Wednesday, July 16, 2008

တခုပဲ ခြားတယ်


ရင်မခုန်တော့တဲ့
မင်းမျက်ဝန်းတွေထဲ.....သူစိမ်းဆန်တဲ့
အနံကို ငါခပ်ပါးပါးလေး ရနေတယ်

မတွယ်တာတော့တဲ့
ကြင်နာခြင်းတွေထဲ ဆုံးရှုံးခြင်းတွေ
ပျော်ဝင်နေသလိုပဲ

ဘာလို့လည်း ကောင်မလေးရယ်
အချစ်မှာ အနီးအဝေးရှိရင်
ငါတို့ဟာ မှန်ဘီလူး တစ်လက်ပဲ ဖြစ်သင့်တယ်ကွယ့်

နီးသထက် နီးလာမှ
ငါတို့က ပိုဝေးနေရသလိုဖြစ်
တဖက်တော့ တဖက်တည်းပါပဲ

ဒါပေမယ့်
ငါ့ ဘက်ကကြည့်တော့ အနီးကြည့်
မင်းဘက်ကကြည့် အဝေးကြည့်တဲ့

ချစ်ရတဲ့ မင်းနဲ့ငါ ကြား
မှန်ဘီလူး တစ်ခုပဲ ခြားတယ်




3 comments:

Anonymous said...

wala pulos imo blog.

Apprenticeship said...

inn brother gyi ka taw taw chit lo law ba kyi nae dar htin tal.. :P

တင့်ထူးရွှေ said...

အနီးကြည့် အဝေးကြည့် ဟိုဘက်ဒီဘက်လှည့်ကြည့် သူမြင်သလို ကိုယ်မြင်မိအောင်ကြည့် တခုမှ မခြားတော့သလို ကြည့် ၊ ဘာရယ်မဟုတ်ဘူး အကို ကဗျာဖတ်ရင်းနဲ့ ကိုယ့်အတွေးနဲ့ကို ဆက်တွေးကြည့်တာ ၊ အဆင်ပြေပါစေ ခင်ဗျာ ။