Friday, March 6, 2009

ဟိုနေ့က အခြောက်တွေ အကြောင်း ဖတ်မိလိုက်လို့ ၁၀ တန်းတုန်းက မေ့နေ့ခဲ့တာလေး ပြန်သတိရသွားတယ်။ ကွယ်ဝှက်ထားတယ်လို့လည်း မဟုတ်ပါဘူး။ အခုမှ လူစုံတုန်း ဘလော့ဂ်ပေါ်မှာ ရှင်းပြတာပါ။


၁၀ တန်းကပေါ့။ ဟုတ်ပါတယ် ကျွန်တော် ၁၀ တန်းတုန်းကပါ ။ ရန်ကုန်မြို့ထဲက လေဟာပြင်ဈေးကို ကျွန်တော့် အစ်ကိုနဲ့ ပစ္စည်းတစ်ခု သွားဝယ်ကြတုန်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အဲဒီနေ့က အစ်ကိုနဲ့ ပစ္စည်းတစ်ခု ၀ယ်ပြီးပြန်လာတော့ ဈေးကနေ အထွက် ၊ ကားလမ်းကူးပြီး ဆေးရုံထောင့် အနားကို အရောက် ( အဲဒီနေရာမှာ လေးဘက်လေးလံ ကူးနိင်ရန် မိုးပေါ်တံတား ရှိပါသည် ) အစ်ကိုက

“ ဟာ နေဦးကွ ၊ ငါပစ္စည်း မေ့ကျန်ခဲ့တယ် ၊ အမေက.....၀ယ်ခဲ့ပါဆိုလား ( ပစ္စည်းအမည် မသိတော့ပါ )
ဆိုပြီး...ညီလေး မင်းဒီက စောင့် ၊ မလိုက်နဲ့တော့ ပြန်လာခဲ့မယ် ၊ ခဏပဲ ”

ဆိုပြီး ဆရာသမားက လစ်သွားတယ်။ နီးကလည်း နီးတာကိုး ။ ဈေးကိုလည်း လှမ်းမြင်နေရတယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ဒီဘက်ကားလမ်း တံတားအဆင်းနဲ့ ဆေးရုံထောင့်ကနေ ဟိုဘက်ငေးလိုက် ၊ ဒီဘက်ငေးလိုက် နဲ့ လမ်းလျှောက်နေတာပေါ့။ အချိန်ကလည်း ၃ နာရီကျော်ကျော်ရှိနေပါပြီ။ နေကတော့ သိတဲ့ အတိုင်းပူသလား မမေးနဲ့။

အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ အစ်ကိုက ပြန်မလာတော့ဘူး။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ပစ္စည်းမတွေ့တာလား ၊ ဘာဖြစ်နေလဲ မသိဘူး။ ကျွန်တော်ကတော့ တံတားပေါ် ကားတွေတက်ကြည့်လိုက် အောက်ကို ဆင်းလိုက်နဲ့ လုပ်နေတုန်း အသားဖြူဖြူနဲ့ နည်းနည်း ပြည့်ပြည့်ဖြိုးဖြိုး ၊ ဆံပင် ကုတ်ထောက်နဲ့ ဘဲကြီး တဗွေက ကားလှမ်းကူးလာတယ်ဗျ။ အစက သတိမထားမိပါဘူး။ သူက အပေါ် တံတားပေါ်က မကူးဘဲ အောက်ကနေ ဖြက်ကူးလာတာ။ ဒါနဲ့ ရဲဖမ်းတော့မှာပဲ ဆိုပြီး ကြည့်နေလိုက်သေးတယ်။ နောက်တော့ ဘာမှ မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး။ သူက ဒီဘက်ခြမ်းလည်း ကူးလာပြီးရော ဟိုလျှောက် ဒီလျှောက်နဲ့ လမ်းသလား နေပါတာပေါ့။ သဘောက ညနေစောင်း အပြင်းပြေ လမ်းလျှောက်နေသလိုပေါ့ဗျာ။ အေးအေး လူလူပဲ။

ဒါနဲ့ ကျွန်တော်လည်း အစ်ကို့ကို စောင့်နေရင်း လမ်းလျှောက်နေတာပေါ့။ လျှောက်နေတုန်း အနောက်ကနေ ရွှတ်...ရွှတ် ဆိုတော့ လန့်သွားတယ်။ ဘာ...လဲဟပေါ့။ ပြန်လှည့်ကြည့်တော့ အမယ်..ဆရာသမားက ကျွန်တော့်ကို ခေါ်နေတာဗျာ။ လက်ပြပြီး ခေါ်နေတာ။ လာပါဦးတဲ့။ ကျွန်တော်လည်း သေချာအောင် နောက်လှည့်ကြည့်လိုက်သေးတယ်။ ဘယ်သူလဲပေါ့။ ပြီးတော့ ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော်လား ဆိုတော့ ဒင်းက ဟုတ်တယ်တဲ့။ အိုကေ...ဒါဆို လာပြီပေါ့။

အနားရောက်တော့ ပြော..အစ်ကိုကြီး ကျွန်တော် ဘာကူညီရမလဲ ဆိုတော့ “ အလာလား...ဆရာသမားက တန်းပြီးတော့ကို မျက်လုံးမှိတ်ပြတော့တာပဲ ၊ ပြီးတော့

“ မောင်လေး...နေရာရှိတယ် ၊ သိပ်လည်း မဝေးဘူး ကားလှမ်းကူးပြီးရင် တိုက်ခန်းရှိတယ် ၊ လိုက်ခဲ့ပါလား ၊ မုန့်ဖိုးပေးမယ်လေ ”တဲ့




အဲဒီလို နှစ်ကိုယ်ကြားလည်း ကပ်ပြောလိုက်ရော အမောင်ဆိုးသွမ်းတို့ ကြက်သီးတောင် ထသွားတယ်။ ပြီးတော့ ကမန်းကတန်း အာ...လူမှားနေပြီဗျ။ ကျွန်တော် အဲဒါတွေ စိတ်မ၀င်စားဘူး။ ဟာဗျာ...ခင်ဗျား ဘာတွေလာပြောနေတာတုန်းဆိုပြီး အော်မိအော်ရာ အော်လိုက်တော့ ဘဲကြီး ရှက်သွားလား မသိဘူး။ ကျွန်တော်လည်း ကြောက်လန့်ပြီး အတင်းကားဂိတ်ဘက် ပြေးတော့တာပဲ။ ကားဂိတ်ရောက်တော့ လူတွေကလည်း ရှိတော့ ဒီဘဲကြီး လိုက်မလာတော့ပါဘူး။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်တော့ မတွေ့မိတော့ဘူး ။ သူလဲ အခြေအနေ မကောင်းလို့ ပြေးပြီထင်ပါတယ်။

ခဏနေတော့ အစ်ကိုက ပြန်ရောက်လာတယ်။ သူရောက်လာတော့ သူ့ကို ပြန်ပြောပြလိုက်သေးတယ်။ ဆရာက ဘယ်ကောင်လဲ ၊ လိုက်ပြ ၊ ငါရှင်းမယ် လုပ်နေလို့ ။ လာစမ်းပါ အစ်ကိုရာ။ လူလိုနေတာ မင်းပါ ဟိုက ခေါ်သွားဦးမယ်။ ဟီးဟီး။ ဆိုပြီး ညီအစ်ကိုနှစ်ယောက် ပြန်လာခဲ့ကြတယ်။ စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့ ။ ဒီဘဲကြီး ဘာတွေများ ကြည့်ပြီး ငါ့ကို ဒီစကားမျိုး လာပြောလဲပေါ့။

အဲဒီလို ဖြစ်စဉ်တွေ ကားပေါ်မှာလည်း ရှိပါတယ် ၊ လမ်းပေါ်တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် မြို့ထဲဘက် ညနေစောင်းချိန်ဆို သူတို့တွေကို တွေ့ရပြီပေါ့။ သတိထားကြဦးဗျို့....။




ရွှင်လန်းချမ်းမြေ့ကြပါစေ။



19 comments:

khin oo may said...

6 Mar 09, 23:29
kom: http://soethawn.blogspot.com/2009/03/blog-post_06.html ဘယ်သူများလမ်းလျောက်ထွက်ချင်မလဲလို့

Anonymous said...

ဟားဟားဟားဟား

တော်တော်ရယ်သွားတယ်
တော်သေးတာပေါ့ဆရာသမားရယ် ရေတိမ်နစ်တော့မလို့ 

ဒါမယ့်မုန့် ဖိုးတောင် ပေးဦးမယ်ဆိုဘဲ
အဟိ
း)

ငါဟဲ့ယောကျာင်္း
အဟားဟား

ရယ်လို့ တောင်မနိုင်ဘူး
း)

khin oo may said...

http://degolar.blogspot.com/

စီပုံကို ရှူပါ။ အဲဒီမှာ ပိရိတ်သတ်များတယ်လေ။

Anonymous said...

အားး...အဲ့လိုကြှီးလား တော်ပြီး ဒီမှာ အခုဆိုင်ကယ်တက်ခါစမို့ ညတိုင်းလိုက်စီးကြည့်နေတာ ပေါတဲ့အရပ်ဆိုတော့ပိုရှောင်မှး)

ဆိုးသွမ်း said...

ကျေးဇူးပါ မခင်ဦးမေရေ။ ကျေးဇူးပါ။

ထားလိုက်ပါ အစ်မရေ ၊ ကျွန်တော်က ကျွန်တော် ရေးချင်တာကို ရေးခွင့်ရနေရင်ကိုပဲ
ကျေနပ်ပါတယ်။

အဆင်ပြေပါစေ...အစ်မရေ။

Unknown said...

