ကြ ၊ လူကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ လူတွေကလည်း ကိုယ့်ကိုကြည့် ၊ ကိုယ်ကလည်း သူတို့ကို ပြန်ကြည့်နဲ့။ ပြီးတော့ မှောင်ကလည်း မှောင်နေတော့ ဘာမှ မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရပါဘူး ။ ကားပေါ်တက် ၊ ကားပေါ်တက်ဆို တက်လိုက်တာပဲ ရှိတယ် ။ လူတွေကလည်း ပင်ပန်းနေကြပြီကိုး ။ တစ်နေ့လုံးနီးပါး စီးလာရတာ ဆိုတော့ မလှုပ်ချင် မကိုင်ချင်တော့တာလဲ ပါပါတယ်။
ကားတွေကလည်း လူစစ် ၊ စုံပြီ ဆိုတာနဲ့ တခါတည်း တန်းထွက်တော့တာပါပဲ ။ မှောင်မှောင် မဲမဲနဲ့ ဘယ်ကိုခေါ်သွားမလည်း ဆိုတာ ဘယ်သူမှလည်း မသိကြဘူးပေါ့ ။ ကားထပ်စီးရတယ်ဆိုတော့ အဝေးကြီးကို ထပ်သွားရမယ် ထင်ထားလိုက်တာ...နောက်ထပ် ၁၅ မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ ယဉ်တန်းဟာ......
ဆက်ရန်ပါ ခင်ဗျာ ။
Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
10 comments:
ဟာဗျာ ဆန့်တငင်ငင်နဲ့
ရေးသာရေ ဘယ်နှခန်း ဆက်ဆက် လာဖတ်မယ် :P
အော်......
ဂုတ်ထပ်ကျော်လို့ လားရှိုးတောင် ရောက်လာမှ ကို
လာမယ် . ရှမ်းမလေးတွေ လှကြောင်း ချောကြောင်း
အကိုကြီးရေ ဇာတ်ရှိန်ကတော့ မြင့်ပီးရင်းမြင့်ပဲ ရထားခရီးကိုတောင် စိတ်ဝင်စားအောင် ရေးဖွဲ့နိုင်တယ်ဗျာ နောက်ဆက်တွဲတွေ မြန်မြန်လေးလုပ်ပါဗျို့ ပျော်ရွှင်ပါစခင်ဗျာ :)
အပိုင်း (4) မျှော်နေသည်။
Kuthkai ko bus ne daw twar bu tal. i was amazed by the the scenery. Yeah State is such a beautiful state. Oh my beloved country... HOW BEAUTIFUL YOU ARE.... MI` TAL BYARR MYAN MYAN SET BYO...
လာရှိုးသူလေးတွေ လှတဲ့အကြောင်းတော့ ထည့်ရေးပေးလိုက်ပါ
နယ်သားရယ်။ မလှဘူးဆိုရင် ငိုနေအုံးမယ်။ မင်းအတွေ့အကြုံရှိပါတယ်
:D
Set par dot byo.., Ket myan myan lay naw.
:) SMNTL
ကွတ်ခိုင်သူ တွေအကြောင်း ပါအောင်ရေး ကိုယ့်လူ။ ဖွလိုက်မယ်နော်။ :D
ဖတ်ကောင်းနေရင် လုပ်ပြီ
အရေးအသားကတော့ တစ်လျှောက်လုံးကို ဆွဲလာတော့တာပဲ ဂုတ်ထိပ် တံတား အကြောင်း
ရေးထားတာများ ကောင်းမှကောင်းပဲ
Post a Comment