Monday, July 7, 2008

ဆုံးရှုံးခြင်း


မီးကမလာ မိုးကရွာ
အိမ်ပြင်ထွက်ခိုက်...ခွေးကိုက်လိုက်
လမ်းဖြက်ကူးခိုက်...ကားလည်းတိုက်
ချစ်သူကမုန်း....ဖဲကရှုံး

နှစ်လုံးလည်းကွဲ...ချဲလည်းမွဲ
ဘောပွဲလည်းရှုံး....အိမ်လည်းဆုံး
အလုပ်လည်းပြုတ်...ကျောင်းလည်ထုတ်
ခလုတ်တိုက်လဲ...နဖူးကွဲ
ချေးပုံတက်နင်း....ဆုံးရှုံးခြင်း

သြော်...ဘ၀ ဘဝ

2 comments:

wynn.sun said...

တယ်ဆိုးတဲ့ ဘ၀ပဲ.. အံမခန်းပါပဲကွာ.. အဲဒါညီတော့မဟုတ်ဘူးထင်ပါရဲ့ကွာ။

JulyDream said...

သြော်...
ဆိုးသွမ်းက နှစ်လုံးကွဲဖူးတာကိုး...
အင်း... ဘ၀ ဘ၀... အဟက်... :P