Thursday, March 27, 2008



ဒီကနေ့နဲ့ ဆို တပ်မတော် တည်ထောင်ခဲ့တာ ( ၆၃ ) နှစ်မြှောက်ခဲ့ပြီ။ တိုင်းပြည်အတွက် တကယ် အကျိုးရှိစွာ ကိုယ်ကျိုးစွန့် ၊ အနစ်နာ ခံခဲ့တဲ့ တပ်မတော်သား အဆင့်အတန်း အားလုံး သက်ရှိထင်ရှား ရှိနေသည့် တာဝန်ထမ်းဆောင်နေသော စစ်သားများ ၊ အသက်စွန့် ပေးဆပ်သွားတဲ့ သူတွေ အားလုံးကိုပါ ဒီနေရာကနေ ဂုဏ်ပြုစွာ ဦးညွှတ် အလေးပြုအပ်ပါတယ်။

တိုင်းပြည်၏ အကျိုးစီးပွားကို အမှန် တကယ် စောင့်ရှောက်နိင်သော ၊ ပြည်သူအတွက် အသက်စွန့်ကာကွယ် နိင်သော ၊ အမှန်တရားကို သိမြင်၍ ဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်နိင်သော စစ်သားကောင်းများ ဖြစ်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။



9 comments:

စိုးထက် - Soe Htet ! said...

လှိုက် လှိုက် လှဲလှဲ ဂုဏ်ပြုပါတယ် :D

Apprenticeship said...

Happy 63 Tatmadaw :)
“Nothing is to be preferred before justice.” Socrates quote

Unknown said...

ကိုယ်တိုင်ကမမော်ကြွားပေမယ့်လည်း နာမည်ဆိုးနဲ့ကျော်ကြားနေတယ်ကွာ
But Don't forget , We were soldiers.

Mhaw Sayar said...

စိတ်ရောကိုယ်ပါ ဂုဏ်ပြုပါ၏။

Anonymous said...
This comment has been removed by a blog administrator.
လားရှိုးသူ said...

လူနည်းစုတခုကြောင့် ဝါးလုံးရှည်နဲ့ရမ်းတာ ခံရပေမဲ့ ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့တဲ့၊ စစ်မှန်တဲ့ တရားနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသော ရဲဘော်များ၊ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ စွမ်းဆောင်နိုင်ပြီး၊ တိုးတက်မြင့်မားသော၊ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့နဲ့၊ လက်ကိုင်တုတ်များအဖြစ် ဘဝ၊ ပညာ၊ သိက္ခာ၊ သမာဓိ မကျဆုံးစေဖို့ ဆုတောင်းပေးလိုက်တယ်၊ (၆၃) ခုနှစ်မြောက် တပ်မတော်နေ့၌ တိုင်းပြည်မတွက် အသက်ပေးခဲ့သော ရဲဘော်များ၊ ပြည်သူ့ အကျိုး၊ တိုင်းပြည်အတွက် ရှေးရူသော် တပ်မတော်သားများ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးကြပါစေ၊ ဘုရားရှင်ထံမှ ကောင်းကြီးများ ရရှိကြပါစေ၊ နာမတော်မြတ်၌.....

minmaw said...

နှစ်ပေါင်းများစွာ လက်တွဲညီညီဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား အုပ်ချုပ်စိုးစံနိုင်စွမ်းရှိသော ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်တစ်ကွ မြန်မာ့သားကောင်းအားဇာနည်များအား လေးစားဦးညွတ်အလေးပြုပါတယ်။ ဆက်လက်ပြီး အုပ်ချုပ်နိုင်ဖို့ သူငယ်ချင်းတို့ ဆက်လက်ကြိုးစားကြကွာ။

moezawko said...

ခုဆိုရင် တပ်မတော်ရဲ့သမိုင်းဟာ (၆၃)နှစ်တောင် တိုင်ခဲ့ပြီနော်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလည်း သိသိသာသာကြီးတိုး တက်လို့နေခဲ့ပြီ။ ခုဆိုရင် တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့တကွ ဗိုလ်ကြီး၊ ဗိုလ်လတ်။ ဗိုလ်ငယ်တွေဟာ စစ်မှန်၍ စည်းကမ်းပြည့်ဝအထက်တန်းကျသော ဒီမိုကရေစီအခွင့်အရေးများဖြင့် အမိပြည်ထောင်စု နိုင်ငံတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက် ဦးဆောင်ပုံဖော်နေသည့်အတွက် များစွာဂုဏ်ယူမိပါသည်။ အမိမြန်မာနိုင်ငံတော်ကြီးဟာ လိမ်ညာမှုကင်း၍ အပြစ်အနာအဆာ တစ်စုံတစ်ရာမျှ ရှာမရလောက်အောင် ကောင်းမွန်ပြည့်စုံသော အခြေခံဥပဒေကြီးကို အများပြည်သူအပေါင်းစည်းစိမ်ဥစ္စာနှင့်ချမ်းသာ
သုခများ ၊ ငြိမ်းချမ်းတည်ငြိမ်မှုများ ဖြစ်စေရန် ပြဓာန်းလိုက်ပါပြီ။ အဲဒိအတွက်လည်း အထူးပင် ၀မ်းမြောက်ဂုဏ်ယူမိပါသည်။ ညီငယ်တို့လည်း အဆိုပါ အခြေခံဥပဒေကြီးအတိုင်းး ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ကွာ။

VIRATHU said...

ဗိုလ်ချုပ်အောင်းဆန်း
ပြောပြသော
စစ်သားဆိုတာ။ ။ စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ်………..