Tuesday, March 3, 2009

ကျွန်တော့်အစ်မ တစ်ယောက်လိုဖြစ်တဲ့ Apprenticeship ရဲ့ ဘလော့ဂ်က တင်ထားတဲ့ စာပိုဒ်လေးကို သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ အဲဒါနဲ့ အတူ နောက်ဆက်တွဲ ပြောပြချင်တာလေးကတော့ ဒီလိုလေးပါဗျာ။

“ ဦးမင်းလူ ရာထူးမှ နုတ်ထွက်သွားခြင်း ”

ယောက်ျားပီသတယ်ဆိုတာ ကိုယ်နိုင်တဲ့သူကို ဖိတွယ်တတ်တာဆိုရင် …။ ရိုးသားတယ်ဆိုတာ သူများ မကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။ ကြိုးစားတယ်ဆိုတာ ကိုယ့်မိသားစု ကောင်းစားရေး တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ သူတစ်ပါးပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။ အားကိုးရတယ်ဆိုတာ ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့ ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ဘေးမှာ `ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ



“ ဦးဆိုးသွမ်း ဘလော့ဂ်လောကမှ နုတ်ထွက်သွားခြင်း ”


ဘလော့ဂ် ရေးတယ်ဆိုတာ အမှန်တရားအတွက် ရင်တွင်းခံစားချက်တို့ ထုတ်ဖော်တဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ မျက်စိဖွင့် နားဖွင့်ဖို့ သတင်းအချက်အလက် ဝေမျှတဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ဂုဏ်ရည်ပြ ၊ ဖော်လံဖားတို့၏ ကျက်စားရာ နေရာတခုဆိုရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ခံစားမှု အနုပညာအတွက် ရင်ဖွင့်ရာ နေရာ တစ်ခု မဟုတ်တော့ရင် ၊ ဘလော့ဂ်ရေးတယ် ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သည့် စိတ်ထားရှိသူတို့၏ နေရာတခုဆိုလျှင် ၊ ဘလော့ဂ်ရေးတယ်ဆိုတာ အစစ်အမှန် ပေးကမ်းနိင်သူတို့၏ နေ၀င်ချိန် အဆုံးသတ်ဆိုလျှင် ၊ ဘလော့ဂ် ရေးတယ် ဆိုတာ အတက်ပညာတို့ ဝေမျှရာ ကျောင်းတော်ကြီး မဟုတ်တော့ရင် ၊ ဘလော့ဂ်ဂါဆိုသူအား ဂျီတော့ခ်အကောင့် တခုရှိရုံဖြင့် ဘလော့ဂ်ဂါဟု သင်က သတ်မှတ်လိုက်လျှင် “ Oh....Google ” အသင်၏ www.blogger.com ၌ အကျွန်ုပ်၏ ဘလော့ဂ်အား “ ရာသက်ပန် ဖျက်သိမ်း ” ဆိုတာလေး တဆိတ်လောက် ခြစ်ပေးလိုက်စမ်းပါကွယ် ။ ။

ဆိုးသွမ်း


ကမ္ဘာကျော် ရာဘန္ဒြာနတ်(သ်)တဂိုး ပြောသကဲ့သို့.......

အစစ်အမှန်၏ အဓိပါယ်ကို
လွဲမှားစွာကောက်ယူ
တက်ကြသည်။

ပြီးနောက်
နေရာထားမှားသဖြင့်
မစစ်မမှန် ဖြစ်လာရသည်။

စကားဆက်ရသော်.......

ဘလော့ဂ်ရေးခြင်း၏ အဓိပ္ပယ်ကို
လွဲမှားစွာ ကောက်ယူ
တက်ကြသည်

ပြီးနောက်
ခံယူချက်မှားသဖြင့်
မစစ်မမှန် ဘလော့ဂ်ဂါများဖြစ်လာရသည်။


သို့သော် ရှိသည်...အကျွန်ုပ် ဆိုးသွမ်း ရှိပါသည်။


21 comments:

Anonymous said...

OH!!

Anonymous said...

တကယ် နှုတ်ထွက်တော့မလို့လား အစ်ကို ညီထင်တာ မပြန်ခင်လေးတော့ ရေနေအုံးမယ်ထင်တာ ခုတော့ ကျနော်လေးစားတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ စာတွေကို စာမျက်နှာပေါ်မှာဖတ်ခွင့်မရနိုင်တော့း(

ဘလော့ဂ်ရေးခြင်း၏ အဓိပ္ပယ်ကို
လွဲမှားစွာ ကောက်ယူ
တက်ကြသည်

ပြီးနောက်
ခံယူချက်မှားသဖြင့်
မစစ်မမှန် ဘလော့ဂ်ဂါများဖြစ်လာရသည်။

ကျနော်လည်း အဲ့လို ဘလော့ဂါ ပါပဲ ။
အဆင်ပြေပါစေ အစ်ကိုေ၇့ ကျောင်းစာတွေကော အားလုံးပေါ့ ။
Good luck for everthing :)

ဆိုးသွမ်း said...

