Tuesday, July 15, 2008

Border Town


မက္ကဆီကို နိုင်ငံတောင်ပိုင်း မြို့ငယ်ကလေးဖြစ်သော အောက်(စ်)ဆာကာမှ အီဗာဆိုသည့် အမျိုးသမီးလေးမှာ သူ့ဒေသတွင် လုပ်ခလစာ နည်းပါးလွန်းသည့်အတွက် မိသားစု စားဝတ်နေရေး မပြေလည်၍ အမေရိကန်နယ်စပ် ချီယူဒါဟူရပ်(ဇ်)နှင့် ချီဟွာဟွာမြို့ရှိ စက်ရုံများတွင် တစ်နေ့လုပ်စာ ( ၅ ) ဒေါ်လာဖြင့် လာရောက် အလုပ်လုပ်ကိုင်ရလေသည်။ ထိုအချိန်က သူမ၏ အသက်မှာ ( ၁၆ ) နှစ်။

မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အရ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် မာကွီလေဒိုရာ ဟုခေါ်သည့် စက်ရုံပေါင်း မြောက်မြားစွာ တည်ဆောက်ထားပြီး လက်တင် အမေရိက နိုင်ငံများမှ အလုပ်သမားများ၊ အထူးသဖြင့် မက္ကဆီကို နိုင်ငံတဝန်းမှ လုပ်ခလစာနည်း အမျိုးသမီးများမှာ ထိုစက်ရုံများတွင် လာရောက် လုပ်ကိုင်ကြသည်။ နာရီပေါင်းများစွာ လုပ်ရပြီး လုပ်ခမှာ အနည်းငယ်သာ ရရှိသော်လည်း အလုပ်သမား အများစုသည် သူတို့၏ နေရင်း နိုင်ငံများထက် လုပ်ခငွေ ပိုမိုရရှိသဖြင့် ထိုနယ်စပ်ဒေသသို့ စွန့်စားကာ လာရောက် လုပ်ကိုင်ရခြင်း ဖြစ်သည်။

ထိုစက်ရုံများ တည်ရှိရာ ဒေသသည် နယ်စပ်မြို့ ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံနှင့် စရိုက်မျိုးစုံ ရှိသည်။ အထူးသဖြင့် မိန်းမသားတို့ ဘဝမှာ မလုံခြုံလှပေ။ ရာဇဝတ်မှုများ ထူပြောလှသည်။ လူတဦး အသက်ကို သတ်ရသည်မှာ အသက်ရှူသလောက်ပင် မခက်ခဲလှသည့် ဒေသများ ဖြစ်သည့်အတွက် မိန်းမသားတို့အတွက် ပို၍ပင် မလုံခြုံပေ။ ချီယူဒါဟူရက်(ဇ်) ဒေသသည် စက်ရုံများရှိ၍ ကျော်ကြားသည့် ဒေသဖြစ်သလို ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ၊ မုဒိမ်းမှုများဖြင့် ကမ္ဘာကျော်နေသည့် ဒေသလည်း ဖြစ်သည်။


တစတစဖြင့် မတရားမှုနှင့် ရာဇဝတ်မှုများ များပြားလာသည့် မက္ကဆီကို သွားရောက် သတင်းယူရန်အတွက် အမေရိကန် နယ်စပ်သို့ အမေရိကန် အခြေစိုက် ချီကာဂိုဆန်တီနယ်(လ်) သတင်းစာတိုက်မှ တိုက်ပိုင်ရှင် ဂျော(ခ်)မော်ဂန်က သတင်းထောက် လော်ရင်းအေဒရီယန်းအား တာဝန်ပေးလေသည်။ လော်ရင်း ကိုယ်တိုင်မှာလည်း မက္ကဆီကန် မိဘနှစ်ပါးမှ မွေးဖွားလာပြီးနောက် အမေရိကန်တွင် ပြောင်းရွှေ့အခြေစိုက် နေထိုင်သူ ဖြစ်သည်။

