5 years ago
Tuesday, July 8, 2008
တီထွင် ဆန်းသစ်ခြင်း ဆိုသည်မှာ ကောင်းသော အလုပ်တစ်ခုဖြစ်သည်။ သို့သော် အခြေခံမပါသော တီထွင်ဆန်းသစ်မှုသည် မည်သည့်အခါမှ ပြီးပြည့်စုံနိင်ခြင်း ရှိမည်မဟုတ်။ ဥပမာ - မြန်မာစာပေရဲ့ အခြေခံဟာ ဗျည်းသုံးဆယ့်သုံးလုံး ကစပါသည်။ တဖြည်းဖြည်းနှင့် လူတို့သည် စကားပြောဟန် ၊ စာပေအရေးအသား ဆန်းသစ်ခြင်းများ ရှိလာသော်လည်း အခြေခံကြသော် ထို သုံးဆယ့်သုံးလုံးကို မပါဝင်ဘဲ မရေးနိင်သကဲ့သို့ ၊ အင်္ဂလိပ်စာပေတွင်လည်း A .B.C.D စသည့် အခြေခံ အက္ခရာများ မပါဝင်ဘဲနှင့် အီဒီယန်များ ဘယ်လောက် ခေတ်စား ခေတ်စား လာသော်လည်း ရေးသားနိင်မည် မဟုတ်ပေ။
ရူပဗေဒ ပညာရပ်တွင်လည်း စက်၏ အခြေခံများဖြစ်သော ၀က်အူ ၊ ခွေးသွားစိပ် ၊ ဘီး ၊ သပ်တို့ မပါဝင်ဘဲ ယနေ့ခေတ်တွင် အင်္ဂါဂြိုလ်ပေါ်သို့ သွားနေသော ယာဉ် ၊ ကွန်ပျူတာ က အစ ထိုပစ္စည်းများ မပါဝင်ဘဲ တည်ဆောက်နိင်ခြင်း မရှိ။
ဆိုလိုချင်သည်မှာ ဘယ်တီထွင်မှု၌ မဆို အခြေခံကို ပစ်ပယ်လို့ မရသလို ၊ မြန်မာ့ယဉ်ကျေးမှုရဲ့ အခြေခံဟာ ရိုးရာ အစဉ်အလာ ဓလေ့ထုံးစံများ ဖြစ်သည်။ ကျွန်တော်တို့သည် ခေတ်အလျောက် နေထိုင်ပုံများ ၊ ၀တ်စားဆင်ယဉ်မှုများ ၊ ဆံပင်ပုံစံများ ပြောင်းလဲလာခဲ့ကြသည်။ ခေတ်စကားအရ တီထွင်ဆန်းသစ် လာကြသည်။ မော်ဒန် ဆန်လာကြသည်။ သို့သော် ရိုးရာ ဓလေ့များကို လိုက်နာကြရမည်။ လူငယ်ပီပီ ဘောင်းဘီရှည်ဝတ် တောင်အော် မြှောက်အော် အော်ဟစ်နိင်သည်။ ဒါပေမယ့် လူကြီးသူမများ ၊ ဆရာသမားများ အရှေ့က ဖြက်အလျှောက်တွင် ခေါင်းငုံသွားရမည်။
ကျွန်တော်တို့သည် တမလွန်လို့ ခေါ်သော နောင်ဘ၀ကို ယုံကြည်ချင်မှ ယုံကြည်ကြမည်။ သို့သော်...ကျွန်တော် တို့သည် ကုသိုလ်ကောင်းမှု့ ပြုကြရမည်။ နေ့စဉ်နေ့တိုင်း ဘုရားရှစ်ခိုးချင်မှ ရှစ်ခိုးမည်။ သို့သော် မင်္ဂလာတရားတော်ကို အမြဲတမ်း ကျင့်သုံးကြရမည်။
ထိုကြောင့် ၀တ်စားဆင်ယင်ပုံ ၊ စကားပြောဆိုမှု အသုံးအနှုန်း ဘယ်လိုပဲ ပြောင်းပြောင်း ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံရဲ့ အနှစ်သာရကို မပစ်ပယ်ကြဘူးဆိုလျှင်ဖြင့် ကျွန်တော်တို့၏ မြန်မာ့ယဉ်ကျေးမှုသည် မပြောင်းလဲ မပျက်စီးဘဲ အစဉ်တည်တံနေလိမ့်မည် ဖြစ်ပါသည်။

Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
2 comments:
အစ်ကိုရေ ဒီပို့စ်ကို အရမ်းသဘောကျပါတယ် ။ အပိုင်း (၂) တို့ ဘာတို့ အဆင်ပြေမယ်ဆို ဆက်ရေးပေးဖို့ တောင်းဆိုပါတယ် ။
မောင်မင်း လူကလေး...
အဲ... ဟုတ်သေးဘူး
မောင်မင်း လူကြီး... အရမ်း အရမ်း တော်တယ်.... လို့ နောက်ပြောရင်လည်း မကောင်းတော့ မပြောတော့ပါဘူး။
အဲဒီပို့စ်လေးကတော့ ရှယ်ပဲဗျာ။ မြေမာတဲ့ နေရာကနေ ရေးထားပုံပဲ။ ကျွန်တော်တော့ မြေမမာသေးဘူးဗျို့။ အဟ...
Post a Comment