Sunday, March 29, 2009


“ ဘယ်တော့မှ မခွဲဘူးတဲ့ ”
အဲဒီစကားတွေနဲ့
ကျွန်တော့်မှာ စုံလုံးကန်းခဲ့ရတယ်

ချပ်ဝတ်တန်ဆာအပြည့်အစုံနဲ့
ဘ၀ကို...စိန်ခေါ်ခါနီးကျမှ
မယုံကြည်တော့လို့....နောက်ပြန်လှည့်သွားခြင်းခံလိုက်ရတဲ့
လက်တွဲဖော်လေးရေ......
အစွပ်စွဲရက်ပါဘူး
အတ္တကြီးသူ ......တစ်ယောက်လို့

ဖြစ်စေချင်တဲ့ ဆန္ဒ
ဒူးမထောက်တဲ့...မာနနဲ့ စိတ်ဓတ်ကို
ကျွန်တော့်အချစ်တွေ အားလုံးနဲ့ အရှုံးပေးလိုက်ပါတယ်

ဟောဒီ....ကမ္ဘာပေါ်မှာ
ပေါင်းဆုံရတဲ့ စုံတွဲ..ဘယ် နှစ်ယောက်ရှိမလဲ
အားလုံးကို...ဒီနေရာကလည်း ဦးညွှတ်ပါတယ်
ကျွန်တော်ဟာ ခင်ဗျားတို့လို့
ကံကောင်းသူ တစ်ယောက်မဟုတ်ခဲ့လို့

အခုတော့
အသက်မရှိတဲ့....ကံကြမ္မာကြီးကို
အပြစ်တင်ရင်း

ဘယ်သူမှားခဲ့တာလဲ.....ဘယ်သူတွေမှားခဲ့ကြလည်း
စဉ်းစားရင်း...စဉ်းစားရင်း
တကယ်တော့...ဘယ်သူမှ မမှားပါဘူး
နက္ခတ်တွေပဲ....မှားခဲ့တာ



9 comments:

Anonymous said...

နက္ခတ်တွေကို ဖန်းဆင်းတာ အချစ်နတ်ဆိုးတွေကြောင့်ပဲ ဖြစ်မယ် အစ်ကိုရေ့ ။ ဒီကဗျာဖတ်ပြီး ကိုယ့်အဖြစ်ထက် ဆိုးနေပါလားတွေးမိသွားတယ် မသက်သာဘူးရယ်ညီဆို နာနေတာ မပျောက်သေး အဲ့တာတောင် ပါးပါးလေး ကြော်ငြာဝင်သွားတား) ကဆိုးသွမ်း ကဗျာတွေ ထပ်ဖတ်ရအုံးတော့မှာပေါ့ ။

လင်းဒီပ said...

ဘယ်သူမှ မမှားဘူးညီလေးရယ်
သူနဲ့သူ ဆုံဆည်းစေတဲ့ နက္ခတ်တွေပဲ မှားတာကွ...
(မူးပြီး အသဲကွဲနေသည့် အသံဖြင့် ဖတ်ရန်)..:P

Unknown said...

နက္ခတ်တွေမှားတာ ဘာမှမဖြစ်ဘူး ...
ကိုယ်ကိုတိုင်မမှားဖို့ပဲအရေးကြီးတယ် ကောင်လေးရေ ...
စိတ်ဓါတ်မကျပါနဲ့ကွာ ...
ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်းမချစ်တဲ့ ...
Be Happy My Friend !!!
God Bless You Always :P

ကြယ်ပြာ said...

ဆိုးသွမ်းရေ ... ကဗျာဖတ်ပြီးစိတ်မကောင်းဘူး ... ခံစားချက်တူနေလို့ ထပ်တူခံစားသွားပါတယ် ....

ဟန်လင်းထွန်း said...

ကဗျာတွေကတော့ ဖတ်လိုက်တိုင်းလန်းနေတာပဲ

တောင်ပေါ်သား said...

ခံစားသွားပါတယ်။ အချစ်စစ်တော့ ထပ်တွေ့ဦးမှာပါ စိတ်မညစ်နဲ့ အကိုရေ


လေးစားလျက်
တောင်ပေါ်သား

ဆိုးသွမ်း said...

:)

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ဘာပြောရမှန်းတောင်မသိတော့ဘူး
း(

သက်ပြင်းချသွားတယ်
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး

Apprenticeship said...

ဘယ်သူမှားလဲ မမှားလဲတော့ မသိဘူး ကဗျာလေးက အရမ်းကောင်းတယ်။ အဆင်ပြေပါစေဗျို့