Monday, July 14, 2008


ဆရာသစ္စာနီက
မတော်တဆ အသည်းကွဲရင်း
ကဗျာဆရာ ဖြစ်လာတာလို့ ပြောတယ်

ရင်နင့်အောင်ဆူးလို့
ဘ၀ကူးတဲ့အထိ ယူသွားချင်တဲ့
ချီရွှန်ကို မျက်လုံးပြူးနဲ့ ငေးမိတယ်

“ မီးတောက်ရစ်သမ် ” ကဗျာကြောင့်
မောဒန်ဆန်ဆန် ကဗျာတွေ
ရေးချင်ခဲ့တဲ့ တည်ငြိမ်းကိုရေ

ဘ၀အမောကို သရုပ်ဖော်တက်တဲ့
ညိမ်းညိုက
နုတ်ဆက်နေလေရဲ့

ဘယ်နေရာ ဘယ်ဒေသ
ဘယ်အချိန် ဘယ်အခါ ရောက်ရောက်
ကဗျာ ဆိုတဲ့ အနုပညာမိုး
ဒီထက်မက ရွာသွန်းဖြိုးနိင်ပါစေလို့

ဆိုးသွမ်း ကဆုတောင်း
ခင်ဗျားတို့ ကဗျာတွေ ဖတ်ကောင်း
ခံစားလို့ ကောင်းနေဦးမယ်။ ။



0 comments: