Monday, March 16, 2009




ကားနံမည်က Green Street Hooligans တဲ့။ နာမည်ကတော့ ခပ်ဆန်းဆန်းပဲ။ Hooligans ပါမှတော့ လမ်းသရဲ ၊ လူမိုက်တွေကားပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ ဒီကားက လမ်းသရဲပုံစံ လူမိုက်ကားမျိုးပါပဲ။ ဒါပေမယ့် ဒီကားထဲ သူတို့ဘာကို သရဲကျတာလဲဆိုတာကတော့ ယနေ့ကမ္ဘာမှာ ပြိုင်ဆိုင်မှု အင်အား အပြင်းထန်ဆုံးဖြစ်တဲ့ ဘောလုံးအသင်းတွေနဲ့ အဲဒီအသင်းအပေါ် ရူးသွပ်စွာ အားပေးတဲ့ လူငယ်တွေရဲ့ မိုက်ရူးရဲဆန်ဆန် အားပေးမှု များကို ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအစမှာ အမေရိကန်ဟားဗက်ဒ် တက္ကသိုလ်မှာ ဂျာနယ်လစ်ဘာသာ သင်ကြားနေတဲ့ Matt တစ်ယောက်ဟာ အခန်းဖော်ရဲ့ ချောက်ချမှုကြောင့် ဘိန်းမှုနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ထိုကြောင့် စိတ်ပြေလက်ပျောက် အနေဖြင့် Time သတင်းစာမှာ ဂျာနယ်လစ်အဖြစ် အလုပ်လုပ်နေတဲ့ အဖေ့ဆီကို မပြန်ဘဲ London ရဲ့ West Ham မှာနေထိုင်တဲ့ အစ်မဆီကို ခရီးထွက်ပြီး သွားနေထိုင်ရာကနေ ဒီဇာတ်လမ်းကို အစပြုထားပါတယ်။

Matt ရဲ့ အမကိုယူထားတဲ့ ယောက်ဖမှာ Pete လိုခေါ်တဲ့ ညီတစ်ယောက်ရှိပြီး ၊ သူကတော့ လက်ရှိဝက်စ်ဟန်းအသင်းကို အားပေးတဲ့ GSE ( Green Street Elite ) gang ခေါင်းဆောင်ပါ။ အရင်တုန်းကတော့ သူ့ယောက်ဖကိုယ်တိုင် ဒီဂိုဏ်းကို ဦးဆောင်ခဲ့ပြီး အိမ်ထောင်ကျ၍ ကလေးရလာတော့မှ စွန့်လွှတ်ခဲ့တာပါ။ တကယ်တော့ Matt ဟာ အမေရိကန်တစ်ယောက်ဖြစ်တာကြောင့် ဘောလုံးကို သိပ်စိတ် မ၀င်စားပါဘူး။ သို့သော်လည်း လူငယ်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တခုထဲနဲ့ အပေါင်းအသင်း ခင်မင်ရင်း GSE ဖြစ်လာခဲ့တာပါ။


Pete တို့ GSE လူစု

ဒီဇာတ်ကားမှာ ဘောလုံးနှင့် ပတ်သက်လာလျှင် အုပ်စုဖွဲ့ လူရိုက်မှုတွေကို အသားပေးပြီး လူငယ်တွေရဲ့ ရူးသွပ်တဲ့ စိတ်ဓတ်ကို အလေးပေး ဖော်ပြထားပါတယ်။ West Ham အသင်းရဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်တဲ့ အသင်းတိုင်းရဲ့ ဂိုဏ်းနာမည်တွေ ဖြစ်တဲ့ Tottenham Hotspur's Yid Army, Birmingham City's Zulus, Manchester United's Red Army and Millwall's Bushwackers အသင်းတို့ရဲ့ ဘောလုံးဂိုဏ်းတွေနဲ့ GSE တို့ဟာ အမြဲတမ်း တိုက်ခိုက်နေကြပေါ့။


အစတုန်းကတော့ မခုတ်တက်တဲ့ကြောင် ၊ ယောက်ဖဖြစ်သူ ပုလင်းကွဲနဲ့ လည်ပင်းအထိုးခံရမှုကြောင့် ပြန်ကလဲ့စားချေတော့မည့် Matt

ဒီကားရဲ့ အဓိက ဇာတ်ကြောင်းကတော့ မီဝေါ်လ်အားပေးသူ ဖြစ်တဲ့ Tommy ရဲ့ သားလေးဟာ ၀က်စ်ဟန်းနဲ့ မီဝေါ်လ် ချကြနှက်ကြတဲ့ ပွဲမှာ သေဆုံးသွားရာကနေ ကမ္ဘာရန်သူတွေ ဖြစ်လာပြီး Tommy က လက်စားပြန်ချေတဲ့ ကားလေးပါ။


သားဖြစ်သူအတွက် လက်စားချေမည့် Tommy


ဇာတ်လမ်းတခုလုံးကို မပျင်းရအောင် ဘောလုံးအားပေးမှုနှင့် အတူ ရအောင် ရိုက်ထားပြီး ၊ ကြည့်နေရင်းဖြင့် ကိုယ်တိုင်ဝင်ရိုက်ချင်စိတ်တွေ ဖြစ်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ နောက်ပြီး ဒီဇာတ်ကားထဲက အသုံးအနှုန်းတွေဟာ လူငယ်ဆန်သလို ရိုင်းလည်း ရိုင်းပါတယ်။ F....k ကို မကြာခဏ စကားပြောထဲ ထည့်သုံးထားပါတယ်။ လူငယ်ဆန်ဆန် ပြုမှုပြောဆိုတဲ့ လေသံတွေဟာ နားထောင်လို့တော့ တကယ်ကောင်းပါတယ်။

လူသေးသလောက် လက်ရဲတဲ့ Bovver



ဒါကြောင် ဒီတပတ်အတွက် တနင်္ဂနွေကားလက်ဆောင် အဖြစ် ညွှန်းလိုက်ရပါသည်။

Green Street Hooligans 2 ကတော့ အခု ၂၀၀၉ မှ ထွက်ပါတယ်။ အဲဒီမှာတော့ ပထမကားရဲ့ နောက်ဆုံးပိတ် ရန်ပွဲမှာ ထောင်ကျခဲ့ရတဲ့ Tommy နဲ့ GSE ထဲက ၃ ယောက်တို့ ထောင်ထဲမှာ ထိုးကြ ကြိတ်ကြတာကို အခြေခံထားပြီး ရိုက်ကူးထားတာပါ။ ပထမကားနဲ့ ကွဲလွဲသွားပေမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါသည်။



2 comments:

Anonymous said...

မင်္ဂလာပါကိုဆိုးသွမ်းရေ

ဆေးရုံတတ်နေရလို့  ခုမှပြန်ပြီးဘလော့တွေ ပြန်ဝင်နိုင်တယ်။

ဘောလုံးထဲမှချဲလ်စီးတစ်သင်းဘဲအားပေးတယ်။ ကျန်တဲ့ပွဲဆို ကြည့်ဘူးအေ့။

ဒါပေမယ့် သူတို့ လောက်တော့ အရမ်းအားမပေးခဲ့ဘူး။ လူသတ်ရလောက်တဲ့အထိပေါ့
း)

Unknown said...

2 တော့ကြည့်ပြီးသွားပြီ..။ ကစ်ချက်တွေတော့ ရေလည် အားရတယ်..။ တစ်ချက်ဆို တစ်ချက်ပဲ...။ ရဲကနဲပဲ..။ ;)