Sunday, March 8, 2009

၁၂ တွန့် ဦးနှောက်မှ


ပညာသင်တယ်ဆိုတာ အမှားအမှန် ၊ ဝေဖန်ပိုင်းခြားတက်အောင်
စဉ်းစားတွေးခေါ် တက်တဲ့ အသိဥာဏ်တွေ ရင့်သန်လာအောင် သင်တာ

တော်ပါပြီ ၊ တန်ပါပြီ။ မင်းတို့ရဲ့ “ အချိန်တန်တော့လည်း ” ဆိုတဲ့ အပြောမျိုးတွေနဲ့
“ ဘာထူးဦးမှာမို့လို့လဲ ” ဆိုတဲ့ စကားလုံးတွေက နားထဲကို ဆာလဖျူရစ် အက်ဆစ်ပြင်းတွေ
ဂါလံလိုက် လောင်းချနေသလိုပါပဲ။

ရွှေသမင်လေးတွေရေ...အဲဒါ တံလျှပ်ထက် ဆိုးတဲ့ အရာတွေပါ။ အဆုံးမမြင်သာတဲ့
တစ်လမ်းသွား တွင်းနက်ကြီးပါကွယ်။ မာယာလွင်ပြင်ထဲက ပြန်လမ်းမဲ့
ချောက်ကမ်းပါးကြီးထဲကို ဘာလို့များ ခုန်ဆင်းချင်ကြတာလဲ။

မင်းတို့အတွက် ရွေးလျှောက်စရာ လမ်းတွေ အများကြီးပါကွာ။ လျှောက်လိုက်ကြစမ်းပါဦး။
ခရီးမိုင်တွေ ထောင်သောင်းမက အင်္သချေ အနန္တ ရောက်အောင်
လျှောက်ပြလိုက်စမ်းပါ။

“ အခုတော့ ဒါဟာ မင်းတို့ရွေးချယ်နိင်သမျှ အကောင်းဆုံး လမ်းတဲ့လား ”


ဥတ္တရာလမင်းက ထုတ်တဲ့ “ ခံစားသူအကြိုက် ၂၀၀၄ ၀တ္တုတိုများ ” စာအုပ်ထဲက အေးမြချမ်းရေးတဲ့ “ ၁၂တွန့် ဦးနှောက် ” ထဲက စာသားတစ်ချို့ပါ။ အရွယ်မတိုင်မှီ ပညာတော်ရဲ့သားနဲ့ ၊ ငွေကြေး ၊ အချစ် ၊ နောက်ကို လိုက်ပြီး လမ်းမှားရောက်သွားတဲ့ တပည့် ၂ ယောက်ကို ဆရာမတစ်ယောက်က သူ့ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ပြောပြထားတာကို ကြိုက်လို့ ပြန်တင်ပေးလိုက်ပါ။




4 comments:

khin oo may said...

ဖတ်သွား၏။ မှန်၏။ ကြိုးစားလျင်ဖြစ်ပါသည်။

Anonymous said...

ဗဟုသုတရစေ၏။
ဒီလိုမဖြစ်အောင် ကြိုးစားစေချင်တယ်။

ဆရာစိတ်ပျက်စေသော တပည့်မဖြစ်စေချင်။
ဆရာများ အားထားရသော တပည့်ကောင်းများ ဖြစ်နိုင်ပါစေ။
း)

Anonymous said...

ဖတ်သွားပါတယ်ကိုဆိုးသွမ်း မှတ်သားစရာလေးပါ..

မမသီရိ said...

မှတ်သားဖွယ်ရာစကားများ အား မှတ်သားသွားပါသည်။