Saturday, March 15, 2008

အတော်အတန်ကြာပြီ ဖြစ်သော ၊ မှတ်မှတ်ရရ ပြောရလျှင်တော့ လပေါင်းများစွာ ကင်းကွာခဲ့ရသော နယ်မြေ တစ်ခုသို့ ကျွန်တော် ဒီနေ့ ခြေချဖြစ်ခဲ့သည်။ ထိုနေရာသို့ မသွားခင် အ၀တ်အစား လဲလှယ်ကတည်းက ကျွန်တော် စိတ်ထဲ လန်းဆန်းတက်ကြွနေခဲ့ရသည်။ ထိုနေရာနှင့် သက်ဆိုင်သော ဖိနပ် ၊ အ၀တ်အစားတွေကလဲ
အရှင်သခင်ကို စောင့်မျှော်နေခဲ့တာ ကြာခဲ့ပြီ။ ဖုန်း ၊ ကျောင်းသားကဒ် ၊ အဆောင်ကဒ်တို့ကို ယူ၍ ကျွန်တော် အဆောင်မှ ထွက်လိုက်တယ် ဆိုရုံဖြင့် ရုရှားဆောင်း၏ အေးစက်စက် လေနုက မျက်နှာကို ဖြက်ခနဲ့ တိုက်ဖြက်သွားခဲ့သည်။

စိမ့်ခနဲ့ ကျောထဲဖြစ်သွားရုံနဲ့ ဒီနေ့ ရည်ရွယ်ချက်ကို ကျွန်တော် လက်လျှော့နိင်မည် မဟုတ်။ အပေါ်အကျီထဲ လက်နိုက်၍ ခပ်မှန်မှန်ပဲ ကျွန်တော်လမ်းလျှောက်ခဲ့ရင်း သွားချင်သည့် နေရာကို ကျွန်တော်ရောက်ခဲ့ပြီ။ အော်....မရောက်တာကြာပြီ ဖြစ်သော....နေရာက ကျွန်တော့်ကို မစိမ်းကားပါဘူး။ အိစက်ညက်ညော၍ လန်းဆန်းသောအေးမြသော နေရာ ၊ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် အရှုးအမှုး စွဲလန်းခဲ့ရသော နေရာ ၊ လူပေါင်းများစွာ စိတ်ဝင်စားခဲ့သောနေရာ.... ထိုနေရာကား “ ဘောလုံးကွင်း ” ။ ပြီးခဲ့သော နွေရာသီကတည်းက မရောက်ခဲ့ရသော ဒီနေရာသို့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နှင့် ခြေချခဲ့ရသည်။

ခဏကြာတော့ ကျွန်တော်တို့ ဘောလုံးပွဲ ကစားကြသည်။ ကျွန်တော်ကလွဲလို့ အားလုံးက ဗီယက်နမ် ကျောင်းသားများ။ ပွဲစပြီး မိနစ်အနည်းငယ်မှာပဲ ကျွန်တော် တစ်ဂိုးသွင်းယူနိင်ခဲ့သည်။ ဘောလုံးပွဲစကြည့်တက် ကတည်းက ရိုနယ်လ်ဒိုကို အားကျခဲ့သော ကျွန်တော် သူတစ်ဂိုးသွင်းယူပြီးတိုင်း သူ့ပုံစံ အောင်ပွဲခံပုံကို အတုခိုးခဲ့သည်။ လက်ညိုးလေး အရှေ့ထုတ်ကာ ယန်းတမ်းယန်းတမ်းနှင့် ကျွန်တော် ဂိုးသွင်းပြီးတိုင်လည်း ထိုကဲ့သို့ အတုယူလိုက်လုပ်ခဲ့သည်။ အခု ကျွန်တော့် အသက် ( ၂၄ ) နှစ် ၊ ( ၈ ) နစ်သားကတည်းက ဘောလုံးကန်တိုင်း ကျွန်တော် ဂိုးပေါင်းများစွာ သွင်းယူခဲ့သည်။ အဝေးမှ အနီးမှ ထောင့်မျိုးစုံမှ ကျွန်တော်သွင်းယူခဲ့သည့် ဂိုးပေါင်းမနည်းတော့။ ကျွန်တော်သွင်းယူခဲ့သည့် ဂိုးကြောင့် ဆုတံဆိပ်ပေါင်းများစွာ ရခဲ့ပါသည်။ အင်္ကျ ၊ ဘောလုံး ၊ အရုပ် ၊ ဆု ။ ဒီနေ့ထက်ထိ အိမ်မှာ တယုတယ သိမ်းထားတုန်း။ သို့သော် ဒီလာခါနီးတုန်းကတော့ ကျွန်တော့်နာမည်နဲ့ အမှတ်တရ ဘောလုံးအကျီင်္များကိုတော့ ညီငယ်များကို အကုန်လက်ဆောင် အဖြစ် ပေးခဲ့သည်။ ၀မ်းတော့ ၀မ်းနည်းသား။

