Sunday, July 13, 2008

၂၁ ရာစုတွင် နိင်ငံတာနှင့် ဆက်ဆံရာတွင် အပြန်အလှန် ရိုးသားကြမှ အစွမ်းကုန် အရည်အသွေး တည်ဆောက်မှ အလုပ်ဖြစ်နိင်ကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုတော့ ဖြစ်ရပ်များစွာ အနက် ဥပမာ နှစ်ခုကို ဖော်ပြရလျှင် တခါက လူငယ်တစ်စုသည် နိင်ငံခြား ကုမ္မဏီတစ်ခုသို့ ငရုတ်သီးအမှုန့်များ တင်ပို့ပေးရသည်။ ထို့ကြောင် နိင်ငံခြားငွေ မျိုးမျိုးမြက်မြက်ရကြသည်။ တစ်နှစ်လောက်နေတော့ ထိုနိင်ငံခြား ကုမ္မဏီက ငရုတ်သီးမှုန့်များ မ၀ယ်တော့ဟု သိရ၏။ အကြောင်းရင်းကို မေးကြည့်တော့ လူငယ်များက ပထမအပိုင်းတွင် အရည်အသွေးရှိ ငရုတ်သီးမှုန့်များကို ပေးသွင်းသော်လည်း နောက်ပိုင်းတွင် ငရုတ်သီး ဖလံဖြူ ၊ ငရုတ်သီးအညှာနှင့် အရိုးများကိုပါ ကြိတ်ထည့်၍ အရည်အသွေး မမှီသောကြောင့် မ၀ယ်တော့ဟု ဆို၏။

နောက်ဖြစ်ရပ်တစ်ခုကား မြန်မာပြည်မှ ပဲမျိုးစုံကို ကိုရီးယားသို့ တင်ပို့သည့်လုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းသည် အစက အခြေအနေ ကောင်းသော်လည်း နောက်ပိုင်းတွင် ပေးပို့လိုက်သော ပဲများတွင် ခဲများ ၊ အမှိုက်များ မစင်၍ ပစ္စည်းများကို မြန်မာပြည်သို့ ပြန်ပို့သည်။ သန့်စင်အောင် လုပ်ပြီးမှ ကိုရီးယားသို့ ပြန်ပို့ရန် ဖြစ်၏။ ပြန်ပို့သည့် စရိတ်ကိုမှု တစ်ယောက်တစ်ဝက် ကျခံရမည်ဖြစ်သည်။ ထိုဖြစ်ရပ်ကတော့ လုံးဝ မိတ်မပျက်သွား သော်လည်း နှစ်ဦးနှစ်ဖက် စရိတ်ကုန်ခြင်း ၊ အချိန်ကုန်ခြင်းများ ဖြစ်ရသည်။

ထို့ကြောင့် ကျွန်တော်တို့သည် ရိုးသားရမည် ၊ အရည်အသွေးကောင်း ဖြစ်ရမည်။ သို့မဟုတ်ပါက ဖော်ပြပါအတိုင်း ဖောက်သည် ဆုံးရှုံးမှု ကိစ္စ မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။ ဈေးကွက် စီးပွားရေး စနစ်တွင် ဖောက်သည် ဆုံးရှုံးခြင်းသည် စီးပွားပျက်ခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်တော်တို့သည် ဖောက်သည်ကို တည်ဆောက်ရာတွင် ရိုးသားမှု ၊ အရည်အသွေးရှိမှုနှင့် တည်ဆောက်ရမည် ဖြစ်သည်။

၂၁ ရာစုတွင် လူသားများသာ အသိဥာဏ်ရှိကြ သည်မဟုတ် ၊ လူသားတို့ နေထိုင်သော အဆောင်အအုံးများ ပင်လျှင် အသိဥာဏ်ရှိ ကြသည်။ ခေတ်သစ် လူသားသည် Intelligent Building ခေါ် အသိဥာဏ် ရှိသော အဆောက်အအုံးများ တွင်သာ နေကြမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မိမ်တို့ နေထိုင်သော အဆောက်အအုံ များတွင် တယ်လီဖုန်း ၊ ဖက်(စ်) ၊ အင်တာနက် ၊ တီဗီလိုင်းများ တပ်ဆင်ထားကြမည် ဖြစ်သည်။ ထိုကြောင့်လည်း ကမ္ဘာသည် ရွာအဆင့်သို့ ရောက်ရှိသွားခြင်းဟု တင်စားပြောဆိုကြသည်။

၁၉၉၀ ပြည့်နှစ်က ကမ္ဘာပေါ်တွင် အင်တာနက် တပ်ဆင်မှု့သည် တစ်သန်းခန့်သာ ရှိသော်လည်း ၂၀၀၀ ပြည့်နှစ်တွင် သန်း ၇၀ မျှ ရှိခဲ့ပြီး ၂၁ ရာစုတွင် သန်း ၇၀၀ မျှ ရှိလာမည်ဟု ခန့်မှန်းကြ၏။ ကွန်ပြူတာ တယ်လီဗေးရှင်းဖြင့် ဈေးဝယ်ခြင်း ၊ ဆေးကုခြင်း ၊ စည်းဝေးခြင်း ၊ ကျောင်းသင်ခန်းစာ ပို့ချခြင်း ၊ ဟောပြောခြင်းတို့ကို ပြုလုပ်လာကြသည်။ အစည်းအဝေးများကို လူချင်းတွေ့စရာ မလိုဘဲ ဗီဒီယို ဖန်သားပြင်ပေါ်တွင် ကွန်ဖရင့်ဇင်းများ ပြုလုပ်လာကြသည် ဖြစ်ရာ မိမိ ကုမ္မဏီက အမှားတချက် ပြုလုပ်မိရုံဖြင့် ထိုဆက်သွယ်မှု ကွန်ယက်များကြောင့် ကမ္ဘာအရပ်ရပ်က ချက်ခြင်းသိကာ ထိုကုမ္မဏီ ကော်ပိုရေးရှင်းကို မည်သူမျှ ဆက်သွယ်တော့မည် မဟုတ်ပေ။

ဆက်သွယ်မှု စနစ်ကောင်းလေ ရိုးသားမှု ၊ ဖြောင့်မက်မှု ၊ အရည်အသွေးရှိမှု တို့သည် ပို၍ လိုအပ်လာမည်ဖြစ်သည်။

ဆက်ရန် -




0 comments: