Tuesday, July 15, 2008

:O :) :D :P


မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......

ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ

လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။

ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။

ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....

လူနာ - အုန်းသီး။

သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။



1 comments:

Apprenticeship said...

inn "bae mar le" like lote ne lo nae mar.. Soe Thawn Kg Ma Lae ka အဝေးကြည့်ဖြစ်နေတာနေမှာပေါ့.. :P