Sunday, March 1, 2009

ကျွန်တော် ရုပ်ရှင်ကားအကြောင်းတွေ မတင်တာတောင် တော်တော်ကြာသွားပြီ။ ကြည့်တော့ ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ပို့စ်တင်လောက်အောင် အရမ်းမကောင်းတော့ ဒီတိုင်းပဲ ကြည့်လိုက်တယ်။ ရုပ်ရှင်ကြိုက်သူတစ်ယောက် အနေနဲ့ ဇာတ်ကားကောင်းတွေ မကြည့်ရတာ ကြာတော့ ၊ တခြားကားတွေ ကြည့်ပြီး စိတ်ထဲ မကြေနပ်နိင်ဘူး။ သဲကန္တာရကို ဖြတ်ပြိုင်ကြတဲ့ cow bod နဲ့ သူရဲ့ မြင်း ဇာတ်ကားလေးတော့ ရှိတယ်။ သူလည်း မဆိုးပါဘူး။ အခု ညွှန်ပြချင်တာကတော့ Valkyrie ဆိုတဲ့ တွန်ခရုစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။

ဒီဖြစ်ရပ်မှန် ဇာတ်ကားရိုက်ဖို့အတွက် တွန်ခရုစ်တစ်ယောက် အတော်အချိန်ကြာ လေ့ကျင့်ခဲ့ရပါတယ်တဲ့။ ၁၉၄၄ ခုနှစ်မှာ ဟစ်တလာကို လုပ်ကြံတဲ့ ဂျာမန်ဗိုလ်ချုပ် ကလော့စ်ဗွန်စတောက်ဖွန်ဗက် အကြောင်းကို သမိုင်းအချက်အလက်တွေ ပြန်ရှာပြီး ရိုက်ကူးထားပါတယ်။






ဒီဇာတ်လမ်းမှာ တွန်ခရုစ်က Colonel တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ဟစ်တလာကို လုပ်ကြံထားတဲ့ ဇာတ်လမ်းလေးပါ။ မင်းသားနဲ့ သူအထက် အရာရှိတချို့ဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကို သဘောမကျတာကြောင့် နည်းအမျိုးမျိုးနဲ့ လုပ်ကြံတာကို စိတ်ဝင်စားဖွယ် အသည်းယားဖွယ် ဖြစ်အောင် ရိုက်ပြထားပါတယ်။

ကလေး ၂ ယောက်အဖေ တွန်ခရုစ်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိကလေး တို့ရဲ့ ဟစ်တလာကို အောင်မြင်စွာလုပ်ကြံ နိင်ခဲ့ပြီလို့ ထင်နေခဲ့ကြပါတယ်။ ဒါကြောင့် ဟစ်တလာရဲ့ SS အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတုန်းမှာပဲ ကြေးနန်းက ဟစ်တလာ မသေဘူးလို့ ပြန်ထွက်လာတဲ့ အချိန်မှာတော့ တွန်ခရုစ်နဲ့ သူ၏ အထက်အရာရှိများဟာ......။






4 comments:

Anonymous said...

ဇာတ်ကားကောင်းမကောင်းတော့ မကြည့်ရသေးပါဘူး။
ဒါမယ့် ကာဘာမှတင်ထားတဲ့ပုံတွေကတော့ စိတ်ဝင်စားစရာပါဘဲ။
ဝတ်စုံတွေကလဲစမတ်ကျနေတယ်။
း)

ကိုရီးယားကားလေးတွေရော မကြည့်ဖြစ်ဘူးလား
း)

Anonymous said...

အစ်ကို့ ကိုရုပ်ရှင်ကြော်ငြာ စာတမ်းတွေရေးခိုင်းဖို့သင့်တယ်း) ဇတ်ကားမကြည့်ရသေးဘူး အမြည်းနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေပြီး ။ ကျနော်ကတော့ ကိုးရီးယား ကားတွေပဲ ကြည့်တယ် လှလို့ :P

ဗီလိန် said...

ရေးတတ်ပါပေ့ဗျာ။ ညွှန်းပုံလေးကိုက လန်းနေတာ။ :)

အရူးတစ်ယောက် said...

တကယ်ကောင်းတဲ့ကားဗျို့ ဇာတ်လမ်းထဲမှာလူကိုယ်တိုင်ရောက်သွားသလို ရင်တထိတ်ထိတ်ပါပဲ...