ဟင်...ပို့စ်တခု အနေနဲ့ ရေးတာပါ။

ငါ့ညီလေးရ။ အရင်လို အားရင်တော့ ရေးမှာပေါ့။
တကယ်မဟုတ်ပါဘူး။ :)

ဗီလိန် said...

လေးစားလောက်ပါပေတယ်ဗျာ။ ကျနော်တော့ ကိုဆိုးသွမ်းပြောတဲ့ နှုတ်ထွက်သင့်တဲ့ စာရင်းထဲတော့ မပါသေးဘူးထင်တာပဲ။ :)

Apprenticeship said...

brother in law ရယ်... ပညာရှိနည်းနဲ့ ဘလောက်ခ် လုပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေ တင်ပြသွားတာ ကောင်းပါတယ်။ ရေးချင်တာရေးဖို့ လုံးဝလွတ်လပ်ခွင့်ပေးထားတဲ့ လလောက်ခ်လေးမှ ကဗျာကောင်၊ ၀တ္တုကောင်းလေးတွေ အပြင် အတွေးအမြင် ကောင်းတွေ များများ ရေးနိုင်ပါစေ... :)

Anonymous said...

ကိုဆိုးရေ နုတ်ထွက်သွားတယ် ဆိုတာနဲ့ အလန့်တကြား လာကြည့်တာပါ။
တော်သေးတာပေါ့ တကယ် မထွက်သေးလို့။ :D
အရင်လို လာချောင်းယုံ မကပဲ ကွန်မန့်ခဲ့ ပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

ခေါင်းစဉ်က ထူးနေလို့ ပြေးလာကြည့်တာ..

အင်း ဖတ်ကြည့်ပြီး ခေါင်းတွေ တညိတ်ညိတ်..း)

ပျော်ရွှင်ပါစေ..

ဒေါင်းမင်း said...

ဟာဂျာကိုဆိုးသွမ်းကြီးကလုပ်ပြီတကယ်အနားယူ
ပြီလားလို့ပြေးလာတာ..တော်သေးတယ်ပိုတခုအနေနဲ့
တင်လို့..ကျွန်တော်ဘလော့စထောင်ထဲ့စစခင်တဲ့
သူတွေထဲမှာကိုဆိုးသွမ်းကြီးပါနေတော့သံယောဇဉ်က
ဖြစ်နေတာ..မနောက်နဲ့ဟင်းဟင်း

Anonymous said...

အပြေးအလွှား လာတားတာ ထိထိမိမိ ရသ နဲ့ တိုးသွားတယ် ကြိုက်တယ်ဗျားးး

Welcome said...

နည်းပညာအိမ်တွေ
လူအရောက်နည်းတယ်။

အတွေးအခေါ်အိမ်တွေ
လူအလာကျဲတယ်။

ကဗျာဆရာတွေလည်း
အိမ်လည်ဖိတ်နေရတယ်။

သံစဉ်မညီ၊ စာစီမလှပေမယ့်
မိတ်များလို့ အိမ်စည်တယ်။

ဒါပေမယ့် ၀ါသနာကိုတော့ မတားပါနဲ့
ဂူဂဲလ်က မျက်စိမနောက်သရွှေ့
ဘလောဂ်အိမ်တွေ ခြေဆန့်ပါအုန်းမယ်..

လေးစားလျက်

megumi said...

ဟ ဟ၊ မိုက်တယ်။

ကျမလည်း အဲလိုသာဆို နှုတ်ထွက်ချင်ပါရဲ့။ တကယ်။ အဟုတ်။ :P :P

Anonymous said...

........မင်္ဂလာပါ........
(ပထမဦးဆုံး အကြိမ် ရောက်ဖူးခြင်းတော့ မဟုတ်ပါဘူး။ အဆင်သင့်သလို စာလာဖတ်နေကျပါ။ ကွန်မန့် ဘာရေးရမှန်း မသိလို့ comment text box ပေါ်ကနေ ကူးယူလိုက်ပါတယ်။)

Anonymous said...

အား........ ရုတ်တရက်ကြည့်လိုက်တော့ နှုတ်ထွက်ပြီထင်နေတာ။ လန့် သွားတာဘဲ။

ဒီဦးမင်းလူနှုတ်ထွက်ခြင်းလို့ ရေးပြီးမကြာဘူး မျှားပြာနှုတ်ထွက်တယ်။
း(

မပြန်ခင်လေးတော့ ရှယ်ပါဦး ဗဟုသုတတွေ ၊ ဇာတ်လမ်းအကျဉ်းတွေ ။ ဘာတွေညာတွေပေါ့။

မြန်မာပြည်ပြန်ရောက်လဲ ပစ်မထားနဲ့ ဦးနော်။
ဘလော့ကို
း)

Unknown said...

