Wednesday, July 16, 2008

အချိန်မှီ


ကမ္ဘာဦး အစကတည်းက
ခွဲပစ်ခဲ့ကြတဲ့
ခန္ဒာကိုယ်တွေ ....တွေ့ဆုံကြတော့

ပျော်ရွှင်ကြတယ် ၊ ငိုကြွေးကြတယ်
သစ္စာမဲ့ကြတယ် ၊ အရိုးသားဆုံး ချစ်ကြတယ်
ဖောက်ပြန်ကြတယ် ၊ အသက်ထက်ဆုံး ပေါင်းသင်းသွားတယ်

သံသယတွေ မာနတွေနဲ့
ပကာသနတွေ နိမ့်ပါးခြင်းတွေနဲ့
လူလူခြင်း စည်းခြားထားကြလေရဲ့

ဒါနဲ့များ ဧဒင်ရေ
ခင်ဗျားဥယျာဉ်ထဲက ကြွေကျခဲ့တဲ့ ပန်းသီးဟာ
အပုပ်တစ်လုံးပဲ ဖြစ်သင့်တယ် ။ ။


3 comments:

Apprenticeship said...

သံသယတွေများလာအောင် ဘာတွေလုပ်ခဲ့လဲမှ မသိတာ.. သံသယတွေက မာနမုန်းတိုင်းအတွက်..အားကောင်းတဲ့ ပင့်လေတွေဖြစ်တတ်တယ်နော်။။ ဆိုးသွမ်းချစ်သူ က Eve လောက်တော့ အနဲဆုံးချစ်တတ်မယ်
ထင်တယ်။။။ Adam တုံး က ဥယာဉ်ထဲမှာ Eve ကတစ်ယောက်ထဲရှိခဲ့တာလေ.. Adam က Eve ကိုချစ်ခြင်းတွေ အားလုံးပုံအောပေးခဲ့တာ.. ပြိုင်ဘက်မဲ့ပေါ့... ဆိုးသွမ်း ကောင်မလေးလဲ Adam ရဲ့ချစ်ခြင်းတွေလို အားလုံးလိုချင်တာဖြစ်မယ်...
ကဲဥယာဉ်ထဲက အာဒမ်လေးလို Brother လဲလိုက်လုပ်နိုင်ပါစေ....:) :P

ရွှန်းမီ said...

ဖြစ်သင့် မဖြစ်သင့် မသိ..
ဒါပေမယ့် ပုပ်နေလို့ မစားဖို့ ဘုရားသခင် တားခဲ့တာ နေမှာ .. ။
လူတွေက နားမှမထောင်တာ.. =)
ကောင်းတဲ့ပန်းသီး ခူးစားရင် ဒီလို ဖြစ်ချင်မှ ဖြစ်မှာ .. ။

တင့်ထူးရွှေ said...

ဟိုက်ရှားပါး လန်းတယ် အကိုရေ :)