အီရတ် စစ်မြေပြင်တွင်လည်း သွားရောက် သတင်းယူခဲ့ဖူးသည့် လော်ရင်းသည် ချီယူဒါဟူရက်(ဇ်)သို့ သွားရောက် သတင်းယူရာတွင် သူနှင့် လွန်ခဲ့သည့် ၆ နှစ်ခန့် ကတည်းက အတူ အလုပ်လုပ်ခဲ့ဖူးသည့် အယ်(လ်)ဆိုဒီဟူရက်(ဇ်) သတင်းစာတိုက်ကို တည်ထောင်သူနှင့် ဂျာနယ်လစ် ဖြစ်သူ အယ်(လ်)ဖွန်ဆိုဒီယာ(စ်)၏ အကူအညီကို ရယူခဲ့သည်။ အယ်(လ်)ဖွန်ဆို ကိုယ်တိုင်လည်း အီဗာ ကြုံတွေ့ခဲ့ရသလို မာကွီလေဒိုရာ စက်ရုံများတွင် အလုပ်လုပ်သည့် အခြားသော မိန်းမများ၏ ဘဝကို “အမျိုးသမီးများ ကူညီကယ်တင်ရေး အသင်း” ကို တည်ထောင်ခဲ့သူ ဆယ်ရီဇာမှတဆင့် ကြားသိခဲ့ပြီး ဖြစ်သဖြင့် သူလည်းပဲ လိုက်ပါ သတင်းယူရန် စိတ်ဝင်စားလျက် ရှိသည်။ လော်ရင်းသည် မက္ကဆီကိုသို့ ရောက်သည်နှင့် အီဗာကို တွေ့ဆုံပြီး၊ အီဗာ့ အဖြစ်ဆိုးကြီးကို သိရှိပြီးနောက်တွင် သူမအတွက် အကောင်းဆုံး သတင်းတပုဒ် ရရှိခဲ့သလို၊ အီဗာအတွက် မိန်းမသားချင်း စာနာသည့်အနေနှင့် အမှုမှန်လည်း ပေါ်ပေါက်စေချင်သည်။

၁၉၉၃ ခုနှစ်မှစ၍ မတရား အနိုင်ကျင့်မှုများ ရှိခဲ့သည့်အပြင် အမျိုးသမီး ၄ဝဝ ကျော် အကြောင်း အမျိုးမျိုးကြောင့် အသက် ဆုံးရှုံးခဲ့ရသည်။ ချီယူဒါရက်(ဇ်) ရှိ အီဗာ အလုပ်လုပ်ခဲ့သည့် စက်ရုံတွင် လော်ရင်းက အလုပ်သမား အယောင်ဆောင်ကာ အလုပ်ဝင်လုပ်ရင်း အလုပ်ရှင်၏ သားဖြစ်သူ ဒီရေဂိုဘော်တို့၏ မသမာမှုများနှင့် ခြေတော်တင်မှုများကို သိရှိခဲ့ရသည်။ စက်ရုံထဲတွင် လုပ်ခလစာ တိုးတောင်းသည့် အမျိုးသမီးများနှင့် အလုပ်သမား အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ အချို့မှာလည်း ပျောက်ခြင်းမလှ ပျောက်ဆုံး သွားရသည်ကို လော်ရင်း သိရှိခဲ့ရသည်။ အယ်(လ်)ဖွန်ဆိုနှင့် အီဗာတို့၏ ကူညီမှုကြောင့် သူမအတွက် သတင်း အရင်းအမြစ်များ ရရှိခဲ့ပြီးနောက် ကြုံရာ ဘတ်(စ်)ကားနှင့် မက္ကဆီကို စီးတီးသို့ ပြန်လာသည်။ တချိန်က အီဗာကို နိုင့်ထက်စီးနင်း စော်ကားကာ သတ်ဖြတ်ခဲ့ဖူးသည့် ဘတ်(စ်)ကားကိုမှ စီးနင်းလာခဲ့မိသော လော်ရင်းသည် အီဗာလို အဖြစ်ဆိုးမျိုးကိုပင် ကြုံတွေ့ခဲ့ရပြန်သည်။ အယ်(လ်)ဖွန်ဆို၊ အီဗာတို့နှင့် ချိန်းဆိုထားသည့် နေရာသို့ မရောက်သေးခင် ကားအသွားအလာ ကျဲသော အဝေးပြေး လမ်းမတနေရာ၌ ကားသမားနှစ်ဦးက လော်ရင်းကို အဓမ္မပြုကျင့်ရန် ကြံစီစဉ်မှာပင်.......

လောရင်း အဖြစ် - မင်းသမီး ဂျနီဖာလိုပက်(ဇ်)
အယ်လ်ဖွန်ဆို အဖြစ် - အန်တိုနီယို ဘန်ဒါရက်(စ်)

မိမိရပ်ရွာ ဒေသတွင် စီးပွားရေး အခွင့်အလမ်းနှင့် ငွေကြေး ရှာဖွေရန်အတွက် ခက်ခဲလှသောကြောင့် အရပ်တပါးတွင် သွားရောက်အခြေချကာ အလုပ်လုပ်ကိုင်ရင်း ဘဝ ပျက်သွားကြရသည့် အမျိုးသမီးများမှာ အမေရိကန် နယ်စပ်တွင်သာ မဟုတ်ချေ။ အာရှတိုက်တွင်မူ ပို၍ပင် များပြားသေးသည်။ ဆော်ဒီအာရေးဗီးယားတွင် သွားရောက်လုပ်ကိုင်ရင်း ဘဝပျက်ကြရသည့် ဖိလစ်ပိုင် အိမ်ဖော်မလေး၊ စင်္ကာပူတွင် ကြုံရာလုပ်ရင်း ဆောင်ကြာမြိုင် (ပြည့်တန်ဆာခန်း) သို့ အပို့ခံခဲ့ရသည့် မြန်မာ မိန်းကလေးများ၊ မြန်မာပြည်တွင်းက အထည်ချုပ် စက်ရုံများတွင် လုပ်ခလစာ ခေါင်းပုံဖြတ် ခံရသောကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် သွားရောက် လုပ်ကိုင်ရင်း အသက်နှင့် ဘဝပါ စတေးခဲ့ရသည့် မြန်မာ မိန်းကလေးများ၏ မွန်းကျပ်စွာ ညည်းတွားနေသံများသည် မက္ကဆီကို-အမေရိကန် နယ်စပ်ရှိ စက်ရုံများမှ အမျိုးသမီးများထက်ပင် နာကြည်းခံပြင်းမှုများ ပိုနေလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ copyright @by Mizzima

Border Town

http://rapidshare.com/files/111070424/bordertown.part01.rar
http://rapidshare.com/files/111070452/bordertown.part02.rar
http://rapidshare.com/files/111070434/bordertown.part03.rar
http://rapidshare.com/files/111070420/bordertown.part04.rar
http://rapidshare.com/files/111070427/bordertown.part05.rar
http://rapidshare.com/files/111070448/bordertown.part06.rar
http://rapidshare.com/files/111070433/bordertown.part07.rar
http://rapidshare.com/files/111070419/bordertown.part08.rar
http://rapidshare.com/files/111070435/bordertown.part09.rar
http://rapidshare.com/files/111070417/bordertown.part10.rar
http://rapidshare.com/files/111070447/bordertown.part11.rar
http://rapidshare.com/files/111070453/bordertown.part12.rar
http://rapidshare.com/files/111070466/bordertown.part13.rar
http://rapidshare.com/files/111070414/bordertown.part14.rar
http://rapidshare.com/files/111070128/bordertown.part15.rar

Password : www.nattawat.org




0 comments: