Saturday, November 29, 2008


စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး “ ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် ” ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


“ အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ ”


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။


5 comments:

မိုးလှိုင်ည said...

ကျွန်တော်လည်း ဘလော့ဂါဆိုတဲ့ နာမည်လေးကို
အရမ်းနှစ်သက်တယ် တခြားဆိုဒ်တွေပြောင်းပြီးမရေးချင်ဘူး
ကိုဆိုးသွမ်းလည်း အသက် ၁၀၂ အထိ ဘလော့ရေးနိုင်ပါစေ
လို့ဆုတောင်းပေးပါတယ်…
ကျွန်တော်လည်း သေတဲ့ထိ ဘလော့ရေးမယ်ဗျာ…
ခင်မင်လေးစားစွာဖြင့်

mayookhin said...

mglay yay
a myal arr pay nay mal
bal tot hma blog write
tar ko ma yat nae naw..

Mhaw Sayar said...

အာ.. ဒုက္ခ..ခင်ဗျားက ကိုယ့်ဒုက္ခကိုယ်ရှာပြီး ကျုပ်တို့ပါ ဆွဲစား ဖြစ်အောင် စားလိုက်သေး လိုက်သေးတယ်. :P

ဒီဘဲကြီးနဲ့တော့ ခက်တော့တာပဲ. :D

(ဘာမှ မလုပ်ဘူးနော်.. အဝေးကြီးမှာ. ဟဲဟဲ)

Anonymous said...

အစ်ကိုက ဘလော့ လောဘ တယ်ကြီးပါလားဗျ အိမ်ထောင်သည်ဖြစ်လို့  ဘလော့ရေးရင် အိမ်ရှင်မက ဗိုက်ခေါက်လိမ်မှာမကြောက်ဖူးလား သေတဲ့အထိရေးမယ်ဆိုလို့ ဝမ်းသာပါ၏ ကျနော် အစ်ကို့ စာတွေဖတ်ရတာ ပျော်တယ် အားကျတယ် ။

Anonymous said...

အိုင်ဒီယာလာတူနေတယ်ဗျ ...
ပိုကောင်းတဲ့ အိုင်ဒီယာတွေတောင် ရှိနေတယ်
၁၀၂ နှစ်အထိ ကွယ်လွန်သည်စာတမ်းနဲ့ ရေးမယ်ဗျာ ... ဆိုတာမျိုး
Blogspot မှာ မို့လို့ Blogger ဆိုတဲ့ ခံယူချက်ပေါက်ဖွားတာ ကြိုက်တယ် ဆိုတာမျိုး ...
ဆယ်ခါ ကောင်း တစ်ခါမှား လက်ညှိုးထိုးခံရတယ် ဆိုတဲ့အတွေးမျိုး ... တွေပေါ့
စကားလက်ဆောင်လေးတော့ ပြုံးမိတယ်ဗျာ ...

ခင်မင်လေးစားမှုများစွာဖြင့်