ရီဗယ်လ်ဒိုလို ဂိုးပေါင်း တစ်ထောင် မပြည့်ခဲ့ပေမယ့် ကျွန်တော်သွင်းယူခဲ့သည့် ဂိုးများအတွက်တော့ ကျွန်တော် အမြဲ အမှတ်တရ ဂုဏ်ယူနေခဲ့ရသည်။ ဒီနေ့ထိတိုင်လည်း သတိရနေခဲ့ရပါသည်။ ရပ်ကွတ်ထဲမှ မည်သည့်ကွင်း ၊ မည်သည့်မြေနေရာ လွတ်မဆို ကျွန်တော် ခြေမချခဲ့ဘူးသည့် နေရာမရှိခဲ့။ ကျောင်းမှ ပြန်လာတိုင်း ကျောင်းစိမ်းအကျီကို ဘယ်တော့မှ မချွတ် ၊ ပုဆိုးနဲ့ လွယ်အိတ်ကို အိမ်ပေါ်ပစ်တင်၍ အိမ်အောက်မှ ဘောလုံးကို ထုတ်ကာ ကွင်းကို ရောက်အောင်ပြေးသည်။ ရောက်သည်နှင့် ဂိုးတိုင်ကြိုလုပ်ထားကာ သူငယ်ချင်းတွေကို ဟိုကန်ဒီကန်ရင်း စောင့်နေမည်။ အကယ်၍ မရောက်လာလည်း သိပ်တော့ အကြောင်းမဟုတ် ၊ တစ်ယောက်တည်း အလိမ်အခေါ်က် ၊ ဂိုးသွင်းလေ့ကျင့်ရင်း တစ်နာရီလောက် ချွေးထွက်အောင် ကစားပြီးတာနှင့်ကျွန်တော် အိမ်ပြန်မည်။ ရေမိုးချိုး ၊ ကျူရှင်သွားမည်။ ညနေဆိုလျှင် ဘောလုံးကို လက်နှင့် ကျွန်တော်ကန်တော့သည်။ ဆိုလိုချင်တာကတော့ တီဗီဂိမ်း ပါ။

ကျွန်တော် ဘောလုံးကို အရမ်းရူးသွပ်ခဲ့ရသည်။ နိင်ငံကျော် ဘောလုံးသမား မဖြစ်နိင်မှန်းသိပေမယ့် မြို့နယ်ပွဲအဆင့်အထိတော့ ကျွန်တော်ပါဝင်နိင်ခဲ့သည်။ အခုလက်ရှိ လုပ်ကိုင်နေရသော အနေအထားမျိုးမှာပင်ကျွန်တော် ဘောလုံးကန်နိင်အောင် ၊ ဘောလုံးသမား ဘ၀မျိုးဖြစ်အောင် ကြိုးစားခဲ့သော်လည်း ဖြစ်မလာခဲ့သည့်အတွက် ရည်ရွယ်ချက် မအောင်မြင်ခဲ့ရပါ။ နောက်ဘ၀ ရောက်လျှင်တော့ ကျွန်တော် အောင်မြင်သော ဘောလုံးသမားဖြစ်ချင်သည်။


3 comments:

Anonymous said...

လောကမှာ မဖြစ်သေးတာဘဲ ရှိတယ်၊ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူးလေ ငါ့ကောင်ရ။ စိုင်ကော်ရင်တောင် ခြုံပေါ် ရောက်နိုင်သေးတာဘဲ ဟဲဟဲ...

honey said...

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ။
ဆုရထားတာတွေက အိမ်ကို သိမ်းခိုင်းထားလို့ မရဘူးလား
ပေးပစ်လိုက်တော့ နှမြောစရာ :D

Anonymous said...

ဟုတ်ပြီ။ ဘောလုံးသမားလုပ်။ မန်ယူအတွက်ကန်... :P