အစ်ကို့ရဲ့ ပါကိုခံစားပြီး ကြွေသွားလို့နေမှာပေါ့.။ ပါကြောင့် မဟုတ်ဘူးဆိုရင်တောင် စတိုင်ကြောင့်ဆိုတာ တော့သေချာတယ်.။ သိတယ်မလား ရန်ကုန်သားလေ :P

Anonymous said...

haa...

U Never ask Your' Big Brother where he been..?

haa..

may be

He was there for 15 min...!!!

မမသီရိ said...

အမောင်စိုးသွန်း.. ကြည့်ရတာ.. အတော်စွဲ မက်စရာကောင်းလို့ နေမှာပေါ့..း)
တော်ပါသေး ရဲ့.. မောင်စိုးသွန်းလေး ..ရေတိမ် မနစ်ရှာတာ..း)...

လင်းဒီပ said...

ဒါမျိုးက လူရွေးသေးတယ်ညီလေးရေ...သူတို့က ယောက်ျားပီပီသသ ပုံစံမှ သဘောကျပြီးချည်းကပ်တာ..
ဟားဟား..ကျန်ဖန် ဂုဏ်ယူလိုက်..:P

:P said...

အို.... ရုပ်ရှိလို့ ခေါ်တာပေါ့အေ....။ အဟိ

:P said...

ထွက်ပြေးတော့ ဟိုက "မောင်နှေး..မောင်နှေး..ရှောင်မပြေးပါနဲ့လားတွယ်.. ဆိုပြီး လိုက်မလာတာ ကံကောင်း"

Anonymous said...

တော်သေးတယ် အဲဒီတုံးကပါသွားရင် ကိုဆိုးသွမ်း ဘလော့ပေါ်ရောက်မလာတော့ ဘူး ဟီး၂...

Dr. Yi Yi Win said...

ခုတော့ သတိရစရာလေးတွေဖြစ်နေပြီပေါ့ ဟုတ်လား။ ဟားဟား။ တို့ တွေသာထူးဆန်းနေကြတာပါ။ ထိုင်းမှာတော့ အဲဒါမထူးဆန်းတော့ဘူးလေ။ ထိုင်းတောနယ်ဖက်က ကျောင်းသားငယ်လေးတွေဆိုရင် နိုင်ငံခြားသားတွေဆီက အဲလိုမုန့် ဖိုးလေးတွေနဲ့ တက္ကသိုလ်ဆက်တက်နေကြတာတွေတောင်ရိုးနေပြီတဲ့။

Unknown said...

ကံကောင်းလို့ပေါ့ အမောင်ဆိုးသွမ်းရယ် ...
အဲဒါကြောင့်ပြောတာပေါ့ အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုတ်ဆိုတာ :P

JulyDream said...

ဆိုးသွမ်းတို့များ...
ကံကောင်းပေတယ်နော်။ လူချစ်လူခင် ပေါချက်များ... ငယ်ငယ်လေးနဲ့ ရေတိမ်နစ်တော့မလို့ အဟား...

ဆိုးသွမ်း said...

ဟီးးးးးး။

Anonymous said...

ဟားဟားဟားဟားဟား

ကျွန်တော်တို့ ကျောင်းတက်တုန်းကဆို မန္တလေးမှာ
ပိုဆိုးတာပေါ့ဗျာ ကျောက်တော်ကြီဘုရားပွဲဆို
ကျွန်တော်တို့နဲ့ ခနခန ကွိုင်စားတာ အခြောက်တွေ
တော်တော် ဆိုးတာဗျာ

ခုထိမြင်ရင်တင်နေတုန်းဘဲ

Unknown said...

အဲဒါ သိမ်ကြီးဈေး တံတားဖြစ်ပါတယ်..
တံတားက လေးထောင့်ပုံစံဖြစ်ပြီး ..
ဆူးလေဘက်အခြမ်းမှာ တစ်ခု ရှိပါတယ်။
ဆူးလေဘက်အခြမ်းက for girl ဖြစ်ပြီး
ကိုဆိုးသွမ်း တတ်တဲ့ တံတား က for boy ဖြစ်ပါတယ်.။
အဲဒါ အရင်ကတည်းက အဲလိုမျိုးတွေ ကျက်စားတဲ့နေရာ
ဖြစ်ပါတယ်ခင်ဗျာ..။

:D

Anonymous said...

mhar phat mi p... out ka nay apaw phat ya mar apaw ka nay out phat dot dote kha yout p apaw mhar bal lo phat ya ma lae yay htar pay par oo... kyote lo bae zat thein ka sa kyi ta lo pyit nay oo mal... anyway phat lo kg par tal kyote tot moe lin twar p,,,,