ကောင်လေး ... မမိုက်နဲ့
ပြန်ခါနီးနေပြီ ...
အနီလိုင်းထဲဝင်သွားရင်တော့ ပြန်ထွက်ရိုးထုံးစံမရှိဘူးနော် ကောင်လေး :P

Anonymous said...

ဘလော့ဂ် ရေးတယ်ဆိုတာ ကြွားဝါစရာ နေရာတခု မဟုတ်တော့ရင်၊
ဘလော့ဂ် ရေးတယ်ဆိုတာ သူတပါးအား ဆုံးမသွန်သင်ရာ နေရာတခု မဟုတ်တော့ရင်၊
ဘလော့ဂ် ရေးတယ်ဆိုတာ ဖွန်၊ဘဲ ကြောင်ရာ နေရာတခု မဟုတ်တော့ရင်၊
ဘလော့ဂ် ရေးတယ်ဆိုတာ မကျေနပ်သမျှ ဆဲဆိုရေရွတ်စရာ နေရာတခု မဟုတ်တော့ရင်၊
ဘလော့ဂ် ရေးတယ်ဆိုတာ အလွဲသုံးစားလုပ်ခြင်း လိမ်လည်ခြင်း ဖျံကျခြင်းများ ကင်းစင်ရာ နေရာတခု ဖြစ်သည်ဆိုလျှင်........
Oh....Wordpress.org အသင်၏ free အသုံးပြုခွင့် ၌ အကျွန်ုပ်အား “ ရာသက်ပန် ဖျက်သိမ်း ” ဆိုတာလေး တဆိတ်လောက် ခြစ်ပေးလိုက်စမ်းပါကွယ် ။ ။ :P :P :P

မမသီရိ said...

မောင်လေးမျိုး ..
သေချာလဲ မဖတ်ပဲနဲ့..
မောင်စိုးသွန်းလေးက သူရှိနေပါအုံးမယ် လို့
ကြေငြာနေတဲ့ ဟာ....း)..
......................
အတွးလေးတွေ ကောင်းတယ် မောင်လေး..
.................
ဘလော့ဂ် ရေးတယ်ဆိုတာ အမှန်တရားအတွက် ရင်တွင်းခံစားချက်တို့ ထုတ်ဖော်တဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ မျက်စိဖွင့် နားဖွင့်ဖို့ သတင်းအချက်အလက် ဝေမျှတဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ဂုဏ်ရည်ပြ ၊ ဖော်လံဖားတို့၏ ကျက်စားရာ နေရာတခုဆိုရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ခံစားမှု အနုပညာအတွက် ရင်ဖွင့်ရာ နေရာ တစ်ခု မဟုတ်တော့ရင် ၊
...................................
ကဲ ... အဲဒီအချိန်ကျတော့..အားလုံး ကျောခိုင်းကြတာပေါ့ နော့...
..
အဆင်ပြေပါစေ မောင်လေး ရေ..

Anonymous said...

လုပ်ပီ.. လုပ်ပီ... ဆိုးကြီးကွာ..
လုပ်စရာလား... ဒါနောက်စရာ မဟုတ်ဖူးနော်..း)

မင်းပြောတာလဲ ဟုတ်တာပဲ...
မလွဲပါဘူး.. ကိုဝင်းဇော်ပြောခဲ့ သလိုလေးပေါ့။

လင်းဒီပ said...

တော်ပါသေးရဲ့ နှုတ်ထွက်တယ်ဆိုလို့လန့်သွားတာညီလေးရေ...

ယုံကြည်သလိုရှင်သန်ပါ ညီလေးရေ..

နှင်းပွင့်ဖြူ said...

အင်း......... ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘိုင်ဘိုင်ရတော့မလားလို့ ဟတ်း)

JulyDream said...

အဲဒီလို ဖြစ်သွားရင် blog အသိုင်းအ၀ိုင်းကနေ နှုတ်ထွက်ရုံတင် မကဘူး ရေးတဲ့သူကိုပါ အ၀ှာ ပြုလိုက်တယ် ဆိုတာ ထည့်ရေးအုံးလေကွယ်။

လက်ဖြတ်ပစ်တာကို ပြောချင်တာပါ။ တခြား မတွေးကြပါနဲ့အုံး။ အဟား :P

Unknown said...

ကျွန်တော်ပြောချင်တာ ကိုသင်္ကြန်နဲ့ ကို Welcome ပြောသွားပြီ..။ သူတို့အလုပ်မထုတ်ခင်..။ ဂုဏ်သရေ ရှိရှိ ကိုယ့်ဘာသာထွက်တာ အကောင်းဆုံးပဲ..။ အားပေးတယ် ဂွတ်မယ်ထင်ရင် ဒူးသာဒူး...။