2 years ago
Sunday, March 15, 2009
ဒုက္ခဟူသည် အကောင်းမဟုတ် ၊ ကိလေသာလည်း မဟုတ် ၊ တဏှာရာဂလည်း မဟုတ်
အစိုင်အခဲ ၊ အခိုးအငွေ့လည်း မဟုတ် ။ ဤသို့ဆိုလျှင် အဘယ်နည်း။
ဒုက္ခသည် အယူအဆတစ်ခုသာ ဖြစ်ပါသည်။
မိမိ၏ တွေ့ကြံလာမှု အဖြစ်အပျက်အား ဒုက္ခဟု ခံယူလိုက်ခြင်းဖြင့်
ဒုက္ခဟု အမည်သတ်မှတ်ရာ ရောက်သွားသလို ၊ တွေ့ကြုံလာသော အဖြစ်အပျက်အား ကျေနပ်ပါက
သုခဟု ခံယူလိုက်ခြင်းဖြင့် သုခဖြစ်လာတော့သည်။
ညကြီးမင်းကြီး အိမ်ကခိုင်းသော်ကြောင့် အပြင်သွားရသည်။ အလုပ်လုပ်ရသည် ဆိုပါစို့။
ထိုသူငယ်အတွက် ထိုအခြင်းအရာသည် ဒုက္ခဟု ခံယူပေတော့မည်။ သူတပါး အိပ်ချိန်
အနားယူနေချိန်တွင် မိမိထိုကဲ့သို မလုပ်နိင်။ ဆူပူသည်။ ပြစ်တင်မိသည်။
ဒုက္ခပါပဲကွာဟု ပြောဆိုတက်ကြသည်။
သို့သော် ညကြီးမင်းကြီး ရည်စားနှင့် ချိန်းထားသော်ကြောင့်
မြွေပါးကင်းပါးမကြောက် သွားသည်လာသည်။ လူငယ်သဘာဝ ရင်ခုန်ရမှုကို နှစ်သက်သည်။
သို့သော် ထိုအရာကို မိမိက ကျေနပ်သည်။ ထိုအခါ ဒုက္ခလို့ မည်သူမျှ မညည်း။
ထို့ကြောင့်
“ ဒုက္ခ နှင့် သုခ သည် မိမိစိတ်၏ ခံယူမှု စည်းမျဉ်းကြောင်းလေးပေါ်တွင်သာ တည်ရှိပါသည်။
ကဲ....စာဖတ်သူရော တွေ့ကြုံလာတဲ့ အဖြစ်အပျက်တိုင်းကို ဒုက္ခ ၊ သုခဟု ညည်းညူဦးမှာလား။
စာရေးဆရာ မင်းသိင်္ခ၏ စာအုပ်တစ်ချို့မှ စကားတစ်ချို့ကို ကြိုက်၍ အနည်းငယ်မွန်းမံကာ
ရေးသားထားပါသည်။
ရေးသားထားပါသည်။
Labels: မှတ်သားဖွယ် စကားများ
Subscribe to:
Post Comments (Atom)
2 comments:
ကိုဆိုးသွမ်းပြောတာမှန်ပါတယ်... ခံယူချက်နဲ့စိတ်ထားတတ်ဖို့ပဲအရေးကြီးပါတယ်..
ဒါပေမယ့် ဒုက္ခသစ္စာဆိုတာကတော့ ဘယ်လိုတွေးတွေး အမြဲတမ်း ဒုက္ခအစစ်ဖြစ်နေတာမျိုးပါ ညီလေးရေ..
Post a Comment