Thursday, July 3, 2008

နှစ်ခုပဲရှိတယ်....

စိုးရိမ်စရာဆိုလို့ မင်းဘ၀အတွက်
ငါ့မှာ နှစ်ခုပဲ ရှိပါတယ်
ဖျားနေမလား ၊ နေကောင်းရဲ့လား တဲ့

တကယ်လို့
နေကောင်းနေမယ် ဆိုရင်တော့
ဒါဟာ ငါ့အတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး

ဒါပေမယ့်
ဖျားနာ နေမယ်ဆိုရင်တော့
ငါ့မှာ မင်းအတွက် နောက်ထပ် နှစ်ခုတိုးလာလိမ့်မယ်
မင်းဆေးသောက်လိုက်လို့ ပြန်လည်ကျန်းမာလာမလား ၊ သေဆုံးသွားမလား တဲ့

တကယ်လို့
ဆေးသောက်လို့ ပြန်လည် ကျန်းမာလာရင်တော့
ဒါဟာ ငါ့အတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး

ဒါပေမယ့်
သေဆုံးသွားမယ် ဆိုရင်တော့
ငါ့မှာ မင်းအတွက် နောက်ထပ် နှစ်ခုတိုးလာလိမ့်မယ်

သေးဆုံးသွားတဲ့ အခါ
ကောင်းကင်ဘုံ ရောက်မလား ၊ ငရဲပြည်ရောက်မလား တဲ့

တကယ်လို့
ကောင်းကင်ဘုံ ရောက်မယ်ဆိုရင်တော့
ဒါဟာ င့ါအတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး.......


5 comments:

အညာသား said...

“နေကောင်းနေပါစေ” အစ်ကိုရေ...။ :)

Unknown said...

ကောင်းကင်ဘုံရောက်ရင်တော့ ဘုရားသခင်က မင်းကို ကောက်ညှင်းပေါင်းကျွေးပါလိမ့်မယ်။ စိတ်မပူပါနဲ့ ။
ရှတာနော် ... ချိတ်ချိုးကြေး ... :P

Anonymous said...

ဟေ့
တကယ့် exist ကဗျာပဲ။

သင်ကာ

ရွှန်းမီ said...

:-) . ..
တကယ်လို့
ကောင်းကင်ဘုံ ရောက်မယ်ဆိုရင်တော့
ဒါဟာ င့ါအတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး.......

ဒါပေမယ့်
ငရဲပြည် ဆိုရင်တော့ ..
ငါ့မှာ မင်းအတွက် နောက်ထပ် နှစ်ခုတိုးလာလိမ့်မယ်
လှမ်းခေါ်ချင်နေမလား .. မေ့သွားမလား .. ။
. . .
ရယ်သောသူ နေကောင်းကျန်းမာ အသက်ရှည်ပါမည်။

Anonymous said...

ဒီကဗျာကို ဖတ်ရတာ Flow chart တခုကိုကြည့်ရသလိုပဲ …း)