5 years ago
Sunday, March 23, 2008
ကျွန်တော်က ရန်ကုန်မှာ မွေးတာဆိုပေမယ့် ရန်ကုန်သား မစစ်တော့ဘူး ပြောရမှာပဲ။ ကျွန်တော်နဲ့ စကားပြောဘူးတဲ့ သူတွေကတော့ ပြောတယ် ။ ကျွန်တော် စကားပြောတာ ရန်ကုန်သား မဆန်ဘူးဆိုပဲ ။ ဟိုက်...ရန်ကုန်သား စကားပြောဟန် ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး ။ ဒါပေမယ့် ဟန်ပန်တော့ ရှိမှာပေါ့နော်။ အညာကလာတဲ့ သူတွေဆို အညာသားလေသံ နဲ့စကားပြောသံဆိုတာ သိကြမယ်ထင်ပါတယ်။ ကျွန်တော်က အဲဒီလို လေသံဆိုပဲ။ ကျွန်တော့်အသံ ဘာကြောင့်အဲဒီလို ဖြစ်လာသလဲဆိုတာတော့ တွေးကြည့်ရင် အသက် ( ၁၆) နှစ်ကတည်းက အိမ်က ထွက်ပြီး...အနယ်နယ် အရပ်ရပ်က လာတဲ့ သူတွေနဲ့ ပေါင်းရသင်းရ ကိုယ်ကလည်း ဒေသအသီးအသီးကို ရောက်နေခဲ့ ( တနည်းအားဖြင့် တာဝန်ထမ်းဆောင် ) နေခဲ့ရသူဆိုတော့ စကားပြောဟန်က သူတို့နဲ့ တူညီသွားတာ ဖြစ်မှာပေါ့။
လေရှည်နေတာနဲ့ ပြောချင်တဲ့ အကြောင်းတောင် လမ်းကြောင်း လွဲသွားတယ်ဗျာ။ ကျွန်တော် ၁၆ နှစ်ပြည့်တော့မေမြို့ကို ရောက်တယ်။ အဲဒီမှာ ၃ နှစ်ကျော် ပညာသင်ယူပြီးတဲ့နောက်တော့ တာဝန်ကျရာ ဒေသတွေ ခွဲပေးတာပေါ့။ အဲဒီနေ့က တော်တော်ကို ရင်ခုန်ရပါတယ်။ ဖိတ်စာလို အိတ်အ၀ါရောင်လေး ထဲမှာ စာရွတ်ရှည်ရှည်လေး ပါတယ်ဗျ။ အဲဒီ အိတ်လေးထဲမှာ ကိုယ်နဲ့အတူ တာဝန် ထမ်းဆောင်ရမယ့် နောက်ထပ် သူငယ်ချင်း ( ၂ ) ယောက်ရဲ့ နာမည်နဲ့ တပ်နာမည် ရေးထားတယ်လေ။ ကျွန်တော်လည်း ရင်ခုန်ခုန်နဲ့ ကိုယ်ပေါ်မှာ ၀ှတ်ယူလာတဲ့ တပ်တည်တွေ ရှိတဲ့ စာအုပ်လေးကို ခိုးထုတ်ပြီး ကိုယ့်တပ် နံပတ်ရှိတဲ့ မြို့ကို လိုက်ရှာတော့တာပဲ။
အဲဒီမှာ ဘေးနားက သူငယ်ချင်းတွေက “ ဟာ...ငါက မြစ်ကြီးနား ၊ နောက်တစ်ယောက်က ကရင် ၊ နောက်တစ်ယောက်က တနင်္သာရီ ” စတဲ့ နာမည်တွေ တိုးတိုး ရွတ်နေကြတာ ကျွန်တော်လည်း ရင်ခုန်နေပြီလေ။ ဒါက ကိုယ့်တစ်သက်လုံး မဟုတ်တောင် လောလောဆယ် ၁၀ နှစ် လောက် တာဝန်ထမ်းဆောင်ရမဲ့ နေရာ မဟုတ်လား ။ ပွင့်ပွင့်လင်းလင်း ပြောရရင်...စစ်သားလည်း သေမှာတော့ ကြောက်တာပေါ့ဗျာ။ လောလောဆယ်
နာမည်ကြီးနေတဲ့ ရွှေကျင် ၊ ကျောက်ကြီး ဘက်ကို ကျွန်တော်လည်း ဘယ်ကျချင်ပါ့မလဲ။ ဒါပေမယ့်လည်း တာဝန်ပေးလာရင်တော့ အမိန့်နာခံရမှာပေါ့။ ကျွန်တော်က Navy ရူးရူးနေတာဗျ။ အဖေကလည်း သဘောင်္အင်ဂျင်တွေ ပြင်တဲ့ အငယ်တန်း အင်ဂျင်နီယာ ဆိုတော့ ရေနဲ့ အရမ်းနီးစပ်တယ်။ အဖေ့အလုပ်ရုံမှာလည်း သဘောင်္တွေက အမြဲတမ်း ကပ်ထားတဲ့ အပြင် ရေတပ်က စစ်သင်္ဘော ၃၂၁ ပေါ်မှာလည်း ကျွန်တော်က အမြဲတမ်း သွားကြည့်နေကြ ဆိုတော့ ရေတပ်ကို အားကြတာ ကျွန်တော်မလွန်ဘူး ထင်တယ်နော်။ ကံကောင်းထောက်မစွာ ကျွန်တော် ရေတပ်လည်း မရောက်ခဲ့ရပါဘူး။ ဘာလို့လည်း ဆိုတော့အဓိက အကြောင်းက ကျွန်တော် သင်ယူခဲ့တဲ့ ဘာသာရပ်က ရေတပ်မှာ မလိုအပ်ဘူးဆိုတာကြောင့်ပါ။ တစ်ခါတလေ တော့လည်း ၀မ်းတော့ နည်းမိသားပေါ့ဗျာ။
ရင်ခုန်နေသော....အချိန်
စကားပြန်ဆက် ပ့ါမယ်ဗျာ။ ဒါနဲ့ ကျွန်တော်လည်း အသာလေး စာအုပ်ကို လှန်ကြည့်တော့ အမှတ် (ခလရ-၄၅)ဆိုပဲဗျာ။ ဒါနဲ့ စာအုပ်ရှာတော့ မတွေ့ဘူး။ ဟာ..သေပြီဆရာပေါ့။ လုပ်ကြပါဦးဟ....ငါ့တပ်က ဘယ်မှာလည်းဆိုတာ ရှာပေးကြပါဦးပေါ့။ ပြီးတော့ တပ်တွေကလည်း ကျွန်တော်တို့ ကျောင်းဆင်းတော့မှ အသစ်ဖွဲ့တာ မနည်းဘူးဆိုတော့ သေချာပြီ ။ ကျွန်တော်တော့ ချောင်ကလောင်ထဲ ရောက်ပြီလို့ စိတ်ထဲ ထင်နေတုန်း ဘေးနားက သူငယ်ချင်း တစ်ယောက်က “ ပေး စာအုပ် ငါရှာပေးမယ်တဲ့ ”။ ဒါနဲ့ ကျွန်တော်လည်း စာအုပ်ကို ကမန်းကတန်း ပေးပြီး မျှော်လင့်ချက် တခွဲသားလေးနဲ့ ကြည့်နေရတာပေါ့။
“ အဲဒီမှာ...ဟာ ဟေ့ကောင် ကွတ်ခိုင် တဲ့ ” ဟ ဆိုတော့ စိတ်ထဲမှာ ချက်ချင်း သတိရမိလိုက်တာ ကျောင်းတုန်းက တီးတိန် ၊ တကောင်း ၊ ကွတ်ခိုင် ဆိုတဲ့ မြို့သုံးမြို့ကို ဘာဆိုတဲ့ မျဉ်း ဖြက်သွားတယ်ဆိုလားဗျာ။ အဲဒါနဲ့ အင်း...ကျွန်တော်လည်း နည်းနည်းတော့ စိတ်ဓတ်ကျသွားတယ်။ ဘယ်နဲ့ အိမ်လွမ်းနေပါတယ်ဆိုမှ ပထမက ရန်ကုန်မှာနေတယ် ၊ ဒုတိယ မေမြို့ကို ရောက်တယ် ၊ နောက်တော့ တတိယလည်း ကြရော ကွတ်ခိုင်ရောက်ပါလေရော ။ ကဲ...တစတစနဲ့ အိမ်နဲ့ ဝေးကွာလာလိုက်တာ အမြင့်ဆုံးကို ရောက်တော့မယ်။ ဒါနဲ့ မျက်နှာလေး မချိုမချဉ်နဲ့ ဘွဲ့ယူခန်းမက ထွက်ပြီး အဖေ ၊ အမေ ကိုလိုက်ရှာပြီး ပြောပြလိုက်တော့........
နောက်တော့ ဆက်ရေးပ့ါမယ်ဗျာ...ဆက်ရန်ပေါ့ ။

Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
6 comments:
ဟိ...ဒါဆို..အမျိုးတွေပေါ့...။ ကျွန်တော်က ပင်လောင်း :P
ဖတ်ကောင်းတယ်ဗျို့ ဆက်ရေးပါ အတွေ့အကြုံလေးတွေ ကြားသိ နားလည် ရတာပေါ့ဗျာ :)
Oh My God..,
My Grandad was service at Ka La Ya 45 as Chief Regiment ages ago then He was transferred to Yangon for QSO 1 in Mingalardone Township. My Dad was service as Captain in there. Then My Dad and My Mum met and their story was started there.
I heard a lot of news about KoutKhaing from my Grandmum and Mum. The place was for our family history.
I look forward to read your continue posts. Don't keep us long. Will let my Mum and Dad to read your Blog as well. Keep it up..,
SMNTL
သူက ရွေကျင်၊ ကျောက်ကြီးမကျချင်ဘူးတဲ့။ ရွေကျင်၊ကျောက်ကြီးတော့မကျပါဘူး။
ကရင်ပြည်နယ်ကျတဲ့ ငါကိုလည်းသနားပါအုံးနယ်သားလေးရယ်။ မြန်မာပြန်ရောက်ရင်တပ်မပြန်ဘူးနော်နယ်သား။ Ok !
မင်္ဂလာပါ မောင်ဆိုးသွမ်းရေ။ ကိုစိုးထက်ဘလော့ကနေလှည့်ဝင်လာကြည့်တာ။
ကွတ်ခိုင်ဆိုတာနဲ့ ဝင်ရေးသွားတယ်နော်။ အစ်မသူငယ်တန်းတုန်းကလည်းအဲဒီ
ခလရ ၄၅ တပ်တွင်းမူလတန်းကျောင်းလေးမှာစတက်ခဲ့ရတာပေါ့။ ဗိုလ်လိုင်းထဲ
ကပုန်းကျင်းလေးရယ်၊ ချယ်ရီပင်ရယ်ရှိတဲ့အိမ်ဟာ အစ်မတို့ နေခဲ့တာလေ။
တောင်တန်းတွေပတ်လည်ဝိုင်းနေပြီး ညည တောင်တန်းတွေဆီကသေနတ်သံ
တွေကြောင့် ချမ်းအေးတဲ့ညတွေဟာချောက်ချားခဲ့ရဖူးရဲ့။
တပ်ထဲကလေယာဉ်ကွင်းကလဲဒို့ ဆော့ခဲ့တဲ့နေရာတွေလေ။ ဆက်ရေးပါဦး လက်ရှိ
အခြေနေလေးတွေ။
ကွတ်ခိုင် ၄၅ ကျတာများကွာ.... ၁၀၅ မိုင်မှာ ကောင်းစားနေမှာ မြင်ယောင်သေး...အဟေးးဟေးး
Post a Comment